|
| |||||||||||||||||||||||
မြို့ကလေးက မြို့ကလေးကို ကုပ်တွယ်ပွေ့ဖက်လို့ |
Written by ယဉ်ယဉ်နု(မန္တလေး) |
Friday, 26 October 2012 18:57 |
မြို့ကလေးဟာ
အရင်တုန်းက နာမည်ကြီး ရုပ်ရှင်မင်းသမီး တစ်ယောက်ရဲ့ ပထမဆုံးကားမှာ
နာမည်ကြီးဖူးတယ်။ အဲဒီဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်းကို မြန်မာတစ်နိုင်ငံလုံးက
သိကြတယ်။
သီချင်းနဲ့အတူ မြို့ကလေးလည်း
ရွှင်ပျတဲ့ဝတ်စုံကို ခြုံလွှမ်းလို့။ မြို့ကလေးလည်း ဇာတ်ကားပြတဲ့ ရုံရှေ့မှာ
မတ်တတ်ရပ်ရင်း ပြုံးပြုံးကြီး ကြည့်လို့ပေါ့။အဲဒါက လွန်လေပြီးသော အခါက
ဖြစ်ပါတယ်။ “မြို့သူတွေက အပျိုကြီးတွေ များတယ်”ဒီမြို့ကို အလည်အပတ
်ရောက်နေတဲ့ အညာသူ ကောင်မလေးဟာ ယောင်တောင်တောင်နဲ့ မြို့ထဲက
တန်ဆောင်းတစ်ခုမှာ လုပ်တဲ့ ပရိတ်စုပေါင်း ရွတ်ပွဲကို ရောက်နေတယ်။
တန်ဆောင်းနဲ့ အပြည့် ယောဂီဝတ်စုံ ဆင်တူမြို့သူဖြူ ဖြူချောချောတွေကို
တအံ့တသြ ငေးလို့ပေါ့။ အသားအရေတွေက ၀င်းဝင်း၊ မျက်နှာတင်းတင်း၊
ဟန်တစ်ခွဲသားနဲ့ အပျိုချောတွေလေ။
“ဟိုးထိပ်က ဖွားခင်က အသက် ၇၀ ကျော် အပျိုကြီး။သူ့နားက အုပ်စုအကုန်လုံး အပျိုကြီးတွေပဲ။ အလယ်နားက ဒေါ်ကျင်မြက ငါးဆယ်ကျော်၊ ခြောက်ဆယ် သူတို့လည်း အပျို ကြီးပဲ။ ဟိုနားက ခင်ခင်တို့ နွယ်နွယ်တို့ သုံးဆယ်ကျော်လေးဆယ် အုပ်စုကလည်း ကျွန်မတို့နဲ့တစ် ရွယ်တည်းတွေ၊ အားလုံး သန့်သန့်ရှင်းရှင်း အပျို ကြီးတွေပဲ” အတူတူ လိုက်ပို့တဲ့ အစ်မကြီးက လက်ညှိုး တညွှန်ညွှန်နဲ့ ပြပြပြီး ပြောတော့ ကောင်မလေးမှာ တအံ့တသြငေးလို့။ စိတ်ထဲမှာလည်း ကလိကလိ တကျိကျိနဲ့ မေးချင်လိုက်တာ။ တစ်မြို့လုံးလောက် နီးပါး အပျိုကြီးတွေ ဒီလောက်ပေါနေတော့ ဧကန္တ မြို့ကလေးသားတွေက မြို့ကလေးသူတွေကို မျက်စိထဲမှာ မရှိကြဘူးလားလို့ ကောင်မလေးက သူတို့မသိအောင် တိတ်တိတ်ကလေး တွေးနေမိ တယ်။ ဟုတ်မှာပါ။ ရှေ့ဆုံးမှာ ရေစက်ခွက် ရှေ့ချထိုင်တဲ့ ခေါင်းဖြူဖြူ၊ တိုက်ပုံဖြူဖြူနဲ့ လူ ကြီးဘေးမှာ ပုံ့ပုံ့ကလေးထိုင်နေတာ ရန်ကုန်သူ တဲ့။ မြို့ကလေးသားဘေးမှာ တကယ်တမ်း ရှိရမှာက မြို့ကလေးသူဖြစ်မှ သဘာဝကျမှာပေါ့လို့ ကောင်မလေးက ထင်တယ်။ ဒါပေမဲ့ ဘယ်လိုတိ တိကျကျ လွဲချော်မှုတွေ ဖြစ်နေတာလဲ မသိဘူး။ မြို့ကလေးသူတွေ အားလုံး လိုလိုကတော့ ဂုဏ်ယူစရာ အပျိုစင်စစ်စစ်တွေ ဖြစ်လို့လေ။ မနက်ဆိုရင် လေးနာရီ မထိုးခင်မြို့သူ အပျို ချောတွေက အပြေးပြိုင်ပွဲ ကျင်းပကြပြန်ရော။ သူတို့ရဲ့ပြိုင်ပွဲကို မြို့ကလေး ရောက်ခါစ ကောင် မလေးက တအံ့တသြ မနက်အစောကြီးထ စောင့် ကြည့်နေတယ်။ အိမ်တိုင်း၊ အိမ်တိုင်းက လေး နာရီမထိုးခင် ဆွမ်းတော်ပွဲတွေ ကိုယ်စီနဲ့ တံခါးဖွင့် ထွက်လာကြတဲ့ အပျိုတွေ လည်ပင်းမှာ၊ ပခုံးပေါ် မှာ၊ ယောဂီတဘက်၊အိန်္ဒိယတဘက်၊ တရုတ် ခြုံစောင်၊ ရောင်စုံတွေ တဖိတ်ဖိတ်နဲ့ ဆွမ်းပွဲလေး က ယွန်းဗျပ်တွေပါမယ်။ ငွေရောင်၊ ရွှေရောင်တွေ တလက်လက်နဲ့ သောက်တော် ရေခွက်တွေ၊ ဆွမ်း ပွဲတွေ၊ သစ်သီးဆွမ်းတွေ၊ မုန့်ဆွမ်းတွေ တဖျတ် ဖျတ် ခုန်လုနီးပါး သူတို့ပြေးကြတယ်။ “အယ်၊ နောက်ကျပါပြီတော်” “ညက အိပ်မပျော်လို့ မနက်အစောကြီး မနိုးတာ” သွားရင်းလာရင်း စကားပြောရင်း ခြေထောက်က ခြေကုန်သုတ်ကြတာ၊ ဘုရားကြီး တံခါးလေးနာရီ အဖွင့်ကိုမီအောင် အပြေးပြိုင်ကြ တယ်။ ပြီးတော့ ဘုရားကြီး ရှေ့မှောက်မှာ ဆွမ်းတော်ကပ်ကြတယ်။ ပြိုင်ပွဲဝင်စာရင်းမှာ မပါတဲ့ အညာသူကတော့ စိတ်ထဲက ရယ်ချင်ချင်ဖြစ်မိ တယ်။ ဘာလို့များ အလုအယက် ပြေးကြတာပါ လိမ့်။ ဖြည်းဖြည်း လျှောက်လည်းရသားနဲ့။ အတူ ပါ လာတဲ့ ဦးလေးက “တို့ မြို့သူတွေက ဒီလိုပဲဟ၊ ဘုရားက နောက်ကျရင် ဆွမ်းမကပ်ရဘူး လို့ မှာထားတာ ကျနေတာပဲ။ ပြောရတာလည်း ငရဲကြီးပါ့ဟာ”လို့ မှတ်ချက်ချ ပေးဖူးတယ်။ အညာသူ ကောင်မလေး ကတော့ သူ့စကားကို သတိမပြုမိဘူး။ နံနက်ရဲ့ ရောင်နီဦးအောက်မှာ ရက်ရက်စက်စက် လှနေတဲ့ ရှုခင်းတွေကို တမေ့တမြော ငေးနေမိတယ်။ ထန်း ပင်လေးတွေ စီတန်းနေတဲ့ ဘုရားလမ်းက ကောင် မလေးကို ဖမ်းစားလိုက်တာ။ဟိုးအဝေးတောင်စဉ် တောင်တန်းတွေရယ်၊ အညာမှာ မတွေ့နိုင်တဲ့ စိမ်းလန်းစိုပြည် ပတ်ဝန်းကျင်ရယ်၊ အမြဲတမ်း ရေကြည် စီးဆင်းနေတဲ့ စမ်းချောင်းလေးတွေရယ် က ကောင်မလေးကို အေးမြရွှင် လန်းစေလိုက် တာမှ မှန်စီရွှေချ တိုင်ကြီးတွေနဲ့ ခံ့ညားတဲ့ဘုရား ရင်ပြင်တော်ပေါ်မှာ အကြာကြီး မနေနိုင်ဘဲ ပတ် ၀န်းကျင်နဲ့တစ်သားတည်း နစ်မြုပ်သွားတယ်။ အောက်စီဂျင်အပြည့်နဲ့ လတ်ဆတ် သန့်ရှင်းတဲ့ ပင်လယ်လေဟာ ကောင်မလေးကို လန်းဆန်းအား ပြည့်စေတယ်။ “ကောင်မလေး ရှုခင်းတွေချည်း ငေးမနေနဲ့၊ ငါ ဗိုက်ဆာပြီ။ ဈေးထဲမှာ မုန့်ဟင်းခါး သွားစားရအောင်” “နေပါဦး ဦးလေးရာ။ ဒီမှာ ရှုခင်းတွေတောင် ကြည့်လို့ မ၀သေးဘူး” “ဘာဆန်းလဲ။ ရေနဲ့မြက်၊ အပင်နဲ့တောင်နဲ့ ဒါပဲ နိစ္စဓူဝ ကြည့်နေတာ ဥစ္စာ။ ဘာများထူးဆန်း လို့လဲ” “အမြဲစိမ်းနေ တာကိုက ထူးဆန်းနေတာ လေ။ သမီးတို့ဆီမှာဆို ဖုန်တွေနဲ့ အမြဲခြောက်သွေ့ နေတာ” ဦးလေးက ဘာတစ်ခွန်းမှ မပြောဘဲ ပခုံး တွန့်ပြီးလျှောက်သွားလို့ ကောင်မလေး လိုက်ခဲ့ရတယ်။ မြို့ထဲမှာ ကောင်မလေး သဘောကျတာ တစ်ခုရှိသေးတယ်။ အိမ်တိုင်းအိမ်တိုင်းရဲ့ အိမ် ရှေ့မှာရှိတဲ့ ရေဆိုးမြောင်းတွေဟာ ရေကြည် တသွင်သွင် စီးနေတဲ့ ဖြစ်ရပ်ပဲ။ တစ်ခါတလေ ငါးလေးတွေတောင် ကူးခတ် လာကြသေးတယ်။ ကောင်မလေးတို့မြို့က အမှိုက်တွေနဲ့ ပိတ်ဆို့ပြီး ပုပ်စော်နံနေတဲ့ ရေဆိုးမြောင်း တွေနဲ့တော့ ကွာပါ့။ အတွေးတွေနဲ့ လျှောက်လာတဲ့ ကောင်မလေးကို ဦးလေးက လက်ကိုဆွဲလိုက်ပြီး- “ဟိုမှာ အဲဒါဗိုလ်ကတော်ပေါ့” “ဟင်” “နင်ကလည်း အ လိုက်တာ၊ အဲဒါ ငါတို့မြို့ ရဲ့ ဗိုလ်ကတော်လေ။ ကြည့် ကြည့် ကလေးနှစ်ယောက်ကို လက်ဆွဲထားတာလေ” ကောင်မလေး ကြောင်တောင်တောင်ဖြစ် သွားတယ်။ နားမလည်တဲ့ မျက်လုံးနဲ့ ဦးလေးကို ပြန်ကြည့်မိတယ်။ ဗိုလ်ကတော်လည်း ဘာဆန်း လို့လဲ။ ကောင်မလေး အမြင်မှာတော့ ရိုးရိုးသာ မန်မိန်းမတစ်ယောက်၊ ကလေးတွေလက်ဆွဲပြီး ဈေးဝယ်လာတာပဲ။ ငေးကြည့်ရအောင် မထူး ဆန်းပါဘူး။ သူများနဲ့ ဘာတွေများကွာနေလို့လဲ ဆိုတဲ့စိတ်နဲ့ တစ်ချက်ပြန်ကြည့်မိတယ်။ အင် ဟုတ် သားပဲ၊ တစ်ခုခုတော့ သတိထားလိုက် မိသလိုပဲ လေ ဟုတ်တာပေါ့။ ဒီမိန်းမ လျှောက်လှမ်းလာပုံ က ဘုရင်ကတော်တစ်ပါး ကြွချီလာသလို ခမ်းနားလွန်းတယ်။ မျက်နှာကိုမော့ပြီး ထီမထင်တဲ့ ပုံစံနဲ့ ရင်ကိုချီထားတယ်။ ခြေလှမ်းမှန်မှန်နဲ့ လျှောက်လာလိုက်တာ သူ့ကိုလမ်းမှာ ရယ်ပြုံး နှုတ်ဆက်တဲ့ သူတွေကိုလည်း ဂရုမစိုက်ဘူး။ မာ နတစ်ခွဲသားမက တစ်တင်းပြည့်အောင် ရှိနေတဲ့ ပုံပဲလို့ ကောင်မလေး ကိုယ့်ဟာကိုယ် မှတ်ချက် ချရေးရင်း သူ့ကိုယ်ပေါ်မှာ တစ်စုံတစ်ခုထပ်တွေ့ လိုက်လို့ တအားအံ့သြသွားတယ်။ “အမယ်လေးတော် ရွှေတွေ”လို့ မအောင့် နိုင် မအည်းနိုင် ပါးစပ်က ထွက်သွားတော့မဲ့ အသံ ကို မနည်းဘရိတ် အုပ်လိုက်ရတယ်။ ရွှေတွေ၊ ရွှေတွေ လက်မှာတစ်ဖက်စီ လက်ကောက်ငါးရန် စီလောက်ရှိတယ်။ ဆွဲကြိုးက အနည်းဆုံးငါး ကျပ်သားလောက်ရှိပြီး ဗိုက်ပေါ်ကို တဘတ် ဘတ်ရိုက်နေတယ်။ ခေါင်းက ရွှေဘီးကုတ်က လည်း အကြီးကြီးပဲ။ ကောင်မလေး မှင်တက် ကြည့်နေတုန်း“ဈေးလာတာလား၊ စောစောက ဘုရားမှာ တွေ့လိုက်ပါတယ်”လို့ ရင်းရင်းနှီးနှီး နှုတ်ဆက်သံကြားတာနဲ့ လှည့်ကြည့်လိုက်တော့ အပျိုကြီး ဒေါ်ကြင်မြကို ပြုံးရယ်နေတဲ့မျက်နှာ နဲ့ တွေ့လိုက်ရတယ်။ “ဟုတ်ကဲ့ မုန့်စားမလို့၊ သမီးလည်း ဒေါ် ဒေါ့်ကို ဘုရားမှာတွေ့ပါတယ်”လို့ ပြောရင်းသတိ ထားကြည့်မိတော့ ဒေါ်ကြင်မြလည်း စောစော ကလို ယောဂီလုံချည်၊ ယောဂီတဘက်နဲ့ မဟုတ် တော့ဘူး။ အင်ဒိုနီးရှား ပါတိတ်အ၀ါတောက် တောက်နဲ့လည်ပင်းမှာ၊ လက်မှာ၊ ခေါင်းပေါ်မှာ ရွှေတွေကို အိလို့။ ဒီတော့မှ ကောင်မလေးကျန်တဲ့ မြို့ကလေးသူတွေကို သတိထားကြည့်မိတယ်။အမယ်လေး၊ ဈေးလာကြတာ၊ ရွှေပြိုင်ပွဲကျင်းပ နေကြသလိုပဲ။ အနည်းဆုံး တစ်ယောက်ကို တစ်ဆယ်သားဆီ ကောင်းကောင်းကျော်ကြတယ်။ မုန့်ဟင်းခါးစားပြီး ပြန်လာတော့ ကောင်မလေး ဦးလေးကို စကားတစ်ခွန်း ပြောမိတယ်။ “ဦးလေး ရေ၊ မြို့ကလေးသူတွေ ဈေးလာစောင့်ပြီး ဓားပြ တိုက်ရအောင်”လို့ပေါ့။ ဦးလေးက တဟားဟား ရယ်တယ်လေ။ “တူဝရီးတွေ လက်ဖက်ရည်သောက်လာဦး ဟေ့” လမ်းဘေးအိမ် တစ်အိမ်က အော်ခေါ်လို့ ကောင်မလေးတို့ ၀င်လိုက်ရတယ်။ အိမ်ထဲရောက် မှ အပျိုကြီးဖွားခင်တို့ အိမ်မှန်းသိတယ်။ အိမ်ရှင် တွေက ရေနွေးကြမ်းအိုးချနေတုန်း ကောင်မလေး ထိုင်နေတဲ့ဖျာပေါ်ကို နှစ်နှစ်သား ၀၀တုတ်တုတ် ကလေးလေး တစ်ယောက် ဖင်ရွေ့ဖင်ရွေ့နဲ့ တိုး လာတယ်။ သူ့နောက်မှာ ဂါဝန်ဝဲ၀ဲလေးနဲ့ သုံးနှစ် သမီးလေး တစ်ယောက် မျက်လုံးကြောင်ကြောင် လေးနဲ့ ကြည့်လို့။ ကောင်မလေးက ကလေးချစ် တတ်တယ်။ လက်ခုပ်လေးတီးပြီး နှစ်နှစ်သား လေးကို လာပါဦးလို့လည်းခေါ် လိုက်ရောစွေ့ခနဲ ပေါင်ပေါ်ရောက်လာတယ်။ သုံးနှစ်သမီးလေးက ကောင်မလေးပေါင်နဲ့ အနီးဆုံးနေရာကို တိုးကပ် ထိုင်ပြီး ကောင်မလေးကို မော့ကြည့်လို့ ကောင် မလေး လက်တစ်ဖက်က ကောင်လေးပါးကိုပွတ် ရင်း လက်တစ်ဖက်က ကလေးမလေးကို ပွေ့ ဖက်မိသွားတယ်။ “မိဘမဲ့လေးတွေတော့ မိဘမဲ့လေးတွေ” အနားမှာ မုန့်ပန်းကန်ချရင်း လာထိုင်တဲ့ ဖွားခင်နဲ့ မိန်းမကြီးတွေ ကြားက အသံတစ်သံ ထွက်လာတော့ ကောင်မလေးရင်ထဲက ကျင်နေ အောင်နာသွားတယ်။ “ဟင် ဘာလို့ ဆုံးကုန်ကြတာလဲ” ကောင်မလေးရဲ့ တုန်တုန်ရီရီ အမေးကို တစ်ယောက်မှ မဖြေကြဘူး။ အသံတွေတိတ်နေ တယ်။ ခဏကြာမှာ ဦးလေးက လေသံခြောက် ကပ်ကပ်နဲ့- “ဟိုဒင်းဟာ သူ့မိဘတွေက မသေကြသေးပါဘူး။ ဒါပေမဲ့ ဒီမှာမရှိဘူး။ ဟိုတစ်ဖက်ကမ်း မှာသွား အလုပ်လုပ်နေကြတာ” “သြော် နိုင်ငံခြားမှာပေါ့။ ဒါဆိုသူဌေးပေါ့၊ ပြီးတော့ ပြန်လာကြမှာ မဟုတ်လား” အသံတွေ တိတ်သွားကြပြန်တယ်။ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး မဖြေကြဘူး။ အကြာကြီးနေမှ- “အင်း ဒီမှာလည်း လုပ်စားမရ။ ဟိုဘက်မှာ ကျတော့လည်း လင်ရော၊ မယားရော ကုန်းကျုံး လုပ်နိုင်မှ စားလောက်ရုံရတာပါ။ သူဌေးဖြစ်ဖို့ နေနေသာသာ မွေးလာတဲ့ကလေးတောင် ကြီး ပြင်းအောင် မွေးမရလို့ ဒီဘက်ပြန်ပို့ရတာ ဆိုင်ကယ်ကယ်ရီနဲ့လေ” “ရှင် ဆိုင်ကယ် ကယ်ရီနဲ့” ကောင်မလေး နားထဲမှာ ခါးသီးသွားတယ်။ “ဟုတ်တယ် ကလေးမ။ ငါ့ချွေးမဆိုရင် လေးဆယ့် ငါးရက်သားလေးကို ပါးစပ်ထဲ အိပ်ဆေးအစက်ချ ထည့်ပြီး ကလေးပိုးဝတ်နဲ့ ဆိုင် ကယ်ကယ်ရီပေါ် တင်ပေးလိုက်ရတာ။ ဒီ ကလေးတွေဟာ ဆိုင်ကယ်နဲ့ မိုင်ပေါင်းများစွာ ခရီးကြမ်းနှင်ပြီး တို့ဆီရောက် လာတာအေ့” ကောင်မလေး ပါးစပ်အဟောင်းသား ဟ သွားတယ်။ ကြားလိုက်ရတဲ့ စကားတွေ က သံရည်ပူတွေလို နားဝကိုဖြတ်ပြီး အသည်း နှလုံးကို လောင်ကျွမ်းသွားတယ်။ ရင်ခွင်ထဲက ကောင်လေးကို သနား ကြင်နာခြင်းကြီးစွာနဲ့ ငုံ ကြည့်မိတော့ သူ ပါးလေးပွတ်ပေး နေတာကို ကြည်ကြည်နူးနူး ငြိမ်ခံနေတယ်။ ကောင်မလေး ကလည်း ကြောင်လေးတစ်ကောင်လိုပဲ ကွေး ကွေးလေး ပုလို့။ “ဖွားခင် ရှင့်မြေးတွေ ခေါ်ပါဦး။ ဧည့်သည် အနေခက်နေပြီ” “အို ရပါတယ်။ နေပါစေ” ဦးလေးက ရေနွေးကြမ်း တစ်ခွက်ငှဲ့ရင်း “ဒီက အဘွားတွေ၊ အဒေါ်တွေ၊ ကြီးဒေါ် တွေကလည်း အပျိုကြီးတွေလေ။ စားဖို့သောက်ဖို့ ရှာရတာက တစ်ဖက်ဆိုတော့ ဒီကလေးတွေကို ကျွေးနိုင်၊ မွေးနိုင်တယ်။ ထိန်းကျောင်းပြီး ပွတ် သီးပွတ်သပ် လုပ်ဖို့တော့ အချိန်မရဘူးဟာ။ အမေ့ ရင်ခွင်မှာ မနေရတဲ့ ကလေးတွေဆိုတော့ ဒီလိုယု ယပွေ့ ဖက်ထားမဲ့သူကို မျှော်နေကြတာလား” ဦးလေးရဲ့ မှတ်ချက်က ကောင်မလေးရင်ကို ထိုးခွဲလိုက်သလိုပဲ။ “ဒါနဲ့ မောင်ငယ်ရယ်၊ လေးရပ်ကွက်ထဲက ဆိုင်ကယ်ကယ်ရီနဲ့ ပို့လိုက် တဲ့ မလှရင်သားလေး ဆေးများသွားလို့တဲ့။ နှစ်ရက်ခွဲလောက် အိပ်ပျော် နေပြီး မနေ့ကမှ နိုးလာတာတဲ့။ သူ့အဒေါ်ဆို ငိုလိုက် ရယ်လိုက်ဖြစ်နေတာ။ အနားက လူတွေကဟ အပျိုကြီး အေးကြည်မ ကလေးမသေဘဲ နင် သေနေ ပါဦးမယ်လို့ ပြောနေရတယ်” သူတို့ အသံတွေဟာ အညာသူ ကောင်မ လေးနားထဲမှာ လျှံထွက်နေတယ်။ လူဆိုတာ ၀မ်းဝရုံတော့ ရတာပေါ့။ ၀မ်းဝရုံနဲ့ မတင်းတိမ်နိုင် ဘူးလို့ အပြစ်တင်လို့လည်း မဖြစ်။ ၀မ်းဝရုံအပြင် ခါးလှချင် ကြသေးတာ မဟုတ်လား။ ဟိုဘက် ကမ်းကို စွန့်စားသွားကြတဲ့ မိဘတွေကို ဒီမှာမနေ နိုင်ကောင်းလားလို့လည်း လက်ညှိုးမထိုးချင်ဘူး။ သူ့ရဲ့ပါးလေးကို ပွတ်ပေးမှုအောက်မှာ ငိုက်မြည်း နေရှာပြီဖြစ်တဲ့ ကလေးလေးကို မျက်ရည်လည်လည်နဲ့ ငုံ့ကြည့်မိတယ်။ မိဘရှိလျက် မိဘမဲ့နေ ကြသူလေးတွေ၊ မြို့လေးက ဆွေမျိုးတွေကို သူတို့ လက်လေးတွေနဲ့ အတင်းအဓမ္မကုပ်တွယ် ထားကြရရှာတာ။ မြို့လေးက အပျိုကြီးတွေက လည်း ဆီးကြိုပွေ့ဖက်လို့ပေါ့။ ဒီလက်ကလေး တွေ ခိုင်မြဲကြရှာပါ့မလား။ “ဒီလိုကလေးတွေ ဘယ်နှယောက်လောက် ရှိပြီလဲဟင်”ကောင်မလေး အသံက တိမ်တိမ် ကလေးရယ်။ “အိုး များပါ့။ ဟိုဘက်အိမ်မှာ ချိုသဲ။ တစ်အိမ်ကျော်မှာ ကိုတူး၊ လမ်းထိပ်အိမ်က ဇာဇာတို့မောင်နှမ၊ ပြီးတော့...” ဖွားခင်အသံကို ဥပေက္ခာပြုလိုက်တယ်။ ကောင်မလေး အတွေးထဲမှာ ညနေစောင်း တိမ် တောက်ချိန်ရောက်ရင် တစ်ယောက်ကို ကလေး ပိုးဝတ်နဲ့ ရင်ခွင်ထဲမှာ ထည့်မယ်။ ကျန်တဲ့ကလေး တွေ လက်ဆွဲမယ်။ စမ်းချောင်းလေးကို ကျော် မယ်။ လယ်ကွင်းလေးကို ပတ်မယ်။ တောင်တန်း တွေကို မျှော်ငေးကြည့်ကြမယ်။ ရတဲ့သီချင်းကဗျာ တွေ ရွတ်ကြမယ်။ ၀င်လုဆဲဆဲ နေလုံးကြီးကို နှုတ်ဆက်ကြမယ်။ မြို့ကလေးကို ရောက်တုန်း မြို့ကလေးကို ကုပ်တွယ်ပွေ့ဖက်ရမှာပေါ့။ ဒါမှ တာဝန်ကျေမယ်လို့ ကောင်မလေးထင်တယ်။ တွေးကြည့်ရုံနဲ့တင် ပျော်လိုက်တာကွယ်။ အိုကြည့် ဦး၊ ကလေးလေးက ကောင်မလေးပေါင် ပေါ်မှာ အိပ်ပျော်နေလိုက်တာ။ တခူးခူးများတောင် ဟောက်လို့ပါလား။ ယဉ်ယဉ်နု၊မန္တလေး၊
(Teen Magazine October 2012)
|
စွဲလန်းခဲ့ရသည်. နာကျင်ခဲ့ရသည်.
အချိန်တွေ ကြာလာသည်နှင့် အမျှ ရင်ထဲမှာ နာကျင်ခဲ့သည့်
ဒဏ်ရာတွေက တဖြည်းဖြည်း ပြေလျော့လာခဲ့သည်။ နံနက်ခင်း နေရောင်ခြည်တွေရဲ့
နွေးထွေးမှုတွေကို ပြန်ခံစားတတ်လာသည်။ လေပြေနုနုရဲ့ နူးညံ့မှုကလည်း ရင်ထဲမှာ
အဓိပ္ပါယ်တွေ ရှိနေတတ်ပြန်ပြီ။
တစ်ချိန်က တစ်ယောက်သောသူ ပေးထားခဲ့တဲ့ ဒဏ်ရာတွေကို အချိန်ကပင် ကုစားခဲ့သည်မို့ ဘ၀ဟာ တဖန်ပြန်လည် အသက်ဝင် လာခဲ့ရသလိုလို..
မနက်အစောကြီး အိပ်ယာမှ ထပြီး လမ်းလျှောက်ထွက်ဖြစ်ခဲ့သည်။ အခုလို မနက်စောစော လမ်းထမလျှောက် ဖြစ်ခဲ့သည်မှာ နှစ်တွေပင် မနည်းလှတော့ပြီ။
တစ်ချိန်က တစ်ယောက်သောသူ ပေးထားခဲ့တဲ့ ဒဏ်ရာတွေကို အချိန်ကပင် ကုစားခဲ့သည်မို့ ဘ၀ဟာ တဖန်ပြန်လည် အသက်ဝင် လာခဲ့ရသလိုလို..
မနက်အစောကြီး အိပ်ယာမှ ထပြီး လမ်းလျှောက်ထွက်ဖြစ်ခဲ့သည်။ အခုလို မနက်စောစော လမ်းထမလျှောက် ဖြစ်ခဲ့သည်မှာ နှစ်တွေပင် မနည်းလှတော့ပြီ။
x x x
လွန်ခဲ့သည့် ၅နှစ် အခုလို မိုးအကုန် ဆောင်းအကူး ကာလတွေမှာ မနက်ခင်းတိုင်းလိုလို ကောင်မလေး တစ်ယောက်နဲ့ အတူတူ လမ်းထလျှောက်ခဲ့ရသည်ကို အစားထိုးဖွယ်ရာ မရှိလောက်အောင် ပျော်ရွှင်နေခဲ့မိသည်။
နေ့စဉ် နံနက်တိုင်း လှပတဲ့ သူ့မျက်နှာလေးကို ငေးကြည့်ရင်း စကားတွေ ပြောရင်း အတူရှိနေခွင့်ရသည်မို့ သည်လို အခွင့်အရေးမျိုးကို ဘယ်အရာနှင့်များ လဲနိုင်ပါမည်နည်း။
တစ်နေ့.. ထိုတစ်နေ့မှစ၍ သူ ခါတိုင်းလို ရောက်မလာခဲ့.. ပထမတော့ အကြောင်းတစ်ခုခု ရှိမည်ထင်ခဲ့၍ စိတ်ထဲ ဟာတာတာ ဖြစ်ခဲ့ရုံသာ ရှိခဲ့သည်။
တစ်ရက်.. နှစ်ရက်.. သုံးရက်.. သူ လုံးဝ ရောက်မလာခဲ့တော့ ရင်ထဲမှာ တဖြည်းဖြည်း လေးလံလာသည်။ စိုးရိမ်စိတ်တွေနှင့် ပြည့်နှက်လာသည်။ ထိုရက်ပိုင်းက အိပ်မက်ဆိုးတစ်ခုကို ခဏခဏ မြင်မက်ခဲ့ရသည်။ ချစ်သူနှစ်ယောက်ကို ယမမင်းက ဧရာမ ဓားကြီး တစ်လက်နှင့် ခုတ်ပိုင်းနေသည့် မြင်ကွင်း..
လတွေ နှစ်တွေသာ ပြောင်းခဲ့ပေမယ့် ပြန်မဆုံဖြစ်ခဲ့တော့။ လအတန်ကြာမှ သိခဲ့ရသည့် သတင်းတစ်ပုဒ်က -
သူ.. အတူတူ လမ်းလျှောက်ခဲ့ဖူးတဲ့ သူ.. နွေးထွေးမှုတွေ ဂရုစိုက်မှုတွေ ပေးခဲ့ဖူးတဲ့ သူ.. သိပ်ချစ်ရတဲ့ သူ.. ကားအက်စီဒင့် တစ်ခုကြောင့် ရုတ်တရက် သေဆုံးခဲ့ရသည်တဲ့။ မူးမေ့လဲကျမတတ် နာကျင်ခဲ့ရသည့် သတင်းဆိုး..
ဘယ်အရာနှင့်မျှ မလဲနိုင်သည့် သူ့ကို ဆုံးရှုံးလိုက်ရပြီ။ အိပ်မက်တွေ၊ စိတ်ကူးတွေ လဲပြိုခဲ့ရသည်။ အနာဂတ်ဆိုတာလည်း ဆိတ်ငြိမ်မှု တစ်ခုအဖြစ် ပြောင်းလဲခဲ့ရသည်။ မျက်ဝန်းတစ်စုံမှာ ပူနွေးလျှက် ပါးပြင်ပေါ်မှာလည်း..
x x x
နှစ်အတန်ကြာမှ အခုလို မနက်စောစော လမ်းပြန်လျှောက်ဖြစ်ခဲ့ပေမယ့် အတိတ်က အရိပ်တွေက နေရာတိုင်းမှာ.. အခုချိန်ထိတိုင် သူ ဘေးမှာ ရှိနေသလိုလို.. စကားတွေ လာပြောနေသလိုလို.. အေးစက်ပြီး ချစ်စရာ ကောင်းလွန်းတဲ့ သူ့မျက်နှာလေးကိုပဲ မနေ့တစ်နေ့ကလို ပြန်ပြန် မြင်ယောင်နေမိသည်။ နားဝင်ချိုခဲ့ဖူးတဲ့ သူ့အသံလွင်လွင်က နားထဲမှာ ကြားယောင်နေဆဲ။ နောက်ဆုံး သူ့ကိုယ်က ရေမွှေးနံ့ပင် ယနေ့တိုင် မပျောက်မပျက်..
လေကောင်းလေသန့် ရှူရှိုက်ရင်း တစ်ချိန်က အတူထိုင်ခဲ့ဖူးတဲ့ နေရာလေးမှာ အချိန်တော်တော်ကြာအောင် ထိုင်ပြီး တစ်စုံတစ်ခုကို နက်နက်နဲနဲ စဉ်းစားနေခဲ့မိသည်။ ထိုင်လျှက် အသက်မဲ့နေသူ တစ်ယောက်ကဲ့သို့ မလှုပ်မယှက် အချိန် တော်တော်ကြာအောင်ပင်။
နေရောင်က အစောပိုင်းကလို နွေးထွေးမှု ပေးရုံမကတော့.. နေရောင်နှင့် တိုက်ရိုက် ထိတွေ့နေသည့် သူ့ ခန္ဓာကိုယ် အစိတ်အပိုင်းတို့က ပူလောင်မှုကိုပင် ခံစားနေရပြီ။
ထိုင်နေရာမှ ထရပ်လိုက်သည်။ ရပ်လိုက်သည်နှင့် တပြိုင်တည်းမှာပင် အသိတစ်ခု အမြင်တစ်ခုကို ခံစားလိုက်ရသည်။ တဆက်တည်း ဆုံးဖြတ်ချက် တစ်ခုကိုပါ ချလိုက်သည်။
အတိတ်ဆိုတာ ပြီးဆုံးခဲ့ပြီ။ အတိတ်နဲ့ နေထိုင်နေလို့ ဘ၀က မည်သို့မျှ ထူးလာမည် မဟုတ်၊ အမြဲတမ်း ရှုံးနိမ့်နေသူ တစ်ယောက်သာ ဖြစ်နေတော့မည်။ သိပ်ချစ်ခဲ့သည့် ချစ်သူကိုလည်း မေ့ပစ်လိုက်တော့မည်။ တကယ်တော့ အတိတ်ဆိုတာ ..
သွေးပျက်ခဲ့ဖူးတဲ့ ညတစ်ည
ကြောက်လန့်ခြင်း.. စိုးထိတ်ခြင်း.. အားငယ်ခြင်း..
အဖော်မဲ့ခြင်းတို့နဲ့အတူ မှိန်ပြပြ မီးလုံးလေးရဲ့ အလင်းရောင်အောက်မှာ
တစ်ယောက် တည်း၊ အိပ်ယာ ကုတင်တစ်ခုပေါ်မှာ ဖြစ်တာကြောင့် ခြင်ထောင်အစတို့ကို
အောက်က ခင်းထားတဲ့ ဖျာအောက်ထဲ အတင်းထိုးသွင်းထားပြီး စောင်ကို
ခေါင်းမြီးခြုံကာ ဟိုအတွေး ဒီအတွေးတွေနဲ့ တွေးတွေးရင်း ကြောက်စိတ်တွေက
ပိုပိုဆိုးဝါးလာခဲ့တယ်။ တိတ်ဆိတ်ငြိမ်သက် လွန်းလှတဲ့ ညတစ်ညမှာ
အဖော်လည်းမရှိ ရှည်လျားလွန်းတဲ့ ဘားတိုက်တစ်ခုထဲ ရောက်နေခဲ့ရသူက ကျွန်တော်…
ခပ်ရှည်ရှည်ပုံစံ ရှိတဲ့ ရဲတန်းလျား ဘားတိုက်တစ်ခု ဖြစ်တာကြောင့် အဆုံးမှာ ဘာရှိမလဲလို့လည်း မကြည့်ရဲခဲ့ပါဘူး။ အဲ့ဒီ အဆောက်အဦ ထဲမှာ လူဆိုလို့ ကျွန်တော်တစ်ယောက်တည်း… အဖော်ဆိုလို့ တစ်ယောက်မှ မရှိ။ လွန်ခဲ့တဲ့ နာရီဝက် လောက်ကတော့ ရဲသားလေး တစ်ယောက်နဲ့ အတူ စကားထိုင်ပြောနေခဲ့သေးတယ်။ အဲ့ဒီတုန်းက ကျွန်တော် မကြောက်သေး..
သူက သရဲကြောက်တတ်လား မေးတော့ ကျွန်တော်က ရိုးရိုးပဲ ဖြေလိုက်မိသည်။ အလွန်အကျွံ ကြောက်တာမျိုးတော့ မရှိပါဘူးလို့။ သိပ်မကြောက်တတ်ပါဘူးလို့.. အခုတော့ ခက်ချေပြီ.. ဘယ်အချိန်ကျမှ ပြန်လာမယ်မှန်း မသိတဲ့ ရဲတပ်ကြပ်ကြီးကို မျှော်ရင်း ရသမျှ ဘုရားစာတွေ. ဂါထာတွေနဲ့ တိတ်ဆိတ် ခြောက်ခြားလွန်းတဲ့ ညတစ်ညကို အံ့ကြိတ်ကာ ရင်ဆိုင်နေခဲ့ရသူက ကျွန်တော်..
ဘားတိုက်လို့ ဆိုသော်ငြား ရဲတွေ နေတဲ့ ဘားတိုက်လို့ ဆိုတာထက် ပစ္စည်းအဟောင်းတွေကို စုပုံထားတဲ့ စတိုလို့ ပြောတာက ပိုမှန် ပါလိမ့်မယ်။ ကျွန်တော်မရောက်လာခင်က ကျွန်တော်မျှော်နေမိတဲ့ ရဲကြပ်ကြီးရယ်.. ဂျူတီကျလို့ ကင်းစောင့်နေရတဲ့ လက်မောင်းတစ်ရစ်နဲ့ ရဲသားတစ်ယောက်ရယ်၊ နှစ်ယောက်တည်း နေကြတဲ့ ဘားတိုက်ကြီး… သူတို့ ဘယ်လိုနေကြလဲ မသိပေမယ့် ကျွန်တော့်အတွက်ကတော့ ခြောက်ခြားလွန်းလှတဲ့ နေရာဒေသ တစ်ခုဖြစ်ခဲ့ပါတယ်။
အလင်းရောင် ရှိစဉ်အခါ ညနေပိုင်းကတည်းက မှောင်မဲ စုတ်ပြတ်နေခဲ့တဲ့ ဒီရဲတိုက်ကြီးက အခုလို ညအချိန်အခါမှာတော့ ပြောရက်စရာ မရှိတော့… ဘေးကပ်ရက် ဘားတိုက်နှစ်ခုမှာကလည်း လူတစ်ယောက်မှ မနေ… ဘားတိုက် ၂ခုကျော် နံပတ်တစ် ဘားတိုက်မှာတော့ ခရီးကြမ်း လေ့ကျင့်ရေး ဆင်းနေကြတဲ့ ရဲသား ၇ယောက်။ ကျွန်တော် နေရတာက နံပတ်လေး ဘားတိုက်… စုစုပေါင်း ဘားတိုက် ၈ခု ရှိပေမယ့် လူနေတာ ၂ခုထဲရယ်။
အစောပိုင်းက ပြန်ခါနီးမှာ ကြောက်တတ်လားလို့ မေးသွားခဲ့တဲ့ ရဲသားနဲ့ စကားတွေ ဖောင်ဖွဲ့ပြောနေချိန်ကို ပြန်စဉ်းစားလိုက်မိတယ်။ ရက်စက် လိုက်ပါပေ့။ သူဘာတွေ ပြောသွားခဲ့တယ် မှတ်သလဲ.. သူကြားဖူးသမျှ ဒီဘားတိုက်ကြီးတွေ အနားမှာရှိတဲ့ သရဲတစ္ဆေတွေ အကြောင်း.. စုံလို့
“ညီလေး ညဘက်ဆို အိမ်သာထဲ မသွားနဲ့.. သရဲက ဘေးက လာလာပြီး ထိုင်နေတတ်တယ်။ အစ်ကိုတို့ဆိုရင် ဘယ်တော့မှ ညဘက် အိမ်သာထဲ မ၀င်ဘူး၊ ၀င်ရင်လည်း အဖော်ခေါ်သွားတယ်။ တစ်ယောက်တည်း သွားလို့ကတော့ သရဲက ကိုယ့်ဘေးမှာ လာထိုင်နေပြီလို့သာ မှတ်လိုက်တော့၊ ဘေးကို ရောက်ပြီးဆိုတာနဲ့ ကြက်သီးတွေ တဖြန်းဖြန်း ထလာတော့တာပဲ။ ကိုယ့်ဘေးမှာ သရဲတစ္ဆေတွေ လာကပ်တဲ့ အခါမျိုးမှာ ကြက်သီးထတတ်တယ်လေ..” တဲ့.. ကြည့်ဦး.. မရက်စက်လွန်းပေဘူးလား.. ညဘက် အိမ်သာထဲ မ၀င်ရဲအောင် လုပ်ခဲ့ပုံများ ပြောင်မြောက်လွန်းလှပါပေ့..
“ညဘက် ညဘက်ဆိုရင် အိပ်နေတဲ့သူတွေကို ခြေထောက်ကနေ လိုက်လိုက်ဆွဲချတာ.. အိပ်လို့ကို မရပါဘူး၊ ဆရာကြီးတို့လည်း ခဏခဏ အဆွဲခံရဖူးတယ်၊ ဒါပေမယ့် ဆရာကြီးက လုံးဝကို မကြောက်တတ်ဘူး” တဲ့.. လုပ်ပြန်ပြီ၊ မ ပုံကတော့… ဒါကြောင့်လည်း ကျွန်တော် ခြင်ထောင်ကို ဖျာအောက် တင်းနေအောင်ထည့်ထားပြီး စောင်ကို ခေါင်းမြီးခြုံထားတာပေါ့…
“အရင်တုန်းက ဒီဘားတိုက်မှာ ရဲတစ်ယောက်ရဲ့ မိန်းမတစ်ယောက် ကိုယ်ဝန်ကြီးနဲ့ သေသွားခဲ့ဖူးတယ်။ အဲ့ဒီ မိန်းမကလေ လုံးဝမကျွတ်ဘူး၊ ဒီဘားတိုက်တွေဆီကို ဟိုးလှမ်းမြင်နေရတဲ့ လယ်ကွင်းဆီကနေ လမ်းလျှောက်ပြီး ပြန်ပြန်လာလေ့ရှိတယ်။ ဗိုက်ကပူနေတယ်ဆိုပေမယ့် ခေါင်းက ဘယ်တော့မှ ပါမလာဘူး.. သူလာလိုက်တိုင်း ခေါင်းပြတ်ကြီး အတိုင်းပဲ” တဲ့.. ကောင်းပါပေတယ်. မောင်မင်းကြီးသားရယ်.. ပြောကောင်းတိုင်း လျှာအရိုးမရှိတိုင်း ပြောခဲ့လိုက်တာ. လှမ်းမြင်နေရတဲ့ လယ်ကွင်းတွေတောင် မကျန်ဘူး၊ မနူးမနပ်အရွယ် ကျွန်တော့် အတွက်တော့ ခြင်ထောင်ဘေးတောင် မျက်လုံးဖွင့်ပြီး မကြည့်ရဲခဲ့ဘူး။
“ဒီဘားတိုက်တွေမှာ အစားအစာတွေ ချက်ပြုတ်စားလို့မရဘူး ညီလေးရ. ချက်ပြီဆိုရင် သရဲတွေ တစ္ဆေတွေ အရမ်းကို သောင်းကြမ်း တော့တာပဲ။ တစ်ခါတုန်းကဆိုရင် ရဲသားတွေ အမဲသားဟင်း ချက်စားကြတာ အကုန်လုံး အိုးပစ်ခွက်ပစ် ထွက်ပြေးရတဲ့ အထိပါပဲ” အဓိပ္ပါယ် ရှိလား မရှိလား မတွေးခဲ့မိပါဘူး. ပြောသမျှတွေကလည်း အဆိုးတွေကြီးပဲ.. သူပြောနေတုန်းကတော့ သြော်. အဲ့လိုလားပေါ့.. သူပြန်သွားတော့မှ ကိုယ့်မှာ လိပ်ပြာလွင့်မတတ်ကြီး ဖြစ်ကျန်ခဲ့လိုက်တာ၊ ကိုယ်တော်ကတော့ မပြန်ခင် ပြောသွားလိုက်သေးတယ်။ ညီလေး မကြောက်တတ်ဘူး မဟုတ်လား၊ တစ်ယောက်တည်း နေရဲတယ် မဟုတ်လား ဘာညာနဲ့။ ကျေးဇူးတော့ တင်ပါရဲ့၊ ဘာလို့လဲ သိလား၊ တမင်သက်သက် ပြန်လာပြီး မခြောက်လို့သာပေါ့.. မဟုတ်ရင် အဲ့ဒီနေရာမှာ ဘာတွေများ ဖြစ်ခဲ့ဦးမလဲ ဆိုတာ မပြောတတ် မတွေးတတ်လောက်တော့အောင် ပါပဲ။
ဒီလိုနဲ့ အမှောင်လွှမ်းနေတဲ့ စုတ်ပြတ်ပြတ် ဘားတိုက်တစ်ခုထဲမှာ ညဦးပိုင်းတစ်ခုကို ကြောက်လန့်စွာ ရင်ဆိုင်နေခဲ့ရတဲ့ ကျွန်တော်ဟာ သစ်ရွက်ကြွေသံကိုတောင် ကြောက်လန့်နေခဲ့ရပါတော့တယ်။ ဘေးနားမှာ အရိပ်တွေ ပေါ်လာမှာ၊ သေချာဖိထားတဲ့ ခြင်ထောင်ကို ဆွဲလှန်ပြီး ခြေထောက်တွေကို လာဆွဲချမှာ၊ စသဖြင့် အရာရာတိုင်းကို တွေးကြောက်နေခဲ့ မိပါတယ်။ နောက်ဆုံး ကျွန်တော်ရင်ဆိုင်ခဲ့ရတဲ့ ကြောက်လန့်မှု တစ်ခုကတော့ “ဒုန်း.. ဒုန်း.. ဒုန်း..၊ ဒုန်း.. ဒုန်း.. ဒုန်း..”၊ ကြောက်လန့်စိတ်က အထွဋ်အထိတ်ကို ချက်ချင်း ရောက်ရှိ သွားခဲ့တယ်။ အဲ့ဒီ ကြောက်လန့်စိတ်နဲ့အတူပဲ ကျွန်တော်ရဲ့ စိုးရိမ်ပူပန်ခဲ့ရတဲ့ အခိုက်အတန့်လေးဟာ နိဂုံးချုပ်လို့ ပြီးဆုံးသွားခဲ့ပါတော့တယ်။
x x x
ကျွန်တော် ကျေးဇူးတင်လိုက်တဲ့ ဖြစ်ခြင်း…၊ နားထဲမှာ ကြည်ညိုလိုက်တဲ့ ဖြစ်ခြင်း… နောက်ကျတယ်ဆိုပေမယ့် ပြန်ရောက်လာပေးတဲ့ ရဲကြပ်ကြီးကိုရော. သူ့အခန်းထဲ ရောက်မှ သူရွတ်ဖတ်ပူဇော်နေတဲ့ ဘုရားစာတွေကိုရောပေါ့… စိတ်ထဲမှာ ကြည်လင်လာတယ်။ ကြောက်စိတ်တွေ လွှင့်ပါးသွားခဲ့တယ်။ အားတွေ ပြန်လည် ပြည့်တင်းလာခဲ့တယ်။ အဲ့ဒီနောက်မှာတော့ ကျွန်တော် နှစ်ခြိုက်စွာပဲ အိပ်ပျော်သွားပါတော့တယ်။
x x x
အထက်ပါ အဖြစ်အပျက်တွေကတော့ ကျွန်တော် ဆယ်တန်း အောင်ပြီးခါစက ဗိုလ်လောင်းသင်တန်း ၀င်ခွင့်အတွက် လှော်ကား ရဲတပ်ရင်း(၁)မှာ သွားရောက် လေ့လာခဲ့စဉ်အခါက ကြုံတွေခဲ့ရတာပါ။ ၄ရက်လောက် နေဖို့သွားတဲ့ ကျွန်တော့်အတွက်တော့ အဲ့ဒီညက လှော်ကားခရီးစဉ်ရဲ့ ပထမဆုံးနဲ့ နောက်ဆုံးည ဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ နောက်တစ်နေ့ နေ့လည်ပိုင်း ရဲကြပ်ကြီးအခန်းထဲမှာ စာတွေ့ဆည်းပူစဉ် သူ့စားပွဲပေါ်မှာ တင်ထားတဲ့ စစ်စိမ်းရောင် မျက်နှာသုတ်ပုဝါ အုပ်ထားတဲ့ အရာတစ်ခုကို မြင်တွေ့ခဲ့ရလို့ပါပဲ။ အဲ့ဒီအရာကိုဖွင့်ဟ မကြည့်ဖြစ်ခဲ့ပေမယ့် တမြန်နေ့ညနေပိုင်း စကားအပြောကောင်းခဲ့သူ ရဲဘော်လေးရဲ့ စကားသံက နားထဲမှာ ပြန်ပြန် ကြားယောင်လို့သာ နေခဲ့ပါတော့တယ်။
“ဆရာကြီးရဲ့ စားပွဲပေါ်မှာ သေသွားတဲ့ သူ့မိန်းမ အရိုးခေါင်းကို တင်ထားတယ်”
- ပြိုပျက်ခဲ့တဲ့ အိပ်မက်တစ်ခု အကြောင်း
- ဟိုးအဝေးကြီးကို လှမ်းမျှော်ကြည့်လိုက်တော့
မြင်လို့မဆုံး ကြည်လင်စွာ လှပနေတဲ့ စိမ်းစိမ်းစိုနေတဲ့ လယ်ကွင်းတွေသာ
အမြင်အာရုံထဲ တိုးဝင်လို့ လာခဲ့တယ်။ ညင်သာစွာ တိုးဝှေ့တိုက်ခတ်နေတဲ့
လေပြေညင်းလေးတွေကြားမှာ မလှုပ်မရွေ့ ဘဲ ခပ်တွေတွေကလေး ရပ်နေမိတယ်။ သူ
တွေးနေမိတာက သူ့အတိတ်… သူ စဉ်းစားနေမိတာက သူ့ရဲ့ အတိတ်က ကောင်မလေး
တစ်ယောက်အကြောင်း… သူ နောင်တရနေတာလား… သူ လွမ်းဆွတ်ကြေကွဲနေတာလား…
ဒါမှမဟုတ် သူ ဘာကို ခံစားနေရလဲဆိုတာ သူကိုယ်တိုင်လည်း နားမလည်နိုင်တော့…
x x x
သိပ်ချစ်ကြတဲ့ ချစ်သူတွေရယ်လို့ အများက သတ်မှတ်ခံရလောက်အောင် သူတို့ နှစ်ဦး သိပ်ကို ချစ်ခဲ့ကြပါတယ်။ တစ်ယောက်ကို တစ်ယောက် သိပ်ပြီး ဦးစားပေးခဲ့ကြသလို တစ်ယောက်နဲ့ တစ်ယောက်လည်း အရမ်းကို တွယ်တာခဲ့ကြပါတယ်။ ခင်မင်မှုကနေစခဲ့တဲ့ အချစ်တစ်ခု၊ သူငယ်ချင်းတွေ ကြားမှာ သူတို့ နှစ်ယောက် သိပ်ကို ချစ်တတ်ခဲ့ကြတာပေါ့။
အတူသွား အတူလာ အတူစားရင်း နှစ်အတန်ကြာ အတူတကွ ကျော်ဖြတ်ခဲ့ကြပြီးတဲ့ နောက်မှာတော့ သူတို့နှစ်ယောက်ကို မြှားနတ်မောင်က လိုလားဟန်မပြတော့။ နတ်ဆိုးက ၀င်ခဲ့ချေပြီ။ အားလုံးက သူတို့နှစ်ဦး လက်ထပ်ကြတော့မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် လက်တွေ့တကယ့်ဘ၀မှာတော့ သူတို့နှစ်ယောက်ကြားမှာ နားလည်မှုတွေ ပေါ့လျော့လို့ လာခဲ့တယ်။ နားလည်မှုတွေ တိုးလာရမယ့်အစား တကယ်တမ်း တိုးပွားလာခဲ့တာက မာနနဲ့ အတ္တ…
နောက်ဆုံးတော့ သူတို့ ဝေးခဲ့ရပြီလေ၊ ဘယ်လိုမှ ညှိနှိုင်းလို့ မရတော့တဲ့ အဆုံးမှာတော့ တစ်ယောက်နဲ့ တစ်ယောက် မျက်ရည်တွေ ကြားမှာပဲ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အခုဆိုရင်ပဲ နှစ်အတန်ကြာခဲ့ပြီလေ…
x x x
တစ်ခါတစ်လေတော့ ရင်ထဲက အလွမ်းတွေက သစ်လွင်နေတုန်းပဲ၊ တစ်ခါတစ်လေ မနေ့တစ်နေ့ကမှ ဖြစ်ပျက်ခဲ့သလို ခံစားနေရဆဲပါပဲ၊ တစ်ခါတစ်လေမှာတော့လည်း သူ့အိပ်မက်ထဲကို ရောက်ရောက်လာတတ်တယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် အခုချိန်မှာ တစ်ယောက်တစ်လမ်းစီ လျှောက်နေကြပြီလေ… ဦးတည်ချက်ချင်း မတူညီတဲ့ ဘ၀ခရီးလမ်းတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြတ်သန်း နေကြပြီလေ… သူတို့ တကယ့်ကို ဝေးခဲ့ကြလေပြီ…
x x x
အချိန်အတန်ကြာအောင် တစ်ယောက်တည်း ခပ်တွေတွေကလေး စဉ်းစားနေခဲ့ပြီးကာမှ လက်ရှိ သူရွေးချယ်ထားတဲ့ ဘ၀ရဲ့ ခရီးကို ဆက်လျှောက်ဖို့ သူ ရပ်ထားခဲ့တဲ့ ကားဆီကို တစ်လှမ်းချင်း ဆွေးမြေ့စွာ လျှောက်လာခဲ့တယ်။ သူ့ရင်ထဲမှာ ဆုတောင်းနေမိတာက “တချိန်က ငါ့ချစ်သူ ပျော်ရွှင်နိုင်ပါစေ”…
x x x
ရင်နဲ့ ခံစားခဲ့ရတာ မဟုတ်ပေမယ့် အမြင်နဲ့ ခံစားခဲ့ရတဲ့ အဖြစ်အပျက်လေးပါ။
စိတ်ကူးထဲ ရောက်လာတဲ့ ကလေးများအကြောင်း
“ဖောင်း.. ဒိုင်း.. ဒိုင်း.. ဒိုင်း..”
ဟိုက်..! ဒုက္ခ ဘယ်လိုဖြစ်တာပါလိမ့်..? အခု ဘယ်နှလပိုင်းပါလိမ့်.. သြဂုတ်လ.. ဟာ..! ဘယ်လိုဖြစ်ကြတာလဲ.. အခုမှ သြဂုတ်လ ၂၆ ရက်နေ့.. သီတင်းကျွတ်ဖို့ တစ်လ၊ တစ်လခွဲတောင် လိုသေးပေမယ့် လမ်းထဲမှာရှိတဲ့ ကလေး ကြီးငယ် အရွယ်စုံတို့ကတော့ ဗျောက်အိုးသံ တစ်ဖောင်းဖောင်း.. တစ်ဒိုင်းဒိုင်းနဲ့ ဆော်ကုန်ကြချေပြီ..။
ဝါဆိုလပြည့်နေမှသည် သီတင်းကျွတ် လပြည့်နေ့တိုင်အောင် ၀ါတွင်း ၃လတာ ကာလအတွင်း သတင်းသီလ စောင့်တည်ခဲ့ကြပြီး “၀ါလကင်းလွတ် သတင်းကျွတ်” ဆိုသည့်အတိုင်း သီတင်းကျွတ် လပြည့်နေ့မတိုင်ခင် အဖိတ်နေ့ရယ်.. လပြည့်နေရယ်. လပြည့်ကျော် တစ်ရက်နေ့ရယ် စုစုပေါင်း ၃ရက်ကို သတင်းကျွတ် မီးထွန်းပွဲတော် အဖြစ် ဟိုးယခင်ကတည်းက ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ သတင်းကျွတ် မီးထွန်းပွဲတော် ဆိုတဲ့အတိုင်းပင် မိမိတို့ နေအိမ် တိုက်တာ ခြံဝင်းများတွင် ဆီမီးများထွန်းညှိ ပူဇော်လေ့ ရှိကြတာ မြန်မာတို့ရဲ့ ချစ်စရာ ရိုးရာ အလေ့အထလေး တစ်ခုပင် ဖြစ်ပါတယ်။ နောက်ထပ် ချစ်စရာ ရိုးရာဓလေ့လေး တစ်ခုက သီတင်းကျွတ်ကာလရောက်တိုင်း မိဘ၊ ဆရာသမားတွေ အပါအ၀င် အသက်ကြီးသူ လူကြီးသူမများအား လိုက်လံ ကန်တော့လေ့ ရှိကြတာပဲ ဖြစ်ပါတယ်။
စာသင်ကျောင်းတွေကလည်း သီတင်းကျွတ်ပွဲတော် ကာလအတွင်း ကျောင်း ၁၀ရက် ပိတ်ပေးတတ်တာမို့ ကျောင်းပိတ်ရက်နဲ့ သတင်းကျွတ် ပွဲတော်ဟာ ကလေးသူငယ်တွေ အားလုံးက အမြဲတမ်း မျှော်လင့်နေတတ်တဲ့ ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။
သတင်းကျွတ် ကျောင်း ၁၀ရက်ပိတ်တယ်ဆိုတာက ကျောင်းလပတ်စာမေးပွဲအပြီး (ကျွန်တော်တို့တုန်းက ပထမအစမ်း စာမေးပွဲပေါ့. အခုတော့ ဘယ်လိုခေါ်လဲ မပြောတတ်တော့)မှာ ပိတ်ပေးတာပါ။ စာမေးပွဲ ဖြေဆိုအပြီး ပျော်ပွဲရွှင်ပွဲမှာ လွှတ်လွှတ်လပ်လပ် ပျော်နိုင် အောင်လို့ ရက်ရှည် ပိတ်ပေးတာပါ။
ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင်လည်း သီတင်းကျွတ်ပွဲတော်မှာ ပျော်ဖို့ရွှင်ဖို့အတွက် ကျောင်းသွားတဲ့အခါ ရတဲ့ မုန့်ဖိုးတွေကို မစားရက် မသောက်ရက် စုထားလေ့ရှိပြီး သီတင်းကျွတ် ရောက်ပြီ ဆိုရင်တော့ မီးရှူးမီးပန်းတွေ၊ ဗျောက်အိုးတွေ ၀ယ်ပြီး သူငယ်ချင်း အပေါင်းအသင်း တွေနဲ့အတူ ပျော်ခဲ့ပါးခဲ့ကြပါတယ်။
မှတ်မှတ်ရရပါပဲ.. ကျွန်တော် ၆တန်း ၇တန်းလောက်က ထင်တယ်။ ကော့သောင်းမှာ နေစဉ်ကပေါ့.. သီတင်းကျွတ် မတိုင်ခင် ကြိုစုထားတဲ့ ပိုက်ဆံ ၂၆၀နဲ့အတူ ကျွန်တော့်ရဲ့ လက်ကိုင်အိတ်ကလေး ပျောက်လို့ ငိုယိုခဲ့ဖူးပါတယ်။
အဲ့ဒီတုန်းကပေါ့.. ဆေးရုံကနေ မောမောပန်းပန်း ပြန်ရောက်လာတဲ့ ကျွန်တော့အဖေဟာ ကျွန်တော် ငိုနေတာကိုလည်း တွေ့ရော ဒေါသထွက်ထွက်နဲ့ သူ့အင်္ကျီအိတ်ကပ်ထဲ ပါသမျှ ပိုက်ဆံတွေ အကုန်လုံးနဲ့ ပေါက်ပြီး ကျွန်တော်ကို ဆူခဲ့ဖူးပါတယ်။ အလုပ်မှာ စိတ်ပင်ပန်းလာလို့ ထင်တယ်၊ ပုံမှန်အားဖြင့်ဆိုရင် ကျွန်တော့် အဖေရော အမေပါ. စကားနဲ့သာ နားဝင်အောင် ပြောတတ်ကြတာမို့ အဲ့ဒီလို အဆူခံရတာကိုပဲ စိတ်ထဲ စွဲထင်နေခဲ့ပါတော့တယ်။
အဲ့ဒီတုန်းက ပျောက်ခဲ့တဲ့ ငွေ ၂၆၀ဆိုတာက များတဲ့ ပမာဏမဟုတ်ခဲ့ပေမယ့် ကျွန်တော့်တို့ အတွက်ကတော့ သီတင်းကျွတ် ပွဲတော်မှာ ပျော်ဖို့ လုံလောက်တဲ့ ပမာဏပါ.. ကျွန်တော်ထင်တယ်.. အဲ့ဒီတုန်းက ၅၀၀ ကျပ်တန် ငွေစက္ကူတွေ မပေါ်သေးသလို ကျောင်းသွားလို့ တစ်နေ့ရတဲ့ မုန့်ဖိုးက ၅ကျပ် ၁၀လား ရှိသေးတာ။
အဲ့ဒီနှစ် သတင်းကျွတ်မှာ ပျောက်သွားတဲ့ ပိုက်ဆံ ၂၆၀ကို ကျွန်တော့်အဖေကပဲ ပြန်ပေးခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ကျွန်တော် ပျော်ခဲ့ ရပါတယ်။ ဒါပေမယ့် အချိန်တွေလွန်မှ သိလိုက်ရတာ တစ်ခုကတော့ ကျွန်တော်ပျောက်သွား ပိုက်ဆံအိတ်ကလေးက နဂို မပျောက်ခင်က သိမ်းထားတဲ့ မွေ့ယာကြားကနေ ပြန်တွေ့လိုက်ရတာပါပဲ။ ကိုယ့်ဖာသာ စေ့စေ့စပ်စပ် မရှာခဲ့ဘဲ အော်ငိုဖို့သာ ကြိုးစားခဲ့တဲ့ ကလေးဘ၀က အမှားတစ်ခုပါ။ အလုပ်ကနေ မောမောပန်းပန်း ပြန်လာကြတဲ့ မိဘတွေကို စိတ်ရှုပ်စေရအောင် ဘာမှ မစဉ်းစား မဆင်ခြင်ဘဲ လုပ်ခဲ့မိတဲ့အထိ သီတင်းကျွတ်ပွဲတော်ဟာ ကျွန်တော့်တို့အတွက် အဓိပ္ပါယ် ရှိခဲ့ဖူးပါတယ်။
အခု လမ်းထဲက ကလေးတွေရဲ့ ဗျောက်အိုးဖောက်သံတွေ အဆက်မပြတ် ကြားနေရတော့ အတိတ်ကို သတိရမိတယ် ဆိုတာထက် ကျွန်တော် အံ့အားသင့်နေမိတယ် ဆိုရင် ပိုပြီး မှန်ပါလိမ့်မယ်။ တခြားတော့ မဟုတ်ပါဘူး။ သီတင်းကျွတ် ပွဲတော်ရောက်ဖို့ တစ်လကျော် တစ်လခွဲလောက် လိုနေသေးပေမယ့် အခုကတည်းက ကြိုပြီး ပျော်နေကြတဲ့ ကလေးတွေကြောင့်ပါ။ ကျွန်တော်တို့တုန်းကဆိုရင် တစ်နှစ်မှာ ၃ရက်ပဲပျော်ခဲ့ ကြတာပါ။
အခုတော့ ခေတ်ကပဲ ပြောင်းသွားတာလားမပြောတတ်။ မီးရှူး၊ မီးပန်း၊ ဗျောက်အိုးရောင်းကြတဲ့သူတွေကလည်း အစောကြီးကတည်းက ဈေးကွက်ထဲ သွင်းလာကြချေပြီ။ နီးစပ်ရာ နေရာတိုင်း လိုလိုမှာလည်း အလွယ်တကူ ၀ယ်လို့က ရနေပြီ။ ကလေးတွေကလည်း ဗျောက်အိုးဖောက်သံကို အဆက်မပြတ် စေလောက်အောင်ပင် ပျော်ပါးနေကြလေပြီ။ တစ်ဖက်က ပြန်စဉ်းစားကြည့်ရင် ၀ါတွင်းကာလမှာ သီတင်းသီလ စောင့်တည်နေကြတဲ့ သူတွေကိုပင် အနှောင့်အယှက် ဖြစ်စေပြန်ပါတယ်။
စဉ်းစားမိတယ်။ ဒီ တန်ဖိုး မပေါလွန်းလှတဲ့ မီးရှူး၊ မီးပန်း၊ ဗျောက်အိုးတွေကို သတင်းကျွတ်ပွဲတော် တစ်လခွဲကျော် အလိုကတည်းက တဖောင်းဖောင်း.. တဒိုင်းဒိုင်းနဲ့ တစ်လမ်းလုံး၊ တစ်ရပ်ကွက်လုံး ဆူညံအောင် ဆော့ကစားနေကြတဲ့ ဒီကလေးတွေရဲ့ မိဘတွေ တစ်နေ့တစ်နေ့ သူတို့ ကလေးတွေကို မုန့်ဖိုးတွေ ဘယ်လောက်တောင် ပေးနေကြလို့လဲ… ဒါမှမဟုတ်… ကလေးတွေကပဲ မိဘတွေ မသိအောင် ပိုက်ဆံတွေ အလွယ်တကူ ရနေကြလို့လား…
ဘယ်လိုပဲဖြစ်ဖြစ် အခုလို အလွန်အကျွံ ပျော်ပါးနေကြတဲ့ ကလေးတွေရဲ့ ပညာသင်ယူမှုနဲ့ စာရိတ္တပိုင်းကို အနည်းနဲ့ အများဆိုသလို ထိခိုက်စေနိုင်တယ်ဆိုတာနဲ့ ၀ါတွင်းကာလမှာ သီတင်းသီလ စောင့်တည်နေကြတဲ့ သူတွေကိုလည်း အနှောင့်အယှက် ဖြစ်လို့နေတယ် ဆိုတာ စဉ်းစားမိရင်း…
ဟိုက်..! ဒုက္ခ ဘယ်လိုဖြစ်တာပါလိမ့်..? အခု ဘယ်နှလပိုင်းပါလိမ့်.. သြဂုတ်လ.. ဟာ..! ဘယ်လိုဖြစ်ကြတာလဲ.. အခုမှ သြဂုတ်လ ၂၆ ရက်နေ့.. သီတင်းကျွတ်ဖို့ တစ်လ၊ တစ်လခွဲတောင် လိုသေးပေမယ့် လမ်းထဲမှာရှိတဲ့ ကလေး ကြီးငယ် အရွယ်စုံတို့ကတော့ ဗျောက်အိုးသံ တစ်ဖောင်းဖောင်း.. တစ်ဒိုင်းဒိုင်းနဲ့ ဆော်ကုန်ကြချေပြီ..။
ဝါဆိုလပြည့်နေမှသည် သီတင်းကျွတ် လပြည့်နေ့တိုင်အောင် ၀ါတွင်း ၃လတာ ကာလအတွင်း သတင်းသီလ စောင့်တည်ခဲ့ကြပြီး “၀ါလကင်းလွတ် သတင်းကျွတ်” ဆိုသည့်အတိုင်း သီတင်းကျွတ် လပြည့်နေ့မတိုင်ခင် အဖိတ်နေ့ရယ်.. လပြည့်နေရယ်. လပြည့်ကျော် တစ်ရက်နေ့ရယ် စုစုပေါင်း ၃ရက်ကို သတင်းကျွတ် မီးထွန်းပွဲတော် အဖြစ် ဟိုးယခင်ကတည်းက ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ သတင်းကျွတ် မီးထွန်းပွဲတော် ဆိုတဲ့အတိုင်းပင် မိမိတို့ နေအိမ် တိုက်တာ ခြံဝင်းများတွင် ဆီမီးများထွန်းညှိ ပူဇော်လေ့ ရှိကြတာ မြန်မာတို့ရဲ့ ချစ်စရာ ရိုးရာ အလေ့အထလေး တစ်ခုပင် ဖြစ်ပါတယ်။ နောက်ထပ် ချစ်စရာ ရိုးရာဓလေ့လေး တစ်ခုက သီတင်းကျွတ်ကာလရောက်တိုင်း မိဘ၊ ဆရာသမားတွေ အပါအ၀င် အသက်ကြီးသူ လူကြီးသူမများအား လိုက်လံ ကန်တော့လေ့ ရှိကြတာပဲ ဖြစ်ပါတယ်။
စာသင်ကျောင်းတွေကလည်း သီတင်းကျွတ်ပွဲတော် ကာလအတွင်း ကျောင်း ၁၀ရက် ပိတ်ပေးတတ်တာမို့ ကျောင်းပိတ်ရက်နဲ့ သတင်းကျွတ် ပွဲတော်ဟာ ကလေးသူငယ်တွေ အားလုံးက အမြဲတမ်း မျှော်လင့်နေတတ်တဲ့ ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။
သတင်းကျွတ် ကျောင်း ၁၀ရက်ပိတ်တယ်ဆိုတာက ကျောင်းလပတ်စာမေးပွဲအပြီး (ကျွန်တော်တို့တုန်းက ပထမအစမ်း စာမေးပွဲပေါ့. အခုတော့ ဘယ်လိုခေါ်လဲ မပြောတတ်တော့)မှာ ပိတ်ပေးတာပါ။ စာမေးပွဲ ဖြေဆိုအပြီး ပျော်ပွဲရွှင်ပွဲမှာ လွှတ်လွှတ်လပ်လပ် ပျော်နိုင် အောင်လို့ ရက်ရှည် ပိတ်ပေးတာပါ။
ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင်လည်း သီတင်းကျွတ်ပွဲတော်မှာ ပျော်ဖို့ရွှင်ဖို့အတွက် ကျောင်းသွားတဲ့အခါ ရတဲ့ မုန့်ဖိုးတွေကို မစားရက် မသောက်ရက် စုထားလေ့ရှိပြီး သီတင်းကျွတ် ရောက်ပြီ ဆိုရင်တော့ မီးရှူးမီးပန်းတွေ၊ ဗျောက်အိုးတွေ ၀ယ်ပြီး သူငယ်ချင်း အပေါင်းအသင်း တွေနဲ့အတူ ပျော်ခဲ့ပါးခဲ့ကြပါတယ်။
မှတ်မှတ်ရရပါပဲ.. ကျွန်တော် ၆တန်း ၇တန်းလောက်က ထင်တယ်။ ကော့သောင်းမှာ နေစဉ်ကပေါ့.. သီတင်းကျွတ် မတိုင်ခင် ကြိုစုထားတဲ့ ပိုက်ဆံ ၂၆၀နဲ့အတူ ကျွန်တော့်ရဲ့ လက်ကိုင်အိတ်ကလေး ပျောက်လို့ ငိုယိုခဲ့ဖူးပါတယ်။
အဲ့ဒီတုန်းကပေါ့.. ဆေးရုံကနေ မောမောပန်းပန်း ပြန်ရောက်လာတဲ့ ကျွန်တော့အဖေဟာ ကျွန်တော် ငိုနေတာကိုလည်း တွေ့ရော ဒေါသထွက်ထွက်နဲ့ သူ့အင်္ကျီအိတ်ကပ်ထဲ ပါသမျှ ပိုက်ဆံတွေ အကုန်လုံးနဲ့ ပေါက်ပြီး ကျွန်တော်ကို ဆူခဲ့ဖူးပါတယ်။ အလုပ်မှာ စိတ်ပင်ပန်းလာလို့ ထင်တယ်၊ ပုံမှန်အားဖြင့်ဆိုရင် ကျွန်တော့် အဖေရော အမေပါ. စကားနဲ့သာ နားဝင်အောင် ပြောတတ်ကြတာမို့ အဲ့ဒီလို အဆူခံရတာကိုပဲ စိတ်ထဲ စွဲထင်နေခဲ့ပါတော့တယ်။
အဲ့ဒီတုန်းက ပျောက်ခဲ့တဲ့ ငွေ ၂၆၀ဆိုတာက များတဲ့ ပမာဏမဟုတ်ခဲ့ပေမယ့် ကျွန်တော့်တို့ အတွက်ကတော့ သီတင်းကျွတ် ပွဲတော်မှာ ပျော်ဖို့ လုံလောက်တဲ့ ပမာဏပါ.. ကျွန်တော်ထင်တယ်.. အဲ့ဒီတုန်းက ၅၀၀ ကျပ်တန် ငွေစက္ကူတွေ မပေါ်သေးသလို ကျောင်းသွားလို့ တစ်နေ့ရတဲ့ မုန့်ဖိုးက ၅ကျပ် ၁၀လား ရှိသေးတာ။
အဲ့ဒီနှစ် သတင်းကျွတ်မှာ ပျောက်သွားတဲ့ ပိုက်ဆံ ၂၆၀ကို ကျွန်တော့်အဖေကပဲ ပြန်ပေးခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ကျွန်တော် ပျော်ခဲ့ ရပါတယ်။ ဒါပေမယ့် အချိန်တွေလွန်မှ သိလိုက်ရတာ တစ်ခုကတော့ ကျွန်တော်ပျောက်သွား ပိုက်ဆံအိတ်ကလေးက နဂို မပျောက်ခင်က သိမ်းထားတဲ့ မွေ့ယာကြားကနေ ပြန်တွေ့လိုက်ရတာပါပဲ။ ကိုယ့်ဖာသာ စေ့စေ့စပ်စပ် မရှာခဲ့ဘဲ အော်ငိုဖို့သာ ကြိုးစားခဲ့တဲ့ ကလေးဘ၀က အမှားတစ်ခုပါ။ အလုပ်ကနေ မောမောပန်းပန်း ပြန်လာကြတဲ့ မိဘတွေကို စိတ်ရှုပ်စေရအောင် ဘာမှ မစဉ်းစား မဆင်ခြင်ဘဲ လုပ်ခဲ့မိတဲ့အထိ သီတင်းကျွတ်ပွဲတော်ဟာ ကျွန်တော့်တို့အတွက် အဓိပ္ပါယ် ရှိခဲ့ဖူးပါတယ်။
အခု လမ်းထဲက ကလေးတွေရဲ့ ဗျောက်အိုးဖောက်သံတွေ အဆက်မပြတ် ကြားနေရတော့ အတိတ်ကို သတိရမိတယ် ဆိုတာထက် ကျွန်တော် အံ့အားသင့်နေမိတယ် ဆိုရင် ပိုပြီး မှန်ပါလိမ့်မယ်။ တခြားတော့ မဟုတ်ပါဘူး။ သီတင်းကျွတ် ပွဲတော်ရောက်ဖို့ တစ်လကျော် တစ်လခွဲလောက် လိုနေသေးပေမယ့် အခုကတည်းက ကြိုပြီး ပျော်နေကြတဲ့ ကလေးတွေကြောင့်ပါ။ ကျွန်တော်တို့တုန်းကဆိုရင် တစ်နှစ်မှာ ၃ရက်ပဲပျော်ခဲ့ ကြတာပါ။
အခုတော့ ခေတ်ကပဲ ပြောင်းသွားတာလားမပြောတတ်။ မီးရှူး၊ မီးပန်း၊ ဗျောက်အိုးရောင်းကြတဲ့သူတွေကလည်း အစောကြီးကတည်းက ဈေးကွက်ထဲ သွင်းလာကြချေပြီ။ နီးစပ်ရာ နေရာတိုင်း လိုလိုမှာလည်း အလွယ်တကူ ၀ယ်လို့က ရနေပြီ။ ကလေးတွေကလည်း ဗျောက်အိုးဖောက်သံကို အဆက်မပြတ် စေလောက်အောင်ပင် ပျော်ပါးနေကြလေပြီ။ တစ်ဖက်က ပြန်စဉ်းစားကြည့်ရင် ၀ါတွင်းကာလမှာ သီတင်းသီလ စောင့်တည်နေကြတဲ့ သူတွေကိုပင် အနှောင့်အယှက် ဖြစ်စေပြန်ပါတယ်။
စဉ်းစားမိတယ်။ ဒီ တန်ဖိုး မပေါလွန်းလှတဲ့ မီးရှူး၊ မီးပန်း၊ ဗျောက်အိုးတွေကို သတင်းကျွတ်ပွဲတော် တစ်လခွဲကျော် အလိုကတည်းက တဖောင်းဖောင်း.. တဒိုင်းဒိုင်းနဲ့ တစ်လမ်းလုံး၊ တစ်ရပ်ကွက်လုံး ဆူညံအောင် ဆော့ကစားနေကြတဲ့ ဒီကလေးတွေရဲ့ မိဘတွေ တစ်နေ့တစ်နေ့ သူတို့ ကလေးတွေကို မုန့်ဖိုးတွေ ဘယ်လောက်တောင် ပေးနေကြလို့လဲ… ဒါမှမဟုတ်… ကလေးတွေကပဲ မိဘတွေ မသိအောင် ပိုက်ဆံတွေ အလွယ်တကူ ရနေကြလို့လား…
ဘယ်လိုပဲဖြစ်ဖြစ် အခုလို အလွန်အကျွံ ပျော်ပါးနေကြတဲ့ ကလေးတွေရဲ့ ပညာသင်ယူမှုနဲ့ စာရိတ္တပိုင်းကို အနည်းနဲ့ အများဆိုသလို ထိခိုက်စေနိုင်တယ်ဆိုတာနဲ့ ၀ါတွင်းကာလမှာ သီတင်းသီလ စောင့်တည်နေကြတဲ့ သူတွေကိုလည်း အနှောင့်အယှက် ဖြစ်လို့နေတယ် ဆိုတာ စဉ်းစားမိရင်း…
မနေ့က ရုံးမှာ အလုပ်မရှုပ်တရှုပ် ဖြစ်နေစဉ်မှာ စားပွဲပေါ်က ဖုန်းမြည်သံကြောင့် လုပ်လက်စ အလုပ်ကို ရပ်ကာ ဖုန်းကိုကိုင်လိုက်သည်။
"ဟယ်လို"
"x x x x x "
"ဟုတ်ကဲ့"
"x x x x x"
"x x x x x x x"
စကားပြောပြီးတော့ ဖုန်းကို ပြန်ချလိုက်သည်။ အတွေးနက်နက် တစ်ခုက ခေါင်းထဲကို တန်းဝင်လာခဲ့သည်။ သြော်.. x x x x x
"ဟယ်လို"
"x x x x x "
"ဟုတ်ကဲ့"
"x x x x x"
"x x x x x x x"
စကားပြောပြီးတော့ ဖုန်းကို ပြန်ချလိုက်သည်။ အတွေးနက်နက် တစ်ခုက ခေါင်းထဲကို တန်းဝင်လာခဲ့သည်။ သြော်.. x x x x x
-------------------------------------------------------------
ဒီနေ့မနက် ကြက်တောင် သွားရိုက်ပြီး အပြန် လမ်းမှာ ဖုန်းဝင်လာလို့ ကိုင်လိုက်မိသည်။ ဖားကန့်က လာသည့်ဖုန်း။
ဖားကန့်ဆိုတာက ကျွန်တော်တို့ရဲ့ အဖေနဲ့ အမေတို့ လက်ရှိ အလုပ်သွားလုပ်နေကြတဲ့ နေရာ။ သားချည်းပဲ လေးယောက် မွေးထားတဲ့ အဖေနဲ့ အမေတို့ အသက်လည်း ၆၀နီးနေပြီ၊ အခုထိ အလုပ်လုပ်နေကြရဆဲ။ ကျွန်တော်တို့ သားတွေ အနေနဲ့ မိဘကို တင်ကျွေးထားဖို့ မဆိုနှင့်ဦး၊ တစ်ဖက်တစ်လမ်းကတောင် မယ်မယ်ရရ မထောက်ပံ့နိုင်ကြသေး၊ လက်ကလေး ဖြန့်ရတဲ့ အဖြစ်ကသာ ပိုများနေဆဲ။
ကျွန်တော်တို့ သားလေးယောက်လုံး ကိုယ့်ခြေထောက်ပေါ် ကိုယ် မားမားမတ်မတ် တကယ်မရပ်တည်နိုင်ကြသေးတာမို့ အဖေ၊ အမေတို့ အသက်ကြီးပေမယ့် ဟိုး ဝေးလံခေါင်းပါးလွန်းတဲ့၊ လမ်းခရီး ကြမ်းတမ်းလွန်းတဲ့ ဖားကန့်လို နေရာမျိုးမှာ ဆက်ပြီး အလုပ်လုပ်နေကြ ရတာပါ။
ကျွန်တော့်အသက် ၂၆ နှစ်ပြည့်ခဲ့ပြီ။ တိတိကျကျ ပြောရရင်တော့ ပြီးခဲ့ တစ်လတိတိက ၂၆နှစ် တိတိ ပြည့်ခဲ့ပြီးပြီ။ ကျွန်တော် ၀န်ခံပါ တယ်။ ကိုယ့်ကိုယ်ကို အားမရဘူး။
ဖုန်းထဲမှာ အဖေက ပြောတယ်။ “အမေ့ဆီ ဖုန်းဆက်ပြီးပြီလားတဲ့.. ” ၊ ဒီတော့မှ မနေ့က ညနေက အဖေဖုန်းဆက်တဲ့ ကိစ္စ ခေါင်းထဲ ပြန်ဝင် လာခဲ့တယ်။ သြော်.. ဟုတ်သားပဲ.. ဒီနေ့ အမေ့မွေးနေ့မို့ ဖုန်းဆက်ကြဖို့ မနေ့က အဖေ သေချာမှာထားရက်နဲ့ မေ့နေလိုက်ခြင်း။ “ဟုတ်ကဲ့.. ခဏနေ အိမ်ပြန်ရောက်တာနဲ့ အမေ့ဆီကို ဆက်လိုက်ပါ့မယ်” .. အဖေ့ကို ပြန်ပြောလိုက်ပြီး အိမ်ပြန်ရောက်တော့ အမေ့ဆီကို ဖုန်းဆက် ခဲ့တယ်။ “အမေ.. Happy Birthday ပါ...” ထုံးစံအတိုင်း အမေက Thank You လို့ ပြန်ပြောတယ်။ အဲ့ဒီနောက် ကျွန်တော့်ညီကို လွှဲပေးလိုက်တယ်.. သူလည်း အမေ့ကို Birthday Wish လုပ်တယ်။ ကျွန်တော်ကတော့ ရုံးအမီလေး အပြေးအလွှား ထွက်လာခဲ့တယ်။
လမ်းရောက်တော့ ကျွန်တော် စဉ်းစားနေမိတယ်။ ပြီးခဲ့တဲ့ လက ကျွန်တော့်မွေးနေ့တုန်းက အဖေရော. အမေပါ.. သူတို့ဖာသာ ဖုန်းဆက် ကြပြီး Birthday Wish လုပ်ပေးခဲ့ကြတယ်။ ဒီတစ်နှစ်တည်း မဟုတ်ပါဘူး.. အမြဲတမ်း နှစ်တိုင်းပါပဲ.. သူတို့ မွေးနေ့တွေမှာသာ ကျွန်တော် တို့က မေ့နေတတ်ကြတာ.. ကျွန်တော်တို့ အလှည့်မှာတော့ သူတို့ ဘယ်တော့မှ မမေ့ခဲ့ကြပါဘူး.. မှတ်မိနေဆဲပါ. အဖေ့မွေးနေ့ မတိုင်ခင်က တစ်ခါ.. အဖေများနေ့ မတိုင်ခင်က တစ်ခါ အမေက ကျွန်တော့်ဆီ ဖုန်းဆက်ပြီး အဖေ့ကို Wish လုပ်ကြဖို့ ပြောခဲ့ပါသေးတယ်။
သေချာစဉ်းစားကြည့်တော့ ကျွန်တော် ပိုပြီး နားလည်ခဲ့ပါတယ်။ ဘာလို့ သူတို့ အခုလို အပြန်အလှန် ဂရုတစိုက်နဲ့ လိုက်ပြီး စဉ်းစားပေး ကြတာလဲပေါ့.. ပထမတော့ ဒါကို ရိုးရိုးပဲလို့ ထင်ထားခဲ့ပေမယ့် ဒီနေ့မနက် ကျွန်တော့်ခေါင်းထဲ အလင်းတစ်စက် ၀င်ရောက်လာခဲ့ပါတယ်။
“သားတွေ သူတို့ဆီကို ဂရုတစိုက် ဖုန်းဆက်ကြတဲ့အခါ.. Wish လုပ်ကြတဲ့အခါ သူတို့ ဘယ်လောက်တောင် ကျေနပ်ဝမ်းသာ ကြရသလဲ ဆိုတာကို သူတို့ အချင်းချင်းကသာ အသိဆုံးတွေမို့ ဖြစ်မှာပါ” တစ်နည်းအားဖြင့် “ဒီသားတွေဟာ သူတို့အတွက် ဘယ်လောက်အထိ အဓိပ္ပါယ်ရှိကြလဲဆိုတာပါပဲ”
Happy Birthday ပါ အမေ...
No comments:
Post a Comment