အိုဘားမား ခရီးစဉ်နှင့် အချိန်ကိုက် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေး
အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် အချိန်ကိုက်ကာ နိုင်ငံရေးအကျဉ်းသား အများစု ပါဝင်သော အ ကျဉ်းသား ၆၆ ဦးသည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့ လွတ်မြောက်လာကြောင်း သတင်းရရှိသည်။
ယနေ့ လွတ်မြောက်လာသူများထဲတွင် သေဒဏ်၊ ထောင်ဒဏ် တသက်တကျွန်း စသည့် နှစ်ရှည်ပြစ်ဒဏ်များ ချမှတ်ခံခဲ့ရပြီး အကျဉ်း ထောင် တွင်း ၁၅ နှစ် ၀န်းကျင် နေထိုင်ခဲ့ကြရသည့် ကိုလက်ျာထွန်း၊ လူ့အခွင့်အရေး လှုပ်ရှားသူ ဦးမြင့်အေး စသည့် ထင်ရှားသည့် နိုင်ငံ ရေးအကျဉ်း သားများလည်း ပါဝင်ရာ ယခု နောက်ဆုံး စာရင်းများအရ အကျဉ်းသား ၆၅ ဦး လွတ်မြောက်လာပြီဟု အတည်ပြုနိုင်ကြောင်း ထိုင်းနိုင်ငံ အ ခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောသည်။
“အခု လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့ ၆၆ ဦး ဖြစ်ပြီး တကယ် လွတ်လာတာက ၆၅ ဦးပါ။ မလွတ်ဘဲ ကျန်ခဲ့တဲ့ တဦးက မန္တလေးထောင်က နောက်အမှုရှိလို့ ရင်ဆိုင်ဖို့ အချုပ်သားဘ၀နဲ့ ကျန်ခဲ့တယ်။ လွတ်လာသူတွေထဲမှာ AAPP စာရင်း မှာ မပါဘဲလွတ်လာသူက ၁၄ ဦး ရှိပါတယ်၊ လွတ်လာသူတွေထဲ နိုင်ငံရေးနဲ့ မပတ်သက်တာ ၆ ယောက်ပါတယ်” ဟု AAPP တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးဘိုကြည်က ဧရာဝတီသို့ ပြောသည်။
မန္တလေးအကျဉ်းထောင်မှ ယနေ့လွတ်မြောက်လာသူ ၅ ဦးအနက် နိုင်ငံရေးအကျဉ်းသား ဦးစိုင်းလှအောင် (ဘ) ဦးကံစိန်ဆိုသူသည်ပြစ် ဒဏ် မှ လွတ်ငြိမ်းခွင့်ရပြီး လွတ်မြောက်ခွင့် ရှိသော်လည်း နောက်အမှုတခု ရင်ဆိုင်ရန် အချုပ်သားအဖြစ် အကျဉ်းထောင်တွင် ကျန်ရှိနေ ခဲ့ ကြောင်း သိရသည်။
လွန်ခဲ့သည့် ကြာသပတေးနေ့ကလည်း အကျဉ်းသား ၄၅၂ ဦးကို လွတ်ငြိမ်း သက်သာခွင့် ပေးခဲ့သော်လည်း နိုင်ငံရေး အကျဉ်းသား တဦး မှ ပါမလာသည့်အတွက် ပြည်တွင်းပြည်ပ မြန်မာ့အရေး လှုပ်ရှားသူများက စိတ်ပျက်ကြောင်း အသီးသီး ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ နိုင်ငံရေး အကျဉ်းသားအများစု ပါဝင်သည့် လွတ်ငြိမ်းသက်သာခွင့်ဖြင့် နှစ်ရှည် အကျဉ်းကျခံနေကြရသူများကို ထပ်မံလွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂/၁ ဖြင့် သေဒဏ်ချမှတ်ခံခဲ့ရသည့် သာယာဝတီ အကျဉ်းထောင်မှ လွတ်မြောက်လာသူ ကိုလက်ျာထွန်း ကအ မေရိကန် သမ္မတ အိုဘားမား လာရောက်ချိန် လွတ်မြောက်မှုအတွက် ၄င်းအနေဖြင့် ၀မ်းမြောက်သော်လည်း ယခု လွတ်ငြိမ်းသက် သာခွင့် သည် တရားမျှတမှု မရှိကြောင်း ဧရာဝတီကို ပြောသည်။
“ထောင်ထဲမှာ ကျနော်တို့ရဲ့ ဘ၀တူတွေ ကျန်ခဲ့ပါတယ်။ သာယာဝတီ ထောင်မှာဆိုရင် အမျိုးသား ၁၄ ယောက်၊ အမျိုးသမီး ၁၂ ယောက် ကျန် ခဲ့ပါတယ်။ မနက်ကတော့ သူတို့ မျက်နှာတွေ ကြည့်တောင် မကြည့်ရဲဘူး။ ခံစားကြရပါတယ်။ဒီလွတ်ငြိမ်းချမ်းသာခွင့်က ကျနော့်အ တွက် တော့ ကောင်းပါတယ်။ ဒါပေမယ့် တရားမျှတမှု မရှိပါဘူး”ဟု သူက ဆို သည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ဦးဗမျိုးသိန်းက ယခု သတင်းရေးသားချိန်အထိ ရရှိသော စာရင်းအရ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂/၁၊ မတရားသင်း ဆိုင်ရာ ပုဒ်မ ၁၇-၁ နှင့် ၁၇-၂ စသည့် နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံရသည့် နိုင်ငံရေး အကျဉ်းသား ၃၈ ဦးပါဝင် ပြီ ဟု အတည်ပြုနိုင်ကြောင်း ဧရာဝတီကို ပြောသည်။
“ဒီအချိန်ထိ ထောင် ၁၀ ထောင်လောက်က နိုင်ငံရေးအကျဉ်းသား ၃၈ ယောက်လွတ်လာပြီ။ နိုင်ငံရေး အကျဉ်းသား ပါတဲ့အတွက်ကြောင့် ကြို ဆိုတယ်။ ဒါပေမယ့်လို့ အိုဘားမား ခရီးစဉ်နဲ့ တိုက်ဆိုင်ပြီး လွှတ်ပေးလိုက်တဲ့ကိစ္စဟာ ဘယ်လိုမှ မလုပ်သင့်တဲ့ ကိစ္စဖြစ်တယ်။ နိုင်ငံရေး အ ကျဉ်းသားဆိုတာ လုံးဝ မရှိသင့်တော့ဘူး” ဟု ဦးဗမျိုးသိန်းက ပြောသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်ကလည်း “မြန်မာနိုင်ငံရဲ့ ဖြစ်နေတဲ့ ပြဿနာတွေထဲက အရေးအကြီးဆုံး တခု လည်း ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား ကိစ္စမှာ ဒီလောက်လွှတ်ပေးရုံနဲ့ မလုံလောက်သေးပါဘူး။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အထိ ကို ဖြစ်နိုင် မယ်ဆိုလို့ရှိရင် ကျနော်တို့ နိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြုပြင်ပြောင်းလဲမှုဟာ ပိုပြီးတော့ မြန်ဆန်လိမ့်မယ်လို့ ပြောချင်ပါ တယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တပ်ဖွဲ့မှ သေဒဏ်နှင့် ထောင်ဒဏ် ၁၄ နှစ်ကျခံရပြီး အကျဉ်း ထောင် တွင်း ၁၅ နှစ်ခန့်နေခဲ့ရသူ ကိုနိုင်အောင်ကလည်း ယနေ့ လွတ်မြောက်လာခြင်းနှင့် ပတ်သက်၍ ၀မ်းမြောက်သော်လည်း တမျိုးခံ စားရ ကြောင်း ဧရာဝတီကို ပြောဆိုခဲ့သည်။
“လွတ်လာတာတော့ ၀မ်းသာတာပေါ့။ ဒါပေမယ့် သူများနိုင်ငံက သမ္မတလာမှ ကိုယ့်ကို လွှတ်ပေးတယ် ဆိုတော့ ခံစားရတာ တမျိုးကြီးပေါ့ဗျာ” ဟု သူက ဆိုသည်။
သေဒဏ်မှ တသက်တကျွန်း ပြောင်းလဲသတ်မှတ်ခံရပြီး သာယာဝတီ အကျဉ်းထောင်မှ ၄င်းနှင့်အတူ အမှုတွဲ ၆ ဦးစလုံးယနေ့လွတ် မြောက် လာသော်လည်း နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေသေးကြောင်း၊ ၄င်းတို့ကိုလည်း လွှတ်ပေးသင့်ကြောင်း သူက ဆက်ပြော သည်။
အလားတူ ABSDF တပ်ရင်း ၂၀၅ မှ အဖွဲ့ဝင် နောက်တဦးဖြစ်သည့် အသက် ၄၇ နှစ်ရှိ ပုဒ်မ ၁၂၂/၁ ဖြင့် သေဒဏ် ချမှတ်ခံခဲ့ရသူ ကိုသန့်ဇင် ကလည်း ၁၉၉၈ ခုနှစ်ကတည်းက အကျဉ်းထောင်တွင် နေခဲ့ရပြီး လွတ်မြောက်လာခြင်း အတွက် ၀မ်းသာသော်လည်း ယခင် ABSDF မှ နိုင် ငံရေး အကျဉ်းသားများ ကျန်ခဲ့ကြောင်း ဧရာဝတီကို ပြောသည်။
“အခု လွတ်လာတာ ၀ဋ်ကြွေးတခု ကြေသွားတယ်လို့ပဲ ခံစားရပါတယ်” ဟု သူက ဆိုသည်။
အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာပြည်ခရီးစဉ် အကြိုအဖြစ် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် အမေရိကန်ရှေ့ပြေး တာဝန် ရှိသူတချို့နှင့် မြန်မာအစိုးရ သမ္မတရုံး ၀န်ကြီးတချို့ ရန်ကုန်ရှိ Peace Centre ၌ ဆွေးနွေးခဲ့ပြီး ယခုကဲ့သို့ ထင်ရှားသည့် နိုင်ငံ ရေး အကျဉ်း သားအများစု ပါဝင်သည့် လွတ်ငြိမ်းသက်သာမိန့်ကို သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာလ ၁၆ ရက်နေ့ ရက်စွဲဖြင့် ထပ်မံ ကြေညာ လိုက်ခြင်းဖြစ်သည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် နိုင်ငံရေးပါတီများ၊ AAPP တို့၏ နောက်ဆုံးစာ ရင်း များ အရ အကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသား ၃၀၀ နီးပါး ရှိခဲ့ရာ ယခုအချိန်တွင် ၂၀၀ ကျော် ကျန်ရှိနေဆဲဖြစ်သည်။
မြန်မာအစိုးရ၏ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သမ္မတ အိုဘားမား မြန်မာခရီးစဉ် မစတင်မီ နာရီပိုင်းအလိုတွင် ထုတ်ပြန်ကြေညာချက် တွင် လည်း အကျဉ်းသားကိစ္စကို ထည့်သွင်းဖော်ပြခဲ့သည်။
“ပြည်ထောင်စုအစိုးရအနေနှင့် ကျန်ရှိနေသေးသော အကျဉ်းသားများကိစ္စကို ပြည်ထဲရေး ဝန်ကြီးဌာနနှင့် အခြား သက်ဆိုင်ရာ အစိုးရဌာန များ နှင့် အဖွဲ့အစည်းများ အကြား ယခုနှစ် ဒီဇင်ဘာလ မကုန်မီ ညှိနှိုင်းဆွေးနွေးမှုများ စတင် ဆောင် ရွက် သွားမည် ဖြစ်ပါသည်။ နိုင်ငံတ ကာစံများ၊ ကျင့်ထုံးများနှင့်အညီ အကျဉ်းသားများ၏ ပြစ်မှုများ၊ ပြစ်ဒဏ်များ ကို ပြန်လည် စဉ်းစား သုံး သပ် နိုင်ရန် စီမံဆောင်ရွက်သွား မည်ဖြစ်ပါသည်” ဟု အစိုးရ၏ ကြေညာချက်က ဆိုသည်။
သမ္မတ အိုဘားမားကလည်း ယနေ့ နေ့လယ်ပိုင်းက ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ သမိုင်းဝင် မိန့်ခွန်းပြောကြားရာတွင် နိုင်ငံ ရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် ၄င်းတို့အား ကန့်သတ်မှုများ ဖယ်ရှားရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်စဉ်ဖော် ဆောင် မှု သည် နိုင်ငံပြုပြင်ပြောင်းလဲမှုတွင် အဓိက အရေးပါသည့် ခြေလှမ်းဖြစ်ကြောင်း ထောက်ပြပြောဆိုသွားသည်။
ပုဒ်မ ၁၄၄ ထုတ်ထားသည့် ကြားက ကျောက်တော်တွင် ဆိုင်တချို့ ဖေါက်ထွင်းခံရ
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ပုဒ်မ ၁၄၄ ထုတ်ပြီးညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်ကြားက ဈေးဆိုင်များ ဖေါက်ထွင်းခံနေ ကြရ သည် ဟု သိရသည်။
လွန်ခဲ့သော သောကြာနေ့ ည နှင့် စနေ နံနက် အကြားတွင်ကျောက်တော် မြို့ ရွှေပြည်သစ် ကားဂိတ်တွင် ဆိုင်တချို့ ဖေါက်ထွင်းခံခဲ့ရ သည်။
“ အဓိက ဖေါက်ထွင်း ခံရတာက ဒေါ်မိုးရွှေဆိုင် ဖြစ်ပါတယ်။ ဆိုင်ထဲက ပစ္စည်းတွေတော့ အကုန် လုံး ယူသွားပါတယ်။ ခန့်မှန်းခြေ (၅) သိန်းဖိုးခန့် ရှိပါလိမ့်မယ်။ ဆိုင်က စားသောက်ကုန် ရောင်းတဲ့ ဆိုင် ဖြစ်ပါတယ်” ဟု ဒေ သခံ တစ်ဦးဖြစ်သူ ကိုမောင်ချေက ပြောသည်။
တစ်ခြား ဆိုင်တစ်ခုမှလည်း ရန်ကုန်က ပို့ထားသည် ဖုံးဆက်များ ဖေါက် ထွင်း ယူဆောင်သွားခဲ့သည်ဟု သိရသည်။
“ ဆိုင်တွေမှာ လုံခြုံရေး အခြေအနေကြောင့် အရေးအခင်း ဖြစ်ပြီး ကတည်းက ဘယ်သူမှ မအိပ် ကြပါဘူး။ ညနေဆိုရင် အိမ်ပြန်လာ တယ်။ မ နက်ဆိုရင် ဆိုင်သွားဖွင်တယ်။ အခုလို အစောင့် မရှိတဲ့ အတွက် ဖေါက်ထွင်းသွားတာ ဖြစ် ပါတယ်။ ဖေါက်ထွင်းသွားတာ ဘယ်သူဆိုတာ တော့ လက်ပူး လက်ကြပ် မမိတဲ့ အတွက် ပြောဖို့တော့ ခက်ပါတယ်။ လူတွေက သံသယ ဖြစ်နေကြတာတော့ ရှိပါတယ်” ဟု သူက ဆိုသည်။
ကျောက်တော်တွင် ညမထွက်ရ အမိန့်ကို သက်ဆိုင်ရာမှ လျှော့ပေါ့ ပေးခဲ့သော်လည်း ည ၁၀ နာရီမှ မိုးထ ၅ နာရီထိ အပြင်မထွက်ရဟု သတ် မှတ်ထားသည်ဟု ဆိုသည်။
“ စစ်တပ်ကတော့ အဲဒီ ရွေပြည်သစ် ကားဂိတ်နားမှာ မရှိပါဘူး။ သူတို့က ဂစ္ဆပ နဒီ တံတားနားမှာ ဘဲ ရှိပါတယ်။ ခုဖြစ်တဲ့နေရာက သူတို့ရှိတဲ့ နေရာနဲ့ နည်းနည်း ဝေးပါတယ်” ဟု ဆိုသည်။
ကျောက်တော်မြို့နယ်တွင် လတ်တလော အခြေအနေတွင် နယ်ကျေးရွာများတွင်လည်း စပါးခင်းများမှ စပါးများကို ခိုးယူ ရိတ်သိမ်းမူ၊ ကျွဲနွား ခိုးမူများလည်း ပေါ်ပေါက်နေကြောင်း သိရသည်။
ခြံအမှတ် ၅၄ က သမိုင်းဝင် နိုဝင်ဘာ ၁၉
သမ္မတ အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ တဖက်တချက်ပါပြီး “သမ္မတကြီး အိုဘားမားအား ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါ၏” လို့ ရေး ထားတဲ့ ဗီနိုင်းချပ်ကြီးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် နှစ် ယောက်က ကိုင်မြှောက် လိုက်ချိန်မှာ ဘောင်းဘီတိုဝတ်ထား တဲ့ အမျိုးသမီးငယ် တယောက်က အဲဒီရှေ့မှာ သွားရပ်ပြီး “အမေ … သမီးကို ဓာတ်ပုံအရင်ရိုက်ပေး။ ပြီးရင် အမေ့ကို သမီး ရိုက်ပေးမယ်” လို့ ပြောလိုက် ပါတယ်။
ဘောင်းဘီရှည် အနီရောင် ဝတ်ထားတဲ့ အမေဖြစ်သူက သမီးဖြစ်သူကို ဓာတ်ပုံရိုက်ပေးပြီးတဲ့နောက် သူက တခါ ပြန်အရိုက် ခံနေတာ တွေ့ရတယ်။
မြန်မာပြည်ရဲ့ သမိုင်းဝင်နေ့လို့ ပြောလို့ရမယ့် နိုဝင်ဘာ ၁၉ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင် ကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေ အိမ် ခြံဝန်း အပြင်ဘက်မှာ သတင်းသမားတွေနဲ့ NLD ပါတီဝင် တချို့ အပြင် သမ္မတ အိုဘားမားကို မြင်ဖူးချင်တဲ့ ပရိသတ်တချို့တို့ စုရုံး စောင့် ဆိုင်း နေကြတာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအိုဘားမား လာရောက်တွေ့ဆုံမှာ ဖြစ်တဲ့အတွက် တက္ကသိုလ်ရိပ်သာ လမ်းထဲကို ဘယ်ကားမှ ဝင်ခွင့် မ ပေးတော့ဘဲ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးရဲ့ ညွှန်ကြားချက်ကြောင့် ခြံဝန်းထဲ ဝင်ခွင့်ရသူ အားလုံး မနက် ၁၀ နာရီအရောက် ခြံရှေ့မှာ စောင့်ဆိုင်း စုရုံးနေကြရပါတယ်။ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမယ့်အချိန်က မွန်းလွဲ ၁၂ နာရီ ခွဲ ဖြစ်ပါတယ်။
၁၀ နာရီခွဲလောက်မှာ NLD အလုပ်အမှုဆောင် အဖွဲ့ ရောက်လာပြီး အဲဒီအချိန်မှာပဲ ပြည်တွင်းပြည်ပ သတင်းသမား ၄၀ ကို ၈ ယောက်၊ ၉ ယောက်လောက် တသုတ်စီခွဲလို့ ခြံထဲ ဝင်ခွင့်ပေးပါတယ်။
ခြံထဲရောက်တယ် ဆိုရင်ပဲ အမေရိကန် အိမ်ဖြူတော်က လုံခြုံရေးတွေက သတင်းထောက်တွေကို တန်းစီခိုင်း၊ ပါလာသမျှ အထုပ်တွေ အား လုံး အောက်ချခိုင်းပြီး အိတ်တွေထဲမှာ ရှိသမျှ လျှပ်စစ်နဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေကို ဆွဲထုတ်ခိုင်း၊ ပြီးတာနဲ့ အဲဒီအထုပ်တွေနဲ့ ၁ ကိုက်အကွာ လောက် နောက်ဆုတ် ရပ်နေခိုင်းပါတယ်။ လူကို စစ်ဆေးရေးပစ္စည်းနဲ့ စစ်ဆေးသလို ပစ္စည်းတွေကိုတော့ အထူးလေ့ကျင့် ထားတဲ့ သူတို့ရဲ့ ခွေးကြီးနဲ့ အနံ့ခံခိုင်းပါတယ်။ စိတ်ကြိုက် စစ်ဆေးပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည် အိမ်ဘေး မြက်ခင်းပြင်ရဲ့ တဘက် မှာ ရှိတဲ့ အမိုးဖြူမိုး ယာယီတဲလေးတွေဆီ သွားခိုင်းပါတယ်။
ယာယီတဲ ၃ ခု အနက်က တခုမှာ အိမ်ဖြူတော် စာနယ်ဇင်းအဖွဲ့သား ၃၀ လောက် ထိုင်နေပါတယ်။ ခဏအကြာမှာတော့ ပြည်တွင်းပြည် ပသ တင်းထောက်တွေကို မြက်ခင်းပြင်မှာ စုရုံးခိုင်းပြီး ဒီနေ့အဖို့ သတင်းသမားတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို အိမ်ဖြူတော် စာနယ် ဇင်းအဖွဲ့ကို ဦးဆောင် လိုက်ပါလာတဲ့ ကီဗင်ဆိုသူက ရှင်းပြပါတယ်။
“မသွားရဘူးလို့ ပြောထားတဲ့ နေရာတွေကို မသွားပါနဲ့။ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် လာတုန်းက သတင်းထောက်တွေက တခြံ လုံးအနှံ့ ဟိုသွားဒီသွားလုပ်လို့ လုံခြုံရေးအဖွဲ့ဝင်တွေ စိတ်အနှောင့်အယှက် ဖြစ်ရတယ်” လို့ ကီဗင်က ပြောပါတယ်။
အရေးပေါ် အိမ်သာသွားချင်ရင်လည်း သူတို့ကို အသိပေး၊ သူတို့လုံခြုံရေးတွေ လိုက်ပါစောင့်ရှောက်ပေးမယ်လို့ သူက ဆိုပါတယ်။
အိမ်ဖြူတော် စာနယ်ဇင်းအဖွဲ့ထဲမှာ ထူးထူးခြားခြား “စွမ်းထက်” ဆိုတဲ့ အမေရိကန် လူ မည်းတယောက် ပါလာတာလည်း တွေ့ရတယ်။ သူ့နာမည်ကို အိမ်ဖြူတော် ဝန်ထမ်း မြန်မာနိုင်ငံသား တယောက်က ပေးထားတာလို့ ဆို ပါတယ်။
နေက တဖြည်းဖြည်း မြင့်လာတာနဲ့အမျှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ခြံဝန်းအတွင်းမှာ အပူရှိန်က တော်တော်လေး မြင့်တက် လာ ပါပြီ။ ပြည်တွင်းပြည်ပ သတင်းထောက်တွေကော၊ အိမ်ဖြူတော်က သတင်းထောက်တွေပါ ချွေးတပြိုက်ပြိုက် ဖြစ်လာပေမယ့် သမ္မတ အို ဘားမားရဲ့ကား ဝင်လာမယ့် ခြံဝန်းအဝကို မျှော်ကြည့်ရင်း၊ ဓာတ်ပုံကင်မရာနဲ့ ဗီဒီယို ကင်မရာတွေကို အသင့်ပြင်ရင်း နေပူထဲမှာ စောင့် ဆိုင်းနေကြပါ တယ်။ ခြံတံခါးကို လုံခြုံရေးယူထားသူတွေက ခဏလေး ဟလိုက်တာနဲ့ ခြံပြင်က တခဲနက် လူအုပ်ကြီးနဲ့အတူ အမေရိကန် အလံ တလူလူ လွင့်နေတာကို ဖျတ်ခနဲ မြင်လိုက်ရပါတယ်။
၁၂ နာရီ ၁၅ မိနစ် ဝန်းကျင်မှာတော့ ခြံတံခါးကို အပြည့်ဖွင့်လိုက်ချိန်မှာ ခြံဝက လူထု လှုပ်လှုပ်ရှားရှား ဖြစ်သွားသလို “အမေရိကန် သမ္မ တ အိုဘားမား ကျန်းမာပါစေ” “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဆိုတဲ့အသံတွေ ကြားလိုက်ရပါတယ်။
“၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ပေးပါ၊ လူ့အခွင့်အရေး လိုက်နာလေးစားဖို့ ဆောင်ရွက်ပေးပါ” လို့ တောင်းဆို ဟစ်အော်သူတွေလည်း ရှိ တယ် ဆိုတဲ့အကြောင်း ခြံဝန်းအပြင်မှာ စောင့်ကျန်ခဲ့တဲ့ ဧရာဝတီသတင်းထောက် နန်းဆိုင်နွမ်က ပြောပြပါတယ်။
ရှေ့ပြေးကား အဖြူ ၂ စီး နောက်မှာ လုံခြုံရေးကားနက်ကြီး တစီးဝင်လာပြီး ဘယ်ဘယ်ကို ချိုးကွေ့သွားတဲ့နောက် သမ္မတအိုဘားမားရဲ့ ကား နက်ကြီးဝင်လာပြီး ဒေါ်အောင်ဆန်းစုကြည် ခြံဝန်းရှေ့မှာ ထိုးရပ်လိုက်တယ်။ ကားပေါ်က သမ္မတအိုဘားမား ဆင်းလာတာနဲ့ တပြိုင် နက်နေ အိမ်ထဲကနေ အင်္ကျီအဝါ၊ ခြည်လုံခြည် အနက် ဝတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ထွက်လာ နှုတ်ဆက်ပါတယ်။ အိုဘားမားကို နှုတ်ဆက် ရင်းဒေါ်အောင်ဆန်းစုကြည်က အနောက်ကို ကျော်ကြည့်လိုက်ချိန်မှာ ဝမ်းသာအားရ ဖြစ်သွားတဲ့ မျက်နှာနဲ့ကားနားကိုအပြေး ကပ်သွား တာ တွေ့လိုက်ရတယ်။
ကားပေါ်ကနေ အဖြူရောင် အင်္ကျီနဲ့ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ဆင်းလာတာပါ။ အမျိုးသမီးနှစ်ဦး အားရပါးရ နှုတ်ဆက် နေ တာကို အိုဘားမားက ပြုံးပြီး ကြည့်နေပါတယ်။ ပြီးတာနဲ့ ၃ ဦးသား တယောက်လက် တယောက်ကိုင်ရင်း အိမ်ထဲကို ဝင်သွားကြပါ တော့ တယ်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားတဲ့ အမျိုးသမီးခေါင်းဆောင် တ ယောက် ဖြစ်တာကြောင့် သမ္မတက လာ တွေ့တယ်လို့ ထင်ပါတယ်။ အမေရိကန် သမ္မတကို မြန်မာပြည်ရဲ့ လက်ရှိအခြေအနေ ရှင်းပြ လိမ့်မယ်လို့ ထင်တယ်။ သမ္မတ အိုဘားမားမြန်မာ ပြည် လာတာကတော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အပြောင်းအလဲကို လာကြည့်တာပါ။ သူ့ အနေနဲ့ မြန် မာပြည် ပြုပြင်ပြောင်းလဲရေး အတွက် အကူအညီပေးနိုင်လိမ့်မယ် ထင်ပါတယ်” လို့ အိမ်ဖြူတော် သတင်းအဖွဲ့မှာ ပါလာတဲ့ ဘာရန် ကိုးလ် ဆိုသူက ဧရာဝတီကို ပြော ပါတယ်။
ဒါ သူ့ထင်မြင်ချက် သက်သက်သာ ဖြစ်တဲ့အကြောင်း၊ သတင်းထောက် တယောက်အနေနဲ့ ပြောတာ မဟုတ်တဲ့ အကြောင်းလည်း ရှင်း ပြပါ တယ်။
သတင်းထောက်တွေ အားလုံး သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမယ့် အိမ်အနောက်ပေါက်ကို ရွှေ့ကြပါ။ မိနစ် ၃၀ အချိန် ရမှာ ဖြစ်တဲ့အတွက် အေးအေးဆေးဆေးပဲ လျှောက်သွားကြပါလို့ ကီဗင် ပြောထားခဲ့တဲ့အတိုင်း အားလုံးပဲ သတ်မှတ် ထားတဲ့ နေရာကို ရွှေ့ပြောင်း ကြရပါတယ်။
ရန်ကုန်နေ အပူချိန်က ပိုပြင်းထန်လာပါပြီ။ ပန်းပွင့်တွေနဲ့ ဝေနေတဲ့ နှင်းဆီအိုးတွေ၊ ပိန်းပန်းရောင်စုံ အိုးတွေနဲ့ အလှဆင် ထားတဲ့ သတ် မှတ် နေရာမှာ သတင်းထောက်တွေအားလုံး စုရုံးနေပါတယ်။ သီးသန့် သတ်မှတ်ထားရာ ထိုင်ခုံတွေမှာ အိမ်ဖြူတော် သတင်းအဖွဲ့သား တွေကနေ ရာယူပြီး ယာယီတဲရှင်အောက်မှာတော့ ဦးတင်ဦး၊ ဦးဝင်းတင် စတဲ့ NLD အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ထိုင်နေကြပါတယ်။
သတင်းထောက်တွေကတော့ သူတို့ရဲ့ ကင်မရာတွေကို သမ္မတအိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည် ထွက်လာမယ့် ဘက်ကို အသင့်ချိန် ထား ရင်း မိန့်ခွန်းနားထောင်ဖို့ စောင့်ဆိုင်းနေပါပြီ။
အိမ်ထဲမှာ နာရီဝက်လောက် ဆွေးနွေးပြောဆိုခဲ့တဲ့ အမေရိကန် သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အပြင်ကို အတူ ထွက်လာပြီး နောက် ဒေါ်အောင်ဆန်းစုကြည်က စောင့်ဆိုင်းနေတဲ့ ပရိသတ်ကို အရင်ဆုံး မိန့်ခွန်းပြောပါတယ်။
“အမေရိကန် နိုင်ငံက မြန်မာပြည်ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို အပြင်းအထန် ကူညီထောက်ပံ့ခဲ့ တဲ့ နိုင်ငံတခုပါ။ အဲဒီ ထောက်ပံ့မှုတွေအ တွက် ယုံကြည်မှုရှိပါ၊ ဆက်လက်ပြီး ကူညီပါ။ ကျမ ခက်ခဲတယ်ဆိုတဲ့ စကားကို သုံးချင်တယ်။ ဟုတ်တယ်၊ အကူးအပြောင်း ကာလတိုင်း ဟာ ခက်ခဲပါတယ်။ ကျမတို့ဟာ အောင်မြင်မှု ဆိုတဲ့နေရာကို မရောက်သေးဘူး ဆိုတာကိုသိရ မယ်၊ သိပ်သတိထားဖို့ လိုပါတယ်” လို့ ဒေါ်အောင် ဆန်းစုကြည်က သူ့ရဲ့ ၃ မိနစ် မိန့်ခွန်းမှာ ပြောသွားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အထွေထွေ အောင်မြင်မှုရဖို့ အားလုံး ဝိုင်းဝန်း ကြိုးပမ်းနေတယ် ဆိုတဲ့အကြောင်း၊ အမေရိကန် အစိုးရနဲ့ တတ်နိုင်သ မျှ ဆက်လက်ပြီး ထိတွေ့ဆက်ဆံသွားမယ် ဆိုတဲ့အကြောင်း၊ အမေရိကန် သမ္မတနဲ့ ဆွေးနွေးမှုကနေ ရလဒ် ကောင်းတွေ ထွက်ပေါ် လာမယ်လို့ မျှော်လင့်ကြောင်း၊ အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးဟာလည်း ဆက်လက် ကောင်းမွန်သွားလိမ့်မယ်လို့ ယူဆ ကြောင်း သူက ထည့် သွင်းပြောဆိုသွားပါတယ်။ သူ ပြောဖို့ အချိန် ၃ မိနစ်မှာ ပြောခဲ့တာ ၂ မိနစ်ရှိပြီဖြစ်တဲ့အတွက် လာရောက်သူတွေ ကို ကျေးဇူးတင်ကြောင်း ပြော ရင်း ဒေါ်အောင်ဆန်းစုကြည်က သူ့မိန့်ခွန်းကို အဆုံးသတ်ပါတယ်။
သမ္မတ အိုဘားမား အလှည့်မှာတော့ သူက မြန်မာပြည်ရဲ့ ဒီမိုကရေစီ အပြောင်းအလဲကို မြင်တွေ့ရတဲ့အတွက် ကျေနပ်ကြောင်း၊ အထူး သ ဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကိုလာရတဲ့အတွက် ဝမ်းသာကြောင်း၊ ဒီနေရာမှာ လူတွေ အလုပ်အများကြီး လုပ်နေတာ တွေ့ရတယ်၊ လူသားတွေရဲ့ လွတ်မြောက်မှုအတွက် လှုပ်ရှားရတာဟာ တော်တော်ခက်ခဲတယ် ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က ပြသလိုက် ပြီ ဖြစ် ကြောင်း ပြောပါတယ်။
“ဒီနေ့မှာ ကျနော့်ရဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းသစ် တလှမ်းကို လှမ်းလိုက်ပါပြီ” လို့သူက ဆိုပါတယ်။
မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မြင်ရတဲ့ အတွက်၊ အစိုးရနဲ့ အတိုက်အခံ ခေါင်းဆောင်တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေကို မြင် ရ တဲ့အတွက် ဝမ်းသာကြောင်း ပြောရင်း သမ္မတအိုဘားမားက မြန်မာအစိုးရဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်း သားတွေ ကို လွှတ်ပေးခဲ့တယ်၊ ဒါ့အပြင် အလုပ်သမား အခွင့်အရေးကိစ္စ တွေကိုလည်း အထိုက်အလျောက် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါ တယ်။
“ကျနော်တို့ အနေနဲ့ ဒီအပြောင်းအလဲတွေအတွက် ဆက်လက် ထောက်ပံ့ကူညီသွားမယ်” လို့ သူ့မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုပါတယ်။
ဆက်လက်ပြီး သမ္မတ အိုဘားမားက မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စတွေကို ဘယ်လောက်ဆက်လက် လိုက်နာ လုပ် ဆောင်တယ် ဆိုတာကိုတော့ အမေရိကန် အစိုးရက စောင့်ကြည့်ထိန်းညှိ ပေးသွားမယ်၊ သူတို့နှစ်ယောက် ဆွေးနွေးဖြစ်တာက တော့ မြန်မာ ပြည်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆက်လက် အရှေ့ကို ရောက်ရေး၊ မြန်မာပြည်သူ ပြည်သားတွေ အတွက် စီးပွား ရေးအခွင့်အလမ်း တွေ ပွင့်လာရေး တို့ပဲဖြစ်တယ်၊ အမေရိကန် အစိုးရအနေနဲ့ မြန်မာပြည် ပြုပြင်ပြောင်းလဲရေးမှာ အောင်မြင်မှု ရလာတဲ့ အထိပြင်းပြင်း ထန် ထန် ဆက်လက် ကူညီသွားမယ်လို့ ပြောပါတယ်။
“နောက်တခုက ကျနော့်ရဲ့ ဒီခရီးဟာ နိုင်ငံနှစ်နိုင်ငံအတွက် အသီးသီး အများကြီး အကျိုးပြုနေတဲ့ အ မျိုးသမီးနှစ်ယောက်ကို ပြန်လည် ဆုံတွေ့စေတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်” လို့ သမ္မတ အိုဘားမားက ပြောရင်း “ဟီလာရီ ဘယ်မှာလဲ၊ ဟီလာရီ” လို့ တဘက်ကိုကြည့်ရင်း ခေါ်လိုက် ရာမှာ အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က သူထိုင်နေရာ ဘယ်ဘက် ယာယီတဲထဲကနေ လက်မြှောက် နှုတ်ဆက် လိုက်တော့ “သြော် ဟိုမှာသူ” လို့ ပြောရင်း ပြုံးပါတယ်။ အဲဒီအချိန်မှာ ပရိသတ်တွေရဲ့ လက်ခုပ်သံတွေ ညံ သွားပါတော့တယ်။
ကံကောင်းတဲ့ တချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်က သူ့အတွက် ပုံစံသစ် တမျိုးနဲ့ စဉ်းစားဖြစ်အောင် အရေးကြီးတဲ့ အချက် တ ချက်ကို ပြသလိုက်တယ်လို့ သမ္မတက ဆက်ပြောပါတယ်။
“ဘယ်နေရာမှာမဆို အမျိုးသားနဲ့ အမျိုးသမီးတွေဟာ ဒီမိုကရေစီတန်ဖိုးနဲ့ လူ့အခွင့်အရေးကို တန်း တူခံစားနိုင်တယ် ဆိုတဲ့ အသိကိုရလိုက် တာပါပဲ” လို့ ပြောပြီးတဲ့နောက် သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်နဲ့ လာ ရောက်သူတွေကို ကျေးဇူးတင်ကြောင်းပြော ရင်း သူ့ရဲ့ ၅ မိနစ် မိန့်ခွန်းကို အဆုံးသတ်လိုက်ပါတယ်။
ခြံဝန်း အပြင်ကို ထွက်လိုက်တာနဲ့ လူအုပ်ကြီးက ကြွေးကြော်သံတွေနဲ့ မပြန်သေးတာကို တွေ့လိုက်ရတယ်။ သမ္မတ အိုဘားမားရဲ့ ကား ထွက် သွားပြီ ဆိုပေမယ့် ရန်ကုန်တက္ကသိုလ် ဝန်းထဲမှာ အိုဘားမားပြောမယ့် မိန့်ခွန်းကို နားထောင်ဖို့ နေအိမ်ကနေ ထွက်ခွာမယ့် ဒေါ် အောင်ဆန်းစု ကြည်ကို စောင့်နေကြတာပါ။
သမ္မတ အိုဘားမားမျက်နှာပုံပါတဲ့ တီရှပ်ကို ဝတ်ထားတဲ့ ပရိသတ်ထဲက နိုင်ငံခြားသား တယောက်ကတော့ “မြန်မာပြည်အနေနဲ့ ဒီမိုက ရေစီနဲ့ လူ့အခွင့်အရေး ပိုမို တိုးတက်လာဖို့ပဲ ရှိတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
မြန်မာ့ဒီမိုကရေစီ တည်ဆောက်ရေး အမေရိကန် အတူ ရှိမည်ဟု အိုဘားမား ပြော
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ သမ္မတအိုဘားမားက နိုင်ငံတွင်းက အပြောင်းအလဲတွေကို ချီးမွမ်းပြောဆိုတဲ့အပြင် ဒီမိုကရေစီ ပြုပြင် ပြောင်း လဲမှုတွေ ဆက်လက်ဆောင်ရွက် သွားမယ်ဆိုရင် အမေရိကန်ပြည်ထောင်စု အနေနဲ့ ပိုပြီး ကူညီ သွားမယ်လို့လည်း ကတိပေး ပြောဆို လိုက် ပါတယ်။
“အမေရိကန်ပြည်ထောင်စုဟာ ခင်ဗျားတို့နဲ့အတူ ရှိနေတယ်” လို့ သမ္မတအိုဘားမားက သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ စင်မြင့်ပေါ်ကနေ တနိုင်ငံလုံးကို ရည်ရွယ်မိန့်ခွန်းပြောရာမှာ ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် “ကျနော်တို့ ရည်မှန်းချက်က အပြောင်းအလဲ ဒီရေမြင့် နေတာကို ဆက်လက်ထိန်းသိမ်းထားဖို့ပါပဲ” လို့လည်း သမ္မတ အိုဘားမား က ဒေါ်အောင်ဆန်းစုကြည် အိမ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“အမေရိကန်ပြည်ထောင်စုအနေနဲ့ ရှေ့လျှောက်ကြုံတွေ့ရမယ့် ခက်ခဲလှတဲ့ နှစ်တွေမှာလည်း ဒီအကူအ ညီကို ဆက်ပေးသွားမယ်လို့ ကျမ တို့ ယုံကြည်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က သမ္မတအိုဘားမားနဲ့ တွေ့ဆုံအပြီး သ တင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ဘယ်အသွင်ကူးပြောင်းမှုမှာပဲဖြစ်ဖြစ် အခက်အခဲဆုံးအချိန်က အောင်မြင်မှုကို မြင်ရပြီလို့ ထင်တဲ့အ ချိန်ပါပဲ။ တံလျှပ် လိုအောင်မြင်မှုမျိုးနဲ့ ဖြား ယောင်းမခံရအောင် ကျမတို့ သိပ်ကို ဂရုစိုက်ရပါလိမ့်မယ်” လို့ လည်း ဒေါ်အောင် ဆန်းစုကြည်က ဆိုပါတယ်။
သမ္မတအိုဘားမားကတော့ မြန်မာအစိုးရခေါင်းဆောင်တွေအနေနဲ့ တကယ်စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်နေမယ်ဆိုရင် “တ ကယ်အောင်မြင်မှုရဖို့ ကျနော်တို့ လုပ်နိုင်တာတွေ အားလုံး လုပ်ပေးပါ့မယ်” လို့ ဒေါ် အောင်ဆန်းစုကြည်ကို ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ ဒီနေ့မနက်ပိုင်း တွေ့ပြီးတဲ့နောက်မှာ သမ္မတ အိုဘားမားက မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဟာ “သိပ်လှတဲ့ ဒီနိုင် ငံရဲ့ အံ့သြလောက်စရာ အလားအလာကောင်းတွေကို” လမ်းပွင့်သွားစေနိုင်တယ်လို့ ပြောပါ တယ်။
မဂ်လာဒုံ လေဆိပ်ကို ဆိုက်ရောက်လာအပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန်သမ္မတ အိုဘားမား တွေ့ဆုံဆွေးနွေးပါတယ်။ သမ္မတ ဦးသိန်းစိန်က ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး အခြေအနေကောင်းများကို ဖန်တီး တည်ဆောက်နေ ကြောင်း ပြောပြီး သမ္မတ အိုဘားမားက ကလေးစစ်သားကိစ္စ၊ လူ့အခွင့်အရေး အခြေခံကောင်းများ ဆက်လက် အရှိန်မြှင့်ဖော်ဆောင်ရန် မျှော်လင့် ကြောင်း၊ နျူကလီးယား မပြန့်ပွားရေးဆိုင်ရာ ကိစ္စများကို လေးစားလိုက်နာသွားမည်ဟု ယုံကြည်ကြောင်း ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံပြီး နေ့လည်ပိုင်းမှာ ရွှေတိဂုံစေတီတော်ကို အိုဘားမားနဲ့ အဖွဲ့ သွားရောက်ဖူးမြှော်ပါတယ်။ အဲဒီကနေ ဒေါ် အောင်ဆန်းစုကြည်နေအိမ်ဆီ ဆက်ပြီး ရန်ကုန်တက္ကသိုလ်မှာ ပရိသတ်တစ်ထောင်လောက် ရှေ့မှာ သမိုင်းဝင်မိန့်ခွန်း ပြောပါတယ်။
အိုဘားမားကို ရန်ကုန်မြို့သူမြို့သားတွေက သွားလေရာ လမ်းဘေးတွေမှာ သောင်းသောင်းဖြဖြ အားပေးကြိုဆိုကြပါတယ်။
သမ္မတအိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်ဟာ ၆ နာရီလောက်ပဲ ကြာပါပါတယ်။ ဒါပေမယ့် ဒီခရီးစဉ်က ၂ နိုင်ငံဆက်ဆံ ရေးမှာ တကယ့်အ ရေး ပါ တဲ့ အမှတ်သင်္ကေတဖြစ်ပါတယ်။
မြန်မာပြည်ခရီးစဉ်ဟာ နိုင်ငံကို ကာလအတော်ကြာ ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ ခေါင်းဆောင်ပိုင်းကို ထောက်ခံအတည်ပြုတာ မဟုတ်ဘဲ မြန်မာ နိုင်ငံ မှာ ပြုပြင်ပြောင်းလဲရေးမှုတွေ တိုးတက်ဖြစ်ထွန်းနေတာကို အသိ အမှတ်ပြုဖို့နဲ့ ဒီမိုကရေစီတည်ဆောက်ရေးကို အခိုင်အမာ ထောက်ခံပံ့ပိုးဖို့ဆိုတာ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖက်လဲတကင်းလုပ်တာ၊ ရန်ကုန်တက္ကသိုလ်မှာ သမိုင်းဝင်မိန့်ခွန်း ပေးတာနဲ့နေပြည် တော် ကို မသွားခဲ့တာတွေက သက်သေခံခဲ့ပါတယ်။
အိမ်ဖြူတော်အနေနဲ့ မြန်မာအစိုးရကို အခုလို အဆောတလျင် ချီးကျူးဂုဏ်ပြုတာမျိုး မလုပ်သင့်သေးဘူးလို့လည်း ခရီးစဉ်ကို ဝေဖန်ကန့်ကွက် သူတွေက ဆိုပါတယ်။ မြန်မာပြည်မှာ မွတ်ဆလင်တွေကို အကြမ်းဖက်တိုက်ခိုက်နေတာကြောင့် လူရာနဲ့ချီသေဆုံးပြီး ၁ သိန်း လောက် အိုးပစ် အိမ်ပစ်ဖြစ်ကြရာတာတွေကို သူ့တို့က ထောက်ပြကြပါတယ်။
အမေရိကန် သမ္မတဟာ သူ့ရဲ့ ရန်ကုန်တက္ကသိုလ် သမိုင်းဝင်မိန့်ခွန်းမှာ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ တင်းမာမှုတွေနဲ့ ကချင်စစ်ပွဲအပေါ် စိုး ရိမ်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။
မြန်မာပြည်အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်မယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့အပေါ် သမ္မတအိုးဘားမားရဲ့ အစိုးရ က လောင်းကြေး ကြီး ကြီးမားမား ထပ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဇွန်လမှာ ဒဲရက် မစ်ချယ် (Derek Mitchell) ကို မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ခန့်အပ်ခဲ့ တာတင်မကပဲ ၂၀၁၁ ဒီဇင်ဘာလတုန်းကလည်း နိုင်ငံခြားရေးဝန်ကြီး ဟေလာရီ ကလင်တန်ကို မြန်မာပြည် စေလွှတ်ခဲ့တာပါ။
သမ္မတအိုးဘားမားရဲ့ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်မှာ ဟေလာရီ ကလင်တန်လည်း အတူလိုက်ပါပါတယ်။ အိမ်ဖြူတော် အရာရှိတွေရဲ့ အဆိုအ ရ နိုင်ငံခြားရေးဝန်ကြီးအဖြစ် သူ့နေရာကို ဆက်ခံမယ့်သူ တွေ့တာနဲ့ ဟေလာရီ ကလင်တန်ဟာ လက်ရှိရာထူးကနေ အနားယူ မှာဖြစ် တယ် လို့ သိရပါတယ်။ ဒါကြောင့် ဒီခရီးစဉ်ဟာ သူနဲ့ သမ္မတအတူသွားတဲ့ နောက်ဆုံးနိုင်ငံခြားခရီးစဉ်ဖြစ်ပါတယ်။
သမ္မတအိုဘားမားဟာ သူ့ရဲ့ ရွေးကောက်ပွဲအနိုင်ရပြီး ပထမဆုံး နိုင်ငံခြားခရီးစဉ်ကို ကမ္ဘောဒီးယားနိုင်ငံမှာ အရှေ့ အာရှ ထိပ်သီးဆွေး နွေး ပွဲ (East Asia Summit) တက်ရောက်တာနဲ့ အဆုံးသတ်မှာဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ဒေသတွင်းမှာ တစစတိုးလာနေတဲ့ တရုတ် သဇာလွှမ်း မိုးမှုကို တန်ပြန်ထိန်းညှိမယ့် သူ့အစိုးရအဖွဲ့ရဲ့ “အာရှဆုံချက် (Pivot to Asia)” မူဝါဒကို ပိုအားကောင်းလာအောင် လုပ်တဲ့ နောက်ထပ် ခြေ လှမ်း တစ်ရပ်လည်း ဖြစ်ပါတယ်။
သမ္မတအိုဘားမားအနေနဲ့ မြန်မာနိုင်ငံမှာ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (U.S. Agency for International Development) ရဲ့ လုပ်ငန်း ပြန်လည်ထူထောင်မယ်ဆိုတာရယ် ပြီးတော့ မြန်မာအစိုးရရဲ့ ဒီမိုကရေ ပြုပြင်ပြောင်းလဲမှုတွေအပေါ် မူ တည်ပြီး လာမယ့် ၂ နှစ်အ တွင်း ဒေါ်လာ သန်း ၁၇၀ အထိ အကူအညီပေးသွားမယ် ဆိုပါတယ်။
အိုဘားမား မိန့်ခွန်း အပေါ် ရခိုင်ခေါင်းဆောင်များ အမြင်
မြန်မာနိုင်ငံကို တရက် လာရောက် လည်ပတ်ခဲ့သော အမေရိကန်သမ္မတ ဘားရတ်စ် အိုဘားမားသည် ရန်ကုန် တက္ကသိုလ်တွင် မိန့်ခွန်း ပြော ကြားရာ၌ ရခိုင် အရေးအား ထည့်သွင်း ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ RNDP ပါတီမှ ဥက္ကဌ ဒေါက်တာအေးမောင်၊ ၀န်ကြီး ဦးဇော်အေးမောင် နှင့် အထွေထွေ အတွင်းရေးမှူး ဦးဦးလှ စော တို့ တက်ရောက်ပြီး တခြား ရန်ကုန်ရှိ ရခိုင်အဖွဲ့အစည်းများမှ ၅ဦး တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ ဖေါ်ဆောင်နေချိန်တွင် ပထမဆုံးသော အမေရိကန် သမ္မတ တစ်ဦး၏ မြန်မာ နိုင်ငံ ခရီးစဉ် ဖြစ် သဖြင့် မြန်မာနိုင်ငံနှင့် ပြည်သူများ အတွက် ကောင်းသော လက္ခဏာ ဖြစ်ကြောင်း မိန့်ခွန်းပြောကြားရာ အခမ်းအနားကို တက် ရောက် သူ RNDP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောကပြောသည်။
“ မိန့်ခွန်း တခုလုံးကို ယေဘုယအားဖြင့် ကျနော်ပြောချင်ပါတယ်။ အမေရိကန်သမ္မတ တယောက် အနေနဲ့ ဒီမိုကရေစီ အကြောင်းတွေ ကို ပြောတာတွေ့ရပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ယေ ဘုယအားဖြင့် သွားနေတဲ့ လမ်း ကြောင်း ကောင်းမွန်စေဖို့၊ နောကပန်မ လှည့်စေဖို့ ပြောတာတွေ ကို တွေ့ရပါတယ်။ အမေရိကန် အနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ပြီး အကူအညီပေးသွားမယ် လို့ ပြော သွား တာတွေဟာ ကောင်းတဲ့ လက္ခဏာတွေပါ။ တိုင်းရင်းသား အရေးတွေကို ပြောသွားတာဟာ လည်း ကောင်းတဲ့ကိစ္စပါ” ဟု ပြောသည်။
သမ္မတ အိုဘားမားသည် နေ့လည် ၂နာရီ ၄၀ မိနစ် အချိန်မှ ၃နာရီ ၁၀မိနစ်အထိ နာရီခွဲကြာကြာ ရန်ကုန် တက္ကသိုလ်ရှိ ဘွဲ့နှင်း သဘင် ခန်း မ တွင် မိန့်ခွန်း ပြောကြားခဲ့သည်။
ရခိုင်အရေးနှင့် ပတ်သက်ပြီး သမ္မတ အိုဘားမား ပြောကြားသည့် မိန့်ခွန်းအပေါ် ဦးဦးလှစောက သူ့အမြင်ကို ယခုလို နိရဉ္စရာသို့ ပြော သည်။
“ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တခြား ကိစ္စတွေကိုတော့ ပုံမှန်အားဖြင့် ပြောသွားပေမယ့် ရခိုင်အရေး ကိုတော့ သူ့အနေနဲ့ သီးခြားတခုလို ပြော သွားတာ တွေ့ရပါတယ်။ ပြီးတော့ “ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်းကို သုံးနှုန်း သွားတာကို တွေ့ရပါတယ်။ အခု ရခိုင်အရေးကိစ္စဟာမြန် မာပြည်မှာ တိုင်းရင်းသား အချင်းချင်း ဖြစ်နေတဲ့ ကိစ္စတခုလို သူက နားလည်ပြီး ပြောသွား တာကို တွေ့ရပါတယ်။ ဒီနေရာမှာ သမ္မတ အိုဘား မားနဲ့ ကျနော်တို့က အယူအဆမတူပါ။ ဥပမာ ကချင်နဲ့ မြန်မာ့တပ်မတော်နဲ့ ဖြစ်နေ သလို၊ ကရင်မှာ ဖြစ်နေသလို မျိုး ဒီရခိုင်ပြဿနာဟာ မဟုတ်ပါ။ အခုက ပြည်ထောင်စုက ခွဲထွက်မယ့် ပြဿနာလည်း မဟုတ် တိုင်းရင်း သား အချင်းချင်း ဖြစ်နေတဲ့ ပြဿ နာလည်း မဟုတ်။ သို့သော် အခု ဒီရိုဟင်ဂျာလို့ ပြောတဲ့ သူတွေနဲ့ ဖြစ်နေတဲ့ ပြဿနာက တဖက်က နယ်စပ်ဖြတ်ကျော်ပြီး ခိုးဝင်လာတဲ့ လူတွေနဲ့ ဒေသခံတွေ အ ကြားမှာ ဖြစ်နေတာ ဖြစ်တယ်။ ဒါကြောင့် အနှစ်သာရချင်းမတူပါ။ သမ္မတ အိုဘားမား အနေနဲ့ ရခိုင်ပြည်နယ် ၏ တကယ့် အရှိတရားနဲ့နည်း နည်း ဝေးနေသလို ကျနော်တို့ ခံစားရတယ်။ သူမိန့်ခွန်းထဲက တ ခြား တင်ပြမှုတွေကို လက်ခံ၊ ကြိုက် ပေမယ့် ဒီကိစ္စမှာတော့ အိုဘားမားရဲ့ ချည်းကပ်ပုံ ချည်းကပ်နည်းဟာ ကျနော်တို့နဲ့ လက်ခံ နိုင်စ ရာ အကြောင်းမရှိပါ။ သမ္မတ ဦးသိန်း စိန်ကလည်း မြန်မာတိုင်းရင်းသားထဲမှာ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ ပြောထားသလို ရခိုင်ပြည်သူ တရပ်လုံးကလည်း ရိုဟင်ဂျာဟာ တိုင်းရင်းမဟုတ်သလို မရှိဘူးလို့ သဘောထား ဟာ ပြတ်ပြတ်သားသား ရှိနေပြီးသားဖြစ်လို့ အိုဘား မား ပြောတာနဲ့ နည်းနည်းလွဲနေပါတယ်။ စကားကို ပြတ်ပြတ်သားသား မပြော သလို ဖြစ်နေပါတယ်။ ဒါကိုကျနော်တို့ ဘ၀င်မကျပါ။ မ ကြိုက်ပါ” ဟု ဆိုသည်။
အမေရိကန် သမ္မတအိုဘားမားသည် ယနေ့ နံနက် ၉နာရီ ၄၀ မိနစ်တွင် ရန်ကုန် လေဆိပ်သို့ ရောက်ရှိလာပြီး သမ္မတ ဦးသိန်းစိန်အစိုး ရအဖွဲ့နှင့် တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ပြီး ရွှေတိဂုံ ဘုရားသို့ သွားရောက် ဖူးမျှော်ခဲ့သည်။
နယ်မြေကျူးကျော်ပြီး ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမား ၁၀ ဦးကို မြန်မာတပ်ဖွဲ့မှ ဖမ်းဆီး ဟုစွပ်စွဲ
နိရဉ္စရာ
ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ ငါးဖမ်းသမား ၁၀ ဦးကို မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဘင်္ဂလာဒေခ်ျ့ ရေပြင်ပိုင်နက်ထဲ ကျူးကျော် ၀င်ရောက် ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် စွပ်စွဲ ရေးသား ဖေါ်ပြသည်။
နစက တပ်ဖွဲ့ဝင် ၂၀ ခန့်သည် လက်နက် ကိုယ်စီိကိုင်ဆောင်ပြီး နတ်မြစ်ထဲရှိ ဘင်္ဂလာဒေခ်ျ့ ရေပိုင်နက်ထဲသို့ ၀င်ရောက်ကာ လှေနှစ် စီး ဖြင့် ငါးဖမ်းနေသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၀ ဦးကို စနေနေ့ နံနက် ၄ နာရီ မိနစ် ၃၀ တွင် ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ဆို သည်။
ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမားများကို ယခုအခါ နစက စခန်းသို့ ခေါ်ဆောင်သွားပြီး စစ်ဆေး မေးမြန်းမူများ ပြုလုပ်နေကြောင်း ဘီဂျီဘီ နယ် ခြားစောင့်တပ်ဖွဲ့ကို ကိုးကားပြီး သတင်းစာက ဖေါ်ပြသည်။
သို့သော်လည်း တက်ကနက် အခြေစိုက် အမှတ် ၄၂ ဘီဂျီဘီ ( Border Guard Bangladesh) တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူးကြီး ဇာဟစ် ဟာ ဆန်ကမူကို အဆိုပါ သတင်းကို အတည် မပြုနိုင်သေးကြောင်း ပြောကြားသည်ဟု သတင်းစာတွင်ဖေါ်ပြသည်။
နိရဉ္စရာက နယ်စပ်ဒေသသို့ ဆက်သွယ်မေးမြန်းရာ မြန်မာ နစက တပ်ဖွဲ့မှ ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမား ၁၀ ဦးကို နတ်မြစ်ထဲမှ ဖမ်းဆီး ခေါ် ဆောင်သွားခြင်းမှာ ဟုတ်မှန်ကြောင်း ပြောကြားသည်။
မြန်မာမှ ဂျီးအီးဆောက်လုပ်ရေးတပ်မှ စစ်သား (၃) ဦး နယ်စပ်တွင် အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခု၏ ဖမ်းဆီးခံရပြီး နောက် ပိုင်း (၁၀) ရက်ခန့်် အကြာတွင် ယခု ဖမ်းဆီးမူ ပေါ်ပေါက် လာခြင်း ဖြစ်သည်။
သို့သော် ယခု ဖမ်းဆီးမူမှာ အဆိုပါ ကိစ္စနှင့် ဆက်နွယ် ပတ်သက်ခြင်း ရှိ⁄မရှိကို မသိရသေးပါ။
ယခင်က နယ်စပ်တွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှ ငါးဖမ်းသမားများကို မြန်မာ နစကများမှ မကြာခဏ ဖမ်းဆီး ခေါ်ဆောင်သွားလေ့ရှိသော် လည်း လွန်ခဲ့သော နှစ်အနည်းငယ်ခန့်မှ စပြီး ရပ်တန့် နေရာမှ ယခု ဖမ်းဆီး ခေါ်ဆောင်မူ ပြန်လည် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ ငါးဖမ်းသမား ၁၀ ဦးကို မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဘင်္ဂလာဒေခ်ျ့ ရေပြင်ပိုင်နက်ထဲ ကျူးကျော် ၀င်ရောက် ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် စွပ်စွဲ ရေးသား ဖေါ်ပြသည်။
နစက တပ်ဖွဲ့ဝင် ၂၀ ခန့်သည် လက်နက် ကိုယ်စီိကိုင်ဆောင်ပြီး နတ်မြစ်ထဲရှိ ဘင်္ဂလာဒေခ်ျ့ ရေပိုင်နက်ထဲသို့ ၀င်ရောက်ကာ လှေနှစ် စီး ဖြင့် ငါးဖမ်းနေသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၀ ဦးကို စနေနေ့ နံနက် ၄ နာရီ မိနစ် ၃၀ တွင် ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ဆို သည်။
ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမားများကို ယခုအခါ နစက စခန်းသို့ ခေါ်ဆောင်သွားပြီး စစ်ဆေး မေးမြန်းမူများ ပြုလုပ်နေကြောင်း ဘီဂျီဘီ နယ် ခြားစောင့်တပ်ဖွဲ့ကို ကိုးကားပြီး သတင်းစာက ဖေါ်ပြသည်။
သို့သော်လည်း တက်ကနက် အခြေစိုက် အမှတ် ၄၂ ဘီဂျီဘီ ( Border Guard Bangladesh) တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူးကြီး ဇာဟစ် ဟာ ဆန်ကမူကို အဆိုပါ သတင်းကို အတည် မပြုနိုင်သေးကြောင်း ပြောကြားသည်ဟု သတင်းစာတွင်ဖေါ်ပြသည်။
နိရဉ္စရာက နယ်စပ်ဒေသသို့ ဆက်သွယ်မေးမြန်းရာ မြန်မာ နစက တပ်ဖွဲ့မှ ဘင်္ဂလာဒေခ်ျ့ ငါးဖမ်းသမား ၁၀ ဦးကို နတ်မြစ်ထဲမှ ဖမ်းဆီး ခေါ် ဆောင်သွားခြင်းမှာ ဟုတ်မှန်ကြောင်း ပြောကြားသည်။
မြန်မာမှ ဂျီးအီးဆောက်လုပ်ရေးတပ်မှ စစ်သား (၃) ဦး နယ်စပ်တွင် အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခု၏ ဖမ်းဆီးခံရပြီး နောက် ပိုင်း (၁၀) ရက်ခန့်် အကြာတွင် ယခု ဖမ်းဆီးမူ ပေါ်ပေါက် လာခြင်း ဖြစ်သည်။
သို့သော် ယခု ဖမ်းဆီးမူမှာ အဆိုပါ ကိစ္စနှင့် ဆက်နွယ် ပတ်သက်ခြင်း ရှိ⁄မရှိကို မသိရသေးပါ။
ယခင်က နယ်စပ်တွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှ ငါးဖမ်းသမားများကို မြန်မာ နစကများမှ မကြာခဏ ဖမ်းဆီး ခေါ်ဆောင်သွားလေ့ရှိသော် လည်း လွန်ခဲ့သော နှစ်အနည်းငယ်ခန့်မှ စပြီး ရပ်တန့် နေရာမှ ယခု ဖမ်းဆီး ခေါ်ဆောင်မူ ပြန်လည် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် ထာဝရ ငြိမ်းချမ်းစေဖို့ ဘာတွေ လုပ်သင့်သလဲ
လတ်တလော ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် မှာ အရေးကြီးအဆိုတရပ် တင်သွင်းခဲ့သ လို သမ္မတရုံးကလည်း ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။ အလားတူ အန်အယ်လ်ဒီပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ မိတ်ဆွေ ပါတီများအဖွဲ့ စတာတွေကလည်း ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။ ဒီအဆို ကြေညာချက်တွေရဲ့ အဓိပ္ပာယ် ရင်းက ဘာ တွေလဲ၊ ရခိုင်ပြည်နယ်က ပဋိပက္ခတွေ ပြေငြိမ်းသွားအောင် ဘာတွေလုပ်သင့်လဲ ဆိုတာ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ က ဆွေးနွေးဆုံးဖြတ်ပြီး ပြည်သူ့လွှတ် တော် မှာ တင်သွင်းတဲ့ အဆိုကတော့ “တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် ပဋိပက္ခ ဖြစ်ပွားနေသော၊ ဖြစ်နိုင် ချေရှိသော မြို့နယ်များတွင် လုံခြုံရေးလိုအပ်ချက်အရ တပ်ဖွဲ့ဝင် အင်အားတိုးချဲ့ခြင်း၊ အဆင့်တိုးမြှင့်ခြင်း၊အလျင်အမြန်ဆောင်ရွက်ရန်နှင့် ဥပဒေချိုးဖောက် ခြင်း၊ အခြေခံ လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် ပတ်သက်ပြီး တရားဥပဒေ စိုးမိုးရေးနှင့် ညီညွတ်စွာ၊ ပွင့်လင်းမြင်သာစွာ အမြန်ဆုံး စီရင်ဆုံး ဖြတ်ရန်တို့ကို ပြည်ထောင်စု အစိုးရအား ဤ လွှတ်တော်မှ တိုက်တွန်းကြောင်း” ဖြစ်ပါတယ်။ ဒီနေရာမှာ ထူးခြားချက် အနေနဲ့ ဥပဒေ ချိုး ဖောက်တာ၊ လူ့အခွင့်အရေး ချိုးဖောက်တာကို ပွင့်လင်းမြင်သာစွာ အမြန်ဆုံး စီရင်ဆုံးဖြတ်ဖို့ ဆိုတာ ပါလာပါတယ်။ အဓိပ္ပာယ်ကတော့ ၂ ဖက် ပဋိပက္ခကို အကြောင်းပြုပြီး လုံခြုံရေးဆောင်ရွက်နေကြတဲ့ စစ်တပ်၊ ရဲ၊ နစက၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ဆိုင်ရာ ပုဂ္ဂိုလ်တွေကိုယ်တိုင် လို သလို အပြစ်ပေး အရေးယူတာ မဖြစ်ရအောင်၊ သူတို့ကိုယ်တိုင် ဥပဒေနဲ့ လူ့အခွင့်အရေး ချိုးဖောက်သူ တွေ ဖြစ်မသွားရအောင် ထိန်းကွပ်မယ့် သဘောကို အထင်အရှားတွေ့ရမှာ ဖြစ် ပါတယ်။
အလားတူ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အပါ အ၀င် မိတ်ဆွေ ပါတီများရဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ “အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့အ စည်းကို အထောက်အပံ့ပေးတဲ့ လုံခြုံရေးယန္တရား (Aid for Civilian Power) အစီအမံကို အခုထက်ပို ကျယ်ကျယ်ပြန့်ပြန့်နဲ့ လျင်လျင် မြန်မြန် ချမှတ်ဆောင်ရွက်ပေးဖို့” ဆိုတဲ့ အချက်ကို အ လေးပေး ဖော်ပြထားပါတယ်။ အဓိပ္ပာယ်ကတော့ ရခိုင်ပြည်နယ် ပဋိပက္ခ ပြဿနာ ကို အကြောင်းပြုပြီး စစ်အုပ်ချုပ်ရေးခေတ် ပြန်သွားမှာကို တိုင်းရင်းသားတွေ၊ နိုင်ငံရေးပါတီတွေ မလိုလားကြောင်း ပြသလိုက်တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ကတော့ တမူထူးခြားနေတာ တွေ့ရပါတယ်။ ကြေညာချက်အဆုံးမှာ “ရခိုင် ပြည် နယ် ပဋိပက္ခတွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ ရှိနေကြောင်း သိရှိရသဖြင့် ၎င်းတို့ကို ဖော် ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း” ဆိုပြီး ဖော်ပြထားပါတယ်။ ဒီ ကြေညာချက်ရဲ့ အဓိပ္ပာယ် ကတော့ ပဋိပက္ခရဲ့ လက်သည်တရားခံ ဆိုတာမျိုး လက်ညှိုးထိုး ဖော်ပြဖို့ ကြိုးစားတယ်လို့ ယူဆရပါတယ်။
တကယ်တော့ ဒီ ပဋိပက္ခမှာ အဓိက ဒုက္ခ ခံစားရသူတွေကတော့ ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ရခိုင်တိုင်းရင်းသားတွေ၊ အစ္စလာမ်ဘာ သာဝင် မြန်မာနိုင်ငံသားတွေနဲ့ ဘဂါင်္လီ လူမျိုးတွေ အားလုံးပဲ ဖြစ်ပါတယ်။ ဒီ ပြည်သူတွေအားလုံးဟာ အရင် စစ်အစိုးရလက်ထက်တုန်း ကလည်း ဖိ နှိပ်တာ ခံခဲ့ကြရပြီး အခု ဒီမိုကရေစီခေတ် ရောက်ပြန်တော့လည်း အသက်အန္တရာယ်နဲ့ ဘ၀ လုံခြုံမှု မရှိတော့တဲ့အထိ ပိုဆိုး တဲ့ဒုက္ခ ခံစားကြ ရတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ရဲ့ အပြင်ဘက် ရန်ကုန်နဲ့ မြို့ကြီးပြကြီးတွေမှာ ထုတ်ဝေတဲ့ တချို့ ဂျာနယ်တွေ၊ တချို့ လူထု လှုပ်ရှားမှုတွေဟာလည်း ရခိုင် ပြည် နယ်အရေး ပြေလည် ပြေငြိမ်းစေရေးကို ရှေးရှုတာမျိုး သိပ်မတွေ့ရဘဲ ပြဿနာကို ပိုမိုကြီးမားစေတာမျိုးတွေကိုပဲ တွေ့မြင်ကြရပါ တယ်။ ဒီလို ဖော်ပြမှု ဒီလို လှုပ်ရှားမှုတွေဟာ ရခိုင်ပြည်နယ်နေ ရခိုင်တိုင်းရင်းသားတွေကို စာနာမှု မဖြစ်စေရုံသာမက ရခိုင်ပြည်နယ် အ ပြင်ဘက်က ငြိမ်း ငြိမ်းချမ်းချမ်းနဲ့ အတူတကွ နေထိုင်လာခဲ့ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ် ဘာသာဝင်တွေကိုလည်း အနေ ခက်စေ ပါတယ်။
ရခိုင်ပြည်နယ်မှာ လောလောဆယ် လိုအပ်နေတာ တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာရေး ဖြစ်ပါတယ်။ ထို့ အတူ လူ မျိုး ဘာသာ မတူတဲ့ သူတွေ တယောက်ကို တယောက် ယုံကြည်စိတ်ချစွာနဲ့ အတူတကွ နေထိုင်သွားနိုင်တဲ့ ပတ်ဝန်းကျင်မျိုးဖြစ် အောင်ပြန် ပြီး တည်ထောင်ပေးရေး ဖြစ်ပါတယ်။ အေးချမ်းစွာ နေလိုသူတွေနဲ့ စစ်သွေးကြွတွေ ခွဲထုတ်ပြီး အခြားသော ဥပဒေ ချိုးဖောက် သူတွေ နည်း တူ တရားဥပဒေရှေ့မှောက် အရောက်ပို့ရေး ဖြစ်ပါတယ်။
သဘာဝ သယံဇာတ ပေါကြွယ်ဝလှတဲ့ ရခိုင်ပြည်နယ် ငြိမ်းချမ်းသာယာလာရေးအတွက် တရားဥပဒေ စိုးမိုးရေး၊လူ့အခွင့်အရေးလေးစား လိုက် နာရေးနဲ့ လူမျိုး ဘာသာ ကွဲပြားသူတွေ အချင်းချင်းကြား ယုံကြည်မှုရှိပြီး အတူတကွ နေထိုင်သွားနိုင်ရေး ရှေးရှုဖို့ အရေးကြီး ကြောင်း တင်ပြ လိုက်ရပါတယ်။
ရခိုင်အရေးကြောင့် နိုင်ငံ မျက်နှာပျက်ဟု ဦးသိန်းစိန် ပြော
ဧရာဝတီ
ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေအကြား အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် တိုင်း ပြည် မျက်နှာပျက်ရတယ်လို့ မြန်မာသမ္မတ ဦးသိန်းစိန်က ထုတ်ဖော်ပြောဆိုလိုက်ပြီး အိုးအိမ်မဲ့ မွတ်စလင် ဒုက္ခသည်တွေ ပြန် လည်နေ ရာ ချထားရေး အပါအဝင် နိုင်ငံသားဖြစ်ပိုင်ခွင့်ကို ထည့်သွင်းသုံးသပ်နေတယ်လို့လည်း ကုလသမဂ္ဂကို ပေးတဲ့စာမှာ ရေးသား ဖော် ပြခဲ့ကြောင်း သိရပါတယ်။
နိုဝင်ဘာ ၁၆ ရက် နေပြည်တော်မှာ သမ္မတဦးသိန်းစိန်က နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီး အမှူးပြုတဲ့ ဆရာတော်တွေ၊ အစ္စ လာမ်ဘာသာဝင် အကြီးအကဲတွေနဲ့ တွေ့ဆုံရာမှာ နိုင်ငံအများအပြားက လက်ခံကျင့်သုံးလျက်ရှိသော လူ့အခွင့်အရေးစံချိန် စံ ညွှန်းများ၊ လူ သားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက် ပါက ကမ္ဘာ့အလယ်တွင် မျက်နှာပျက်ဖွယ်ရာ အခြေအနေများ နှင့် ရင်ဆိုင်ရမယ်လို့ ပြောဆိုခဲ့ပြီး “ရခိုင်ဒေသတွင် နေထိုင်ကြသော ပြည်သူများအ နေဖြင့် ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုးစု၏ အကျိုးစီးပွားကို ရှေး ရှုရမည် ဖြစ်သော်လည်း မိမိအကျိုးစီးပွား တစ်ခုတည်းကိုသာကွက်၍ ရှုမြင် ခြင်းမပြုဘဲ ပိုမိုကျယ်ပြန့်သော အမြင်တရားဖြင့် ရှုမြင်ပြီး မြန်မာ နိုင်ငံနှင့် တစ်မျိုးသားလုံး၏ အကျိုးစီးပွားနှင့် ကမ္ဘာ့မိသားစုဝင် နိုင်ငံများ အပါအဝင် လူသားအားလုံး၏ အကျိုးစီးပွားကိုပါ ကျယ်ကျယ်ပြန့် ပြန့် ရှုမြင် ဆောင်ရွက်ရန် လိုအပ်”တယ်လို့လည်း ပြောပါ တယ်။
ဒါ့အပြင် သောကြာနေ့က ကုလသမဂ္ဂကို ပို့တဲ့စာထဲမှာလည်း ဦးသိန်းစိန်နဲ့ နေပြည်တော်အစိုးရဟာ အိုးအိမ်မဲ့ ဒုက္ခသည်တွေကို ပြန် လည် နေရာချထားရေးကနေ နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေးထိ ဆက်လက်လုပ်ဆောင်စရာရှိတာတွေကို ဆက်လုပ်ဖို့ ပြင်ဆင်နေ တယ်လို့ ရေးသားထားကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အချိန်ဇယားနဲ့ လုပ်ငန်းစဉ်အသေးစိတ်ကို ရှင်းလင်းစွာ မသိရသေးပေမယ့် နေပြည်တော် တွေ့ဆုံပွဲနဲ့ ဦးသိန်းစိန်ရဲ့ ကုလသမဂ္ဂထံ ပေး စာ တွေဟာ ကောင်းတဲ့ဘက်ကို ဦးတည်နေတာဖြစ်ပြီး အမေရိကန်သမ္မတ ဘားရက်အိုဘားမား မြန်မာပြည် လာတော့မယ့် အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
အမေရိကန် သမ္မတအိမ်ဖြူတော်ကလည်း ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေအပေါ် မြန်မာ အစိုးရရဲ့ဆောင်ရွက်ချက်တွေနဲ့ပတ် သက်ပြီး ကြာသာပတေးနေ့မှာ ကာကွယ်ပြောဆိုလိုက်ပါတယ်။
“အကြမ်းဖက်မှုတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် မြန်မာအစိုးရက တာဝန်ယူမှုရှိတဲ့ ဆောင်ရွက်ချက် တွေ ပြုလုပ်ခဲ့ပါ တယ်” လို့ အမေရိကန် ပြည်ထောင်စု အမျိုးသားလုံခြုံရေးကောင်စီရဲ့ ဘက်ပေါင်းစုံကိစ္စရပ်များ (Multilateral Affairs) ဆိုင်ရာ အကြီးတန်း ဒါရိုက်တာ စမန်သာ ပါဝါက သတင်းထောက်တွေကို ပြောပါတယ်။
တချိန်တည်းမှာလည်း ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ်အသိအမှတ်ပြုဖို့နဲ့ ရခိုင်ပြည်နယ်မှာနေထိုင်ကြတဲ့ ဗုဒ္ဓဘာသာ ဝင်တွေ၊ မွတ်ဆ လင် တွေနဲ့ တခြားကျန်တဲ့သူအားလုံးရဲ့ လူမှုဖူလုံရေးအတွက် ကိုင်တွယ်ဆောင်ရွက်ဖို့လိုအပ်တဲ့ ရေရှည် လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ် တွေလည်း ရှိသေးတယ်လို့ သူက ဆိုပါတယ်။
သမ္မတအိုဘားမားရဲ့ မြန်မာပြည်သွားဖို့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကန့်ကွက်နေကြတာတွေ အပေါ်မှာလည်း ပြုပြင် ပြောင်းလဲရေးနဲ့ နိုင်ငံ ရေးအရတိုးတက်မှုတွေပြုလုပ်ဖို့ တကယ်ဆန္ဒရှိကြောင်း ထုတ်ဖော်ပြသတဲ့နိုင်ငံတွေနဲ့ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်မှုတွေလုပ်ဖို့ သမ္မအနေနဲ့ အချိန်အကြာကြီးကတည်းက ဆန္ဒရှိခဲ့တာမို့ အခုခရီးစဉ်ဟာ တကယ်သင့် လျော်တဲ့ခရီးစဉ်ဖြစ်တယ်လို့ စမန်သာ ပါဝါက ဆိုပါတယ်။
“ကျမတို့ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်မှုတွေလုပ်ရတဲ့ အကြောင်းက အဲ့ဒီနိုင်ငံတွေကို ဆုချီးမြင့်တာ မဟုတ်ပါဘူး။ အဲ့ဒီ နိုင်ငံတွေက ဖြစ်ပေါ် တိုးတက်မှုတွေကို ဆက်ထိန်းထားနိုင်ဖို့နဲ့ တိုးတက်မှု အရေးပေါ် လိုအပ်နေတဲ့နယ်ပယ်တွေမှာ တွန်းအားပေးဖို့ပဲ ဖြစ်ပါတယ်” လို့ သူက ပြော ပါတယ်။ မြန်မာပြည်ရဲ့လက်ရှိအခြေအနေဟာ ဘာ့ကြောင့် အခုလိုလုပ် ဖို့ သင့် တော်တယ်ဆိုတာကိုလည်း သူက ဥပမာ ၂ ခုပေးပါ သေး တယ်။
“ပထမတခုကတော့ အတော်များများလည်းသိကြတဲ့အတိုင်း မြန်မာအစိုးရက တိုင်းရင်းသားအဖွဲ့ပေါင်းစုံနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့တာ ကို ကျမတို့ တွေ့ရတယ်။ ဒါက ရေရှည်တည်တံ့မယ့်အဖြေတော့မဟုတ်ဘူး၊ ဒါပေမယ့် အပစ် အခတ်ရပ်စဲရေးဆိုတာက နေ့စဉ်နဲ့အမျှ လူတွေ ထိခိုက်အနာတရဖြစ်တာ နည်းနည်းလာတယ်ဆိုတဲ့သဘော။ ဒါဟာ တိုးတက်မှုအစစ်အ မှန်ပဲ” လို့ သူက ပြောပါတယ်။
ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရက ဆောင်ရွက်ခဲ့တာတွေအပေါ်မှာလည်း ဒါဟာ “တိုင်းရင်း သားဆိုတဲ့ နယ်ပယ် တစုံလုံး မှာတိုး တက်မှုအနည်းငယ်ရှိလာတဲ့ ဥပမာ တစ်ခုဖြစ်တယ်၊ ဒါပေမယ့် အခုဆိုရင် သိပ်ကို ဆိုးဝါးပြီး အရေး ကြီးတဲ့ ကိစ္စရပ်တခုကို ဖြစ်နိုင်သမျှ အမြင့် ဆုံးအဆင့်နဲ့ သွားပြီး တိုက်ရိုက်ညှိနှိုင်း ဆောင်ရွက်နိုင်တဲ့ အခွင့် အလမ်း ကျမတို့ ရနေပြီ” လို့ သူက ဆိုပါတယ်။
ဒါ့ပြင် အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သေးတဲ့ ကချင်ပြည်နယ်က ပဋိပက္ခနဲ့ပတ်သက်ပြီးတော့လည်း အကြမ်းဖက် မှုတွေ ရပ်စဲရေးအ တွက် သဘောတူညီချက်ရဖို့ ကြိုးပမ်းအားထုတ်မှုအသစ်တွေ မလုပ်ခင်မှာ ပဋိပက္ခကြောင့် ဒုက္ခ ရောက်ရသူတွေအတွက် လူသားချင်းစာ နာတဲ့အ ကူအညီတွေ သေသေချာချာ ရနိုင်အောင် ကနဦးဆောင်ရွက်ရမယ်၊ ပြီးတဲ့အခါ ရေရှည်ဖြစ်နေတဲ့ နိုင်ငံရေးအရ နစ်နာမှုတွေကို ကိုင်တွယ်ဖြေ ရှင်းရမယ်လို့ စမန်သာ ပါဝါက အလေးအနက် ပြောပါတယ်။
ဒါပေမယ့် မြန်မာပြည်အခြေအနေက ရေရှည်ဆက်သွားဖို့ လိုသေးတယ်လို့ သူက အလေးထား ပြောပြန်ပါတယ်။ “ကျမဆိုလိုတာက မြန်မာ ပြည်မှာ အားလုံး သတိပြုနိုင်တဲ့ တိုးတက်မှုတွေရှိနေပြီ၊ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ အ များအပြား ထောင်ထဲမှာ ရှိနေကြသေးတယ်၊ အကျဉ်းသားအရေအတွက်ကလည်း အမျိုးမျိုး။ ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံး ရာဂဏန်း နဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေဆဲပဲလို့ ကျမ တို့ ယူဆပါတယ်” လို့ သူက ဆိုပါတယ်။
“မြန်မာပြည်မှာ နိုင်ငံရေးလမ်းစပွင့်လာပြီမို့ သမ္မတအိုဘားမားပြောမယ့် အဓိကအချက်တစ်ခုကတော့ အစိုးရအရာရှိ တွေ အချင်းချင်း ပြောဆို ဆွေးနွေးကြဖို့လိုတယ်ဆိုတာနဲ့ အုပ်ချုပ်ရေးပိုင်းကလည်း လွှတ်တော်နဲ့ ပြောဆိုဆွေးနွေးဖို့ လို တယ်ဆိုတာပဲဖြစ်ပါတယ်။ လူငယ်တွေ၊ ဥပဒေ ပညာရှင်တွေ၊ စီးပွားရေးသမားတွေ၊ တပ်ထဲက အရာရှိအရာခံ အကြပ်တပ်သားတွေ၊ ဆရာဆရာမတွေနဲ့ မြန်မာနိုင်ငံသားတွေ အတွက် တော့ မြန်မာပြည်ဟာ နောက်ထပ်အဆင့်တစ် ခုဆီ ဝင်ရောက်နေပြီမို့ အခုအပြောင်း အလဲမှာ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ကြဖို့၊ ပြီးတော့ ပြုပြင် ပြောင်းလဲမှုတွေကို ရေရှည်ထိန်းထားဖို့နဲ့ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့အတွက် ဒီနိုင်ငံမှာ တကယ်လိုအပ်နေတဲ့ အပြန် အလှန် ထိန်းညှိမှုတွေကို တည်ဆောက်ကြဖို့ အဓိကထား ပြောမှာဖြစ်ပါတယ်” လို့ စမန်သာ ပါဝါက ဆိုပါသေးတယ်။
တချိန်တည်းမှာလည်း နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် ကော်မရှင် (US Commission on International Religious Freedom – USCIRF) က သမ္မတအိုဘားမားထံ စာတစ်စောင်ပို့ခဲ့ပြီး အဲ့ဒီစာထဲမှာ သူ့ရဲ့မြန်မာပြည်ခရီးစဉ်အတွင်းဘာသာ ရေးလွတ်လပ်ခွင့် ဆိုင်ရာ ကိစ္စရပ်တွေအပြင် တိုင်းရင်းသားနယ်မြေတွေနဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ဆက်လက်ဖြစ်ပေါ်နေ တဲ့ချိုးဖောက်မှုတွေ ကို လည်း မြန်မာအစိုးရနဲ့ ဆွေးနွေးဖို့ တိုက်တွန်းထားပါ တယ်။
“တိုင်းရင်းသားတွေကြုံတွေ့နေရတဲ့ စိုးရိမ်စရာ အခြေအနေတွေက မြန်မာအစိုးသစ်အနေနဲ့ ပြုပြင် ပြောင်းလဲမှုတွေ ဒီထက်ပိုအားကောင်းလာဖို့၊ ပြီးတော့ နိုင်ငံတကာလူ့အခွင့်အရေးတွေကို ကာကွယ်ဖို့ ဘယ်လောက်ထိ ထပ်လုပ်ရ ဦး မယ်ဆိုတာကို ထုတ်ဖော်ပြသနေပါတယ်” လို့ USC IRF ဥက္ကဌ ဒေါက်တာ ကက်ထရီနာ လန်တော့စ် (Dr Katrina Lantos) က အဲ့ဒီစာထဲမှာ ပြောထားပါတယ်။
“စစ်အုပ်ချုပ်ရေးအောက်မှာရှိစဉ်တုန်းက မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့်တွေ အချိုးဖောက်ဆုံး နိုင် ငံတစ်ခု ဖြစ်ခဲ့ပါတယ်။ အခု အရပ်သားအုပ်ချုပ်ရေးအောက်မှာလည်း ဒီပုံရိပ်ကို မဖျောက်နိုင်သေး တဲ့အပြင် ဘာသာရေးလွတ်လပ်ခွင့်အပါအ ဝင် လူ့အခွင့်အရေးတွေ လေးစားလိုက်နာတယ်ဆိုတာကို များပြားလှတဲ့ တိုင်းရင်းသား တွေ ကိုရော ဘာသာရေးအုပ်စုတွေကိုပါ လုံးလုံး လျား လျား အခိုင်အမာ မပြနိုင်သေးပါဘူး” လို့လည်း သူက ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေအကြား အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် တိုင်း ပြည် မျက်နှာပျက်ရတယ်လို့ မြန်မာသမ္မတ ဦးသိန်းစိန်က ထုတ်ဖော်ပြောဆိုလိုက်ပြီး အိုးအိမ်မဲ့ မွတ်စလင် ဒုက္ခသည်တွေ ပြန် လည်နေ ရာ ချထားရေး အပါအဝင် နိုင်ငံသားဖြစ်ပိုင်ခွင့်ကို ထည့်သွင်းသုံးသပ်နေတယ်လို့လည်း ကုလသမဂ္ဂကို ပေးတဲ့စာမှာ ရေးသား ဖော် ပြခဲ့ကြောင်း သိရပါတယ်။
နိုဝင်ဘာ ၁၆ ရက် နေပြည်တော်မှာ သမ္မတဦးသိန်းစိန်က နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီး အမှူးပြုတဲ့ ဆရာတော်တွေ၊ အစ္စ လာမ်ဘာသာဝင် အကြီးအကဲတွေနဲ့ တွေ့ဆုံရာမှာ နိုင်ငံအများအပြားက လက်ခံကျင့်သုံးလျက်ရှိသော လူ့အခွင့်အရေးစံချိန် စံ ညွှန်းများ၊ လူ သားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက် ပါက ကမ္ဘာ့အလယ်တွင် မျက်နှာပျက်ဖွယ်ရာ အခြေအနေများ နှင့် ရင်ဆိုင်ရမယ်လို့ ပြောဆိုခဲ့ပြီး “ရခိုင်ဒေသတွင် နေထိုင်ကြသော ပြည်သူများအ နေဖြင့် ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုးစု၏ အကျိုးစီးပွားကို ရှေး ရှုရမည် ဖြစ်သော်လည်း မိမိအကျိုးစီးပွား တစ်ခုတည်းကိုသာကွက်၍ ရှုမြင် ခြင်းမပြုဘဲ ပိုမိုကျယ်ပြန့်သော အမြင်တရားဖြင့် ရှုမြင်ပြီး မြန်မာ နိုင်ငံနှင့် တစ်မျိုးသားလုံး၏ အကျိုးစီးပွားနှင့် ကမ္ဘာ့မိသားစုဝင် နိုင်ငံများ အပါအဝင် လူသားအားလုံး၏ အကျိုးစီးပွားကိုပါ ကျယ်ကျယ်ပြန့် ပြန့် ရှုမြင် ဆောင်ရွက်ရန် လိုအပ်”တယ်လို့လည်း ပြောပါ တယ်။
ဒါ့အပြင် သောကြာနေ့က ကုလသမဂ္ဂကို ပို့တဲ့စာထဲမှာလည်း ဦးသိန်းစိန်နဲ့ နေပြည်တော်အစိုးရဟာ အိုးအိမ်မဲ့ ဒုက္ခသည်တွေကို ပြန် လည် နေရာချထားရေးကနေ နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေးထိ ဆက်လက်လုပ်ဆောင်စရာရှိတာတွေကို ဆက်လုပ်ဖို့ ပြင်ဆင်နေ တယ်လို့ ရေးသားထားကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အချိန်ဇယားနဲ့ လုပ်ငန်းစဉ်အသေးစိတ်ကို ရှင်းလင်းစွာ မသိရသေးပေမယ့် နေပြည်တော် တွေ့ဆုံပွဲနဲ့ ဦးသိန်းစိန်ရဲ့ ကုလသမဂ္ဂထံ ပေး စာ တွေဟာ ကောင်းတဲ့ဘက်ကို ဦးတည်နေတာဖြစ်ပြီး အမေရိကန်သမ္မတ ဘားရက်အိုဘားမား မြန်မာပြည် လာတော့မယ့် အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
အမေရိကန် သမ္မတအိမ်ဖြူတော်ကလည်း ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေအပေါ် မြန်မာ အစိုးရရဲ့ဆောင်ရွက်ချက်တွေနဲ့ပတ် သက်ပြီး ကြာသာပတေးနေ့မှာ ကာကွယ်ပြောဆိုလိုက်ပါတယ်။
“အကြမ်းဖက်မှုတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် မြန်မာအစိုးရက တာဝန်ယူမှုရှိတဲ့ ဆောင်ရွက်ချက် တွေ ပြုလုပ်ခဲ့ပါ တယ်” လို့ အမေရိကန် ပြည်ထောင်စု အမျိုးသားလုံခြုံရေးကောင်စီရဲ့ ဘက်ပေါင်းစုံကိစ္စရပ်များ (Multilateral Affairs) ဆိုင်ရာ အကြီးတန်း ဒါရိုက်တာ စမန်သာ ပါဝါက သတင်းထောက်တွေကို ပြောပါတယ်။
တချိန်တည်းမှာလည်း ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ်အသိအမှတ်ပြုဖို့နဲ့ ရခိုင်ပြည်နယ်မှာနေထိုင်ကြတဲ့ ဗုဒ္ဓဘာသာ ဝင်တွေ၊ မွတ်ဆ လင် တွေနဲ့ တခြားကျန်တဲ့သူအားလုံးရဲ့ လူမှုဖူလုံရေးအတွက် ကိုင်တွယ်ဆောင်ရွက်ဖို့လိုအပ်တဲ့ ရေရှည် လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ် တွေလည်း ရှိသေးတယ်လို့ သူက ဆိုပါတယ်။
သမ္မတအိုဘားမားရဲ့ မြန်မာပြည်သွားဖို့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကန့်ကွက်နေကြတာတွေ အပေါ်မှာလည်း ပြုပြင် ပြောင်းလဲရေးနဲ့ နိုင်ငံ ရေးအရတိုးတက်မှုတွေပြုလုပ်ဖို့ တကယ်ဆန္ဒရှိကြောင်း ထုတ်ဖော်ပြသတဲ့နိုင်ငံတွေနဲ့ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်မှုတွေလုပ်ဖို့ သမ္မအနေနဲ့ အချိန်အကြာကြီးကတည်းက ဆန္ဒရှိခဲ့တာမို့ အခုခရီးစဉ်ဟာ တကယ်သင့် လျော်တဲ့ခရီးစဉ်ဖြစ်တယ်လို့ စမန်သာ ပါဝါက ဆိုပါတယ်။
“ကျမတို့ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်မှုတွေလုပ်ရတဲ့ အကြောင်းက အဲ့ဒီနိုင်ငံတွေကို ဆုချီးမြင့်တာ မဟုတ်ပါဘူး။ အဲ့ဒီ နိုင်ငံတွေက ဖြစ်ပေါ် တိုးတက်မှုတွေကို ဆက်ထိန်းထားနိုင်ဖို့နဲ့ တိုးတက်မှု အရေးပေါ် လိုအပ်နေတဲ့နယ်ပယ်တွေမှာ တွန်းအားပေးဖို့ပဲ ဖြစ်ပါတယ်” လို့ သူက ပြော ပါတယ်။ မြန်မာပြည်ရဲ့လက်ရှိအခြေအနေဟာ ဘာ့ကြောင့် အခုလိုလုပ် ဖို့ သင့် တော်တယ်ဆိုတာကိုလည်း သူက ဥပမာ ၂ ခုပေးပါ သေး တယ်။
“ပထမတခုကတော့ အတော်များများလည်းသိကြတဲ့အတိုင်း မြန်မာအစိုးရက တိုင်းရင်းသားအဖွဲ့ပေါင်းစုံနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့တာ ကို ကျမတို့ တွေ့ရတယ်။ ဒါက ရေရှည်တည်တံ့မယ့်အဖြေတော့မဟုတ်ဘူး၊ ဒါပေမယ့် အပစ် အခတ်ရပ်စဲရေးဆိုတာက နေ့စဉ်နဲ့အမျှ လူတွေ ထိခိုက်အနာတရဖြစ်တာ နည်းနည်းလာတယ်ဆိုတဲ့သဘော။ ဒါဟာ တိုးတက်မှုအစစ်အ မှန်ပဲ” လို့ သူက ပြောပါတယ်။
ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရက ဆောင်ရွက်ခဲ့တာတွေအပေါ်မှာလည်း ဒါဟာ “တိုင်းရင်း သားဆိုတဲ့ နယ်ပယ် တစုံလုံး မှာတိုး တက်မှုအနည်းငယ်ရှိလာတဲ့ ဥပမာ တစ်ခုဖြစ်တယ်၊ ဒါပေမယ့် အခုဆိုရင် သိပ်ကို ဆိုးဝါးပြီး အရေး ကြီးတဲ့ ကိစ္စရပ်တခုကို ဖြစ်နိုင်သမျှ အမြင့် ဆုံးအဆင့်နဲ့ သွားပြီး တိုက်ရိုက်ညှိနှိုင်း ဆောင်ရွက်နိုင်တဲ့ အခွင့် အလမ်း ကျမတို့ ရနေပြီ” လို့ သူက ဆိုပါတယ်။
ဒါ့ပြင် အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သေးတဲ့ ကချင်ပြည်နယ်က ပဋိပက္ခနဲ့ပတ်သက်ပြီးတော့လည်း အကြမ်းဖက် မှုတွေ ရပ်စဲရေးအ တွက် သဘောတူညီချက်ရဖို့ ကြိုးပမ်းအားထုတ်မှုအသစ်တွေ မလုပ်ခင်မှာ ပဋိပက္ခကြောင့် ဒုက္ခ ရောက်ရသူတွေအတွက် လူသားချင်းစာ နာတဲ့အ ကူအညီတွေ သေသေချာချာ ရနိုင်အောင် ကနဦးဆောင်ရွက်ရမယ်၊ ပြီးတဲ့အခါ ရေရှည်ဖြစ်နေတဲ့ နိုင်ငံရေးအရ နစ်နာမှုတွေကို ကိုင်တွယ်ဖြေ ရှင်းရမယ်လို့ စမန်သာ ပါဝါက အလေးအနက် ပြောပါတယ်။
ဒါပေမယ့် မြန်မာပြည်အခြေအနေက ရေရှည်ဆက်သွားဖို့ လိုသေးတယ်လို့ သူက အလေးထား ပြောပြန်ပါတယ်။ “ကျမဆိုလိုတာက မြန်မာ ပြည်မှာ အားလုံး သတိပြုနိုင်တဲ့ တိုးတက်မှုတွေရှိနေပြီ၊ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ အ များအပြား ထောင်ထဲမှာ ရှိနေကြသေးတယ်၊ အကျဉ်းသားအရေအတွက်ကလည်း အမျိုးမျိုး။ ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံး ရာဂဏန်း နဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေဆဲပဲလို့ ကျမ တို့ ယူဆပါတယ်” လို့ သူက ဆိုပါတယ်။
“မြန်မာပြည်မှာ နိုင်ငံရေးလမ်းစပွင့်လာပြီမို့ သမ္မတအိုဘားမားပြောမယ့် အဓိကအချက်တစ်ခုကတော့ အစိုးရအရာရှိ တွေ အချင်းချင်း ပြောဆို ဆွေးနွေးကြဖို့လိုတယ်ဆိုတာနဲ့ အုပ်ချုပ်ရေးပိုင်းကလည်း လွှတ်တော်နဲ့ ပြောဆိုဆွေးနွေးဖို့ လို တယ်ဆိုတာပဲဖြစ်ပါတယ်။ လူငယ်တွေ၊ ဥပဒေ ပညာရှင်တွေ၊ စီးပွားရေးသမားတွေ၊ တပ်ထဲက အရာရှိအရာခံ အကြပ်တပ်သားတွေ၊ ဆရာဆရာမတွေနဲ့ မြန်မာနိုင်ငံသားတွေ အတွက် တော့ မြန်မာပြည်ဟာ နောက်ထပ်အဆင့်တစ် ခုဆီ ဝင်ရောက်နေပြီမို့ အခုအပြောင်း အလဲမှာ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ကြဖို့၊ ပြီးတော့ ပြုပြင် ပြောင်းလဲမှုတွေကို ရေရှည်ထိန်းထားဖို့နဲ့ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့အတွက် ဒီနိုင်ငံမှာ တကယ်လိုအပ်နေတဲ့ အပြန် အလှန် ထိန်းညှိမှုတွေကို တည်ဆောက်ကြဖို့ အဓိကထား ပြောမှာဖြစ်ပါတယ်” လို့ စမန်သာ ပါဝါက ဆိုပါသေးတယ်။
တချိန်တည်းမှာလည်း နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် ကော်မရှင် (US Commission on International Religious Freedom – USCIRF) က သမ္မတအိုဘားမားထံ စာတစ်စောင်ပို့ခဲ့ပြီး အဲ့ဒီစာထဲမှာ သူ့ရဲ့မြန်မာပြည်ခရီးစဉ်အတွင်းဘာသာ ရေးလွတ်လပ်ခွင့် ဆိုင်ရာ ကိစ္စရပ်တွေအပြင် တိုင်းရင်းသားနယ်မြေတွေနဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ဆက်လက်ဖြစ်ပေါ်နေ တဲ့ချိုးဖောက်မှုတွေ ကို လည်း မြန်မာအစိုးရနဲ့ ဆွေးနွေးဖို့ တိုက်တွန်းထားပါ တယ်။
“တိုင်းရင်းသားတွေကြုံတွေ့နေရတဲ့ စိုးရိမ်စရာ အခြေအနေတွေက မြန်မာအစိုးသစ်အနေနဲ့ ပြုပြင် ပြောင်းလဲမှုတွေ ဒီထက်ပိုအားကောင်းလာဖို့၊ ပြီးတော့ နိုင်ငံတကာလူ့အခွင့်အရေးတွေကို ကာကွယ်ဖို့ ဘယ်လောက်ထိ ထပ်လုပ်ရ ဦး မယ်ဆိုတာကို ထုတ်ဖော်ပြသနေပါတယ်” လို့ USC IRF ဥက္ကဌ ဒေါက်တာ ကက်ထရီနာ လန်တော့စ် (Dr Katrina Lantos) က အဲ့ဒီစာထဲမှာ ပြောထားပါတယ်။
“စစ်အုပ်ချုပ်ရေးအောက်မှာရှိစဉ်တုန်းက မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့်တွေ အချိုးဖောက်ဆုံး နိုင် ငံတစ်ခု ဖြစ်ခဲ့ပါတယ်။ အခု အရပ်သားအုပ်ချုပ်ရေးအောက်မှာလည်း ဒီပုံရိပ်ကို မဖျောက်နိုင်သေး တဲ့အပြင် ဘာသာရေးလွတ်လပ်ခွင့်အပါအ ဝင် လူ့အခွင့်အရေးတွေ လေးစားလိုက်နာတယ်ဆိုတာကို များပြားလှတဲ့ တိုင်းရင်းသား တွေ ကိုရော ဘာသာရေးအုပ်စုတွေကိုပါ လုံးလုံး လျား လျား အခိုင်အမာ မပြနိုင်သေးပါဘူး” လို့လည်း သူက ဆိုပါတယ်။
ထန်တလန်မြို့နယ်အတွင်း ဆေးခြောက် စိုက်ပျိုးသူ များပြား
ယခုနှစ်အတွင်း ချင်းပြည်နယ်ထန်တလန်မြို့နယ် တောင်ကြော တချို့တွင် ဆေးခြောက် စိုက်ပျိုးသူများပြားလာနေသည်ဟု သိရသည်။ အဓိ ကအားဖြင့် ထန်တလန်မြို့နယ် Zanak tlang တောင်ကြော တလျှောက် ကျေးလက်ဒေသခံများသည် မိမိတို့ တောင် ယာတွင် ဆေး ခြောက် ကို စိုက်ပျိုးနေကြခြင်းဖြစ်သည်။
“ကျေးရွာတိုင်းလိုလိုမှာ ဆေးခြောက်တွေကို စိုက်ပျိုးကြတယ်၊ ဒေသခံတွေဟာ တောင်ယာ စိုက်ခင်း တွေမှာ စပါးနဲ့အတူ ရောစိုက်ကြတာပါ ” ဟု ဒေသခံ လူကြီး တဦးက ပြောသည်။
ယင်းတောင်ကြောတွင်ကျေးရွာ ၉ ရွာခန့်နေထိုင်ကြပြီး အဓိက အားဖြင့် ရွှေ့ပြောင်း တောင်ယာစနစ်ဖြင့် အသက်မွေး ၀မ်း ကျောင်းပြုကြ သူ များဖြစ်သည်။ ချင်းပြည်နယ်အစိုးရသည် ဒေသအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မီတီ ကိုကျေးရွာ၊ရပ်ကွက်မှအဆင့်လိုက်ဖွဲ့ စည်း ခဲ့ကြသော်လည်း လက်တွေ့အကောင်အထည်ဖော်မှု အားနည်းနေသေးကြောင်း ပြောကြသည်။
ထို့အပြင်အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့ ငြိမ်းချမ်းရေး သဘောတူညီချက်တွင် ချင်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကို အတူတကွ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီထားကြသည်။
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့နယ်ခွဲဒေသ၊ နှင့် ချင်းပြည်နယ် နှင့် မီဇိုရမ်ပြည်နယ် နယ်စပ် တလျှောက်တွင် ဘိန်း စိုက် ပျိုးမှုများပြားနေသေးသည်။
လွှတ်တော်တွင် ဒေါက်တာအေးမောင် သတိပေးခံရခြင်း မဟုတ်မှန်
နိုဝင်ဘာ ၁၆ရက်နေ့က ပြုလုပ်သော ပြည်သူ့လွှတ်တော်တွင် ရခိုင်တိုင်းရင်း သားများ တိုးတက်ရေး ပါတီ ဥက္ကဌ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင် သတိပေးခြင်းခံရခြင်း ဆိုသည်မှာ မဟုတ်မှန်ကြောင်း ဒေါက် တာ အေးမောင်က ပြောကြားသည်။
“ သတိပေးခြင်းခံရတဲ့ အဓိပ္ပါယ်မျိုးတော့မသက်ရောက်ဘူး ထင်ပါတယ်။ ဆွေး နွေးနေတဲ့ အ ကြောင်းအရာက ဦးတည်ချက်လွဲပြီးတစ်ခြားနေရာကို မရောက် ရအောင် လွှတ်တော် ဥက္ကဌ ဆွေးနွေး စကားပြောနေတဲ့ မိုက်ခွက်ကို ခလုတ် ပိတ် တာပါ။ ဒါက လွှတ်တော်မှာ ဆွေး နွေးတဲ့ အခါအတိုင်း ဖြစ်လေ့ ဖြစ်ထရှိ တာပါ” ဟု ဆိုသည်။
၎င်းပြင် သူက “ လွှတ်တော် နာယာကကရှင်း ပြတယ်။ ဘာကြောင့် ဒီခလုတ်ကို ပိတ်ရလဲ လို့ သူ ကပြောတယ်။ ဦးအေးမောင် ဆွေးနွေးဖို့ ခုနားက ကဏ္ဍနဲ့ ခု ဆွေးနွေးတဲ့ ကဏ္ဍဟာ ကွာခြားနေတယ်ပေါ့။ ဦးတည်ချက် အတိုင်း မငုံမိဘဲ ဘေးထွက်လာ တယ်ထင်လို့ ဆိုပြီးတော့ လွှတ်တော် ဥက္ကဌကတားရတဲ့ သ ဘောပါ။ ခလုတ် ပိတ်တာကို သတိပေးခံရတယ်လို့ ပြောလို့မရတော့ဘူးလေ” ဟု ဆိုသည်။
ဒေါက်တာ အေးမောင်က သူတင်ပြနေသော အချက်နှင့် ပတ်သက်ပြီး ရှင်းလင်းပြသော အခါ လွှတ်တော် နာယကမှ ပြန်လည် ဆွေးနွေး ရန် ခွင့် ပြုပေးခဲ့သည်ဟု ဆိုသည်။
“ ကျွန်တော်က ဆက်ပြီးတော့ ခလုပ်ဖွင့်ပြီးခါ နာယကကို ရှင်းပြပါတယ်။ ကျွန်တော် ဦးတည်ပြီး ဆွေးနွေးဖို့အ ပိုင်းကို ခြုံငုံမိအောင် ဖွဲ့စည်းပုံ အ ခြေခံဥပဒေနဲ့ ပတ်သက်လို့ ကဏ္ဍကို ကျွန်တော် ဦးတည်ချက် အဓိကထားပြီး ဆွေးနွေး တာပါ။ ကျွန်တော့် ဦးတည်ချက်ကို ကျွန်တော်သိပါ တယ်- ဆိုတော့ နာယက ကခွင့်ပြုတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ပြန်ကြည့်ရင် တော့ တားမြစ်တာတော့ မဟုတ်ပါ။ ကျွန်တော်ခုနားက ပြောသလို ကိုယ်ဆွေးနွေးဖို့ ကဏ္ဍတွေ တခြားဘက်ကို ရောက်သွား နိုင်တယ် ထင်လို့ လွှတ်တော် ဥက္ကဌဟာ ပုဂ္ဂိုလ် တဦး၏ ဆွေးနွေးခြင်း အကြောင်းအရာ ဘေးကို ရောက်မသွားအောင် တားတာသာ ဖြစ်ပါတယ်။ တားပိုင်ခွင့်လည်း ရှိပါတယ်။ သတိပေးခြင်း ခံရတာတော့ မရှိပါဘူး” ဟု ဆိုသည်။
အဆိုပါနေ့က လွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့သော အကြောင်းအရာနှင့် ဖြစ်ပျက်ခဲ့ပုံကိုလည်း သူက ယခုလို ရှင်းပြသည်။
“ဒီလိုရှိပါတယ်။ ကျွန်တော်တို့က အမျိုးသား လွှတ်တော် ဥပဒေကြမ်းနဲ့ ပြည်သူ့ လွှတ်တော် ဥပဒေ ကြမ်း ၂၀၁၂ ဆိုတာကို လွှတ်တော် (၂) ရပ် က အတည်ပြု ထားတာရှိပါတယ်။ အဲဒီ လွှတ်တော်မူကြမ်း ၂ ခုကို ကျွန်တော်တို့ လွှတ် တော်က အတည်ပြုပြီး ခါမှ နိုင်ငံတော် သမ္မတ ကြီးကို တင်ပါတယ်။ နိုင်ငံတော် သမ္မတကြီးက သဘောထား မှတ်ချက် ၂ခုနဲ့ ပြန်ကြား တယ်။ ကျွန်တော်တို့ လွှတ်တော် ၂ ခုက ခုနားက၂၀၁၂-ခုနှစ်က ပြည်သူ့ ဥပဒေ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဆိုင်ရာ ဥပဒေ ကြမ်းတခုကို အတည်ပြုပြီးနောက်မှာ သမ္မတကြီးဘက်က အချက် ( ၁၀)ချက်ပါတဲ့ သဘောထား မှတ်ချက်နဲ့ ပြန်ကြားပါတယ်။ ပြန်ကြား တဲ့အထဲမှာ ပြန်လည်ပူးပေါင်း ကော်မတီက ပြန်လည်ဆန်း စစ် တဲ့အခါမှာ ပြည်သူ့လွှတ်တော် ဥပဒေမူကြမ်းကရော၊ အမျိုးသား လွှတ် တော် ဥပဒေ မူကြမ်းနဲ့ရော ပတ်သက်တဲ့ အခါမှာ အချက် (၈) ချက်ကို သမ္မတကြီး သဘော ထားမှတ်ချက် အတိုင်း လက်မခံနိုင်၊ ဒီ တ ချက်ကိုတော့ ပြန်ပြင်ဆိုတဲ့ အတိုင်းဘဲ ပြင်ပေးပါတယ်။ နောက်တချက်ကို တော့ ၀ံခံတယ်ပေါ့။ အဲလိုနဲ့ ကျွန်တော်ဘက်ကို လွှတ်တော် မှာ လွှတ်တော်မှာ ဆွေးနွေးဖို့ အပိုင်း ဖြစ်လာတယ်။ လွှတ်တော် ကိုယ်စားလှယ် တွေက (၆) ဦးရွေးချယ်ဖို့ ဖြစ်လာတယ်။ နောက်ဆုံး ပြည်သူ့ လွှတ်တော်က (၃) ဦးနဲ့ အမျိုးသားလွှတ် တော်က (၃) ဦး၊ ဒီအချက်တွေအပေါ် မှာ ကိုယ် ဆွေးနွေး ချင်တဲ့ အချက်ကို ရွေးထုတ် ပြီးတော့ တင်ရတယ်။ ကျွန် တော်တို့ ဆွေးနွေးမယ့် အပိုင်းကတော့ ပြည်ထောင်စု အ ဆင့် ဆိုတာဟာ လွှတ်တော်က ဖွဲ့စည်းရေး၊ ကော် မတီ ကော်မရှင်တွေဟာ ပြည်ထောင်စု အဆင့် ဟုတ်မဟုတ် ဆိုတဲ့ ပြဿနာ တခုဖြစ်သွားတဲ့ နောက်မှာ အဲဒါကို သမ္မတကြီးက ပြည် ထောင်စု အဆင့် မဟုတ်လို့ ခုံရုံးက ဆုံးဖြတ်ထားတဲ့ အတိုင်း လက်ခံပေးဖို့ လွှတ်တော် ကိုတင်တယ်။ လွှတ်တော်ကို သဘောထားမှတ် ချက် ပေးတယ်။ ဒီမှတ်ချက်ကို ကော်မတီက လက်မခံဘဲနဲ့ မူလပြည်ထောင်စု လွှတ်တော်က အတည်ပြု ထားတဲ့ အတိုင်း လက်ခံတယ်။ အဲဒါ ကျွန်တော်တို့ မူလအတည်ပြုထားတဲ့အတိုင်း သမ္မတကြီးပြောတဲ့ စကားကို ပယ်ဖျက်ပြီးတော့ ပြန်ဆွေး နွေးဖို့ ကျွန်တော့ဘက်က သဘောထားပါတယ်။ အဲဒီကဏ္ဍကို ဆွေးနွေးတာပါ” ဟု ပြောသည်။
ဆွေးနွေးရာတွင် ဖွဲ့စည်းပုံ အကြောင်း ဆွေးနွေးရာတွင် နာယကမှ ခလုတ်ပိတ်ပြီး ဦးတည်ချက် မလွဲအောင် တည့်မတ်ပေးခဲ့သည်ဟု ဆို သည်။
“ ပြည်ထောင်စု အဆင့် ဟုတ်မဟုတ် ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့ အခါ ကျွန်တော့်အ နေနဲ့ ဘယ်ကစလဲ ဆိုလို့ ရှိရင် ဖွဲ့စည်းပုံက စပါတယ်။ ဖွဲ့စည်းပုံကြောင့် ဒီခုနားက လွှတ်တော်တွေ ပေါ်လာတယ်။ အရပ်ဘက် အစိုးရ အဖွဲ့တခုကိုလည်း ဒီလွှတ်တော်ကဘဲ အတည်ပြု ပေးနိုင်ခဲ့တယ်။ တရားစီရင်ရေး မဏ္ဍိုင်ကိုလည်းဘဲ ဖွဲ့နိုင် ခဲ့တယ်။ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့ တွေကိုလည်းဖွဲ့ နိုင်ခဲ့တယ်။ နောက်လွှတ်တော် နှစ်ရပ်က လူတွေကိုလည်း ကော်မတီ ကော်မရှင် ဖွဲ့နိုင်ခဲ့တယ်ဆိုပြီး ကျွန်တော် တို့ နိဒါန်း ချီပြီးခါမှ ခုနားက ဒီပင်မမှာ ဖြစ်နေတယ်လို့ စွပ်စွဲ ကြတဲ့ တရား ဥပဒေ ကြီးမားမှု အပေါ်မှာ မေးခွန်းတွေ၊ တရားဥပဒေ အပေါ်မှာ အုပ်ချုပ် ရေး ပြင်းထန်လာတဲ့ လွမ်းမိုးမှုအပေါ်မှာ လူတွေက မေးခွန်းတွေဖြစ်နေတဲ့ ကိစ္စကို လွှတ်တော် ရေးရာ ကော်မတီတွေ၊ နောက်ပြည်သူ လူ ထုအပေါ်မှာ ၀ံခံ မှုမျိုးစုံ ဖြစ်နေတဲ့ ကာလဖြစ်တယ်။ ဒီလိုဖြစ်နေတဲ့ ကာလမှာဘဲ ကျွန်တော်တို့ လက်ရှိ ရထားတဲ့ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့လည်းဘဲ ဒီဖွဲ့စည်းပုံကို ရေးဆွဲတဲ့ ကာလက တည်းကနေ နောက်မရေးဆွဲရေကာလနဲ့ ရေးဆွဲရေကာလတွေမှာ တကယ့်တကယ် စစ်မှန် တဲ့ ပြည်သူ့ ကိုယ်စား လှယ်မျိုး အစစ်အမှန် အလွှာပေါင်းစုံက ပါမပါ၊ နောက်ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုတဲ့အခါမှာကော တကယ်စစ်မှန်တဲ့၊ အတည်ပြုလုပ်တဲ့ အခါ အများရောင်စု ထောက်ခံ ခြင်းမှုရရှိခြင်း ရှိမရှိ၊ နောက်တပ်မတော်သား ပါဝင်တဲ့ ရာခိုင်နှုန်း၊ နောက်ဒီ ပြုပြင်ရ ခက်ခဲတယ်ဆိုတဲ့ ကဏ္ဍတွေနဲ့ပတ်သက်တဲ့မေးခွန်းတွေ ပြည်သူ လူထုကြားထဲမှာ မျိုးစုံဖြစ်နေကြတယ် ဆိုတဲ့သဘော ကို ဆွေးနွေးတဲ့အခါမှာ ခုနားက လွှတ်တော် နာယက ခလုတ်ကို ပိတ်လိုက် ပါတယ်။ ခလုပ်ကိုပိတ်တယ် ဆိုတာက ပြောလို့မရ တော့ ဘူးလေ။ ပြောလို့မရတဲ့အခါမှာ လွှတ်တော် နာယာကကရှင်း ပြတယ်။ ဘာကြောင့် ဒီခလုတ်ကို ပိတ်ရသလဲ လို့ သူက ပြောတယ်။ ဦးအေးမောင် ဆွေးနွေးဖို့ ခုနားကကဏ္ဍနဲ့ ခုဆွေးနွေးတဲ့ ကဏ္ဍဟာကွာခြား နေတယ်ပေါ့။ ဦးတည်ချက်အ တိုင်းမငုံ မိဘဲနဲ့ ဘေးထွက် လာ တယ်ထင်လို့ ဆိုပြီးတော့ လွှတ်တော် ဥက္ကဌက တားတယ်သဘောပါ” ဟု ပြောဆိုသွား ပါ သည်။
အိုဘားမား မြန်မာ ခရီး၊ ဒေါ်စု စကားနဲ့ ဦးသိန်းစိန်ရဲ့ စာ
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံဟာ လတ်တလော မြန်မာနိုင်ငံ ရခိုင်ပြည်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ တိုက် ရိုက် ပတ်သက်နေတာမို့ ခုတလောမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတွေကို သတင်းစာတွေမှာ သာမက သူ့နိုင်ငံက ထုတ်လွှင့် တဲ့ ရုပ်သံလိုင်း ၂၀ ကျော်မှာ နေ့စဉ် ထုတ်လွှင့် ပြသနေတာကို တွေ့နေရပါတယ်။
ဒီအထဲမှ ဦးစားပေး ဖေါ်ပြနေတာကတော့ အမေရိကန် သမ္မတ အိုဘားမားရဲ့ မြန်မာပြည် ခရီးစဉ်၊ မြန်မာ ဒီမိုကရေစီ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ အိန္ဒိယ ခရီးစဉ်အတွင်းမှာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တဲ့ အင်တာဗျူးနဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေှးမှူး ဘန်ကီးမွန်း ဆီကို ရေးသား ပေးပို့တဲ့ စာ အကြောင်းအရာတွေဘဲ ဖြစ်ပါတယ်။
အမေရိကန် သမ္မတ အိုဘားမားရဲ့ခရီးစဉ် အတွင်းမှာ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်က လူနည်းစု နိုင်ငံမဲ့ ဘင်္ဂလီ မွတ်ဆ လင် ( သူတို့ အခေါ် ရိုဟင်ဂျာ) အရေးနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရကို ဖိအားပေးမယ်ဆိုပြီး အကြီးအကျယ် ဘင်္ဂလာက သတင်းတွေ မှာ ဖေါ်ပြနေကြပါတယ်။
အမေရိကန် သမ္မတ အိုးဘားမားဟာ သူရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ ရခိုင်ဒေသအတွင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေနဲ့ ပတ် သက်ပြီး မြန်မာ အစိုးရနဲ့ ဆွေးနွေးသွားမှာ ဖြစ်သလို ရခိုင်ပြည်နယ် အတွင်း တည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး ကိစ္စ တွေကို အလေးပေး ပြောကြားမယ်လို့ ဆိုပါတယ်။
အိုအိုင်စီလို့ ခေါ်တဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကလည်း ရခိုင်ပြည်နယ် အတွင်းမှာ မွတ်ဆလင် လူနည်းစုတွေကို လူ မျိုးတုန်း သတ်ဖြတ်နေတယ်လို့ စွပ်စွဲထားပြီး မြန်မာ အစိုးရကို သူရဲ့ ခရီးစဉ် အတွင်းမှာ ဖိအားပေးဖို့ အမေရိကန် သမ္မတ အိုဘားမား ကို မနေ့က တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။
လက်ရှိ အိုအိုင်စီရဲ့ ယာယီဥက္ကဌ Djibouti နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး မူဟာမောက် အာလီ ယူဆော့က အမေရိကန် သမ္မတ အနေနဲ့ မြန် မာ အစိုးရကို ပြင်းပြင်းထန်ထန် သတိပေး ပြောကြားလိမ့်မယ်လို့ သူမျှော်လင့်တယ်လို့ ပြောဆိုပါတယ်။
မြန်မာနိုင်ငံက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ အခု ရခိုင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အိန္ဒိယက NDTV နဲ့အင်တာဗျူး ပေးရာမှာ ရခိုင်ပြည်နယ်မှ လူနည်းစု မွတ်ဆလင်တွေ အပေါ်မှာ ရပ်တည် ပေးတဲ့ စကားမျိုး မပြောရကောင်းလား ဆိုပြီး သောကြာနေ့က နယူးဒေလီမြို့က အမျိုးသမီး ကောလိပ်ကျောင်း တစ်ခုရှေ့မှာ ကန့်ကွက် ဆန္ဒပြပွဲ တစ်ခု ပေါ်ပေါက်ခဲ့တယ်လို့ ဘင်္ဂလာ သတင်းစာတွေက ဆိုပါတယ်။
အဲဒီ ဆန္ဒပြပွဲကို The Association for Protection of Civil Rights and the Democratic Student’s Union က ဦးဆောင်ပြုလုပ် တယ် လို့ ပြောပါတယ်။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အခု ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ ဘက်နှစ်ဘက်စလုံးက ကျူးလွန်ခဲ့ကြ တာမို့ ဘက်တစ်ဘက်က ရပ်တည်ပြီး ထောက်ခံပေးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလို့ ပြောဆို လိုက်သလို အခု ရခိုင် ပြဿနာဟာ နယ် စပ် လူဝင်မူ ပြဿနာနဲ့ ပတ်သက် နေတာမို့ မြန်မာ နိုင်ငံ တစ်ခုတည်းမှာသာ တာဝန်ရှိတာ မဟုတ်ဘဲ ဘင်္ဂလာဒေခ်ျ့ မှာလည်း တာဝန် ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။
ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင် ပဋိပက္ခနဲ့ ပတ်သက်ပြီး တဘက်ဘက်က ရပ်တည် ထောက်ခံပေးဖို့ ဆိုတာထက် လူမျိုးနှစ်ခုအ ကြား မှာ သင့်သင့်မြတ်မြတ်နဲ့ ပြန်လည် ရင်ကြားစေ့ရေးကိုသာ လုပ်ဆောင် သွားလိုတယ်လို့ ပြောဆိုပါတယ်။
အခုလို ပြောဆိုတာဟာ ခေါင်းဆောင် တစ်ဦးရဲ့ သမာသမတ်ကျတဲ့ စကား ဖြစ်ပေမယ့် ရိုဟင်ဂျာ အရေး လူပ်ရှားနေသူတွေကတော့ လူ နည်းစု ရခိုင် ပြည်နယ်က မွတ်ဆလင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရမူတွေ အပေါ်မှာ မသိကျိုးကျွန် ပြုရာ ရောက်တယ်လို့ စွပ် စွဲ ပြောဆို ကန့်ကွက် မူတွေလည်း ပေါ်ထွက်နေတယ်လို့ ဆိုပါတယ်။
ခုလို အချိန်မှာ မြန်မာ သမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်းဆီကို စာတစ်စောင် ရေးသား ပေးပို့လိုက်တယ် လို့ သတင်းစာတွေက ဖေါ်ပြပါတယ်။
ခုလို စာရေးသားတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ္ဂတာဝန်ရှိသူတွေကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့က သတင်းစာတွေမှာ မြန်မာ အစိုးရက ရိုဟင်ဂျာတွေကို နိုင်ငံသား အဖြစ် အသိအမှတ် ပြုပေးတော့ မယ်လို့ စီစဉ်နေတဲ့ အကြောင်း ဖေါ်ပြပါတယ်။
ဒါပေမယ့် သမ္မတ ဦးသိန်းစိန်ရဲ့ ပြောတာဟာ သိပ်ကွဲကွဲပြားပြား မရှိသလို ယခင် သူပြောဆိုခဲ့တဲ့ မွတ်ဆလင် လူနည်းစု နိုင်ငံသား ဖြစ်မူ အပေါ်မှာ ထားရှိတဲ့ သဘောထားဟာ ပြောင်းလဲ သွားပြီလား ဆိုတာကိုလည်း တိတိကျကျ မပြောနိုင်သေးဘူလို့ သတင်းစာတွေက ရေး ပါတယ်။ မြန်မာ နိုင်ငံ လွတ်လပ်ရေး မရမှီ ၁၉၄၈ ခုနှစ် အရင်က ဘင်္ဂလာဒေခ်ျ့ဘက်က ၀င်လာတဲ့ သူတွေကို နိုင်ငံသား အဖြစ် မြန်မာ အစိုးရက စဉ်စား ပေးသွားမယ်လို့လည်း ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့စာထဲမှာ ဆူပူ အကြမ်းဖက်မူတွေက ထွက်ပြေးလာကြပြီး ဒုက္ခသည် စခန်းတွေ မှာ နေထိုင် နေကြတဲ့သူတွေကို နိုင် ငံသား အဖြစ် အသိအမှတ်ပြုဖို့ စိစစ် ဆောင်ရွက်နေတဲ့ အကြောင်းနဲ့ သူတို့ကို နိုင်ငံ တကာ စံနုန်းတွေနဲ့ အညီ လွတ်လပ်စွာ အလုပ် လုပ်ပိုင်ခွင့်နဲ့ တနိုင်ငံလုံး လွတ်လပ်စွာသွားလာခွင့်တွေ ပေးမယ်ဆိုတဲ့ အကြောင်း စာထဲမှာ ဖေါ်ပြထားတယ်လို့လည်း ဆိုပါတယ်။
အခု ရခိုင်မှာဖြစ်နေတဲ့ ဆူပူအကြမ်းဖက်မူကြောင့် မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမူကို ထိခိုက် နေတယ်လို့လည်း စာထဲမှာ ရေးသား ထား ပြီး ဒီအရေးအခင်း အပေါ် ရှုတ်ချတယ်လို့လည်း သမ္မတ ဦးသိန်းစိန်က ရေးသား ဖေါ်ပြထားတယ်လို့ ဆိုပါတယ်။
ဦးသိန်းစိန်ရဲ့ စာအပေါ်မှာတော့ ကုလသမဂ္ဂ္ဂ အတွင်းရေးမှူးက အပြုသဘော ကြိုဆိုကြောင်း တုန့်ပြန်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံက လက်ရှိ ရခိုင် အရေးဟာ နိုင်ငံတကာက အထူးစိတ်ဝင်စားနေ အရေး ကိစ္စ တစ်ခု ဖြစ်နေသလို အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံကိုလည်း တိုက်ရိုက် ရိုက်ခတ်မူတွေ ရှိနေတဲ့ အတွက် ဘင်္ဂလာဒေခ်ျ့နိုင်ငံက သတင်းစာတွေမှာတော့ နေ့တိုင်းလိုလိုမြန်မာသတင်း တွေကို သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းကနေ ဖေါ်ပြနေကြတာကို တွေ့နေရပါတယ်။
အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံ ရောက်ရှိ
သမ္မတ အိုဘားမား လိုက်ပါလာသော Air Force One ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆင်းသက်လာစဉ်။
သမ္မတ အိုဘားမား လေယာဉ်ပေါ်မှ အဆင်းကို ကြိုဆိုနှုတ်ဆက်သူများ။
အမေရိကန် သမ္မတ Barack Obama နှင့် နိုင်ငံခြားရေးဝန်ကြီး Hillary Rodham Clinton ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို နိုဝင် ဘာလ ၁၉ရက် တနင်္လာနေ့ မနက်ပိုင်းတွင် ရောက်ရှိလာပြီဖြစ်ပါတယ်။
ရန်ကုန်မြို့ကို ရောက်ရှိလာပြီဖြစ်တဲ့ အမေရိကန်သမ္မတအိုဘားမားဟာ မြန်မာသမ္မတဦးသိန်းစိန်နဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အ ဆောက် အအုံမှာ တွေ့ဆုံမှာဖြစ်ပါတယ်။
မြန်မာသမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံပြီးနောက်မှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို သွားရောက်တွေ့ဆုံ မှာဖြစ်ပါတယ်။
-----------------------------------------------------------------------------------------
“မြန်မာနိုင်ငံ မင်္ဂလာပါ” ဟု မြန်မာဘာသာဖြင့် အမေရိကန် သမ္မတ အိုဘားမားက နှုတ်ခွန်းဆက် ပြီး မွန်းလွဲ ၂ နာရီ ၃၉ မိနစ် တွင် မိန်းခွန်းကို စတင်။
---------------------------------------------------------------------------------------------
အမေရိကန် သမ္မတ ဘားရက် အိုဘားမား သည် မိန့်ခွန်းပြောကြားရန်အတွက် မွန်းလွဲ ၂ နာရီ ၃ဝ မိနစ် ဝန်း ကျင်တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမအတွင်းသို့ ရောက်ရှိလာသည်။
---------------------------------------------------------------------------------------------
ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် သမ္မတ အိုဘားမား၏ မိန့်ခွန်းကို နားထောင်ရန် ရန်ကုန် တက္ကသိုလ်၊ ဘွဲ့နှင်း သဘင်ခန်းမသို့ မွန်းလွဲ ၁ နာရီ မိနစ် ၃ဝ တွင် ရောက်ရှိလာသည်။
--------------------------------------------------------------------------------------------
အမေရိကန် သမ္မတနှင့် တွေ့ဆုံမှုအပြီး ဒေါ်အောင်ဆန်းစုကြည် ပြောစကား
“သမ္မတ အိုဘားမားကို ကျမတို့ နိုင်ငံနဲ့ ကျမအိမ်မှာ လက်ခံတွေ့ဆုံရတာကို ပျော်ရွှင်ဝမ်းမြောက်မိကြောင်း ကျမ အနေနဲ့ ပြောချင်ပါ တယ်။ တ ကယ်တော့ နှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ ဟိုးအရင်ကတည်းက ရှိခဲ့ပြီး ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ မြန် မာနိုင်ငံရဲ့ ဒီမို ကရေစီအရေး လှုပ်ရှားမှုကို အား တက်သရော ကူညီထောက်ပံ့ခဲ့ တဲ့ နိုင်ငံ ဖြစ်ပါတယ်။ အမေရိကန် အနေနဲ့ ကူညီ ထောက် ပံမှုတွေကို ခက် ခဲ တဲ့ အချိန်တွေမှာလည်း ဆက်လက်ပြုလုပ်လိမ့်မယ်လို့ ကျမတို့ ယုံကြည်ပါတယ် ” ဟု ဒေါ်အောင်ဆန်း စုကြည်က သူ၏ နေအိမ်တွင် ပြုလုပ်ခဲ့သည့် သမ္မတအိုဘားမားနှင့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။
------------------------------------------------------------------------------------------
သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီးနောက် အမေရိကန် သမ္မတ အိုဘားမား သည် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ဒေါ်အောင် ဆန်းစုကြည် နေအိမ်မှ ပြန်လည်ထွက်ခွာသွားသည်။
------------------------------------------------------------------------------------------
အိုဘားမားနှင့် ဒေါ်စု သတင်းစာရှင်းလင်းပွဲ ပြီး
အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သတင်းစာ ရှင်းလင်းပွဲကို မွန်း လွဲ ၁ နာရီ ၁၁ မိနစ်တွင်ပြီး ဆုံး သွားသည်။
------------------------------------------------------------------------------------------
အိုဘားမားနှင့် ဒေါ်စု သတင်းစာရှင်းလင်းပွဲ စ
အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နာရီဝက်ကြာ ဒုတိယအကြိမ် တွေ့ဆုံမှု အပြီးတွင် သတင်း ထောက် များနှင့် တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲကို မွန်းလွဲ ၁ နာရီ ၇ မိနစ်တွင် စတင်နေပြီဖြစ်သည်။
-----------------------------------------------------------------------------------------
အမေရိကန် သမ္မတနှင့် ဒေါ်စု တွေ့ဆုံနေ
အမေရိကန် သမ္မတ ဘားရက် အိုဘားမားသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် နေရလည် ၁၂ နာရီ မိနစ် ၂ဝ ခန့်ကတွေ့ဆုံ ဆွေး နေရာ ပြည်တွင်း ပြည်ပ သတင်းထောက်များ သတင်းယူရန် စောင့်ဆိုင်းနေကြသည်။
-----------------------------------------------------------------------------------------
အမေရိကန်သမ္မတ အိုဘားမားသည် မွန်းလွဲ ၁၂ နာရီ ၁၇ မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ရောက်ရှိသည်။
----------------------------------------------------------------------------------------
သမ္မတများ မိန့်ခွန်း နားထောင်ရန် တန်းစီနေကြ
အမေရိကန်နှင့် မြန်မာ သမ္မတတို့၏ မိန့်ခွန်းများကို နားထောင်ရန်အတွက် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက်နိုင်ရေး လူ အများ တန်းစီလျက်ရှိနေကြသည်။
“လုံခြုံရေး စစ်ဆေးမှုအတွက် တန်းစီနေကြပါတယ်။ လူ တထောင် ကျော်ပါလိမ့်မယ်” ဟု ထိုနေရာသို့ ရောက်ရှိနေသော သတင်း ထောက် တဦးက ပြောသည်။
---------------------------------------------------------------------------------------
သမ္မတ ဦးသိန်းစိန်ကို သမ္မတ အိုဘားမား ပြောကြားချက်
သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် အမေရိကန် သမ္မတ အိုဘားမားက ယခုကဲ့သို့ အပြုသဘောဆောင်သည့်တွေ့ဆုံမှုသည် အမေရိ ကန်-မြန်မာ နှစ်နိုင်ငံ ရေရှည် ဆက်ဆံရေးအတွက် ပထမဆုံး ခြေလှမ်း ဖြစ်ကြောင်း၊နိုင်ငံတော် သမ္မတ၏ နိုင်ငံရေး၊ စီးပွားရေးပြုပြင် ပြောင်းလဲမှု သည် မြန်မာနိုင်ငံအား တိုးတက်မှုကို ဖြစ်ပေါ်စေကြောင်း၊ အမေရိကန်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် အမေရိ ကန်နှင့် မြန်မာ နိုင်ငံ နှစ်နိုင်ငံအတွက်သာမက အရှေ့တောင်အာရှအပြင် တကမ္ဘာလုံး တိုးတက်မှုအတွက် အထောက်အကူပြုနိုင်ကြောင်း နိုင်ငံတော် သမ္မတ ကြီး၏ ကလေးစစ်သားဆိုင်ရာ ဆောင်ရွက်မှုများနှင့် လက်နက်ကြီး တပ်ဆင်မှု ထိန်းချုပ်မှုဆိုင်ရာ ဆောင်ရွက်မှုများ သည်ကောင်း မွန် ကြောင်း၊ မြန်မာနိုင်ငံသို့ နောင်တွင်လည်း ထပ်မံလာရောက်နိင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့ သည်။
-----------------------------------------------------------------------------------------
သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံပြီးစီးသွားပြီးနောက် အမေရိကန်သမ္မတ အိုဘားမားနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့ တွေ့ဆုံဆွေးနွေးတော့မှာ ဖြစ်သည်။
-----------------------------------------------------------------------------------------
ရှေ့သို့ သွားနေသည်ဟုဆို
သမ္မတ ဦးသိန်းစိန်က သမ္မတ အိုဘားမားကို နှုတ်ဆက်စကားဆိုရာတွင် “သမ္မတကြီး(သမ္မတအိုဘားမား)ရဲ့ စကားအတိုင်းပါပဲ ကျနော် တို့ လည်း Move Forward သွားနေပါတယ်။” ဟု ထည့်သွင်းပြောကြားသည်။
-----------------------------------------------------------------------------------------
မြန်မာကို ဒေါ်လာ သန်း ၁၇၀ ပေးမည့်အကြောင်း အိုဘားမား ပြောမည်
မြန်မာနိုင်ငံ ပညာရေး မြှင့်တင်ရန်နှင့် ဒီမိုကကရက်တစ် အဖွဲ့အစည်းများ တည်ထောင်ရေးတွင် အရပ်ဖွဲ့ လူ့အဖွဲ့အစည်းကို ကူညီရန် ၂၀ ၁၂, ၂၀၁၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၇၀ ကူညီထောက်ပံ့မည့် အကြောင်း အမေရိက သမ္မတက သူ၏ မြန်မာပြည် ခရီး စဉ် အတွင်း ကြေညာရန် ရှိသည်ဟု AFP သတင်းတစ်ရပ် တွင် ဖေါ်ပြထားသည်။
----------------------------------------------------------------------------------------
မြန်မာပြည်ခရီးစဉ်အပေါ် အိုဘားမားကာကွယ်ပြောကြား
အချိန်မကျသေးဘဲ မြန်မာပြည် သွားရောက်လည်ပတ်တာလို့ ဝေဖန်နေတာတွေအပေါ် အိုဘားမားက သူ့ခရီးစဉ်ဟာ ဘိသိက်သွန်းတာ မ ဟုတ်တဲ့အကြောင်း ခုခံပြောဆိုလိုက်ပါတယ်။
“မြန်မာဟာ သူတို့ရှိသင့်တဲ့နေရာမှာ ရှိနေပြီလို့ ဘယ်သူမှ ထင်ယောင်ထင်မှား ဖြစ်မယ်မထင်ပါဘူး” ဟု အိုဘားမား က ထိုင်းဝန်ကြီးချုပ် ယင်းလတ်ခ် ရှင်နာဝပ်ထရာနှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။
“တဖက်မှာလည်း ပြည့်စုံတဲ့ ဒီမိုကရေစီရတဲ့အထိအောင် ကျွန်တော်တို့စောင့်ပြီးမှ ထိတွေ့ဆက်ဆံရမယ်ဆိုရင် အကြာကြီးကိုပဲ စောင့်ရ လိမ့်မယ်လို့ ကျွန်တော်တော့ သင်္ကာမကင်း ဖြစ်မိတယ်”
“ဒီခရီးစဉ်ရဲ့ ရည်မှန်းချက်တစ်ခုမှာ တိုးတက်မှုတွေကို မီးမောင်းထိုးပြဖို့ ဖြစ်ပေမယ့် အနာဂတ်မှာ ဒီထက်အများကြီး ပိုတိုးတက်အောင် လုပ် သင့်တဲ့ဟာတွေကိုလည်း ပြောဖို့ဖြစ်တယ်” ဟု သူက ပြောသည်။
(ကိုးကား : အေဘီစီ)
-----------------------------------------------------------------------------------------
နိုဘယ်လ်ဆုရှင် အမျိုးသမီးများ အိတ်ဖွင့်ပေးစာ
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် အမျိုးသမီးငါးဦးက သမ္မတအိုဘားမားနှင့် သမ္မတ ဦးသိန်းစိန်တို့ကို အိတ်ဖွင့်ပေးစာ တစ်စောင်ရေးသားပေး ပို့ရာတွင် ရခိုင်ပြည်နယ်အတွင်း စနစ်တကျအကြမ်းဖက်လုပ်ဆောင်မှုများ အဆုံးသတ်ရေး လုပ်ဆောင်ရန် တိုက်တွန်းလိုက်သည်။
“လူ ၁၇ဝ သေဆုံးပြီး လူပေါင်း ၁၁၀၀၀၀ အထိအောင် သူတို့နေအိမ်တွေကနေ ရွှေ့ပြောင်းခဲ့ရတယ်ဆိုတဲ့ သတင်းတွေသိရတဲ့အတွက် ကျွန်မ တို့ နက်နက်ရှိုင်းရှိုင်းကိုပဲ စိတ်မကောင်းဖြစ်မိပါတယ်။ လူသားချင်း ဆိုင်ရာ အထောက် အကူပေးတာတွေအပေါ် ကန့်သတ်တာ တွေနဲ့က လေး တွေနဲ့ အမျိုးသမီးတွေ အပါအဝင် အကြမ်းဖက်မှုတွေကြောင့် အသက်မသေကျန်ရစ်သူတွေကို အရမ်းလိုအပ်နေတဲ့ ကျန်း မာရေး၊ အစား အသောက် နဲ့ နေစရာတွေ မရအောင် တားမြစ်တာတွေ အဆုံးသတ်ဖို့ကိုလည်း ကျွန်မတို့ တိုက်တွန်းပါတယ်” ဟုလည်း ကြေညာချက် တွင် ပါရှိသည်။
-----------------------------------------------------------------------------------------
အိုဘားမား အဖိုးလည်း မြန်မာပြည် ရောက်ဖူး
အမေရိကန် သမ္မတ၏ ကင်ညာလူမျိုးအဖိုး ဟူစိန် အွန်ယန်ဂို အိုဘားမား (Hussein Onyango Obama) က ဒုတိယ ကမ္ဘာစစ် ကာလအ တွင်း က မြန်မာနိုင်ငံသို့ အင်္ဂလိပ် စစ်တပ်၏ ဗိုလ်ကြီးတဦးအတွက် ထမင်းချက်အဖြစ် ရောက်ရှိ လာခဲ့ဖူးသည်။ သို့သော် အိုဘားမား သည် အဖိုး ဖြစ် သူကို မမြင်ဖူးလိုက်ပါ။
အိုယန်ဂို အိုဘားမား (Onyango Obama) က ၁၈၉၅ ခုနှစ်တွင် မွေးဖွားခဲ့သည်ဟု ယုံကြည်ရသည်။ လူအို မျိုးနွယ်စု (Luo tribe) ဝင် တဦး ဖြစ်ပြီး၊ ကင်ညာနိုင်ငံရှိ ကိုလိုနီ အရာရှိများထံတွင် အစေခံအဖြစ် နှစ်များစွာ အလုပ်လုပ်ကိုင် ခဲ့သည်။ သူ၏ သား ပထမ ဘားရက် ဟူစိန် အိုဘားမားက နောက်ပိုင်းတွင် သမ္မတဖြစ်လာမည့် အိုဘားမား၏ ဖခင်ဖြစ်သည်။ စစ်အတွင်းက မြန်မာနိုင်ငံတွင် ကင်ညာလူမျိုး ၇၅,၀၀၀ ခန့် တာဝန် ထမ်းဆောင်ခဲ့ကြသည်။
(ကိုးကား။ ။ နယူးယော့တိုင်းမ်)
----------------------------------------------------------------------------------------
ဦးသိန်းစိန် ရန်ကုန်ပြန်လာ
မနက်ဖြန်တွင် ရောက်ရှိလာမည့် သမ္မတ အိုဘားမားနှင့် တွေ့ဆုံရန် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် အာဆီယံ ထိပ်သီး အစည်းအဝေး တက်နေသော မြန်မာ သမ္မတ ဦးသိန်းစိန်သည် ယနေ့ (တနင်္ဂနွေနေ့ည)တွင် ရန်ကုန်မြို့ သို့ ပြန်လာမည် ဖြစ်သည်။
သမ္မတ အိုဘားမားသည် သူ၏ ခြောက်နာရီကြာ ရန်ကုန်မြို့ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ အတိုက်အ ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နယ်ပယ် အသီးသီးမှ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ၊ ရန်ကုန်ရှိ အမေရိကန် သံရုံး ဝန်ထမ်း များ နှင့် တွေ့ဆုံမည် ဖြစ်သည်။
ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် သမ္မတ အိုဘားမားက နယ်ပယ် အသီးသီးမှ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များကို ဟောပြော မည် ဖြစ်သည်။
နေ့လည်စာကို အမေရိကန် သံရုံးတွင်ပင် စားသုံးမည် ဖြစ်သည်။
----------------------------------------------------------------------------------------
အကျဉ်းသား ၆၆ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ
သမ္မတ ဘားရက်အိုဘားမား လာရောက်မည့် ခရီးစဉ် အကြိုညတွင် မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အကျဉ်းသား ၆၆ ဦးကို လွတ် ငြိမ်း ချမ်းသာခွင့် ပေးလိုက်သည်ဟု နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်သည်။
လွှတ်ပေးရမည့် သူများနှင့် ပတ်သက်၍ နိုဝင်ဘာ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တွင် စိစစ်ခဲ့ခြင်း ဖြစ်သည်ဟုကြေညာချက်တွင် ပါရှိသည်။
ယခု လွှတ်ပေးမှုတွင် နိုင်ငံရေး အကျဉ်းသားများ ပါရှိလိမ့်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။
-----------------------------------------------------------------------------------------
ရန်ကုန်လေဆိပ် လေယာဉ် ခရီးစဉ်များ ရွှေ့ဆိုင်း
သမ္မတ အိုဘားမားခရီးစဉ်ကြောင့် ရန်ကုန် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ် ခရီးစဉ်များခေတ္တ ဆိုင်းငံ့ထားမှာ ဖြစ် ကြောင်း ပြန်ကြားရေး ၀န်ကြီး ဌာနက ထုတ်ပြန်သည်။
တနင်္လာနေ့ နံနက် ၉ နာရီမှ ၁၀ နာရီအတွင်းနှင့် ညနေ ၃ နာရီမှ ၄ နာရီအတွင်း ပုံမှန် လေယာဉ် ခရီးစဉ်များကိုနောက်သို့ ရွှေ့ လိုက် ခြင်း ဖြစ်သည်။
နံနက်ပိုင်း အချိန်တိုက်နေသော လေယာဉ်များကို နံနက် ၁၀ နာရီ နောက်ပိုင်းနှင့် ညနေပိုင်း လေယာဉ်များကို ညနေ ၄ နာရီနောက်ပိုင်း ပြောင်းရွှေ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကျောက်တော် စစ်တပ်က ရိတ်သိမ်းလယ်များ မြို့နယ်ဦးစီးက ကွင်းဆင်း စစ်ဆေး
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြိန်းချောင်းကျေးရွာတွင် စစ်တပ်က စပါး ရိတ်သိမ်းသွားသော လယ်မြေဧကများကို မြို့နယ် ဦးစီး မှူးရုံးက ယနေ့တွင် ကွင်းဆင်း စစ်ဆေးနေသည်ဟု သတင်း ရရှိသည်။
“ ဟုတ်ကဲ့။ မြို့နယ် ဦးစီးမှူးရုံးနဲ့ မြို့နယ်မြေတိုင်း ဦးစီးမှူးရုံးက လာရောက် တိုင်းတာနေပါတယ်။ စစ်တပ်က ရိတ်သိမ်းသွားတဲ့ လယ်ဧ က ဘယ်လောက်ရှိတယ်ဆိုတာကို အခု တိုင်းတာနေပါတယ်။ စစ်တပ်ကတော့ ဒီကနေ့မှာ စပါးရိတ်သိမ်းတာလည်း မရှိသလို တစ်စုံတစ် ရာ ဟန့်တားမူ လုပ်တာလည်း မရှိပါဘူး” ဟု ကျေးရွာသား တစ်ဦးက ပြောသည်။
ကျောက်တော်မြို့နယ် ကန်စောက် အခြေစိုက် ခမရ ၅၃၉ တပ်ရင်းမှ စစ်သားများသည် ယမန်နေ့ထိ ပြည်သူများ ထွန်ယက်စိုက်ပျိုးထား သော စပါးခင်းများကို လာရောက် ရိတ်သိမ်းခဲ့သည်ဟု ဆိုသည်။
“ စစ်တပ်က မနေ့ကလည်း လာရောက် ရိတ်သိမ်းပါတယ်။ ပီးရင် အဲဒီ လယ်မြေတွေဟာ စစ်တပ်ပိုင် ဆိုပြီးလည်း ဆိုင်းဘုတ် (၂) ခု ထောင်သွားပါတယ်။ တစ်ခုက ကားလမ်းရှေ့မှာ ဖြစ်ပြီး နောက်တစ်ခုက အုတ်တောင်ပြင် ရွာဘက်က ထောင်ပါတယ်။ တပ်နယ်မြေဆိုပြီး ရေးထားပါတယ်” ဟု ဒေသခံ ပြောသည်။
ပြိန်းချောင်းနှင့် အနီးတ၀ိုက်ကျေးရွာများမှ လယ်သမားများ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင် စားသောက်လာသော လယ်ဧက ၆၀၀ ကို ခမရ ၅၃၉ မှ တပ်ရင်းချရန် အတွက်ဟု အကြောင်းပြကာ သိမ်းယူသွားခဲ့ပြီး လယ်သမားများ လက်ကျန် လုပ်ကိုင် စားသောက်နေသော ဧက ၁၂၀ ကိုလည်း စစ်တပ်ပိုင် လယ်မြေများ ဖြစ်သည်ဟု ဆိုကာ စစ်သားများက လက်နက် ကိုယ်စီဖြင့် လာရောက်ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့က စပြီး စပါးများကို လာရောက် ရိတ်သိမ်းနေသည်ဟု ဆိုသည်။
လယ်သမား စိုက်ပျိုးထားသော စပါး စိုက် ဧက ၁၂၀ တွင် ယအခု စစ်တပ်က ဧက ၅၀ ခန့် ရိတ်သိမ်း ယူဆောင်သွားခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။
ယခုကဲ့သို့ စစ်တပ်က တရားလက်လွန် အနိုင်ကျင့်မူကို သည်းမခံနိုင်သဖြင့် လယ်သမားများက ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အပါအ၀င် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော် ဥက္ကဌများထိ တက်ရောက် တိုင်ကြားခဲ့သည်။
ထိုသို့ တိုင်ကြားခဲ့ပြီးနောက်ပိုင်း နိုဝင်္ဘာလ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဆည်မြောင်းဝန်ကြီး ဦးကိုကိုနိုင်သည် အဆို ပါကျေးရွာသို့ လာရောက် စစ်ဆေးခဲ့သည်ဟု ဆိုသည်။
ယနေ့တွင် မြို့နယ်ဦးစီးမှူးရုံးနှင့် မြေစာရင်းမှ စစ်တပ်က ရိတ်သိမ်း သွားသောစပါး စိုက်ခင်းများကို တိုင်းတာနေသော်လည်း ကျေးရွာ သား များမှာမူ စစ်တပ်က ၀င်ရောက် ရန်ရှာမည်ကို အထူး စိုးရိမ်နေကြသည်ဟု သတင်း ရရှိသည်။
KBC အစည်းအဝေး တက်ရောက် ရန် KNU အဖွဲ့ဝင် ၃ဦး ဖိတ်ကြားခံရ
မြန်မာနိုင်ငံရှိ Karen Baptist Convention ခေါ် နှစ်ခြင်းခရစ်ယာန်အဖွဲ့ တစ်ခုက နိုဝင်ဘာလ ၁၇ရက်နေ့၌ အစည်းအဝေးတစ်ရပ်ပြုလုပ် မည်ဖြစ် ပြီးယင်း အစည်း အဝေးတွင် ကရင်အမျိုးသားအစည်းအရုံး-KNU မှ ကိုယ်စားလှယ် ၃ဦး အပါအ၀င် ထိုင်း-မြန် မာနယ်စပ်အခြေ စိုက် ကရင်အဖွဲ့အစည်းအချို့ကို ဖိတ်ကြား ထားသည်။
၂ရက်ကြာ ပြုလုပ်မည့် ယင်းအစည်းအဝေးတွင် KBC အဖွဲ့ကိစ္စအပြင် လက်ရှိ ကေ အဲန်ယူနှင့် မြန်မာအစိုးရတို့၏ ငြိမ်းချမ်းရေး လုပ်ငန်း စဉ် သည် မည်သည့်အဆင့်၌ ရှိနေကြောင်း၊ ရှေ့ဆက် မည်သို့လုပ်ဆောင်သွားမည်ဖြစ် ကြောင်းနှင့်အခြေ အနေ ပေါ် မူတည်၍ ဆောင် ရန်၊ ရှောင်ရန် ကိစ္စများကို မည်သို့ ပြင်ဆင် သင့်ကြောင်း စသည်တို့ကို ဆွေးနွေးသွားမည်ဟု KBC အမှုဆောင် အရာရှိဖြစ်သူ ဒေါက်တာဂါ ဘရီလ်(Dr. Gabriel)က ပြောသည်။
ဒေါက်တာဂါဘရီလ်က “ပြည်တွင်းမှာရှိတဲ့ ကရင်တွေဟာ အပစ်ခတ်ရပ်စဲရေးဖြစ်စေ၊ စည်းလုံးညီ ညွှတ်ရေးဖြစ်စေ ကျနော်တို့ ဘယ်လိုပူး ပေါင်းပါဝင်ဆောင်ရွက်မလဲဆိုတာ အားနည်းနေသေးတယ်။ ဒါကို ဒီထက် နားလည်အောင် အခုလုပ်မယ့် အစည်းအ ဝေးမှာ ပြောဆိုဆွေး နွေးကြဖို့ ကေအဲန်ယူကိုလည်း ဖိတ်တာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အစည်းအဝေးသို့ ကေအဲန်ယူ ကိုယ်စားလှယ် ၃ဦး အပါအ၀င် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်များကော်မတီ-KRC မှ ဥက္ကဌ လည်း ဖြစ်၊ နှစ်ခြင်းခရစ်ယာန် သိက္ခာတော်ရ ဆရာတော်စောရောဘတ်ထွေး ပါဝင်သည့်အဖွဲ့ ၈ဦးနှင့် KBC အား ကူညီပံ့ပိုး သူများ၊ ပြည်တွင်းရှိ ခ ရစ်ယာန်အသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ စသည်တို့ စုစုပေါင်း လူဦးရေ ၄၀ကျော် တက်ရောက်မည်ဟု သိရ သည်။
သို့သော် ကေအဲန်ယူဘက်မှ KBC ၏ အစည်းအဝေးသို့ တက်ရောက်ရန် ကိုယ်စားလှယ်အဖြစ် မည်သူအား စေလွှတ်မည်ကို ယခုထိ ထုတ် ဖော် ပြောဆိုထားခြင်း မရှိသေးပေ။
KBC အစည်းအဝေးသည် အဓိကအားဖြင့် ဘာသာရေးဆိုင်ရာ အစည်းအဝေးဖြစ်၍ လက်ရှိအချိန်တွင် ကေအဲန်ယူအနေဖြင့် တက်ရောက် ရန် မသင့်လျော်သေးသလို အသေအချာ စဉ်းစားရန်လိုကြောင်းလည်း ပြည်ပရောက် ကရင်အဖွဲ့အစည်းအချို့က သုံးသပ်ဝေဖန်နေကြ သည်။
KBC သည် ယခုလို အစည်းအဝေးကို ပြီးခဲ့သည့် ၂၀၁၁ခုနှစ်မှစ၍ လာမည့် ၂၀၂၀ခုနှစ်အထိ စတင်ကာ တနှစ်လျှင် ၂ကြိမ် စီမံ ကိန်းဖြင့် လုပ် ဆောင်သွားရန်ရှိပြီး ကေအဲန်ယူကို ဖိတ်ကြားသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။
ဘုရားပြီး ငြမ်းဖျက် စကားပုံနှင့် မူစယ် ၁၀၅ မိုင် ကုန်ထမ်း အလုပ်သမားများ ဘဝ
သျှမ်းပြည် (မြောက်ပိုင်း) မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အတွင်း ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း ဘုရားသိမ် စတင် ဆောက်လုပ်ခဲ့ သည့် တစ်ချိန်တည်းတွင် ကုန်သွယ်ရေးဇုန် အလုပ်သမားဦးစီးဋ္ဌာနမှ တရားဝင်မဟုတ်သည့် ကုန်ထမ်း အလုပ်သမား ၂၅၆ ယောက်အား ခန့်အပ် လိုက်ခြင်းမှာ အချိန်အားဖြင့် တိုက်ဆိုင်မှု ဖြစ်နေပေသည် ။
၂၀၁၀ ခုနှစ် ၁၁ လပိုင်းက ဘုရားသိမ် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က အလုပ်သမားဦးစီးမှူး ဦးကျော်ကျော် ဦးမှ အဆိုပါ အ လုပ် သမားများအား အလုပ်ခန့်ခဲ့ခြင်း ဖြစ်သည် ။
ယခုအခါ သိမ်ဆောက်လုပ်မှု ပြီးဆုံး၍ ယခုလ ၂၅ ရက်နေ့တွင် ရေစက်ချလှူဒါန်းတော့မည်ဖြစ်ရာ ၄င်းအချိန်သည်လည်း ကုန်ထမ်း အ လုပ် သမား ၂၅၆ ယောက်စလုံး အလုပ်ဖြုတ်ခံရချိန်နှင့် တိုက်ဆိုင်နေပြန်သည် ။
မြန်မာလူမျိုးများက စေတီပုထိုးများ တည်ဆောက်ရာတွင် တပ်ဆင်အသုံးပြုသည့် အကာအရံများကို “ ငြမ်း ” ဟု ခေါ်ကာ တည်ဆောက် မှု ပြီးဆုံးချိန်တွင် အဆိုပါ ငြမ်းများကို ဖျက်သိမ်းလေ့ရှိသဖြင့် ဘုရားပြီး ငြိမ်း ဖျက်ဆိုသည့် ဆိုရိုးစကား ရှိနေရာ ယခုအလုပ်ဖြုတ်ခံရသည့် ဖြစ် ရပ်အပေါ် အလုပ်သမားများက ဘုရားပြီး ငြမ်းဖျက်ဟု တင်စား ပြောဆို နေခြင်း ဖြစ် သည် ။
အသက်ခပ်ကြီးကြီး အလုပ်သမားဟောင်းတစ်ဦးက ၄င်းကုန်ထမ်းအလုပ်သမားအဖြစ် စတင် အလုပ်ဝင်ခဲ့သည့် အတွေ့ အကြုံ ကို ယခု လို စပြောသည် ။
“အလုပ်စဝင်တော့ ၀င်ကြေးက တစ်ယောက်ကို ၂ သောင်းခွဲ ၊ အားလုံး ၂၅၆ ဦးဆိုတော့ ၆၄ သိန်း ပေါ့နော် လူ ၈ ယောက် ပါတဲ့ အဆိုင်း ၃၂ ဆိုင်းဖွဲ့လိုက်တယ်။ အဲဒီ တစ်ဆိုင်းကို ၂ သိန်းခွဲ သိမ်အလှူငွေ ဆိုပြီး အလုပ်သမားစုမှူး ဦးပေါ် တင်က ကောက်တယ် ။ နှစ်မျိုးပေါင်း တော့ ၁၂၈ သိန်း လောက်လှူခဲ့ရတယ်” ဟု ဆိုသည် ။
၂၀၁၁ ခုနှစ်အတွင်းက တရုတ် - မြန်မာနယ်စပ် အဓိက ကုန်သွယ်ရေးလမ်းကြောင်းပေါ် ရှိ အဆိုပါ ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်အတွင်း ကုန် စည်စီးဆင်းမှု ကောင်းမွန်ခဲ့ရာ တစ်နေ့လျှင် ကုန်တင်ကားကြီး အစီးရေ ၁၀၀ ၀န်းကျင်ခန့် ဖြတ်သန်း သွားလာနေကြောင်း သိရ သည် ။
ကုန်ကားတစ်စီးလျှင် ကုန်အလေးချိန်တန်၂၅ နှင့် ၃၀ ၀န်းကျင်ကြား တင်ဆောင်ထားပြီး အဆိုပါကားတစ်စီး ကုန်တင် ကုန်ချခ အဖြစ် အ လုပ် သမား ၈ ယောက် တစ်ဆိုင်းလျှင် ကျပ်ငွေ ၁၂၀၀၀ ပေးကြောင်း ဆိုသည် ။
“ကုန်ထမ်းခ တစ်တန်ကို ကျပ် ၁၀၀၀ နှုန်းပေါ့နော်။ ကားတစ်စီး ၂၅ တန်ဆိုရင် ငွေ ၂၅၀၀၀ ရမယ် အလုပ်သမားတစ် ဆိုင်းကို ကားတစ် စီး ၁၂၀၀၀ ပဲရတယ်။ ပုတ်ပြတ်ပေးလိုက်တာပေါ့နော် ။ ကျန်တဲ့ငွေကို အလှူငွေဆိုပြီး ကောက် တယ် ။ ဒါ့ အပြင် နေ့စဉ် ငွေ ၅၀၀ ထပ် ဖြတ်တယ် ။ တစ်ရက်ကို ကားအစီး ၁၀၀ ကျော်လောက်ဆို တစ်ဆိုင်းကို ၄ စီးနဲ့ ၅ စီးကြား ထမ်း ရတယ် ။ တကယ်တမ်းထမ်း ရတဲ့လူတွေကတစ် ယောက် ကို ကျပ် ၆၀၀၀ လောက်ပဲရကြတယ် ” ဟု သူ ဆိုသည် ။
အဆိုပါ အောက်ခြေကုန်ထမ်းအလုပ်သမား အများစုမှာ အညာဒေသမှ ကြုံရာကျပန်း လာရောက်လုပ်ကိုင်စားသောက် သူများဖြစ်ကြပြီး အိမ် ထောင်သည်များလည်း ပါဝင်ကြောင်း သိရသည် ။
၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အလုပ်သမားဦးစီးရုံး လက်အောက်တွင် အလုပ်သမား ၈၀၀ ခန့်ရှိသည့်အနက် ပါမစ် (ပတ်ကား) ၊ အရန် နှင့် ဖိုက် တာ ဟု ဆိုကာ အတန်းအစား ၃ မျိုးခွဲထားပြီး အဆိုပါ ၂၅၆ အုပ်စုမှာ ဖိုက်တာဟု ခေါ်သော အောက်ခြေ အလုပ်သမားများ ဖြစ် သည် ။
၎င်းအလုပ်သမားများမှာ ပါမစ်နှင့် အရန် အလုပ်သမားများ မလုပ်လိုသည့် အလုပ်များနှင့် ဂိုဒေါင်တွင်း ကုန်အတင်အချ အ လုပ်များ လုပ် ကိုင် ရကြောင်း သိရသည် ။
၂၀၁၀ နိုဝင်ဘာလမှ ၂၀၁၂ နိုဝင်ဘာ ၆ ရက်နေ့အထိ အလုပ်သမားထုအတွင်း ငွေခွဲဝေရာတွင် အသုံးပြုသည့် နည်းကို ငွေကိုက် လူ ကိုက် စနစ် ဟု ဆိုပြီး ယခုလ ၆ ရက်နေ့ နောက်ပိုင်းတွင် ဘို့တူဘို့မျှစနစ်သို့ အစားထိုးပြောင်းလဲခဲ့ ကြောင်း ၄င်းအလုပ်သမားဟောင်းက ဆက်ပြော သည် ။
“ငွေကိုက်လူကိုက် စနစ်မှာက စုမှူးကနေ ဦးစီးအရာရှိအထိ အချိုးကျခွဲဝေယူတယ်။ အခုက ဘို့တူဘို့မျှစနစ်ပေါ့ ။ အောက်ခြေ ကနေပြီး စောင့် ရှောက်ရေးမှူး အထိ သူတစ်ကျပ် ကိုယ်တစ်ကျပ်ယူတဲ့ စနစ်ပေါ့နော် ” ဟု ဆိုသည် ။
အဆိုပါ ငွေကိုက်လူကိုက် စနစ်တွင် ငွေကြေးမသမာမှုများ ရှိခဲ့ကြောင်း သူက ဆက်ပြောရာတွင် “ အလုပ်သမားစောင့် ရှောက်ရေးမှူး ဦး သောင်းက ဦးစီးအရာရှိဆီ နေ့စဉ် အလုပ်သမား ဦးရေ တင်ပြရာမှာ တကယ်ရှိတာထက် ၁၂၂ ယောက်ပို တင်တယ်။ ဦးစီးမှူး ဦးကျော် ကျော် ဦးကနေ လက်ရှိ ဦးဝင်းနိုင်ဦး လက်ထက် အထိပေါ့နော်။ ၆၇ ယောက်က ဘုရား သိမ် အတွက် ကျန်တဲ့ ၅၅ ယောက်စာကိုက စုမှူး ကနေ ဦးစီးအရာရှိအထိ အချိုးကျခွဲ ဝေယူတယ် ” ဟု ဆိုသည် ။
ထို့အပြင် ၂၀၁၀ ခုနှစ်က ကိုယ်ထူကိုယ်ထ ၀ယ်ယူထားသည့် အလုပ်သမား အဖွဲ့ပိုင် ကားတစ်စီးရှိပြီး အဆိုပါကားမှ တစ်လဝင်ငွေ ကျပ် သိန်း ၄၀ ခန့်ရရှိရာ ၄င်းငွေကိုလည်း စာရင်းအင်းမရှိ သုံးစွဲသည်ဟု ဆိုသည် ။
ထို့ကြောင့် ၂၀၁၀ ခုနှစ်အထိ သာမာန် အလုပ်သမားစုမှူး အဆင့်သာ ရှိသော ဦးပေါ်တင်မှာ ယခုအခါ သိန်း ၆၀၀ တန် တိုက်တစ်လုံး အ ပြင် အိမ်စီးကားအမျိုးမျိုး ၊ ထော်လာဂျီ ၊ မြေထိုးစက်နှင့် အခြားစီးပွားရေးလုပ်ငန်းများ ပိုင်ဆိုင်သည့် သူဋ္ဌေးတစ်ဦး ဘဝသို့ ပြောင်းလဲ ရောက်ရှိ သွားကြောင်း ဆိုသည် ။
၂၀၁၂ နိုဝင်ဘာ ၈ ရက်နေ့မှစ၍ မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ အလုပ်သမားရုံးတွင် အရန်အလုပ်သမား ၁၂၀ ခန့်ကို ပါမစ်ရ အလုပ် သ မားများ အဖြစ် ပြန်လည် ခန့်အပ်ခဲ့သော်လည်း ဘုရားသိမ်ဆောက်လုပ် အပြီး အလုပ်ဖြုတ်ခံခဲ့ရသော အလုပ်သမား ၂၅၆ ဦးမှာ ပါဝင် ခြင်း မရှိပဲ အများစုမှာ ကြုံရာကျပန်း ရရာအလုပ်လုပ်ကိုင်နေရကြောင်း သိရသည် ။
မုဒိန်းကျင့်ရန်ကြိုးစားသော ကုလားအား အာမခံဖြင့်ပြန်လွှတ်
နိုဝင်ဘာလ(၁၁)ရက်နေ့က တောင်ဥက္ကလာပတွင် ရခိုင်အမျိုးသမီးတစ်ဦးအား မဒိန်းကျင့်ရန်ကြိုးစားသော ကုလားတစ်ဦးအား ရဲစခန်းမှ အာ မခံဖြင့် နိုဝင်ဘာလ(၁၁)ရက်နေ့က ပြန်လည်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
တောင်ဥက္ကလာ(၇)ရပ်ကွက်၊ မင်းရဲကျော်စွာကုန်းလမ်းနေအဘဦးထွန်းအောင်ကျော်၏သမီးမသွယ် သွယ်ထွန်းအသက်(၁၈)နှစ်၊ရခိုင် ကျောင်း သူအား ၄င်းရပ်ကွက်မှ ကုလားဖြစ်သူ ကျော်ဇင်အောင်(ခ)အာလူး အသက်(၂၆)နှစ်မှ မုဒိန်း ကျင့်ရန် ကြိုးစားခဲ့ကြောင်း သိရှိရ သည်။
"အဲဒီကုလားက နေ့လည်(၁၁)နာရီလောက်မှာ မသွယ်သွယ်ထွန်းကို မုဒိန်းကျင့်ဖို့ ဆွဲလားရမ်းလား လုပ်နေတာကို လူတွေကတွေ့တော့ ရပ် ကွက်က အချိန်မီဝင်ပြီး တားဆီးနိုင်ခဲ့ပါတယ်၊ မိန်းခလေးမှာ အင်္ကျီအားလုံး စုတ်ပြဲသွားပြီးတော့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေနည်းနည်း ရသွား ပါတယ်။ မုဒိန်းကျင့်ဖို့ကြိုးစားတဲ့ ကုလားကိုတော့ တောင်ဥက္ကလာပ ရဲစခန်းကိုပို့လိုက်ပါတယ်၊ မိန်းခလေးကိုတော့ လုံခြုံတဲ့တစ် နေ ရာမှာ နေခိုင်းထားပါတယ်" ဟု ယင်းရပ်ကွက်နေ တစ်ဦးမှပြောသည်။
ယင်းကုလားအား တောင်ဥက္ကလာရဲစခန်းတွင် ပုဒ်မ ၃၅၊ ၄၅၁၊ ၉၅၄ စသည့် ပုဒ်မသုံးခုဖြင့် နိုဝင်ဘာလ(၁၁)ရက်နေ့ကတည်းက အမှုဖွင့် ထား ခဲ့သော်လည်း အမှုနှင့်ပတ်သက်၍ အသိသက်သေများ၊ မျက်မြင်သက်သေများ ရှိနေသည့်တိုင် စစ်ဆေးအရေးယူခြင်း တစ်စုံတစ်ရာ မပြု လုပ်ဘဲ အာမခံဖြင့် ပြန်လည်လွှတ်ပေးထားကြောင်း သိရှိရသည်။
မိုးဟေကို ဘာတွေထပ် ကြေညာဦးမလဲနဲ့ ဇာဂနာရဲ့ ထောင်တွင်းဒိုင်ယာရီ
မိုးဟေကိုရဲ့ ဘတပြန်ကျားတပြန် ကြေညာချက်
နိုင်ငံပိုင် သတင်းစာတွေထဲမှာ ဘတပြန် ကျားတပြန် ရှေ့နေတွေနဲ့ ကြေညာချက်တွေ အပြိုင်အဆိုင် ထုတ်နေတဲ့နိုင်ငံကျော် မင်းသမီးမိုး ဟေ ကိုနဲ့ သူ့ခင်ပွန်းရဲ့ အဖြစ်အပျက်တွေကို အာလုံးလည်း သိပြီး ဖြစ်မှာပါ။
အခုနောက်ဆုံး သတင်းအရတော့ အောက်တိုဘာ လကုန်ပိုင်းမှာပဲ မင်းသမီး မိုးဟေကိုက သူ့ရဲ့ခင်ပွန်းဖြစ်သူ ဦးညီညီထွန်းရဲ့ ကြေညာ ချက် ကို ပြန်လည် ချေပ ထုတ်ပြန်လိုက်ပြန်ပါပြီ။
သရုပ်ဆောင် မိုးဟေကို (ဒေါ်အေးအေးခိုင်) ရဲ့ ခင်ပွန်းဟောင်း ဦးညီညီထွန်းရဲ့ ရှေ့နေ ဒေါ်ကျော့ကျော့လှိုင်ကို မိုးဟေကို (ဒေါ်အေး အေး ခိုင်) နဲ့ ဦးညီညီထွန်းတို့ တရားဝင်ကွာရှင်း ပြတ်စဲထားခြင်းရှိသလားလို့ မစပ်စုက မေးကြည့်တော့ သူက “တရားရုံးမှာ တရားဝင် ကွားရှင်း ထားခြင်း မရှိသေးဘူး” လို့ ဆိုပါတယ်။
မြန်မာ့ဓလေ့ ထုံးတမ်းအရ ယောကျာ်းနဲ့မိန်းမ လက်ထပ်ပြီးတဲ့နောက်မှာ ဖြစ်ထွန်းတဲ့ ပစ္စည်းဟာ လက်ထပ်ပွား ပစ္စည်းဖြစ်တဲ့ အတွက် လင်နဲ့မယား နှစ်ဦးစလုံး ပိုင်ဆိုင်တာဖြစ်ပြီး ကွားရှင်းခဲ့မယ် ဆိုရင်တောင် နှစ်ဦးသဘောတူ တယောက်တ၀က် ပိုင်ဆိုင်မှု ရှိနေသေး တယ် ဆိုတဲ့ ဥ ပဒေကြောင်းကလည်း ရှိနေသေးတာပါ။
သရုပ်ဆောင် မိုးဟေကို (ဒေါ်အေးအေးခိုင်) ရဲ့ ကြေညာချက်မှာတော့ ဦးညီညီထွန်း ကိုယ်တိုင် လင်ခန်း မယားခန်း ပြတ်စဲကြောင်း သ ဘော တူပြီး စင်ကာပူကို ထွက်သွားပြီ၊ မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာအရ ဒေါ်အေးအေးခိုင်နဲ့ ဦးညီညီထွန်း တို့ဟာ လင်ခန်းမယားခန်း ပြတ်စဲခဲ့ပြီး ဖြစ်တယ်လို့ ဆိုထားပါတယ်။
မြန်မာ့ဓလေ့ ထုံးတမ်း အစဉ်အလာအရ လင်နဲ့မယား ၆ လကြာ အတူ နေထိုင်မှုမရှိတော့ရင်၊ လင်ယောက်ျားက မယားစရိတ် မထောက် ပံ့ရင် လင်ခန်း မယားခန်း ပြတ်စဲပြီလို့ ပြောလို့ရကြောင်း သိရပါတယ်။
မိုးဟေကိုရဲ့ ကြေညာချက်မှာ ဒီအိမ်နဲ့ ဒီခြံဟာ သူ့ ကိုယ်ပိုင်ငွေနဲ့ ၀ယ်ယူထားတာ ဖြစ်တဲ့အတွက် ကိုယ့်စိတ်ကြိုက် စီမံ ခန့်ခွဲပိုင်ခွင့် ရှိ တယ်လို့ ဆိုထားပါတယ်။
“သူနဲ့ ကိုညီညီထွန်းနဲ့ မယူထားခဲ့ဘူး ဆိုရင်တော့ သူ့ဖာသာသူ လုပ်လို့ရမှာပေါ့။ အခုက တရားဝင်ကို ရုံးမှာ လက်မှတ်ထိုး ပြီးတော့ တရားဝင် လက်ထပ်ထားတဲ့ အတွက်ကြောင့် လက်ထပ်ထားပြီးမှ သူဝယ်ထားပေးတဲ့ ပစ္စည်းက သူမသိဘဲ သူ့စိတ်ကြိုက် စီမံဆောင်ရွက်ခွင့် မရှိဘူး။ ဥ ပဒေကြောင်းအရ အဲဒီလို မရှိလို့လည်း ကျမတို့က ကြေညာလို့ ရတာပေါ့။ မဟုတ်ရင် ကျမတို့က ဘယ်ကြေညာလို့ ရပ့ါမလဲ။ ဒီအိမ်ကို သူ့ကိုယ်ပိုင်ငွေနဲ့ ၀ယ်တယ် ဆိုတာကတော့ အမှုတွေ ဖြစ်ခဲ့တယ်ဆိုရင် သက်သေပြပေါ့။ အ လွတ်သဘောကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ပြီးစလွယ် ပြောလို့ရတယ်လေ။ တကယ် အမှု ရင်ဆိုင်ဖြေရှင်းတဲ့ အခါကျတော့ သူ့အချက်အ လက်၊ သူ့အထောက်အထား၊ သူ့ဘာသာသူ ထွက်လာမှာ ပေါ့” လို့ ရှေ့နေ ဒေါ်ကျော့ကျော့လှိုင်က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ သရုပ်ဆောင် မိုးဟေကို (ဒေါ်အေးအေးခိုင်) ရဲ့ရှေ့နေ ဦးမျိုးညွန့်ကတော့ “သူတို့ရဲ့ ကိစ္စတွေကို ကျနော်က ဖြေခွင့်မရှိ ဘူး။ ကိုယ့်ရဲ့ အမှုသည် လုံခြုံရေးကို တာဝန်ယူရတာ။ ကျနော်တို့မှာ ဖြေခွင့်မရှိပါဘူး” လို့ဧရာဝတီကိုပြောပါတယ်။
ဦးညီညီထွန်းက သူ့ရဲ့ ရှေ့နေကတဆင့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် သံလွင်လမ်း အမှတ် ၇၄ (ဘီ) နေအိမ် ကို သူ့ရဲ့ သဘောတူ ခွင့်ပြုချက်မရဘဲ ဘာမှ လုပ်ပိုင်ခွင့်မရှိဘူးဆိုတဲ့ ကြေညာချက်ကို တပတ်အတွင်း ပြန်လည် ရုပ်သိမ်းပေးဖို့နဲ့ ဂုဏ် သိက္ခာ ထိ ခိုက်အောင် ရည်ရွယ်ပြီး ကြေညာတာမျိုး မပြုလုပ်ဖို့ ပြောဆိုထားပြီး တကယ်လို့ မလိုက်နာဘူး ဆိုရင် ဥပဒေအရ ထိရောက် စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့ သရုပ်ဆောင် မိုးဟေကို (ဒေါ်အေးအေးခိုင်) က သူရဲ့ရှေ့နေ ဦးမျိုးညွန့်က တဆင့် ပြောဆိုထား တာပါ။
ဦးညီညီထွန်းရဲ့ရှေ့နေ ဒေါ်ကျော့ကျော့လှိုင်ကတော့ “ကိုယ်က စထားပြီးပြီ ဖြစ်တော့ လုပ်သင့်လုပ် ထိုက်တာတော့ လုပ်ရမှာပေါ့နော်။ ဥပဒေ အရပေါ့။ ဒါပေမယ့် ဘယ်လို လုပ်မယ်၊ ဘယ်အတိုင်းအတာ ဆိုတာတော့ ကျမတို့ လောလော ဆယ် မပြောနိုင်သေးဘူး။ တခုခုတော့ ပြန် လုပ်မှာပေါ့” လို့ ပြောပါတယ်။
ပရိသတ် အများစုကတော့ ဦးညီညီထွန်းနဲ့ သရုပ်ဆောင် မိုးဟေကိုတို့ကို ချစ်သူ ရည်စားတွေအဖြစ်သာ မီဒီယာတွေကတဆင့် သိရှိထား ကြ တာ ဖြစ်ပြီး တရားဝင် ဇနီးမောင်နှံတွေ ဖြစ်တယ်ဆိုတာကို အခုလို ပြဿနာတွေ ဖြစ်ပေါ်လာမှသာ သိရှိလာရခြင်းပါ။
သရုပ်ဆောင် မိုးဟေကိုနဲ့ သူ့ ခင်ပွန်း ဦးညီညီထွန်းတို့ရဲ့ အရှုပ်တော်ပုံ ရှေ့ဘယ်လို ခရီးဆက်ဦးမလဲ ဆိုတာ ဆက်လက် နားစွင့်လိုက် ကြဦးစို့။
ဇာဂနာရဲ့ ထောင်တွင်း ဒိုင်ယာရီ
နိုင်ငံရေးအကျဉ်းသားဟောင်း လူရွှင်တော် ဦးဇာဂနာရဲ့ ပထမဆုံး ထောင်တွင်း အတွေ့အကြုံတွေ ရေးသားထားတဲ့ “ထောင်ထဲက ဒိုင်ယာရီ” ဆိုတဲ့ စာအုပ်ကို Home (House of Media and Entertainment) ကနေ အခု နိုဝင်ဘာ လကုန်ပိုင်းမှာ ဖြန့်ချိတော့မှာပါ။
၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးမှာ ပထမဆုံး ထောင်စကျခဲ့စဉ်ကတည်းက အတွေ့အကြုံတွေကို နေ့စဉ် ဒိုင်ယာရီလို ရေးမှတ်ထားခဲ့တဲ့ ဒီစာ အုပ် ဘယ်လို ဘယ်ပုံ ဖြစ်ပေါ်လာတာလဲ ဆိုတာကို ဦးဇာဂနာက “၁၉၈၈ ခုနှစ် အရေးတော်ပုံ အပြီးမှာ ပထမဆုံး အဖမ်းခံရတာက ကျနော် တို့ပဲ။ အရေးတော်ပုံ ပြီးပြီးချင်းမှာ ထောင်ထဲကို ပထမဆုံး အပို့ခံရတာလည်း ကျနော်တို့ပါပဲ။ အဲဒီမှာ တွေ့ကြုံခဲ့ရသမျှ နှိပ်စက် ခံခဲ့ရတာတွေ၊ စစ် ကြောမေးမြန်းခံရတာတွေ၊ ရိုက်တာနှက်တာ စသဖြင့် အဲဒီအတွေ့အကြုံတွေ အကုန်လုံးကို ဒိုင်ယာရီလို လုပ်ပြီးတော့ထောင်ကထွက် ထွက် လာချင်း ၂ ရက်အတွင်းမှာ ဒါကို ချရေးထားတာ” လို့ ရှင်းပြ တယ်။
လူရွှင်တော် ဇာဂနာဟာ စစ်အစိုးရ လက်ထပ်မှာ ထောင် ၄ ခါ ကျခံခဲ့ရတာ ဖြစ်ပြီး ပထမဆုံးအနေနဲ့ ၇ လ ကျခံခဲ့ရပါတယ်။အဲဒီ ၇ လအ တွင်း မှာ ဖြစ်ပျက် ကြုံတွေ့ခဲ့တာတွေကို ဒီ “ထောင်ထဲက ဒိုင်ယာရီ” ဆိုတဲ့ စာအုပ်မှာ ရေး သားထားတာပါ။
နောက်ပိုင်း ကျခံခဲ့ရတဲ့ ကာလတွေရဲ့ ထောင်တွင်း အတွေ့အကြုံတွေကိုလည်း အပိုင်းလိုက် ထပ်မံ ထုတ်ဝေဖြန့်ချိသွားမယ်လို့ သိရပါ တယ်။
စစ်အစိုးရလက်ထက် နိုင်ငံရေးနဲ့ ပတ်သက်လို့ စကားတောင် ကျယ်ကျယ်မပြောရဲတဲ့ ခေတ်ကာလမှာ ဒီလို ထောင်တွင်း အတွေ့အကြုံ တွေကို ဒိုင်ယာရီလို ရေးထားတဲ့ စာအုပ်ကို ဘယ်လောက်အထိ ခက်ခက်ခဲခဲ ဘယ်လို ထိန်းသိမ်းခဲ့ရသလဲ ဆိုတာကိုလည်း ကိုဇာဂနာက ပြောပြပါ သေး တယ်။
“ဒီလို ရေးထားတဲ့ ဒိုင်ယာရီစာအုပ်ကို ကျနော် နောက်တကြိမ် ထပ်အဖမ်းခံလိုက်ရတော့ ကျနော့ အ ဖေနဲ့ အမေက ဘုန်းကြီးကျောင်းမှာ သွား ဝှက်ထားရတယ်။ အဲဒီတော့ ဖေဖေ့ကိုပါ ဖမ်းပြန်ရော။ ဒီတော့ အဲဒီအထုပ်လိုက်ကြီးကို အင်္ဂ လန်သံရုံးက ဒုတိယ အတွင်းဝန် Vicky (ဗစ်ကီ) ဆီကို သွားပြီးတော့ ပေးထားလိုက်ရတယ်။ သူက အဲဒီစာအုပ်ထုပ်ကြီးကို အင်္ဂလန်ကို ယူချသွားတယ်။ အခုတခေါက် ကျနော် ထောင်က လွတ် ပြီး ပြီးခဲ့တဲ့ ဇွန်လတုန်းက အင်္ဂလန်ကို ရောက်တဲ့ အခါကျတော့မှ ဒီစာအုပ်ကို ပြန်ရတယ်။ ဒါကြောင့် ဒီစာအုပ်ကို အမှတ်တရ ဆိုပြီးပြန်ထုတ် တာ” လို့ သူက ဆိုပါတယ်။
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှာ နိုင်ငံတော် သမ္မတကြီးရဲ့ ဒုတိယအကြိမ်မြောက် လွတ်ငြိမ်း ချမ်းသာခွင့်နဲ့အတူ ပြန်လည် လွတ် မြောက်လာခဲ့တဲ့ လူရွှင်တော် ဇာဂနာဟာ စစ်အစိုးရလက်ထက်မှာ ထောင်အကြိမ်ကြိမ် ကျခံခဲ့ရရုံမျှမက အနုပညာ လုပ်ပိုင်ခွင့်ပါ အကြိမ် ကြိမ် ပိတ်ပင်ခံခဲ့ရသူပါ။
အယုံအကြည် ကင်းမဲ့ခြင်းက လူ့အဖွဲ့နှစ်ခုကြား ကင်းကွာမှု ပိုကြီးလာစေ
ဟိန္ဒူသတင်းစာရခိုင်ပြည်နယ်မြို့တော် စစ်တွေသည် အပြင်ပန်းအားဖြင့်တော့ ငြိမ်သက်နေသည်။ စနေနေ့ နေ့လည်စာ စားချိန်တွင် လမ်းမပေါ်၌ စက် ဘီး စီးနေသူများ၊ မော်တော်ဆိုင်ကယ်ဖြင့် သွားနေသူများ၊ ကားဖြင့် သွားနေသူအချို့၊ လမ်းဘေး တွင် လျှေက်နေသူများ၊ လမ်းဘေး လ္ဘက်ရည် ဆိုင်များတွင် ထိုင်နေသူများတို့ဖြင့် စစ်တွေမြို့လမ်းမကြီးသည် စည်ကားနေသည်။
ကုလားတန် ဘက်စုံစီမံကိန်းအတွက် လုပ်နေသော အိန္ဒိယ ကုမ္ပဏီတခုဖြစ်သည့် ESSAR ၏ စီမံကိန်းမှာလည်းလုပ်ငန်းများဆက်လက် လည် ပတ်နေသည်။ ကမ္ဘာလှည့် ခရီးသွားများကိုပင် တွေ့ရသေးသည်။
သို့သော် မြို့မှ မိုင် ၂ဝ လောက် ကားမောင်းသွားလျှင်ပင် စစ်တွေ တက္ကသိုလ်အကျော်၊ ပုဇွန် မွေးမြူရေးကန်များနှင့် လယ်ကွင်းများကို ကျော် လျှင်ပင် ဤဆိပ်ကမ်းမြို့ကလေးမှ လူ့အဖွဲ့အစည်းနှစ်ခုအကြား ကင်းကွာကွဲပြားနေမှုများကို ထင်ထင်ရှားရှား တွေ့မြင်ရနိုင်ပြီ ဖြစ်သည်။
စစ်တွေနှင့် အခြား ရခိုင်ပြည်နယ်ရှိ မြို့ကြီးများတွင် ရိုဟင်ဂျာ မူဆလင်များနှင့် ရခိုင် ဗုဒ္ဓဘာသာဝင်များအကြားနှစ်ကြိမ်တိုင် ပဋိပက္ခဖြစ် ပွါး ခဲ့ပြီး ယင်းကိစ္စသည် မြန်မာ နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် စိုးရိမ်စရာဖြစ်လာသည်။
သဲထူသော လမ်းတလျှောက် ဖြစ်ကတတ်ဆန်း ဆောက်ထားသော စခန်းများထဲ၌ နေထိုင်နေကြသူများမှာ ထောင်နှင့်ချီသည့် ရိုဟင်ဂျာ များ ဖြစ်ကြပြီး အစိုးရကတော့ သူတို့ကို ဘင်္ဂါလီများဟုသာ ရည်ညွှန်းပြော ကြား သည်။ ရခိုင်ဗုဒ္ဓဘာသာဝင် အမျိုးသမီး တဦးကို မုဒိမ်း ကျင့် သတ် ဖြတ်သည်ဟု ဆိုသောအမှု ဖြစ်ပွါး ခဲ့ပြီး ပဋိပက္ခများ စတင်ပေါ်ပေါက်လာခဲ့သည့် ယခုနှစ် ဇွန်လ ကတည်းက သူတို့ မိမိတို့ အိုးအိမ်များကို စွန့်ခွါကာ ဤစခန်းများသို့ ရောက်လာခဲ့ ကြခြင်း ဖြစ်သည်။
အဆိုပါ အကြမ်းဖက်မှုများအတွင်း ၇၈ ဦး သေဆုံးခဲ့ရပြီး အိမ်ပေါင်း ၅,ဝဝဝ မီးလောင် ကျွမ်းခံခဲ့ရသည်။ လူပေါင်း ၇၅,ဝဝဝ ကျော်အိုးမဲ့ အိမ် မဲ့ ဖြစ်ခဲ့ရသည်။
အောက်တိုဘာ တတိယပတ်နှင့် စတုတ္ထပတ်အတွင်း တကျော့ပြန် ဖြစ်ပွါးခဲ့သော အကြမ်းဘက်မှုများအပြီးနောက်ထပ်လူအများ ထိုဒုက္ခ သည် စခန်းများသို့ ထပ်မံ ရောက်ရှိလာခဲ့သည်။ ထို ဒုတိယ အကြိမ် အကြမ်းဘက်မှုများ တွင်း လူပေါင်း ၈၉ ဦးသေ၊ ၁၃၆ ဦးဒဏ်ရာရ၊ အိမ်ပေါင်း ၅,၃၅၁ လုံးမီးလောင်ကျွမ်း၊ လူပေါင်း ၃၂,ဝဝဝ ကျော် အိုးအိမ်စွန့်ခွါ ထွက်ပြေးခဲ့ရသည်ဟု မကြာသေးခင်က သမ္မတ ဦးသိန်း စိန်ကကြေညာ ပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ် တခုလုံးကို အရေးပေါ်အခြေအနေ ကြေညာထားဆဲဖြစ်ပြီး စစ်တွေမြို့တွင်မူ ည ၁ဝ နာရီမှ မနက် ၅ နာရီအထိ အပြင်မ ထွက်ရ ကာဖျူးအမိန့် ထုတ်ပြန်ထားသည်။
ဇွန်လ ဆူပူအကြမ်းဘက်မှုများအပြီး အိုးအိမ်စွန့် ထွက်ပြေးလာရသော ရခိုင် ဗုဒ္ဓဘာသာဝင်များအတွက် စခန်း ၄ ခုမှာ မြို့တွင်းမှာပင်ရှိပြီး ယင်း တို့မှာ ရိုဟင်ဂျာ ဒုက္ခသည် စခန်းများထက် အခြေအနေကောင်းသည်။ သူတို့သည် ယာယီ ဆောက်လုပ်ထားသော အိမ်များ တန်း လျား များတွင် နေထိုင်ကြပြီး အရေအတွက်လည်း နည်းသည်။ စခန်းတခုစီတွင် ဒုက္ခသည် တထောင်ခန့်သာ ရှိသည်။
ဒုက္ခသည် စခန်းများ သီးခြားစီ ရှိနေသည်ကို ကြည့်လျှင် လူ့အဖွဲ့အစည်း နှစ်ခုအကြား မည်မျှ စိတ်ဝမ်းကွဲပြားနေ သည်ကို မြင်နိုင်သည်။ စစ် တွေရှိ မည်သည့်ရခိုင်မျှ ရိုဟင်ဂျာ စခန်းများအနီးသို့ မသွားလိုကြဘဲ အလားတူပင် မူဆလင်များကလည်း ရခိုင်စခန်းများသို့ မသွား ကြပေ။
“သူတို့က ကျနော်တို့ကို မုန်းနေတာလေ။ ဘင်္ဂါလီ စခန်းတွေနား သွားရင် ကျနော့်ကိုသူတို့ကသတ် ကြမှာ။ ကျနော်တို့ကို မြင်တာနဲ့တင် သူတို့က ဒေါသထွက်နေကြတာ” ဟု ရခိုင်လူငယ်တဦးက ကျနော့်ကို ပြောသည်။
မူဆလင် ဒုက္ခသည် စခန်းများသို့ ပို့ဆောင်ပေးရန် ကျနော်ပြောသည်ကို သူက ခါးခါးသီးသီး ငြင်းဆန်ပြီး ဗုဒ္ဓဘာသာ ဒုက္ခသည်စခန်းများ သို့သာ လိုက်ပို့သည်။
ကျနော် သွားခဲ့သော ပထမဆုံး ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွင် လူငယ်လူကြီး၊ ယောက်ျားမိန်းမ၊ မိန်းက လေးယောက်ျားလေး၊ မွေးကင်း စက လေး၊ မတ်တပ်စမ်းစ ကလေး စသဖြင့် အရွယ်စုံဖြင့် ပြည့်နှက်နေ သည်။ တရားဝင် ထုတ်ပြန်ထားသော ဒုက္ခသည် အရေအတွက် က ၁၈,၅ဝဝ သာ ရှိသော်လည်း နောက် ထပ် ရောက်လာသူများပါ ထည့်ပေါင်းလိုက်လျှင် ထို့ထက် များဘို့သာ ရှိပါသည်။
သူတို့အများစုမှာ ၁ဝ ပေ x ပေ ၂ဝ သာ ရှိသော တဲတလုံးလျှင် လူအယောက် ၈ဝ မှ ၁ဝဝ အထိ ပြွတ်သိပ်နေကြရ သည်။ မိသားစု ၂ဝ ခန့်မှ အ မျိုးသမီးများသည် တဲအပြင်ဘက် ထွက်၍ ညနေစာကို ထင်းမီးများဖြင့် ချက်ပြုတ်နေကြ သည်။ သူတို့အတွက် စားနပ်ရိက္ခာ ဝေပုံကျကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထောက်ပံ့ပေးကမ်းထား သည်။
သဲချောင်းစခန်းသို့ နောက်ထပ် ရောက်ရှိလာသူများမှာ ကျောက်ဖြူမှ ဖြစ်သည်။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးကထုတ်ပြန် လိုက် သော ဂြိုဟ်တုဓါတ်ပုံအရ အောက်တိုဘာ ၂၃ ရက်နေ့က ဖြစ်ပွါးခဲ့သော အရေးအခင်းတွင် အိမ်အလုံး ၈ဝဝ ပြာကျသွားခဲ့ရကြောင်း တွေ့ရှိရသည်။ ထိုနေရာမှ ထွက်ပြေးလာခဲ့သော လူ ၂,၅ဝဝ-၃,ဝဝဝ ခန့်မှာ သဲချောင်း ဒုက္ခသည် စခန်းအနီး ရွာထဲရှိ အိမ်များနှင့် မူဆ လင်ဘာ သာ ရေး ကျောင်းများထဲတွင် ခိုလှုံနေကြရသည်။
“ရခိုင် လူအုပ်ကြီးက ကျမတို့ အိမ်အားလုံးကို ရှစ်နာရီလောက်အတွင်း မီးရှို့ပစ်လိုက်ကြတာ။ကျမ အထင် ဒီလူအုပ်ကြီးကလူ ၅,ဝဝဝလောက် ရှိမယ်။ လူ ၁ဝဝ သေတယ်။ ကျမတို့လဲ လှေတွေနဲ့ ထွက်ပြေးလာရတာ” ဟု မူရီ ယမ်ဘီဘီ က ပြောသည်။
သဲချောင်းရွာ အရောက် မြစ်ကြောင်းအတိုင်း နာရီ ၂ဝ ခန့် လာခဲ့ရသည်။ မူရီယမ်ဘီဘီနှင့် သူနှင့်အတူလာသူ အခြား ဒုက္ခသည်များ လှေ ပေါ် မှဆင်းခွင့်ရရေး၊ ဒုက္ခသည်စခန်းများသို့ ဝင်ရောက်ခွင့် ရရေးအတွက် အာဏာပိုင်များ၏ ခွင့်ပြုချက်ကို နောက်ထပ် ၃-၄ ရက်ခန့် စောင့်ခဲ့ ရ သည်။
“ရွာကိုတော့ ပြန်နိုင်တော့မယ် မထင်ဘူး။ ပြန်ရင် ရခိုင်တွေ က ကျမတို့ကို သတ်မှာ သေချာတယ်။ အဲဒီမှာလည်း ဘာမှ မကျန်တော့ပါဘူး လေ။ အားလုံး မီးရှို့လိုက်လို့ ပြာကျကုန်ပြီ”ဟု ယခုအခါ မူဆလင် ဘာသာရေး စာသင် ကျောင်း ပထမထပ်တွင် မိသားစုနှင့်အတူ နေထိုင်သူ မူရီယမ်ဘီဘီ ကပြောသည်။
စခန်း၏ အခြားတဘက်တွင် နေသူများမှာ ဇွန်လအတွင်းက သူတို့နေအိမ်များ မီးရှို့ခံခဲ့ရသည့် စစ်တွေ နာဇီရပ်ကွက်မှ လူများ ဖြစ်သည်။ သူတို့အတွက် လှူဒါန်းလိုက်သော အဝတ်အစားထုပ်ကို ရရန် သူတို့ အလုအယက် လုယူနေကြရ သည်။ ဘယ်အဝတ်အစားမျှ ဝတ်လို့ရသည်လို့မရှိ။ စုတ်ပြဲနေသော အတွင်းခံများ၊ ရွှံ့များပေကျံ အစွန်းအထင်းများ ရှိနေသည့် ရှပ်အင်္ကျီများ၊ ရှပ်အင်္ကျီလည်းမဟုတ် မိန်းမ ဝတ် ဘလောက်စ် လည်း မဟုတ်သည့် အထည်များသာ ဖြစ်သည်။
“ကျနော်တို့ ဒါတွေကို ဝတ်လို့ရမယ်လို့ သူတို့ ဘယ်လိုများ ထင်သလဲမသိဘူး” ဟု ဘယ် လိုပြောရမှန်းတောင် မသိသည့် အဝတ်စ တစကို ပြ ရင်း လူတဦးက စိတ်ဆိုးမာန်ဆိုး ပြောသည်။
ထိုအထည်စက လူအများကို ပွဲကျသွားစေသည်။ တယောက်က “အင်ဒိုနီးရှားနဲ့ မလေးရှားက ပို့တာက အထည်ကောင်းတွေ၊ ဒါတွေကို အာ ဏာပိုင်တွေက ခိုးထားလိုက်ပြီး ကျနော်တို့ကို ပေးတာကျတော့ ဒါတွေပဲ” ဟု ဒေါသဖြင့်ပြောသည်။
သူပြောနေသည့် စကားမှာ ဘင်္ဂါလီစကားနှင့် ဆင်သည်။ သို့သော် စခန်းထဲမှ အများစုမှာ အံ့သြစရာကောင်းလောက်အောင် အူရဒူစ ကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ကြသည်။ ဘောလိဝုဒ် (ဘုံဘေ)မှ ရုပ်ရှင်များကို ကြည့်ပြီး သူတို့ ပြောတတ်လာခြင်း ဖြစ်သည် ဟုရှင်းပြ ကြ သည်။
“ကျနော်တို့ ဘာသာစကားက ဘင်္ဂါလီဆိုတော့ အစိုးရက ကျနော်တို့ကို ဘင်္ဂါလီ လူမျိုးတွေလို့ ခေါ် တယ်။ သူတို့က ကျနော်တို့ကို ဘင်္ဂလားဒေ့ ရှ်က လာတဲ့ သူတွေလို့ ပြောဘို့ လုပ်နေတာ။ တကယ်က ကျနော်တို့က ရိုဟင်ဂျာ လူမျိုးတွေ ပါ။ ရခိုင်မှာ မျိုးဆက်ပေါင်းများစွာနေလာတဲ့သူ တွေလို့ ကျနော်တို့ မိဘတွေ၊ အဖိုးအဖွားတွေက ပြောပြကြပါ တယ်” ဟု အဗ္ဗဒူ လ်ကာရင် က ပြောသည်။
စစ်တွေမြို့၏ တောင်ဘက် ကျောက်နီမော် ကျေးရွာမှ အမျိုးသမီးလေး တဦး ဇွန်လအတွင်းက မုဒိမ်းကျင့် သတ်ဖြတ် ခံရသည်ဟု သ တင်း များပျံ့နှံ့သွားကတည်းက သူတို့အတွက် ဘေးဒုက္ခဆိုးကြီး ကျရောက်လာခဲ့ခြင်း ဖြစ်ကြောင်း နာဇီဘတ်စတီး ကျေးရွာမှ ထွက်ပြေး လာသူ များထဲမှ တဦးဖြစ်သူ အိုမာအလီ က ပြောသည်။
ထိုပဋိပက္ခအကြောင်း စုံစမ်းစစ်ဆေးရန် သမ္မတဦးသိန်းစိန်က အဖွဲ့ဝင် ၂၇ ဦးပါ စုံစမ်းရေးကော်မရှင်ကို ဖွဲ့ပေးသည်။ သို့သော် သတ်မှတ် ချိန် အတွင်း လုပ်ငန်းများ မပြီးစီးနိုင်သည့်အတွက် နိုဝင်ဘာလလယ်အထိ အချိန်ထပ်တိုးပေးရန်တောင်းခံထားသည်။
ရခိုင်ဒုက္ခသည် စခန်းများကတော့ ပိုမိုအစီအစဉ်တကျ နေသားတကျ ရှိပါသည်။ ရိုဟင်ဂျာစခန်းများမှာလို တိုးဝှေ့ တက်နင်းမိသည့် အ ဖြစ်မျိုး မရှိပါ။ စခန်း တခုစီတွင် လူ ၇၀၀ မှ ၁,ဝဝဝ ခန့်သာ ရှိသည်။ သစ်ဖြင့် ဆောက်ထားကာ သွပ်မိုးထားသည့် စခန်းထဲတွင် သင်ဖြူး ဖျာများဖြင့် နေထိုင်ကြသည်။ စခန်းတခုစီတွင် အိမ်သာများလည်း တန်းစီဆောက်ထားပေးသည်။
ဇွန်လ အတွင်းက အိုးမဲ့အိမ်မဲ့ ဖြစ်သွားပြီး နာဇီစခန်းထဲ ရောက်နေသူ ဦးချစ်မောင်က သူ့ရပ်ကွက်ကို မူဆလင် လူအုပ်ကြီးက မီးရှို့ခဲ့ ကြောင်း ပြောပြသည်။
“ဘာလို့ မီးရှို့ကြတယ်ဆိုတာ ပြောရခက်ပါတယ်ဗျာ။ ရခိုင်ပြည်နယ်မှာ ဘာတွေလုပ်မယ်ဆိုတဲ့ ရေ ရှည်စီမံကိန်း သူတို့မှာ ရှိတာတော့ ကျနော် သိတယ်” ဟု သူက ပြောသည်။
သူ့ဘိုးဘွားများ အာသံပြည်နယ်မှ မြန်မာနိုင်ငံတွင်းသို့ လာရောက် အခြေစိုက်ခဲ့သည် ဆိုသော ကျော်သာဘာရူးဝါးကမူဤစီမံကိန်းသည် “သူ တို့က ကျနော်တို့ အားလုံးကို အစ္စလာမ်ဘာသာဝင်တွေ ဖြစ်အောင် လုပ်ပစ်လိုက်ပြီး ရ ခိုင်ကို သိမ်းယူဘို့ပဲ။ ကျနော်တို့က ဗုဒ္ဓဘာ သာ တွေ၊ ဒါမျိုးကို ခွင့်ပြုမှာမဟုတ်ဘူး” ဟု ပြောသည်။
ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေကြသော အကူအညီပေးရေး အဖွဲ့အစည်းများသည် “အစ္စလာမ်နိုင်ငံများ” မှ ငွေများယူပြီး လုပ်နေကြကြောင်း ထို့ကြောင့် “ဘင်္ဂါ လီစခန်းများ” သို့သာ ဘက်လိုက် ဆောင်ရွက်နေကြကြောင်း အခြားတဦးကလည်း စွပ်စွဲပြောကြားသည်။
လွန်ခဲ့သော လက ရခိုင်ဗုဒ္ဓဘာသာဝင်များက နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်းများကိုစစ်တွေမြို့တွင်ကန့်ကွက်ဆန္ဒပြခဲ့ကြ သည်။ သို့သော် ကုလသမဂ္ဂနှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့မှလွဲ၍ ကျန်အဖွဲ့များဖြစ်သော နယ်စည်းမခြား ဆရာဝန်များအဖွဲ့နှင့် ငတ်မွတ်မှု တိုက် ဖျက်ရေးအဖွဲ့ (Action Against Hunger) များကမူအစိုးရ လုံခြုံရေး အကူအညီဖြင့် ရွှေ့ပြောင်းဒုက္ခသည်များအတွက် ကယ်ဆယ် ရေး အကူအညီများ ဆက်လက်ပေးနေကြသည်။ ရန်ကုန်ရှိ ကုလသမဂ္ဂ ခိုလှုံသူများနှင့် လူသားချင်းစာနာသည့် အကူအညီ ပေးရေးအဖွဲ့ (United Nations Resident Humanitarian) ညှိနှိုင်း ဆောင်ရွက်ရေးမှူး အရှုပ်နီဂမ်းက ယခုအပတ်အတွင်း ဟိန္ဒူသတင်း စာ (The Hindu) သို့ ပြော ရာတွင်မူ ဇွန်လအတွင်း ဖြစ်ပွါးခဲ့သော အရေးအခင်းများကြောင့် အိုးအိမ် စွန့်ခွါလာရသည့် ဒုက္ခသည်များကို ကုလသမဂ္ဂနှင့် အစိုးရ ပူး ပေါင်း ဆောင်လုပ်သည့် ဂေဟာများ၌ နေရာချထားပေးခဲ့သည်ဟု ဆိုသည်။
အလားတူ ဂေဟာများကို ဇွန်လအရေးအခင်းကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးလာရသူ မူဆလင်များအတွက်လည်း စစ်တွေတွင် လတ်တ လော အစိုးရနှင့် ကုလသမဂ္ဂ ပူးပေါင်း ဆောက်လုပ်နေသည်ဟု သူက ပြောသည်။အောက်တိုဘာလတွင် ဖြစ်ပွါးခဲ့သော အရေးအခင်း များကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးလာရသူ အများစုမှာမူ အစိုးရ စာရင်းများအရ မူဆလင်များ ဖြစ်ကြသည်။
“ဒီလူတွေ အားလုံးဟာ ကျနော်တို့ ကူညီဆောင်ရွက်ပေးရမယ့် လူတွေချည်းပဲ။ ကျနော်တို့ကတော့ မူဆလင်ရယ်၊ဗုဒ္ဓဘာသာဝင်ရယ်မခွဲခြား ပါဘူး။ အကူအညီ လိုအပ်နေသူတိုင်းအတွက် အကူအညီပေးနေတယ်။ သူတို့အတွက် ကူညီ ဆောင်ရွက်ပေးနေပါတယ်”
ရိုဟင်ဂျာ ဒုက္ခသည် စခန်းများတွင်ရော၊ ရခိုင်ဗုဒ္ဓဘာသာဝင် စခန်းများတွင်ပါ အားလုံး စိတ်ဝင်စား နေကြသည့် တူညီသည့် အကြောင်း အရာ တရပ်မှာ သြဂုတ်လအတွင်း အာသံပြည်နယ်တွင် ဖြစ်ပွါးခဲ့သော အဓိကရုဏ်းများဖြစ်သည်။
“မူဆလင် ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားရတယ်၊ ထွက်ပြေးသွားရတယ်လို့ ကျနော်တို့ ကြားတယ် အဲဒါ ဟုတ်သလား” ဟု ရိုဟင် ဂျာ စခန်းများမှ လူများက မေးကြသည်။ “ဘိုရိုတွေ အများကြီး အသတ်ခံရတယ်လို့ ကျနော်တို့ကြားတယ်။ အဲဒါ ဟုတ်သလား” ဟု ရခိုင်ဗုဒ္ဓ ဘာသာ ဒုက္ခသည်စခန်းများမှ လူများက မေးကြသည်။
နှစ်ဘက်လုံးက သူတို့ကြုံခဲ့ရသော ပဋိပက္ခများနှင့် အာသံတွင် မကြာသေးခင်က ဖြစ်ပွါးခဲ့သော ရုန်းရင်းဆန်ခတ်မှုများကို မျဉ်းပြိုင်ဆွဲယူ ထပ် တူပြုလိုနေကြသည်။ ။
အစိုးတပ်နှင့် SSPP တို့ တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားနေ
ဟင်္သာနီ (မွန်မြေ)အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထားပြီး ဖြစ်သည့် ရှမ်းပြည် တိုးတက်ရေးပါတီတပ်မတော်SSPP နှင့်အစိုးရစစ်ကြောင်းများအ ကြား တွင် နိုဝင်ဘာလလပိုင်း၌ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သည် ဟု အမည်မဖော် လိုသည့် SSPP မှ ဗိုလ်မှူးကြီး တဦးက ပြော သည်။
အင်အား ၃ဝဝ ခန့်ရှိသည့် SSPP တပ်မဟာ (၆၁၂) စစ်ကြောင်းအား အစိုးရ စစ်ကြောင်းများမှ အပြင်းအထန် စစ်ဆင်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
“သူတို့ဘက်က ပြောတာတမျိုး လုပ်တာတမျိုး အခုလို လုပ်တာတော့ မကောင်းဘူး။ အခု တိုက် ပွဲတွေ ဖြစ်နေတဲ့နေရာကလည်း မေမြို့ကနေ မူဆယ် အထိ ချထားတဲ့ ဂက်စ် ပိုက်လိုင်း တလျှောက် ဖြစ်နေတယ်။ ဂက်စ် ပိုက်လိုင်းက ကျနော်တို့ ထိန်းချုပ် နယ်မြေမှာ ရှိနေတယ်။ သူတို့ ဘက်က ဒီပိုက်လိုင်းကို လုံခြုံရေး ချချင်တဲ့ သဘော ရှိတယ်။ ဒီတိုက်ပွဲ ကိစ္စကိုလည်း ဦးအောင်မင်း နဲ့ UNFC နဲ့ ထိုင်းနိုင်ငံမှာ အလွတ်သ ဘော တွေ့တုန်းက တင်ပြထားပါတယ်။ တရားဝင်တော့ မဆွေးနွေးရသေးဘူး” ဟု မဇ္ဈိမကို ပြောသည်။
နောက်ဆုံး ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှာ နိုဝင်ဘာလ ၉ ရက်နေ့က ကျောက်မဲခရိုင်၊ မိုးမိတ် မိုင်းငေါ့ အကြားရှိ ခူးခမ်းခူးမိန် တောင်ကုန်းဒေ သ၌ ဖြစ်ပြီး နံနက် ၈ နာရီ မွန်းလွဲ ၁ နာရီအထိ ၅ နာရီကြာ ဖြစ်ပွားခဲ့သည်။
အစိုးရတပ် ခမရ (၅ဝ၁)၊ (၅ဝ၂)၊ (၅ဝ၃)၊ ခလရ (၂၃)၊ တပ်ရင်း (၇၁) အောင်လံနှင့် တပ်ရင်း (၉ ၅) မန္တလေးတို့မှတပ်များအသုံးပြု၍ပူးပေါင်း စစ်ကြောင်းများဖြင့် SSPP တပ်မဟာ (၆၁၂) စစ်ကြောင်းအား တိုက်ခိုက်ခဲ့သည်ဟု SSPP ဘက်က ဆိုသည်။ တိုက်ပွဲကြောင့် နှစ်ဖက်လုံး ထိ ခိုက်မှု ရှိခဲ့ပြီး စာရင်း အတိအကျ မသိရှိ ရသေးပေ။
ထို့ပြင် မိုင်းငေါ့ရှိ ပြည်သူလူထုများကိုလည်း အစိုးရစစ်ကြောင်းနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည့် SSPP တပ်၏ ခေါင်းဆောင်နှင့် အင်အား ပမာ ဏ ကို ခြိမ်းခြောက် မေးမြန်းခဲ့သည်ဟု ဒေသခံများက ပြောကြောင်း ၎င်းက ဆိုသည်။
နိုဝင်ဘာလ ၄ ရက်နေ့ကလည်း ခလရ (၂၃) ဒု-ဗိုလ်မှူးကြီး သန်းထွန်းအောင် ဦးဆောင်သည့် အင်အား ၉ဝ ရှိသည့် စစ်ကြောင်းနှင့် SSPP ၏ တပ်မဟာ ၆၁၂ စစ်ကြောင်းတို့ မိုင်းငေါ့နယ်ရှိ ကွန်ဖလမ်း ပန်လော့၌ နှစ်နာရီခွဲကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။
ထို့ပြင် နိုဝင်ဘာလ ၂ ရက်နေ့ကလည်း SSPP ၏ တပ်မဟာ (၆၁၂) စစ်ကြောင်းနှင့် အစိုးရ တပ်တို့ မိုးမိတ်နှင့် မိုင်းငေါ့ နယ်ကြားရှိ ကျင်ကျိ၌ နာရီဝက်ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ အစိုးရ စစ်ကြောင်းမှ SSPP တပ်မဟာ (၆၁၂) စစ် ကြောင်းအား သုံးနေရာ ဝင်ရောက် တိုက်ခိုက်ခဲ့ ပြီး အစိုးရတပ်မှ ဗိုလ်မှူးတဦး ဒဏ်ရာရကာ ကျောက်မဲ၌ ဆုံးသွားခဲ့ သည်ဟု ၎င်းက ဆိုသည်။
အောက်တိုဘာလ ၃၁ ရက်နေကလည်း ရဲနိုင်ဦး (တာဝန် မသိရှိရ) ဦးစီးသည့် ခမရ ၅ဝ၃ စစ်ကြောင်း အင်အား ၁ဝဝ ခန့်ဖြင့် SSPP တပ် မ ဟာ စစ်ကြောင်း (၆၁၂)တို့ မိုးမိတ်ဘက်ရှိ ကျောက်လုံးကြီး ဒေသ၌ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း SSPP အဖွဲ့ဝင်များက ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ ကုန်းခမ်းကျေးရွာ အနီး၌ တပ် သား သစ်များအား စစ်ဘက်ဆိုင်ရာ သင်တန်း ပေးနေစဉ် ဖမ်းဆီးခံခဲ့ရမှုများနှင့် ပတ်သက်၍လည်း “အပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးတဲ့ဟာ က နှစ်ဦးနှစ်ဖက် သဘောတူပြီးမှ လက်မှတ် ရေးထိုးတယ်။ တဖက်နဲ့ တဖက် လက်နက်ကိုင်ပြီး သွားချင်လို့ရှိရင် အကြောင်းကြားရတယ်။ ဥပမာ သင်တန်းကျောင်းကို သွားဖမ်းတယ် ဆိုတာက အပစ်အခတ် ရပ်စဲရေးကို သဘော တူညီချက်ကို မလိုက်နာဘူး။ အဲလို နိုင်ငံရေး အမြတ်ထုတ်ဖို့ ကြိုးစားတာ မသင့်တော်ဘူးလို့ တင်ပြတယ်။ သူလည်း နောက် ဒီလို မဖြစ်ရပါဘူး။ မဖြစ်အောင် လုပ်ပေးမယ်လို့ ပြောတယ်” ဟု ၎င်းဗိုလ်မှူး ကြီး က ပြောသည်။
SSPP နှင့် မြန်မာ အစိုးရတို့သည် ပြည်နယ်အဆင့်နှင့် အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေး ရုံးများ ဖွင့်လှစ်ရေး၊ နှစ်ဖက် ထိမ်းချုပ်ရာ နယ် မြေ ၌လက်နက် ကိုင်ဆောင်ပြီး သွားလာပါက ကြိုတင် အကြောင်းကြားရေး အပါဝင် သဘောတူညီ ချက် ၅ ချက်ဖြင့် ၂ဝ၁၂ ခုနှစ် ဇန်နဝါ ရီလ ၂၈ ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထားကြသည်။
အပစ်အခတ် ရပ်စဲ ပြီးချိန်မှ စ၍ ယနေ့အထိ SSPP နှင့် မြန်မာ အစိုးရ တပ်တို့အကြား တိုက်ပွဲပေါင်း အကြိမ် ၅ဝ ကျော်ဖြစ်ပွားခဲ့ကြပြီး ဖြစ် ကြောင်း SSPP ဘက်မှ ပြောဆိုသည်။
ကမန်တိုင်းရင်းသား စစ်စစ် သုံးသောင်းသာရှိသော်လည်း ကမန်အမည်ဖြင့် နိုင်ငံ သား စိစစ်ရေး ကဒ် ရယူထားသူ နှစ်သိန်းကျော်ရှိ
နိရဉ္စရာရခိုင်ပြည်နယ် အတွင်း မှီတင်းနေထိုင်နေကြသော ကမန်တိုင်းရင်းသားလူ မျိုး အရေအ တွက်မှာ သုံးသောင်းခန့်သာရှိသော်လည်း ကမန် တိုင်းရင်း သားအမည်ဖြင့် နိုင်ငံသား စိစစ်ရေး ကဒ် ရယူ ထားသူမှာ နှစ်သိန်း (၂၀၀ ၀၀၀) ကျော် ရှိကြောင်း ကမန် တိုင်းရင်း ခေါင်း ဆောင် တစ်ဦးက ပြော သည်။
ဘီဘီစီ၏ နိုဝင်္ဘာလ ၁၁ ရက်နေ့က ထုတ်လွှင့်သော မြန်မာ့အရေး ကမ္ဘာ့ အရေး ဆွေးနွေးခန်းတွင် ကမန်တိုင်းရင်းသား ခေါင်းဆောင် တစ်ဦး ဖြစ် သူ ဦးတင်ငွေက ထိုသို့ ထုတ်ဖေါ် ပြောကြားလိုက်ခြင်း ဖြစ်သည်။
” ဦးတင်ငွေ အဲတာ တော်တော်များလား။ ပြဿနာဖြစ်လောက်အောင် ဖြေရှင်းလောက်အောင် အဲဒါ မသမာပြီးတော့တိုင်းရင်းသားလုပ်ထား တာ ရှိပါသလား” ဟု ဘီဘီစီမှ မေးမြန်းရာ ဦးတင်ငွေက ယခုလို ဖြေကြားသည်။
“ ကျွန်တော်တို့ ကမန် လူဦးရေက ပျူးဝါး ( Pure) ၃၀၀၀၀ ၀န်းကျင်လောက် ရှိမယ်လို့ ထင်ပါ တယ်။ ကမန် မဟုတ်ဘဲကမန်နာမည်နဲ့ နိုင်ငံ သားလက်မှတ် ကိုင်ဆောင်ထားတာက ၂ သိန်းကျော်လောက် ရှိမယ်လို့ ခန့်မှန်းရပါ တယ်” ဟု ဦးတင်ငွေက ဆိုသည်။
၎င်းပြင် ဦးတင်ငွေမှ “ ကျွန်တော်တို့သိတာက ဒီ အပြင်က ၀င်လာတဲ့ လူတွေလည်းရှိပါတယ်။ ဒီ မှာ နိုင်ငံသား ဖြစ်မှု မဖြစ်မှု ဆိုတဲ့အပိုင်း မှာ ကျွန်တော်တို့ ကမန်တိုင်းရင်းသားတွေကို နိုင်ငံသား စီစစ်ရေးကဒ်ပြား ထုတ် ပေးတဲ့အပေါ် မှာ ကမန်မဟုတ်တဲ့လူတွေကလည်း သက်ဆိုင် ရာ လ၀ကတွေ နဲ့ ပူးပေါင်းပြီးတော့ ကျွန်တော်တို့ ဒီကဒ်တွေ ကိုင်ထားတာတွေလည်း တွေ့နေရပါတယ်” ဟု ဆို သည်။
ကမန် တိုင်းရင်းသား နာမည်ဖြင့် ကမန်မဟုတ်သူ ပြင်ပမှ ကဒ်ကိုင်ဆောင်ထားသူများ မှာ မြန်မာနိုင် ငံ လူဝင်မူ ကြီးကြပ်ရေးဌာန တာဝန်ရှိ သူများကို ငွေပေးပြီး ကိုင်ဆောင်ထား သူ ဖြစ်ကြကြောင်း ဒေသအတွင်းက လာသော သတင်းများတွင် ဖေါ်ပြသည်။
မြန်မာနိုင်ငံတွင် အစ္စလာမ် ဘာသာဝင် ကမန် လူမျိုးအား တိုင်းရင်းသား လူမျိုးစု တစ်ခု အဖြစ် သတ်မှတ်ထားပြီး နိုင်ငံသား စိစစ်ရေး ကဒ်ပြား များ ထုတ်ပေးထားရာ တချို့ နိုင်ငံသား ကဒ်ပြား ကိုင်ဆောင်ခွင့် မရသူများမှ ကမန်တိုင်းရင်းသား အမည်ဖြင့် နိုင်ငံသား စိစစ်ရေး ကဒ်ပြား များ ရယူ ကိုင်ဆောင်နေကြသည်ဟု ဆိုသည်။
သို့သော် ဆွေးနွေးပွဲတွင် ပါဝင်သူ တစ်ဦးဖြစ်သည့် ကြံ့ခိုင်ရေး ပါတီ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော် မွတ်ဆလင် အမတ် ဦးဌေးဝင်း ကမူ ဦးတင်ငွေ ပြောသော တိုင်းရင်းသား အမည်ခံပြီး ပြင်ပမှ လူပေါင်း (၂) သိန်းထိ နိုင်ငံသား ကဒ် ပြုလုပ်ထားသည်ဆိုသော ကိန်း ဂဏန်း အပေါ် သူအနေဖြင့် မယုံကြည်ကြောင်း ဘီဘီစီကို ပြန်လည် ဖြေကြား ပြောဆိုသွားသည်။
ကားမိုင်းနှင့် ပူတာအိုလမ်း တိုက်ပွဲတွင် မြန်မာစစ်သား ၇ ဦးကျ
KNG
ကချင်ပြည်နယ် ကားမိုင်းမြို့နယ်ခွဲနှင့် ပူတာအို သွားလမ်း သီးခြားနှစ်နေရာတွင် ယမန်နေ့က က ချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် တိုက် ပွဲဖြစ်ပွားခဲ့ရာ မြန်မာအစိုးရတပ်ဘက်မှ ၇ ဦး သေဆုံးပြီး တချို့ဒဏ်ရာရရှိကြောင်း ရှေ့တန်း KIA အရာရှိများမှသိရသည်။
တိုက်ပွဲများသည် နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး မြစ်ကြီးနား-ပူတာအိုလမ်း တယန်ဇွပ် (Tayang Zup) နှင့် ဆွပ်ခါ (Sup Hka) ကြားတွင်လည်း အစိုးရစစ်ကား တစ်စီးမှောက်၍ စစ်သား ၄ ဦးသေဆုံးကာ တချို့ဒဏ်ရာရရှိခဲ့ကြောင်း ရှေ့တန်း KIA အရာ ရှိ တစ်ဦးပြောသည်။
ယခု ပစ်ခတ်မှုသည် မကြာသေးခင်က မြစ်ကြီးနားမြို့မှ စစ်ကား ၃၆ စီးဖြင့် ပူတာအိုသို့ ချီတက်လာသော အစိုးရတပ်ဖွဲ့ နှင့် KIA တပ်မ ဟာ (၁) တပ်ဖွဲ့တို့ဖြစ်သည်။
ဖားကန့် ကျောက်စိမ်းမှော်သွားလမ်းရှိ ကားမိုင်းအနီး KIA တပ်ရင်း (၆) တပ်ဖွဲ့နှင့် အစိုးရတပ်ဖွဲ့တို့ တိုက်ပွဲတွင် အစိုးရဘက်မှ ၃ ဦးသေ ဆုံးပြီး တချို့ဒဏ်ရာ ရရှိကြောင်း ရှေ့တန်းသတင်းရပ်ကွက်မှပြောသည်။
ပြီးခဲ့သည့်အပတ်တွင်း အောက်မြန်မာပြည်မှ စစ်အင်အားသစ် ထောင်ချီကို ရထား (၃) စီးဖြင့် က ချင်ပြည်နယ်သို့ သယ်ပို့ခဲ့သည်။ ၎င်းစစ်ကူ များ နိုဝင်ဘာလ ၈ ရက်နေ့တွင် မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သို့ ရောက်ရှိ လာပြီး ထိုမှ ကချင်ပြည်နယ် အရှေ့ဘက်၊ အ နောက်ဘက်နှင့် မြောက်ဘက် KIA တပ်စခန်းများ ရှိရာသို့ တဖန်ထွက်ခွာသွားသည်။
ပြီးခဲ့သည့်ပတ်အတွင်း KIO ဗဟိုဌာနချုပ် လိုင်ဇာမှ ၁၀ မိုင်အကွာရှိအစိုးရစစ်စခန်းများတွင်စစ်အင်အားသစ် ၁၀၀၀ ခန့်ရောက်ရှိလာ ကြောင်း လိုင်ဇာမှ KIA အရာရှိတစ်ဦးဆိုသည်။
ဤကဲ့သို့ ကချင်ပြည်နယ်သို့ အစိုးရစစ်အင်အား ထပ်မံတိုးချလာခြင်းသည် မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှစ်ဖက် ကိုယ် စားလှယ်များ အောက်တိုဘာ ၃၀ ရက်နေ့ တရုတ်နိုင်ငံ ရွှေလီမြို့ မအောင်မြင်သော တွေ့ဆုံပွဲအပြီးနှင့် အမေရိကန်သမ္မတအို ဘားမားမြန်မာ နိုင်ငံသို့ လာရောက်ရန် ဆယ်ရက်အလို ပြုလုပ်ခြင်းဖြစ်သည်။
No comments:
ကချင်ပြည်နယ် ကားမိုင်းမြို့နယ်ခွဲနှင့် ပူတာအို သွားလမ်း သီးခြားနှစ်နေရာတွင် ယမန်နေ့က က ချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် တိုက် ပွဲဖြစ်ပွားခဲ့ရာ မြန်မာအစိုးရတပ်ဘက်မှ ၇ ဦး သေဆုံးပြီး တချို့ဒဏ်ရာရရှိကြောင်း ရှေ့တန်း KIA အရာရှိများမှသိရသည်။
တိုက်ပွဲများသည် နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး မြစ်ကြီးနား-ပူတာအိုလမ်း တယန်ဇွပ် (Tayang Zup) နှင့် ဆွပ်ခါ (Sup Hka) ကြားတွင်လည်း အစိုးရစစ်ကား တစ်စီးမှောက်၍ စစ်သား ၄ ဦးသေဆုံးကာ တချို့ဒဏ်ရာရရှိခဲ့ကြောင်း ရှေ့တန်း KIA အရာ ရှိ တစ်ဦးပြောသည်။
ယခု ပစ်ခတ်မှုသည် မကြာသေးခင်က မြစ်ကြီးနားမြို့မှ စစ်ကား ၃၆ စီးဖြင့် ပူတာအိုသို့ ချီတက်လာသော အစိုးရတပ်ဖွဲ့ နှင့် KIA တပ်မ ဟာ (၁) တပ်ဖွဲ့တို့ဖြစ်သည်။
ဖားကန့် ကျောက်စိမ်းမှော်သွားလမ်းရှိ ကားမိုင်းအနီး KIA တပ်ရင်း (၆) တပ်ဖွဲ့နှင့် အစိုးရတပ်ဖွဲ့တို့ တိုက်ပွဲတွင် အစိုးရဘက်မှ ၃ ဦးသေ ဆုံးပြီး တချို့ဒဏ်ရာ ရရှိကြောင်း ရှေ့တန်းသတင်းရပ်ကွက်မှပြောသည်။
ပြီးခဲ့သည့်အပတ်တွင်း အောက်မြန်မာပြည်မှ စစ်အင်အားသစ် ထောင်ချီကို ရထား (၃) စီးဖြင့် က ချင်ပြည်နယ်သို့ သယ်ပို့ခဲ့သည်။ ၎င်းစစ်ကူ များ နိုဝင်ဘာလ ၈ ရက်နေ့တွင် မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သို့ ရောက်ရှိ လာပြီး ထိုမှ ကချင်ပြည်နယ် အရှေ့ဘက်၊ အ နောက်ဘက်နှင့် မြောက်ဘက် KIA တပ်စခန်းများ ရှိရာသို့ တဖန်ထွက်ခွာသွားသည်။
ပြီးခဲ့သည့်ပတ်အတွင်း KIO ဗဟိုဌာနချုပ် လိုင်ဇာမှ ၁၀ မိုင်အကွာရှိအစိုးရစစ်စခန်းများတွင်စစ်အင်အားသစ် ၁၀၀၀ ခန့်ရောက်ရှိလာ ကြောင်း လိုင်ဇာမှ KIA အရာရှိတစ်ဦးဆိုသည်။
ဤကဲ့သို့ ကချင်ပြည်နယ်သို့ အစိုးရစစ်အင်အား ထပ်မံတိုးချလာခြင်းသည် မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှစ်ဖက် ကိုယ် စားလှယ်များ အောက်တိုဘာ ၃၀ ရက်နေ့ တရုတ်နိုင်ငံ ရွှေလီမြို့ မအောင်မြင်သော တွေ့ဆုံပွဲအပြီးနှင့် အမေရိကန်သမ္မတအို ဘားမားမြန်မာ နိုင်ငံသို့ လာရောက်ရန် ဆယ်ရက်အလို ပြုလုပ်ခြင်းဖြစ်သည်။
ဆွမ်းခံသံဃာတော် ၇ ပါးအား ရဲစခန်းပိုင်သုံးဘီးယာဉ်ဝင် တိုက် - အရေးယူမှုမရှိ
သျှမ်းသံတော်ဆင့်သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ ယခုလဆန်းပိုင်းက ဆွမ်းခံသံဃာတော်များအား သုံးဘီးယာဉ် ဝင်တိုက်မှု ဖြစ်ပွါးခဲ့ရာ သံဃာတော် ၇ ပါး ဒဏ်ရာရပြီး ဆေးရုံတင်ထားရသော်လည်း ယာဉ်မောင်းအား အာဏာပိုင်မှ တစုံတရာအရေးယူမှု မရှိသေးကြောင်း မြို့ခံများကပြော ပါသည်။
“ဒီလ ၅ ရက် မနက် ၈ နာရီကပေါ့။ မြို့လယ်ကန်မိန်းကျောင်းတိုက်က သံဃာတော်တွေ ဆွမ်းခံကြွ ပြီး အပြန် ရပ်ကွက် ၁၂ က အောင်ညီညီ ထွန်းဆိုတဲ့သူက သုံးဘီးကားနဲ့ ဆွမ်းခံသံဃာတန်းကို ဝင်တိုက်တာ။ သံဃာ ၇ ပါး ဆေးရုံတင် ရတယ်။ ၃ ပါး က ဒဏ်ရာပြင်းထန်တယ်။ သံ ဃာတော်တွေ ဒီနေ့ထိ ဆေးရုံက မဆင်းရသေးဘူး။ ယာဉ်မောင်းကိုလည်း ဒီနေ့အထိ အ ရေး မယူသေးဘူး ” - ဟု လားရှိုးမြို့ခံ တဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
ဆွမ်းခံကြွ၍အပြီး ကျောင်းသို့ပြန်ချိန် ဆွမ်းခံ သံဃာတော် ၁၅ ပါးအား အမှတ် ၂ ရဲစခန်းပိုင်သုံးဘီးယာဉ်အမှတ် ဟ/ ၇၂၅၂ ကဝင် တိုက် ရာ ၇ ပါးမှာ ယနေ့တိုင်ဆေးရုံ၌ ဆေးကုသမှုခံနေရကြောင်း၊ အခင်းဖြစ်ပွါးရာနေရာမှာ လားရှိုးအထက ၃ ကျောင်းရှေ့၌ဖြစ်ကြောင်း၊ ယာဉ်မောင်း အောင်ညီညီထွန်း အသက် ၁၉ နှစ် မှာ ရပ်ကွက် ၁၂ နေ ရဲဘော်ဟောင်း ဦးစိန်လွင်ဆိုသူ ဗမာအမျိုးသား၏သားဖြစ် ကြောင်း၊ အဆိုပါယာဉ် မောင်းအား ယနေ့တိုင် အရေးယူခြင်း မရှိကြောင်း ကန်မိန်းကျောင်းတိုက်၏ ဒါယိကာတဦးကပြောသည်။
“ရဲစခန်းပိုင် သုံးဘီးယဉ်လေ။ မောင်းတဲ့ကောင်က မနက်စောစောစီးစီး အရက်က မူးနေပြီ။ လူကို တိုက်လို့ လျော် ကြေးမပေးရင်တောင်မှဘာ မှမပြောဘူး။ သံဃာတော်ကိုတိုက်မိပြီးတော့ လျော်ကြေး မပြောနဲ့ ဆေးကုသခလေး တောင် မကူညီဘူးဗျာ။ တိုက်မိ ပြီးတာနဲ့ မောင်းပြေးတာ။ အဲဒီနားကလူတွေက သူ့ကိုလိုက်ဖမ်းမှ ရဲစခန်းအသိုင်း အဝိုင်းကမှန်းသိတာ။ သက် သေ ရှိတာ တောင်မှ အာဏာပိုင်တွေက ဒီပြဿနာကို မ ဖြေရှင်းပေးဘူး။ သံဃာ တော်ဆိုတာ ဘုရားရဲ့သားတော်တွေဘဲ။ ဒါ ဗုဒ္ဓဘာ သာကို မလေးစားတာဘဲ။ တဖက်ကလည်း ဒါလူမျိုးရေး ပြဿ နာ ဖြစ်စေတဲ့မီးစတခုဖြစ်လာနိုင်တယ်။” ဟု အဆိုပါ ဒါယိကာ ကပြောပါသည်။
မြန်မာနိုင်ငံအစိုးရ ဒုတိယသမ္မတနေထိုင်သောမြို့၌ ယခုကဲ့သို့ ဖြစ်ပွါးသောပြဿနာကိုအာဏာပိုင်များလျစ်လျူရှုသည်မှာမဖြစ်သင့် ကြောင်း၊ ဗုဒ္ဓဘာသာ သံဃာတော်များအပေါ် အလေးမထားသည့် အဆိုပါယာဉ်မောင်း မိသားစုအပေါ်လည်း မြို့ခံများက မကျေမနပ်ဖြစ် နေကြ ကြောင်း လားရှိုးမြို့ခံနန်းနု ကပြောပါသည်။
“တိုင်းရင်းသားတွေ အတူတကွ နေနိုင်တဲ့ ဥပဒေတရပ် လိုပါတယ်”
ဧရာဝတီကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် မြန်မာ အစိုးရတပ်မတော်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၁ နှစ်ကျော်လာပြီ ဖြစ် သည်။ ၁ နှစ်ကျော်အတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် အလွတ်သဘော ၉ ကြိမ်၊ ပြည်ထောင်စုအ ဆင့် ၁ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း တိကျသည့် နှစ်ဘက် သဘောတူညီချက် ကတိက၀တ်များ မရရှိခဲ့ပေ။အစိုးရဘက်မှ KIAတပ်များကိုစစ်ရေး အရှိန်လျှော့ပေးရန် တောင်းဆိုနေသကဲ့သို့ KIA ဘက်မှလည်း ခံစစ်သာရှိပြီး တပ်မတော်ကသာ တပ်ဆုတ်ပေး ရမည် ဟု ပြောဆိုနေမှုများရှိ နေသည်။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ KIA နှင့် မြန်မာ့ တပ်မတော်အကြား စစ်ရေး၊ နိုင်ငံရေးအခြေ နေများ ကို KIA ဒု စစ်ဦးစီးချုပ် ဗိုလ် ချုပ်ဂွန်မော်ကို ဧရာဝတီသတင်းထောက် နန်းသီရိလွင်က တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ ရွှေလီ ဆွေးနွေးပွဲကို ဗိုလ်ချုပ်ဂွန်မော် ကိုယ်တိုင် ဘာကြောင့် မတက်ခဲ့တာလဲဆိုတဲ့ မေး ခွန်းနဲ့ စမေးချင်ပါတယ်။ ဆွေးနွေးပွဲ မတိုင်ခင် အစိုးရဘက်က ဘယ်သူတွေ လာမယ်ဆိုတဲ့ လူစာရင်း ကြိုရထားတာရှိပါသလား။
ဖြေ။ ။ ဆွေးနွေးပွဲ ဘာလို့ မတက်သလဲဆိုတော့ ဆွေးနွေးပွဲတွေက KIO ဘက်က ကိုယ်စားလှယ်အဖွဲ့နဲ့ နိုင်ငံတော် အစိုးရဘက်က ကိုယ်စား လှယ် အဖွဲ့တွေ့တာ ဖြစ်တယ်။ အဲဒီတော့ ဒီကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲ အခြေအနေတွေနဲ့ လိုအပ်ချက်အပေါ်မှာ အခြေခံ ပြီးတော့ ကျ နော်တို့ KIO ကနေ လိုအပ်တဲ့ သူတွေကို ပြန်ပြီးတက်ဖို့ အစီအစဉ်ပါ။ ဆွေးနွေးမယ့် နာမည်စာရင်းတွေ ကြိုမရဘူး။ ဘာ တွေဆွေးနွေးမယ် ဆိုတာ ကြိုပြီး အကြောင်းကြားတာ မရှိဘူး။ ဟိုကနေ အကြောင်းကြားတာကတော့ အောက်တိုဘာ ၂၅ ရက်နေ့ရက် စွဲနဲ့အကြောင်းကြားတာ က ဦးအောင်မင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ လာမယ်လို့ အကြောင်းကြားတဲ့ စာပဲရတယ်။ ဒီစာကို အခြေ ခံပြီးတော့ ဒီကနေ လည်း ကိုယ်စားလှယ် အဖွဲ့တွေ သွားကြတာ။ ဒါပေမယ့် တကယ်လို့ ဟိုမှာ လိုအပ်တဲ့ အခြေအနေအရ KIO ကနေ ကိုယ်စားလှယ် အဖွဲ့ထဲမှာ မပါပေမယ့် လိုအပ်ရင် သွားဖို့က အဆင်သင့်ရှိပါတယ်။ သွားမယ်ဆိုရင်လည်း ဒီကနေ သုံးနာရီခွဲ လောက်ပဲ ကြာပါတယ်။
မေး။ ။ ဆွေးနွေးပွဲရက်ကိုရော KIO က ရွေးခဲ့တာလား။
ဖြေ။ ။ ရက်က အောက်တိုဘာလ မကုန်ခင်မှာ လုပ်ရအောင်လို့ ပြောပါတယ်။ အဲဒါနဲ့ပဲ ကျနော်တို့က ၃၀ ကနေစရင်ကောင်းမယ်ထင် တယ် လို့ ပြန်အကြောင်းကြားလိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ၃၁ လို့ ပြောလိုက်ရင်လည်း ကျနော်တို့က ဒီလရဲ့ နောက်ဆုံး ရက်ကို သွားရွေးသလို ဖြစ်နေမယ်။ ၂၈ ကတော့ တနင်္ဂနွေ ဖြစ်နေတော့ ၂၉ ကို မမီနိုင်ဘူးဆိုတော့ ၃၀ ရက်နေ့မှာ စလုပ်နိုင်ဖို့ဆိုပြီး အကြောင်း ပြန်လိုက်တာ။ သူတို့ဘက်ကနေ ၃၀ ရက်နေ့ လုပ်ဖို့ သဘောတူတယ်လို့ ပြန်အကြောင်း ကြားလာတယ်။
မေး။ ။ အခု ဆွေးနွေးပွဲမှာ ဦးအောင်မင်းက နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာစေရမယ်လို့ ပြော သွားတာ ရှိပါတယ်။ အဲဒီအချက် အပေါ်မှာရော KIO ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ KIO ကတော့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ တောင်းဆိုခဲ့တာ အရင်ကတည်းကပဲ။ ဒါပေမယ့် ဘယ်လို ပုံစံလဲဆိုတာတော့ ပြန် ညှိရမယ်။ ဥပမာ အခု နိုင်ငံတော် အစိုးရကနေ ပြောနေတဲ့ Road Map အတိုင်းပဲ ဆွေးနွေးမလား၊ အဲဒီလို မဟုတ်ဘဲနဲ့ ကြိုတင် ကန့်သတ်ချက်မရှိဘဲနဲ့ နိုင်ငံရေးကို လွတ်လွတ်လပ်လပ် အများတွေ့နိုင်တဲ့ အနေအထား ရှိမလားဆိုတာ ပြန်ညှိရမယ်။
မေး။ ။ ဦးအောင်မင်းကတော့ နိုဝင်ဘာမှာ ထပ်တွေ့ချင်တယ်လို့ ပြောသွားပါတယ်။ KIO ဘက် က နိုဝင်ဘာမှာ တွေ့နိုင်ပါသလား။
ဖြေ။ ။ အဓိကကတော့ ခုနကပြောသလို ဘယ်လို ပုံစံ ဆွေးနွေးကြမလဲ ဆိုတာကို သဘောတူကြရင် အချိန်မရွေး တွေ့လို့ရပါတယ်။ ကျနော်တို့ ဘက်ကနေ ပြောထားတာကတော့ ၂၀၀၈ အခြေခံဥပဒေ အောက်ကို ၀င်ပါ၊ ရွေးကောက်ပွဲ ၀င်ပါလို့ ကြိုတင် ကန့်သတ်ချက်နဲ့ လုပ်ထားရင် ရှေ့ကို ဆက်ပြီးဆွေးနွေးရတာ အခက်အခဲ ရှိနိုင်တယ်။ အဲဒီလို ကြိုတင် ကန့်သတ်ချက်တွေ မထားဘဲနဲ့ နိုင်ငံရေး ဆွေးနွေး ကြမယ်၊ ဆွေးနွေးတဲ့ အခါကျမှ ဘယ်လို ပုံစံမျိုးနဲ့ ဆွေးနွေးမလဲ၊ ဒါကို အဲဒီဆွေးနွေးပွဲမှာ ညှိနှိုင်းချင်တယ်။
မေး။ ။ ဒါဆိုရင် အပစ်မရပ်ဘူး၊ နိုင်ငံရေးဆွေးနွေးမယ်၊ နိုင်ငံရေး ဆွေးနွေးနေတဲ့ အတောအ တွင်းမှာ ၂၀၀၈ အခြေခံဥပဒေကို ပြင်ပေးပါလို့ ဆိုလိုချင်တာပါလား။
ဖြေ။ ။ အခြေခံဥပဒေဆိုတာကတော့ နိုင်ငံတခုရဲ့ အရေးကြီးတဲ့ ကျောရိုးဖြစ်တာကိုး။ KIO ရဲ့ အမြင်ကတော့ ၂၀၀၈ ဥပဒေက ပြည့်စုံ မှုမရှိ ဘူး။ အခြေခံဥပဒေထဲမှာ တိုင်းရင်းသားများ အခွင့်အရေးကို အာမခံချက် ပေးမထားဘူး။ ဒါကြောင့်မို့လို့ ဒီလို အာမခံချက်မျိုးကို ပေးထားနိုင် တဲ့ အခြေခံဥပဒေမျိုး ဖြစ်ရမယ်။ တိုင်းရင်းသားတွေ အတူတကွ နေနိုင်တဲ့ ဥပဒေတရပ်လိုပါတယ်။ ဒါကြောင့် အခြေခံဥပဒေ ကိုပြောနေတာ ဖြစ်ပါတယ်။ ဒီကိစ္စဘယ်လို လုပ်ကြမလဲ ဆိုတာကတော့ ဆွေးနွေးရမှာပေါ့။ ကြိုတင် ကန့်သတ်ချက်မထားတဲ့ ဆွေးနွေး ပွဲမျိုး တွေ့ချင်တယ်လို့ ဒါကြောင့် ပြောနေရတာပါ။
မေး။ ။ အစိုးရ ငြိမ်းကော်မတီနဲ့ တရားဝင်ရော အလွတ်သဘောပါ တွေ့ခဲ့ကြတာ အခုရွှေလီ ဆွေးနွေးပွဲဟာ ၁၀ ကြိမ်မြောက် ရှိပြီလို့ သိရပါ တယ်။ ဘာကြောင့် ဒီလောက်ကြန့်ကြာနေတာပါလဲ။ တကယ်လို့ ငြိမ်းကော်မတီမှာ ဦး အောင်မင်း အစား ဒေါ်အောာင်ဆန်းစုကြည် ဆိုရင်ရော KIO အနေနဲ့ ဘယ်လို သဘောထားမလဲ။
ဖြေ။ ။ အဓိက အချက်ကတော့ မူပါပဲ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာပြီးတော့ KIO ကို ၂၀၀၈ ထဲကို လာပါလို့ ပြောရင် တော့ ဒါအဆင်ပြေနိုင်မယ် မထင်ဘူး။ တကယ်လို့ ဘယ်သူပဲ ဖြစ်ဖြစ် ၂၀၀၈ ထဲကို ၀င်လာပါဆိုတာမျိုး မဟုတ်ဘဲနဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ညှိ နှိုင်းကြမယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆိုရင်တော့ ဘယ်သူပဲ ဖြစ်ဖြစ် အဆင်ပြေနိုင်ပါတယ်။ နောက်တခုကတော့ KIO အ နေနဲ့ကတော့ ဘယ်သူဘယ်ဝါလာမှ ဆိုတာမျိုး မဟုတ်ပါဘူး။ နိုင်ငံတော် အစိုးရကနေ တာဝန်ပေးလိုက်တဲ့ ဘယ်သူနဲ့ မဆို ဆွေးနွေး မယ်ဆိုတာကို ကြိုပြီး ပြောထားပြီးသားပဲ။ KIO ရဲ့ ခံယူချက်က ဒီပြည်တွင်းစစ်ဟာ နိုင်ငံရေးစနစ်ကြောင့်ဖြစ်တဲ့ စစ်ဖြစ်တယ်၊ ဒါကြောင့်မို့လို့နိုင်ငံရေးနည်းနဲ့ဖြေရှင်း ချင်တယ်။ အခု အပစ်အခတ်ရပ်ဆိုင်းရေး တပ်ဆုတ်တာတို့၊ ခံစစ်၊ ထိုးစစ်တို့ တပ်တွေကို ခွာရမယ်လို့ ပြော တဲ့ဟာတွေ အကုန်လုံးက ဒါစစ် ရေးနည်းလမ်းဖြစ်တယ်။ အဲဒီတော့ စစ်ရေးနည်းနဲ့ ဖြေရှင်းတယ်ဆိုတာကတော့ နိုင်ငံရေးစနစ်ကို အပြီး သတ် မဖြေရှင်းနိုင်ဘူးလို့ KIO က ယုံကြည်တယ်။
မေး။ ။ ခု နောက်ဆုံး ရွှေလီဆွေးနွေးပွဲကိုရော စိတ်ကျေနပ်မှု ရခဲ့ပါသလား။
ဖြေ။ ။ ၃၀ ရက်နေ့ အစည်းအဝေးတုန်းက KIO ဘက်က ကိုယ်စားလှယ် ဦးဆွန်လွတ်ဂမ်က နိုင်ငံရေးဆွေးနွေးပွဲတွေကို အခု အစည်း အဝေး ကနေစပြီး လုပ်သွားဖို့ တောင်းဆိုလိုက်တာ၊ ကြိုတင် ကန့်သတ်ချက်များ မပါရှိသော နိုင်ငံရေးဆွေးနွေးပွဲများကို ဒီအချိန်ကနေ စတင်ဖို့ ဆိုပြီး တောင်းဆိုလိုက်တာ။ အဲလို တောင်းဆိုလိုက်တာနဲ့ အစိုးရကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်က နောက် အစည်းအဝေးကို ဘယ်မှာ လုပ်မလဲလို့ မေးလိုက်ခြင်းဟာ ဒီအစည်းအဝေးမှာ နိုင်ငံရေးဆွေးနွေးပွဲကို မစနိုင်ဘူးလို့ ဆိုလိုတယ်လို့ KIO က ယူဆတယ်။
မေး။ ။ အောက်တိုဘာ ၃၀ ရွှေလီ ဆွေးနွေးပွဲ ပြီးတဲ့နောက်ပိုင်းမှာ အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်တာ ရှိလား။
ဖြေ။ ။ တိုက်ပွဲက တောက်လျှောက်ဖြစ်နေတယ်။ အောက်တိုဘာ၂၈ လောက်ကတည်းက ရှမ်းပြည်နယ် တပ်မဟာ ၄ ဒေသဘက်မှာ အဓိက ထိုးစစ်တွေ လုပ်လာတယ်။ ၃၀ ရက်နေ့မှာ တပ်ရင်း ၃ ဒေသ၊ ဆဒုံးဒေသမှာ မြန်မာ့ တပ်မတော်က အင်အားဖြည့်တယ်။ ၃၀ ရက်နေ့ နောက် ပိုင်းမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပါပဲ။
မေး။ ။ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) နဲ့လည်း အပစ်ရပ်ပြီးတဲ့ နောက်တိုက်ပွဲတွေ ဆက် ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ရှိတယ်။ KIA ကိုလည်း နိုင်ငံရေးဆွေးနွေးနေရင်း တဘက်က ထိုးစစ်ဆင်နေတယ်၊ တပ်မတော် ဘက်ကလည်း တပ်တွေ ပိတ်ဆို့ခံထားရတယ်လို့ ဆို တယ်။ ဆိုတော့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အစိုးရရော လက်နက်ကိုင် တိုင်း ရင်း သားတွေရော နှစ်ဦးနှစ်ဘက် ဘာတွေ ညှိနှိုင်းဖို့ လိုနေ တာပါလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေးလို့ ပြောရတာခက်ပါတယ်။ တကယ်တော့ အပစ်အခတ် ရပ်စဲတယ်ဆိုတာ ငြိမ်းချမ်းရေး မဟုတ်ဘူး။ ပြီးတော့ ငြိမ်း ချမ်း ရေးဆိုတဲ့ ဝေါဟာရကို အဓိပ္ပာယ်ဖွင့်တာလည်း သိပ်မရှင်းဘူး။ အပစ်အခတ် ရပ်ထားတာကို ယာယီ ငြိမ်းချမ်းရေးလို့ ပြောတယ်။ ပြည်သူ့စစ် ဖြစ်သွားတာက ထာဝရ ငြိမ်းချမ်းရေးလို့ ပြောတယ်။ အဲလို အဓိပ္ပာယ် ဖွင့်မယ်ဆိုရင်တော့ KIO အပါအ၀င်တခြားတိုင်းရင်း သားအဖွဲ့တွေ လည်း လက်ခံမှာ မဟုတ်ပါဘူး။ အခု အပစ်ရပ်ထားတဲ့ အဖွဲ့တွေ ဘာမှ မပြောသေးဘူးဆိုတာလည်း အဲဒီအဆင့်ကို မ ရောက်သေးလို့ပါ။ အဲဒီအဆင့်ကို ရောက်သွားလို့ရှိရင် ပြန်ပြီး ပြဿနာ ဖြစ်လာနိုင်တယ်။ နိုင်ငံရေး ဆွေးနွေးပွဲဖြစ်လာရင်တော့ စစ်ရေး ရော တခြားကိစ္စတွေပါ အကုန် ပြေလည်သွားမယ်လို့ ကျနော်ထင်တယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတာ နိုင်ငံရေး စနစ်ကြောင့် ဖြစ်လာ တာ။ ဒီနိုင်ငံရေးစနစ်ကို ညှိနှိုင်းပြီး ပြုပြင်လိုက်ပြီဆိုရင် ဒီအစွယ်အပွားဖြစ်တဲ့ ပြဿနာတွေအကုန်လုံး ပြေ လည်သွားမယ်လို့ KIO က ဒီလိုပဲ ယုံကြည်တယ်။
မေး။ ။ ငြိမ်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းက ရွှေလီမှာ KIO ကို အချက်လေးချက် တောင်းဆို သွားပါတယ်။အဲဒီအချက်တွေကိုလိုက်လျော ပေးဖို့ ရှိမရှိ သိချင်ပါတယ်။
ဖြေ။ ။ လောလောဆယ်တော့ ကျနော်တို့ စဉ်းစားနေတုန်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ လက်တွေ့ကျဖို့ လိုပါတယ်။ ပူတာအို လမ်းတွေ ဆိုတာ က ကျနော်တို့ တပ်မဟာ ၁ ဒေသဘက်ကို ဖြတ်နေရတဲ့ လမ်းတွေ၊ အဲဒီတော့ တစုံတရာ သဘောတူညီချက်တွေသေချာအခိုင် အမာလုပ်ပြီး မှပဲ ကျနော်တို့က နှစ်ဘက် အပြန်အလှန် ကတိပေးရမယ့် ကိစ္စဖြစ်တယ်။ အဲဒီတော့ လက်တွေ့ကျဖို့ လိုပါတယ်။ လက်တွေ့မှာ တကယ် ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား ဆိုတာကို အဓိက ကျနော်တို့က အခြေအနေကြည့်ရဦးမှာပါ။
မေး။ ။ အစိုးရ ငြိမ်းကော်မတီက ဒီနှစ် မကုန်ခင်မှာ UNFC (ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ) နဲ့ တွေ့ဖြစ်အောင် တွေ့မယ်လို့လည်း ပြောထားပြန်တယ်။ တကယ်လို့ UNFC နဲ့ ငြိမ်းကော်မတီ တွေ့တဲ့အခါ KIO ကရော ပါဝင်ဖို့ ရှိလား။
ဖြေ။ ။ KIO ကတော့ UNFC ရဲ့ အဖွဲ့ဝင် ဖြစ်တဲ့အတွက် UNFC ရဲ့ ဆုံးဖြတ်ချက်ကို အခြေခံပြီးတော့ ပါသင့်ရင် ပါမယ်။ UNFC ကနေ ပြီးတော့ ပါစရာမလိုဘူးလို့ ပြောရင် KIO က ပါဖို့ အကြောင်းမရှိဘူး။ ဒါကတော့ UNFC ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်မှာ ပါ။ ။
ရာမူး ဘုန်းတော်ကြီးကျောင်းမှ ပျောက်ဆုံး ဗုဒ္ဓရုပ်ပွားတော် ၃ ဆူ ဒုက္ခသည်စခန်းမှ ဖမ်းမိ
မောင်အေးဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့ စ် ဘာဇားခရိုင် ရာမူးခေါ် ပန်းဝါမြို့ ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း များမီးရှို့ ဖျက်ဆီးခံရပြီးနောက်ပိုင်း ပျောက်ဆုံးသွား သည့် ဗုဒ္ဓဆင်းထုတော် အများအပြား အထဲမှ ရုပ်ပွားတော် ၃ ဆူကို ရိုဟင်ဂျာ ဒုက္ခ သည် စခန်းမှ ပြန်လည် ဖမ်းဆီး ရမိကြောင်း ဘင်္ဂလာဒေခ်ျ့ အထူးမူခင်း နှိမ်နှင်းရေး တပ်ဖွဲ့ RAB ကို ကိုးကားပြီး 24 Bdnews ကဖေါ် ပြသည်။
အမြင့် ၁၂လက္မ၊ ၉ လက္မ နှင့် ၅ ဒဿမ ၈ လက္မရှိ အသီးသီးရှိ ရုပ်ပွားတော် ၃ ဆူကို ယမန်နေ့ ဗုဒ္ဒဟူးနေ့ ညနေက ကော့စ်ဘဇား ခရိုင် အိုကီးယားမြို့နယ် ကူတို့ပလောင် ရိုဟင်ဂျာ ဒုက္ခသည် စခန်း အတွင်းရှိ ဇော်ဖေါ့ အလောင် ဆိုင် မှ ဖမ်းဆီး ရမိသည်ဟု ဆိုသည်။
အမှတ် (၇) Rapid Action Battalion (RAB) တပ်ဖွဲ့မှ အဆိုပါ ဆိုင်အား ၀င်ရောက် စစ်ဆေးစဉ် အဆိုပါ ဗုဒ္ဓ ရုပ်ပွားတော်များကို ဖမ်း ဆီးရ မိ ခြင်းဖြစ်ကြောင်း 24 bdnews က ရေးသားသည်။
ရုပ်ပွားတော်များ ဖမ်းဆီးရရှိပြီးနောက် ဆက်နွယ်ပတ်သက်သူ မြန်မာနိုင်ငံမှ မွတ်ဆလင် ဒုက္ခသည် ဇော်ဖေါ် အာလောင် (၃၅ နှစ်) နှင့် အီမာန် ဟူစိန် (၃၂ နှစ်)တို့အား ဖမ်းဆီးလိုက်ပြီး ယနေ့တွင် အမူဖွင့် တရားစွဲဆိုလိုက်သည်ဟု ဆို သည်။
RAB တပ်ဖွဲ့မှ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူး ဆော်ရ၀ါ အလောင်မှ ဖမ်းဆီးရမိသော ရုပ်ထု တော်များကို ကြေးဖြင့် သွန်းလုပ်ထားခြင်း ဖြစ်ပြီး အကြီးဆုံး ရုပ်ထုတော်မှာ အလေးချိန် ၄၅၇ ဂရမ် ရှိပြီး၊ ဒုတိယ ရုပ်ပွားတော်မှာ ၂၃၄ ဂရမ်ရှိကာ နောက်တစ်ဆူမှာ ၁၀၃ ဂရမ် ရှိသည်ဟု ဆို သည်။
ဗုဒ္ဓရုပ်ထုတော်များမှာ စက်တင်္ဘာလ ၂၉ နှင့် ၃၀ ရက်များက ရာမူး ရှိ ဘုန်းတော်ကြီးကျောင်းများကို မီးရှို့ တိုက်ခိုက်စဉ် ယူဆောင်သွား ခဲ့ သော ရုပ်ထုတော်များ ဖြစ်သည်ဟု ပြောသည်။
ယခုအခါ ဘုန်းတော်ကြီးကျောင်းများမှ လုယူသွားသော ဗုဒ္ဓ ရုပ်ပွားတော်များကို သက်ဆိုင်ရာက လိုက်လံရှာဖွေနေပြီးတချို့ကိုပြန်လည် ဖမ်း ဆီးရမိသည်ဟု ဆိုသည်။
မီးရှို့ဖျက်ဆီး ခံလိုက်ရသော ဘုန်းတော်ကြီးကျောင်း (၁၉) ကို ယခုအခါ တာကာငွေ သန်း (၁၂၀) အကုန်အကျခံပြီးနဂိုမူလပုံစံအတိုင်း ဘင်္ဂ လာဒေခ်ျ့ စစ်တပ်မှ တာဝန်ယူ တည်ဆောက်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။
သို့သော် လည်း ပျက်စီး ဆုံးရှုံးသွားသော ဗုဒ္ဓဘာသာ စာပေ ကျမ်းဂံများ အပါအ၀င် ရှေးဟောင်း အနုပညာ လက်ရာ ဗုဒ္ဓ ရုပ်ပွားတော် များ၏ တန်ဖိုးမှာ ခန့်မှန်း၍ မရအောင်ထိ များပြားကြောင်း ဒေသအတွင်းက ဆရာတော်များက မိန့်ကြားသည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံ အတိုက်အခံ ခေါင်းဆောင် ယခင်ဝန်ကြီးချုပ်ဟောင်း ခါလစ်ဒါဇီယာသည် စနေနေ့ ( အောက်တိုဘာ ၁၀ ရက်နေ့) တွင် ရာမူးသို့ သွားရောက်ပြီး ဖျက်ဆီးခံလိုက်ရသော ဘုန်းတော်ကြီးကျောင်းများကို သွားရောက် ကြည့်ရှု့ စစ်ဆေးမည် ဖြစ်သည်။
ပေါက်တောမြို့တွင် သားအဖနှစ်ယောက် ယမ်းထောင့်သေနတ် ပစ်ခံရ၍ ဒဏ်ရာရ
မင်းသွီးနိုဝင်ဘာလ(၈)ရက်နေ့၊ ညနေ(၅)နာရီအချိန်တွင် ပေါက်တောမြို့နယ်၊ စောမဲကျီကျေးရွာမှ သားအဖ နှစ်ဦးဖြစ်သော ဦးလပြည့်ဦး(ဘ)ဦး သာ တူးအောင်၊ အသက်(၄၄)နှစ်နှင့် သားဖြစ်သူမောင်ဝင်းဝင်းချေ အသက်(၉)နှစ်တို့အား ဘင်္ဂလီ သင်္ဘောတစ်စီးက ယမ်းထောင့်သေ နတ်ဖြင့် လာပြီးပစ်ခတ်သဖြင့် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။
၎င်းတို့ သားအဖနှစ်ဦးသည် ဆံတော်ရှင်ကျွန်းအနီးတွင် ငါးဖမ်းနေစဉ် ဘင်္ဂလီသင်္ဘောတစ်စီးကယမ်းထောင့်သေနတ်ဖြင့်လာပြီးပစ်ခတ် သော ကြောင့် ဦးသာတူးအောင်မှာ ဒူး၊ လက်မောင်း၊ ရင်ဘတ်နှင့် ပေါင်များတွင် ကျည်ထိဒဏ်ရာ ပြင်းထန်စွာရရှိသွားပြီး သားဖြစ်သူ ဦး လပြည့်ဦး မှာ မျက်နှာတွင် ကျည်ထိဒဏ်ရာ ရရှိသွား၍ သားအဖနှစ်ဦးအား စောမဲကျီကျေးရွာဖက်ကို သယ်ယူသွားကြောင်း သိရသည်။
ဒဏ်ရာပြင်းထန်သောကြောင့် စစ်တွေဆေးရုံသို့ ဆေးကုသရန် ရောက်ရှိလာပုံကို စစ်တွေမှ ဒေသခံတစ်ဦးမှ " ဒီနေ့ ညနေ (၁၀)နာရီ လောက် မှာ ဆေးရုံကို သတိမေ့ပြီး ရောက်လာပါတယ်။ ဦးသာတူးအောင်က ဒူး၊ လက်မောင်း၊ ရင် ဘတ်နှင့် ပေါင်မှာ ကျည်ထိဒဏ်ရာက ပြင်းထန်တာမို့လို့ စစ်တွေဆေးရုံကို ယူလာပါတယ်။ သူ့သားကတော့ မျက်နှာမှာပဲ ကျည်ထိတာ ဆိုတော့ ရွာမှာဆေးကုဖို့ ကျန်ခဲ့ပါတယ်။ အသက်အန္တရာယ် က စိုးရိမ်စရာ တော့ မရှိတော့ပါဘူး။ " ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ဒုတိယအကြိမ် တစ်ကျော့ပြန် အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီးနောက်ရခိုင်ပြည်သူများသည်သူတို့၏အသက်အန္တရာယ်အ တွက် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်းသိရသည်။ နိုင်ငံတော်အစိုးရက လုံခြုံရေးများ တင်းကြပ်စွာချထားပြီး အကြမ်းဖက်မှု ဖြစ်ပွားနိုင်တဲ့ လက်နက် တွေကို သုံးရက်အတွင်း ပြန်အပ်ရမည်ဟု နိုဝင်ဘာလ(၂)ရက်နေ့က ထုတ်ပြန်ထားသော်လည်း ယခု အသက်အန္တရာယ်ကို ထိခိုက်စေနိုင် သော အကြမ်း ဖက်မှုကို ပြန်လည်ဖြစ်ပွားနိုင်သော လက်နက်မျိုးဖြင့် တိုက်ခိုက်ခံရပြန်သဖြင့် နိုင်ငံတော်အစိုးရအနေနဲ့ ရခိုင်ပြည်သူ များ၏ လုံခြုံရေးကို ဦးစားပေး စဉ်းစားသင့်ကြောင်း ဝေဖန်ပြောဆိုနေကြသည်။
တပ်သား (၃) ဦး လွှတ်မြောက်ရေး အပေးအယူလုပ်မည့် ကမ်းလှမ်းချက် မြန်မာဘက်က ပယ်ချ
နိရဉ္စရာအောက်တိုဘာလ ၆ ရက်နေ့က ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံရသူ မြန်မာဘက်မှ တပ်သား (၃) ဦးကို အပေးအယူဖြင့် ပြန်လည် လွှတ်ပေးမည်ဟု လက်နက်ကိုင် အဖွဲ့မှ ကမ်းလှမ်းချက်ကို မြန်မာ ဘက်က ပယ်ချလိုက်သည်ဟု မြန်မာ စစ်တပ်နှင့် နီးစပ်သူ တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။
“ အဲဒီ တပ်မတော်သား (၃) ဦးက အခုအချိန်ထိ အသက်ရှင် ရှိနေသေးတယ်။ ဒီကနေ့ နောက်ဆုံး သတင်းရတာက ဖမ်းဆီးခေါ်ဆောင် ခံသွားရတဲ့ တပ်သား (၃) ဦးကို အပေးအယူ လုပ်ပြီး ပြန်လွှတ်ပေးမယ်လို့ အဲဒီ လက်နက်ကိုင် အဖွဲ့က ကမ်းလှမ်းတယ်။ ဒါကို မြန်မာ ဘက်က ပယ်ချလိုက်ပါတယ်” ဟု သူက ပြောသည်။
လက်နက်ကိုင် အဖွဲ့ကို အာရ်အက်စ်အို အဖွဲ့ဟု အများက သံသယ ဖြစ်နေသော်လည်း အဖွဲ့၏ အမည်ကို ထုတ်ဖေါ် ပြောဆိုရန် သူက ငြင်းဆိုသည်။
မြန်မာဘက်က ဖမ်းဆီး ခေါ်ဆောင်သွားသော တပ်သား (၃) ကို ချွင်းချက် မရှိ ပြန်လည် လွှတ်ပေးရန်နှင့် မလွှတ်ပေးပါကဘင်္ဂလာဒေခ်ျ့ စစ်တပ်၏ ခွင့်ပြုချက်ဖြင့် လက်နက်ကိုင် အဖွဲ့ စခန်းများကို ၀င်ရောက် တိုက်ခိုက်သွားမည်ဟု တုန့်ပြန် ပြောဆိုထားကြောင်း သိရ သည်။
မြန်မာ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဘင်္ဂလာဒေခ်ျ့ စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများ နယ်စပ်တွင် မြန်မာ စစ်သား (၃) ဦး ပြန် လည် ရရှိရေး အတွက် ဆွေးနွေးမူများ ပြုလုပ်နေကြသည်ဟု နယ်စပ်ကလာသောသတင်းများက ဆိုသည်။
နိုဝင်္ဘာလ ၆ ရက်နေ့ ညနေပိုင်းက မြန်မာ စစ်တပ် ဆောက်လုပ်ရေး အင်ဂျင်နီယာတပ် GE မှ တပ်သား ၄ ဦး အလုပ်ခွင်မှ မော်တော် ဆိုင်ကယ် (၂) စီးဖြင့် ပြန်လာစဉ် အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ခုမှ သေနတ်ဖြင့် ၀င်ရောက် ပစ်ခတ်ခဲ့သည်။
အဆိုပါ ပစ်ခတ်မူကြောင့် GE တပ်ဖွဲ့မှ စက်ပြင်ဆရာ ကျော်ကျော်ဝေမှာ ပွဲချင်းပီး သေဆုံးသွားခဲ့ပြီး တပ်ကြပ်ကြီး ခင်မိုးအောင်နှင့် နောက် ထပ် တပ်သား ၂ ဦးတို့ ဖမ်းဆီးခံခဲ့ရသည်။
ပစ်ခတ်ခဲ့သည် နေရာမှ အေကေ ကျည်ခွံ (၃) ခုနှင့် ကျည်ဆံ တစ်တောင့် သိမ်းဆည်းရမိသဖြင့် မြန်မာ အာဏာပိုင်များမှ တဘက်နိုင်ငံ တွင် ခိုအောင်းနေသော မွတ်ဆလင် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု အပေါ် သံသယ ဖြစ်နေသည်ဟု ဆိုသည်။
ယခုအခါ ပစ်ခတ်မူ ဖြစ်ပွားရာ နယ်စပ် တလျှောက်တွင် နှစ်ဘက်နိုင်ငံမှ တပ်များကို တိုးချကာ လုံခြုံရေးကို တိုးမြှင့်ထားသည်ဟု သ တင်း ရရှိသည်။
နယ်ကျော် မွတ်စလင် ၇၈ ဦးကို ရခိုင်ပြည်နယ် ပြန်ပို
စနေလင်းရခိုင်ပြည်နယ်မှ နယ်ကျော်လာသည့် မွတ်စလင် ၇၈ ဦးကို ကော့သောင်းမြို့မှတဆင့် ၎င်းတို့ နေရပ်ဖြစ်သည့် ရခိုင်ပြည်နယ်သို့ ပြန်ပို့ရန် အတွက် မြန်မာ့ ကြယ်ငါးပွင့် သင်္ဘော “တောင်ကြီး” ဖြင့် တင်ဆောင်လာရာ ယနေ့နံနက် ၉ နာရီကျော် အချိန်တွင် သာကေတ မြို့နယ် ကြယ်ငါးပွင့် ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မွတ်စလင်များသည် ဇွန်လက စတင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ပတ်သက် ခြင်း မရှိကြောင်း၊ ယခုနှစ် မတ်လနှင့် ဧပြီလ တို့တွင် မြိတ်မြို့နယ် ကျောက်ဆူးအရပ်၌ ဖမ်းဆီးရမိခဲ့ပြီး ဧပြီလ ၂၆ ရက်နေ့က လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ ပြစ်ဒဏ် ကျခံခဲ့ ရ သူများ ဖြစ်ကြောင်း၊ ယခုလ ၁ ရက်နေ့တွင် ပြစ်ဒဏ်မှ လွတ်မြောက် လာသောကြောင့် နေ ရပ်ရင်းသို့ ပြန်ပို့ရန် စီစဉ်ခြင်းဖြစ်ကြောင်း မြိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်း ၇၈ ဦးသည် ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦးနှင့် စစ်တွေဒေသတို့မှ ထွက်ပြေးလာကြသူများ ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ရခိုင်ပြည်နယ် ပဋိပက္ခ ကူညီနေသည့် အစ္စလမ် ဘာသာရေး အဖွဲ့မှ ကိုကျော်နိုင်က ဆိုသည်။ အဆိုပါ အဖွဲ့သည် သင်္ဘောဖြင့် ပါလာ သည့် ၇၈ ဦးကို စားရေးသောက်ရေးနှင့် အဝတ်အထည်များ သွားရောက်ကူညီလျက် ရှိသည်။
ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသည့် မွတ်စလင် ၇၈ ဦးကို ပြည်မြို့သို့ အရင်ဦးစွာ ခေါ်ဆောင်သွားမည်ဖြစ်ပြီး ထိုမှတဆင့် ရခိုင်ပြည်နယ် သက်ဆိုင်ရာ အဖွဲ့သို့ လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း အဆိုပါကိစ္စကို တာဝန်ယူ ဆောင်ရွက်နေသော လူဝင်မှု ကြီးကြပ်ရေးအဖွဲ့ ညွှန် ကြားရေးမှူး တဦးက ပြောသည်။
“ကျနော်တို့တာဝန်က ဒီကနေ ပြည်အထိပဲ တာဝန်ယူပေးရမှာ။ ပြည်ကနေ ရခိုင်ပြည်နယ်ဘက်ကို ပြန်ပို့ပေးဖို့ကတော့ ဟိုဘက်အပိုင်းက ဆက် တာဝန်ယူသွားပါ့မယ်။ ယခုလက်ရှိ အချိန်အထိတော့ သူတို့ ဘယ်လို ကော့သောင်းကနေ ပါလာတာလဲ ဆိုတာ ကျနော်တို့ မပြော နိုင်ပါဘူး။ ဟိုဘက်မှာ ဘယ်လို ဆက်လုပ်မယ် ဆိုတာလည်း မသိသေးပါဘူး” ဟု သူက ဆိုသည်။
ကြယ်ငါးပွင့်ဆိပ်ကမ်းသို့ ဆိုက်ရောက်လာသည့် ၇၈ ဦးသည် သဘောင်္ပေါ်တွင် ၃ ရက်ခန့် နေခဲ့ကြောင်း၊ ၎င်းတို့အတွက် အစားအ သောက် နှင့် အဝတ်အထည် ကျပ် ၁၅ သိန်း တန်ဖိုးခန့် အစ္စလမ် ဘာသာရေးအဖွဲ့က ကူညီပေးနေကြောင်း သိရသည်။
“ကျနော်တို့ဆီကို လှမ်းပြောလို့ ကျနော်တို့က သူတို့ရဲ့ စားရေးသောက်ရေး အတွက် စိုးရိမ်လို့ အကူ အညီလာပေး တာပါ။ ဘာမှတော့ တိတိကျကျ မသိရသေးဘူး” ဟု ကိုကျော်နိုင်က ပြောသည်။
မွတ်စလင် ၇၈ ဦးကို ရန်ကုန်မှတဆင့် ပြည်မြို့ရှိ ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေး အဖွဲ့ရုံး သို့ Asia Express အဝေးပြေးယာဉ်ဖြင့် တိုက်ရိုက် ပို့ဆောင်မည်ဖြစ်ပြီး ၎င်းအုပ်စုတွင် အသက် ၅၀ ၀န်းကျင်ရှိ အမျိုးသမီးတဦးနှင့် အသက် ၃၀ ၀န်းကျင်ရှိ အမျိုးသမီးတဦး ပါဝင်ကြောင်း၊ ကျန်ရှိသော အမျိုးသာ ၇၆ ဦးသည် လူလတ်ပိုင်းများ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ၎င်းတို့ လုံခြုံရေးအဖြစ် လိုက်ပါဆောင်ရွက် သွားမည်ဖြစ်ပြီး ယနေ့ နံနက် ပိုင်းတွင်လည်း သာကေတ ကြယ်ငါးပွင့် သဘောင်္ဆိပ်ကမ်းတွင် ရဲတပ်ဖွဲ့ဝင် အင်အား ၃၀ ကျော်နှင့် လူဝင်မှု ကြီးကြပ်ရေးအဖွဲ့ဝင် အင် အား ၂၀ တို့က စောင့်ကြပ်လျက်ရှိကြောင်း တွေ့ရသည်။
ဆံတော်ရှင်မှ ဘုရားဖူး၍ အပြန် ရခိုင် သားအဖနှစ်ဦး တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရ
ထွန်းထွန်းရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ဆံတော်ရှင်မှ ဘုရားဖူး၍အပြန် နောက်ဆုံးကျန်ရစ်ခဲ့သော သားအဖနှစ် ဦးမှာ တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရသည်ဟု သတင်းရရှိသည်။
တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရသူတို့မှာ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်း စောမဲကျီ ကျေးရွာမှ ဦးလပြည့် ဦး (၄၀ကျော်) သားအဖ နှစ် ဦးဖြစ်သည်။
ဖြစ်ပျက်ပုံနှင့် ပတ်သက်ပြီး ပေါက်တောမြို့ရှိ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရုံးမှ တာဝန် ရှိသူတဦးက နိရဉ္စ ရာသို့ ယခုလို ပြော သည်။
“မနေ့က ဆံတော်ရှင် ဘုရာဖူးလို့အပြန် အဲဒီသားအဖနှစ်ဦးက စောမဲကျီရွာနီးက ရမြိုင်ကျိုင်ဆိုတဲ့ နေရာ မှာ နားနေကြစဉ် ည ၅နာရီ ၁၅မိနစ်မှာ ဘင်္ဂလီမွတ်ဆလင် ဘုတ်တစီးက အနီးကပ်လာပြီး တူမီးသေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။ သေနတ် သံကြားတာနဲ့ ရွာသားတွေလိုက် သွားတော့ အဲဒီ ဘင်္ဂလီ ဘုတ်ထွက်ပြေး သွားတာကို မြင်ရပါတယ်” ဟုပြောသည်။
ဦးလပြည့်ဦးမှာ ရင်ဘက်၊ ဆီးအုံနှင့် တချို့နေရာများတွင် ကျည်မှန်ပြီး ဒဏ်ရာပြင်း၍ ယမန်နေ့က စစ်တွေဆေးရုံကြီးသို့ ချက်ချင်းယူ ဆောင် သွားသည်ဟုဆိုသည်။ သားဖြစ်သူမှာ ကျည်မှန်သော် လည်း ဒဏ်ရာမ ပြင်းထန်သဖြင့် ဒေသဆေးရုံတွင် ဆေးကုသမှုခံ နေရ သည်ဟု ဆိုသည်။
နိုဝင်ဘာ ၃ရက်နေ့တွင် ယမ်းထောင်း (တူမီး)၊ တုတ်၊ဓါး၊ ဂျင်ကလိ၊ လေးဂွ၊ မြှားအစရှိသည်တို့ကို သက် ဆိုင်ရသို့ အပ်နှံရ မည် ဟု အစိုး ရက တရားဝင်ကြေငြာထားပြီး ရခိုင်ရွာများမှာ လက်နက်များ ကို သိမ်းယူ နေသော်လည်း ဘင်္ဂလီကျေး ရွာများမှ သိမ်းယူမှု မရှိသေး ကြောင်း၊ ယခုအချိန်အထိ ဘင်္ဂလီများက ရခိုင် အမျိုးသားများကို ရန်ပြု တိုက်ခိုက်နေဆဲဖြစ် ကြောင်း သူကပြောသည်။
ယခုအချိန်အထိ ရခိုင်တိုင်း ရင်းသားများတို့၏ အသက်အိုးအိမ် များကို သက်ဆိုင်ရာ လုံခြုံရေး တပ်များမှကာကွယ် စောင့်ရှောက်မှုများ မပြုလုပ်နိုင်သေးကြောင်း သိရသည်။
ရခိုင်အမျိုးသားများအပေါ် ဘင်္ဂလီများမှ ယခုလို ဆက်တိုက် တိုက်ခိုက်မှုများ ပြုလုပ်နေမည်ဆို လျှင်ပြဿနာ ပြန်လည် ဖြစ်လာနိုင်ဖွယ် ရှိသည်ဟု ဒေသခံများက ပြောသည်။
ရခိုင်အရေးသည် ပြုပြင်ပြောင်းလဲရေး အတွက် နိမိတ်ဆိုး
အောင်ဇော်ရခိုင်ပြည်နယ်မှာ လတ်တလော ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ ချက်ချင်း မရပ်ဘူးဆိုရင်မြန်မာပြည်တည်ငြိမ်ရေးကိုရောဒေသတွင်း တည် ငြိမ်ရေးကိုပါ ပြင်းပြင်းထန်ထန် ဂယက်ရိုက်လိမ့်မယ်။ ဒါကြောင့် နိုင်ငံတကာ မိသားစုအနေ နဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာ့ဒီမိုက ရေစီ အ သွင်ကူးပြောင်းမှုမှာ မမျှော်လင့်တာတွေနဲ့ ဆိုးဆိုးဝါးဝါး ကြုံရမှာမို့ ဒီအတိုင်း လက်ပိုက်ကြည့်မနေသင့်ပါဘူး။
ဒါပေမယ့် ပြည်တွင်းက လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတချို့ ယူဆနေသလိုမျိုး လက်ရှိပဋိပက္ခကို နိုင်ငံရေးအသိုင်းအဝိုင်းမှာ ရှိတဲ့ သဘောထား တင်း မာသူတွေက တကယ်တမ်း တွန်းပို့နေတယ်ဆိုရင်တော့ မကြာသေးခင်က နိုင်ငံရေးလမ်းစ ပွင့်လာတာတွေ နောက်ပြန်ဆုတ်သွား မယ့်အပေါ် ကျနော်တို့ မအံ့သြသင့်ပါဘူး။
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂက ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာကြေညာချက်ထုတ်ပြန်ပါ တယ်။ “လူ တစုက အခြားလူတစုအပေါ် ကိုယ့်သဘောကိုယ်ဆောင် တိုက်ခိုက်နေမှုတွေ၊ ပစ်မှတ်ထား ခြိမ်းခြောက်နေမှုတွေနဲ့ အစွန်း ရောက်ထုတ် ဖော်ပြောဆိုမှုတွေကို ရပ်တန်းက ရပ်ရပါလိမ့်မယ်” လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့် ရပုဂ္ဂိုလ်က ဆို ပါတယ်။
“မြန်မာအစိုးရအနေနဲ့ရော၊ ဒီကိစ္စအပေါ် အလေးထားသူ အားလုံးအနေနဲ့ရော အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင် တားဆီးဖို့နဲ့ လူစုကြီး နှစ် စုကြားက တင်းမာမှုတွေ ဒီ့ထက် ပိုမဆိုးသွားအောင် ထိန်းဖို့ အရမ်းအရေးကြီးပါတယ်” လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာက ကြာ သာ ပတေးနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို အစီရင်ခံစာ တင်သွင်းနေတဲ့အချိန်မှာ ပြောပါတယ်။
အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ်န်ကလည်း စိုးရိမ်မှုကို ထုတ်ဖော်ခဲ့ပါတယ်။ “အခြေအနေက ပိုဆိုးလာနေတဲ့အပြင် အခုဆိုရင် ရိုဟင်ဂျာတွေကို အမြစ်ကလှန်မယ့် အန္တရာယ်ရှိနေတယ်။ ဒီအနေအ ထားက ဘယ်သူ့အတွက်မှ ကောင်းမှာမဟုတ်ဘူး” လို့ သူက ဘန်ကောက်ပို့စ် သတင်းစာကို ပြောပါတယ်။
“ဒီပဋိပက္ခက အစ္စလာမ်ဘာသာနဲ့ ဆိုင်တဲ့ကိစ္စလို့ မဟုတ်ဘဲနဲ့ ပြောနေကြတယ်။ ဒါက နိုင်ငံရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ကိစ္စဖြစ်တယ်။ ပြီးတော့ ဒီကိစ္စက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုနဲ့ အမျိုးသား ပြန်လည်သင့်မြတ် ရေး လုပ်ငန်းစဉ်တွေအပေါ် တိုက်ရိုက် ဂယက်ရိုက်မှုရှိတယ်” လို့လည်း ပြောပါ တယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်က အကြမ်းမှုကြောင့် အာဆီယံဒေသထဲ ပိုမိုကျယ်ပြန့်တဲ့ သေနင်္ဂဗျူဟာနဲ့ လုံခြုံရေးဆိုင်ရာ ဂယက်ရိုက်မှုတွေ ရှိ သွား လိမ့်မယ်လို့လည်း သူက သတိပေးပါသေးတယ်။
သူသတိပေးတာ မှန်ပါတယ်။ ဒီဆူပူအုံကြွမှုတွေကြောင့် ဒုက္ခသည်တွေ နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးကြမှာမို့ စိုးရိမ်ရတဲ့ လူသားချင်း ဆိုင် ရာနဲ့ လုံခြုံရေးဆိုင်ရာ ဂယက်ရိုက်မှုတွေ အနာဂတ်မှာ ဖြစ်လာမှာပါ။
ဆူရင် ပစ်ဆူဝမ်န်က သြဂုတ်လမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဆီ စာတစောင် ပို့ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာဝင်တွေနဲ့အစ္စ လမ်ဘာသာဝင်တွေအကြား အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ တိုက် တွန်းထားတဲ့ စာပါ။
အာဆီယံ လက်ရှိဥက္ကဌ ကမ္ဘောဒီယား နိုင်ငံခြားရေးဝန်ကြီး ဟောနမ်ဟုံ (Hor Nam Hong) က နိုင်ငံခြားရေး ဝန်ကြီးအစည်းအဝေး ခေါ် ခဲ့ပါ တယ်။ ဒါပေမယ့် အခြေအနေကို ထိန်းနိုင်တယ်ဆိုပြီး မြန်မာအစိုးရဘက်က အစည်းအဝေးတက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ အခုအချိန်မှာ လာမယ့် အာဆီယံအစည်းအဝေးမှာ ရခိုင်ပြည်နယ်ကိစ္စကို ဆွေးနွေးကြပါစေလို့ပဲ မျှော်လင့်ရပါတော့တယ်။
တကယ်ဖြစ်နေတာကို အစိုးရက ဘယ်လိုပဲ ငြင်းပယ်နေနေ သိသာတာကတော့ အောက်ခြေမှာ အခြေအနေတွေ ပိုဆိုးလာနေတာပါပဲ။ အဲ့ဒါ ကြောင့်လည်း အစိုးရက ရခိုင်ပြည်နယ်ထဲကို လုံခြုံရေးတပ်ဖွဲ့တွေ ထပ်ပြီး စေလွှတ်ခဲ့တာပါ။
အကြမ်းဖက်မှုတွေဖြစ်တဲ့အချိန်မှာ ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်ကြပြီး မြန်မာပြည်ရဲ့ ၁၉၈၂ နိုင်ငံ သားဥပဒေက အသိအမှတ်မပြုတဲ့ ရိုဟင်ဂျာ ၈ သိန်းလောက်ကိုချည်း သက်သက် မဟုတ်ဘူးလို့ သိရပါတယ်။
“ဒီကိစ္စက ရိုဟင်ဂျာတွေကိုချည်း အကြမ်းဖက်တဲ့ကိစ္စ မဟုတ်တော့ဘူး။ မွတ်ဆလင် ဆန့်ကျင်တဲ့ အကြမ်းဖက်မှု ဖြစ်သွားပြီ” လို့ ရိုဟင်ဂျာအ ရေး ဆောင်ရွက်နေတဲ့ ရခိုင်စီမံကိန်းအဖွဲ့ (Arakan Project) ဒါရိုက်တာ ခရစ် လဲဝါး (Chris Lewa) က ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။ ကျောက်ဖြူမြို့မှာ အဓိက နေထိုင်တဲ့ ကမန် (Kaman) မွတ်ဆလင်တွေလည်း အကြမ်းဖက်မှုတွေနဲ့ ဝေးရာကို ထွက်ပြေးခဲ့ကြရတာကိုး။
ရခိုင်ပြည်နယ်ထဲမှာ ပြန်ဖြစ်လာတဲ့ တိုက်ခိုက်မှုတွေဟာ အိုးအိမ်တွေကနေ စွန့်ပြေးရတဲ့ ရိုဟင်ဂျာတွေကို အကူအညီပေးဖို့ အစ္စလာမ်ပူး ပေါင်း ဆောင်ရွက်ရေး အဖွဲ့ (Organization of Islamic Cooperation – OIC) က မြန်မာပြည်မှာ ရုံးဖွင့်မယ့်ကိစ္စကို အစိုးရက ပိတ်ပင် လိုက်ပြီးတဲ့ နောက်မှာ ဖြစ်လာတာပါ။
သေချာတာကတော့ ဒီပဋိပက္ခနဲ့ပတ်သက်ပြီး အစိုးရရဲ့ တုန့်ပြန်ဆောင်ရွက်မှုတွေ နှေးနေတာပါပဲ။ တချိန်တည်းမှာ လည်း ဒီကိစ္စအပေါ် ဘယ် လို ကိုင်တွယ်သွားမယ်ဆိုတာကို သမ္မတရုံးက ပြည်တွင်းမှာရော နိုင်ငံတကာမိသားစုကိုပါ ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။
OIC ရုံးဖွင့်မယ့်ကိစ္စကို အများအားဖြင့် သံဃာတော်တွေနဲ့ ရခိုင်တိုင်းရင်းသားတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတာပါ။ နောက်ဆုံး အ ကြမ်းဖက်မှုတွေ မတိုင်ခင်ကဆိုရင် OIC ဆန့်ကျင်တဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြပွဲတွေ နိုင်ငံတဝှမ်းက မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့ပါသေး တယ်။
OIC ရဲ့ လုပ်ငန်းဆောင်တာတွေကို ခွင့်ပြုလိုက်မယ်ဆိုရင် ရိုဟင်ဂျာတွေ အစွန်းရောက်တွေ ဖြစ်လာစေမယ့်အပြင်နိုင်ငံထဲမှာအစ္စလာမ် ဘာ သာပြန့်ပွားဖို့ပဲ အထောက်အကူဖြစ်စေလိမ့်မယ်လို့ သံဃာတော်တွေနဲ့ သာမန် ဗုဒ္ဓဘာသာဝင် အတော်များများက ယုံကြည်ထားကြ တာပါ။ ဒီလို စိုးရိမ်မှုမျိုးတွေရဲ့အားကို ပေါ့ပေါ့တန်တန် မစဉ်းစားသင့်ပါဘူး။
“အစိုးရအနေနဲ့ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသား လူမျိုးတွေအတွက် တာဝန်ယူသွားမယ်၊ ဒါပေမယ့် တိုင်းရင်းသား မဟုတ်တဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူ ရိုဟင်ဂျာတွေကို အသိအမှတ်ပြုဖို့တော့ လုံးဝ မဖြစ်နိုင်ပါ ဘူး” လို့ သမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အန်တိုနီယို ဂူးတားရက်စ် (Antonio Guterres) ကို ဇူလိုင်လမှာ ပြောခဲ့ပါသေးတယ်။ သြဂုတ်လမှာတော့ ရိုဟင်ဂျာတွေ ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားလာအောင် သူ့ အစိုးရက ကျောင်းတွေ ဖွင့်ပေးသွားမယ်လို့ ဦးသိန်းစိန်က ဗီအိုအေ သတင်းဌာနကို ပြောပါတယ်။
ဝေဖန်သူတွေကတော့ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ စတင်ဖြစ်လာချိန်ကစလို့ ဒုက္ခရောက်ရသူတွေရဲ့ ကံကြမ္မာနဲ့ အကြမ်းဖက်မှု ကို တို့မီးရှို့မီးလုပ်သူတွေအပေါ် လုပ်ငန်းပိုင်းအရ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု အခုထိ ဘာမှမရှိသေးဘူးလို့ ထောက်ပြ ကြပါတယ်။
အခြေအနေကို ဂဃနဏသိသူတွေကလည်း အစိုးရထဲမှာရှိတဲ့ သဘောထား တင်းမာသူဂိုဏ်းတဂိုဏ်းက ရခိုင်ပြည်နယ် ပဋိပက္ခရဲ့ နောက် ကွယ်မှာ ရှိနေတယ်၊ အခုလို လနဲ့ချီပြီး အကြမ်းဖက်မှုတွေ ဖြစ်နေတာလည်း သူတို့ ဆွပေးတာဖြစ်မယ်လို့ ထုတ်ဖော်ပြောဆိုကြ ပါသေးတယ်။
အဲဒီလိုသာ မှန်မယ်ဆိုရင်တော့ တိုင်းပြည် တကယ် ထိခိုက်နစ်နာစေရေးအတွက် လုပ်ဆောင်ရာမှာ သူတို့တွေ အောင်မြင်မှုရခဲ့တယ်လို့ ပြော ရမှာပါ။
စိတ်ပျက်စရာ ကောင်းတာကတော့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားထင်ရှားသူတွေ အပါအဝင် မြန်မာအတိုက် အခံ အင်အားစုက ဒီအခြေအနေအပေါ် ဝင်ရောက် စွက်ဖက်တာဖြစ်စေ၊ တည်ငြိမ်သွားအောင် လုပ်တာမျိုး ဖြစ်စေ မလုပ်ကြတာပါပဲ။ ဒီ မိုကရေ စီလှုပ်ရှားမှုကို ကိုယ်စားပြုတယ်ဆိုတဲ့ အဲ့ဒီလူတွေ ဘာမှထိထိရောက်ရောက် မလုပ်ကြတဲ့အပေါ် အထူးသဖြင့် နိုင်ငံတကာအ သိုင်း အဝိုင်း နဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းဝင် အတော်များများက စိတ်ပျက်လက်ပျက် ဖြစ်ကြရပါတယ်။
တဖက်မှာလည်း စိတ်ဝင်စားစရာကောင်းတာ ရှိပါသေးတယ်။ အဲ့ဒါကတော့ အကြမ်းဖက်မှု လှုံ့ဆော်သူတွေကို အရေး ယူမယ်လို့ အစိုးရ အရာ ရှိတွေက ကတိထပ်ပေးတာပါပဲ။ အစိုးရအနေနဲ့ အဲ့ဒီအကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေကို တရားစွဲဖို့ ကြိုးစားနေတယ်လို့လည်း သမ္မတ ရုံး ပြောခွင့်ရသူက ဆိုပါသေးတယ်။
အဲ့ဒီလိုဆိုရင် အကြမ်းဖက်မှုမှာ တာဝန်ရှိသူတွေက ဘယ်မှာလဲ၊ သူတို့က ဘယ်သူတွေလဲ မေးစရာ ဖြစ်လာပါပြီ။
“အစိုးရအနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နိုင်ဖို့နဲ့ ပြည်သူလူထုအတွက် အလုပ်အကိုင် တွေ ဖန်တီးပေးနိုင်ဖို့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေလုပ်နေတဲ့အချိန်မှာ အခုလိုမျိုး မတည်မငြိမ်ဖြစ်မှုကနိုင်ငံတော်ရဲ့ ကြိုးပမ်းအား ထုတ် မှုတွေ အပေါ် အမှန်တကယ် ထိခိုက် စေပါလိမ့်မယ်” လို့ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သိန်းဌေးကတော့ သတိ ပေး ပြောဆိုပါတယ်။
တကယ်တမ်း ပြောရမယ်ဆိုရင် ရခိုင်ပဋိပက္ခနဲ့ပတ်သက်ပြီး သီအိုရီ အမျိုးမျိုး ရှိကြတာပါ။ သီအိုရီတခုက ဘယ်လိုလဲ ဆိုရင် သမ္မတရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အားနည်းသွားစေဖို့အတွက် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီထဲမှာရှိတဲ့ သဘော ထားတင်း မာသူတွေက အကြမ်းဖက်မှုတွေဖြစ်လာအောင် တွန်းပို့ကြတာပါတဲ့။
ဒုတိယ သီအိုတွေကတော့ ဒီပဋိပက္ခဟာ တပ်မတော် အာဏာပြန်ရလာအောင် ရည်ရွယ်ပြီး လုပ်ခဲ့တာပါတဲ့။ အတိတ်မှာတုန်းကလည်း ရိုဟင် ဂျာတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတချို့ စစ်အစိုးရက ဆောင်ရွက်ခဲ့ဖူးပြီး စစ်ဆင်ရေးတိုင်းမှာ မြန်မာပြည်သူတွေ စစ်တပ် နောက်က နေ ရပ်ခဲ့ကြပါတယ်။
မြန်မာဘုရင်တွေဟာ ဗုဒ္ဓဘာသာကို ကာကွယ်ရာမှာ အမြဲတမ်း အဓိက အခန်းကဏ္ဍကနေ ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့်လည်း လူထု ထောက် ခံမှုရဖို့အတွက် လက်ရှိ ဗိုလ်ချုပ်ကြီးတွေက မွတ်ဆလင် ဒါမှမဟုတ် ရိုဟင်ဂျာ ဖဲချပ်ကို အမြဲတမ်း ထုတ်ကစားလေ့ရှိတာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ရခိုင်အရေးကို စဉ်းစားတဲ့နေရာမှာ တခြား အရေးကြီးသူတွေကိုပါ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ သူတို့တွေက တော့ ရိုဟင်ဂျာတွေအပေါ် စာနာသူတွေပါပဲ။ အဲ့ဒီလူတွေထဲမှာ ကိစ္စရပ်တွေကို အောက်ခြေကစပြီး ပြောင်းချင်တဲ့ ပြည်တွင်းပြည်ပက ပုဂ္ဂိုလ်တွေနဲ့ ဘယ်သူမှားတယ် မှန်တယ်ဆိုတာကို ရိုးရိုးလေး အဖြူအမည်း ခွဲချင်တဲ့ ကန်ပိန်းအဖွဲ့တွေလည်း ပါဝင်ပါတယ်။
ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ကျနော်တို့ ဓမ္မဓိဌာန်ကျရပါလိမ့်မယ်။ ရခိုင်လူမျိုးတွေရဲ့ အသံကို နားထောင်ဖို့လို သလို ရိုဟင်ဂျာ တွေရဲ့ အသံကိုလည်း နားထောင်ရပါလိမ့်မယ်။ ဒီလူစုကြီး နှစ်စုအနေနဲ့လည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူလက်တွဲနေနိုင်အောင် လေ့လာ သင်ယူ ရပါ လိမ့်မယ်။
မြန်မာပြည်ရဲ့ အနောက်ဖက်နယ်စပ်ဟာ ပြိုကျနေပြီလို့ သာမန် ရခိုင်တွေ၊ မြန်မာတွေနဲ့ တပ်မတော်သားတွေက ယူဆခဲ့တာ ကြာပြီမို့ လက်ရှိ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။ အိမ်နီးချင်းနိုင်ငံတွေက မွတ်ဆလင်တွေ အ လုံးအရင်းနဲ့ မ ဝင်လာနိုင်အောင် သူတို့ရဲ့ အမိမြေကို သူတို့ အမြဲတမ်း ကာကွယ်ခဲ့တယ်လို့ ရခိုင်တိုင်းရင်းသား အတော်များများက ဆို ကြတာကိုး။
မြန်မာပြည်မှာ စစ်မှန်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို အလိုရှိတယ်ဆိုရင် ကျနော်တို့အနေနဲ့ လူနည်းစုတွေကို အသိအမှတ်ပြုပြီး သူတို့တွေအားလုံး ကျနော်တို့ လူအဖွဲ့အစည်းမှာ တန်းတူမှုရှိရှိနဲ့ အပြည့်အဝပါဝင်လာရေးကို လိုလိုလားလားလက်ခံရမှာဖြစ်ပါတယ်။ ရ ခိုင်တိုင်းရင်း သားတွေ အပါအဝင် မြန်မာပြည်မှာရှိတဲ့ လူမျိုးစုတွေ အားလုံးဟာ ပြီးခဲ့တဲ့ အစိုးရတွေလက်ထက်မှာရော အခုအစိုးရလက် ထက်မှာပါဆိုး ဆိုး ဝါးဝါး ပြုမူဆက်ဆံခံကြရတာပါ။
အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမဝင် ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေလို့ မြန်မာတွေ အတော်များများ ယူဆထား ကြတဲ့ ရိုဟင်ဂျာ ကိစ္စ ကို စဉ်းစားတဲ့နေရာမှာလည်း မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အမြင်ကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ ဒေးဗစ် စတိန်းဘာ့ဂ် (David Steinberg) က သူရဲ့ စာအုပ် “ဗမာ/မြန်မာပြည် – လူတိုင်းသိဖို့လို သည် များ (Burma/Myanmar – What Everyone Needs to Know)” ထဲမှာ အခုလို ရေးခဲ့ဖူးပါ တယ်။ “မြန်မာပြည်ရဲ့ အန္တရာယ်အရှိဆုံး နယ် စပ်ဒေသက ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်နမိတ်ခြင်း ထိစပ်နေတဲ့ ဒေသလို့ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေက ယူဆပါတယ်” တဲ့။
အများထင်ခဲ့ကြသလို တရုတ်နိုင်ငံနဲ့ ထိစပ်တဲ့ ဒေသမဟုတ်ပါဘူး။ သူက အဲ့ဒီလိုယူဆခဲ့တယ်ဆိုရင်သူ့နောက်ကထိပ်တန်းစစ်ခေါင်း ဆောင် တွေ (ဦးသိန်းစိန်လည်း ပါကောင်းပါနိုင်) လည်း အဲဒီလိုယူဆခဲ့ကြမှာ အသေအချာပါပဲ။
ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်မှာ ဘယ်သူပဲရှိရှိ ဝမ်းနည်းစရာကောင်းတာကတော့ အခုအချိန်မှာသာမန်မြန်မာ ပြည်သူ အတော်များများလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ယူဆခဲ့တဲ့အတိုင်း လိုက်ယူဆနေကြတာပါပဲ။
(Aung Zaw ၏ Fresh Arakan Strife Bad Omen for Reform ကို ဆီလျော်အောင် ဘာသာပြန်ဆို သည်)
အစိုးရတပ်များ KIA တပ်မဟာ ၅ နယ်မြေသို့ စစ်လက်နက်များနှင့် အင်အား တိုးချ
KNGမြန်မာအစိုးရတပ်သည် ကချင်ပြည်နယ် အရှေ့ဘက် မြစ်ကြီးနား-မန်မော် (ဗန်းမော်) လမ်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မ ဟာ (၅) နယ်မြေသို့ စစ်အင်အားများ တိုးချဲ့နေကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၅ ရက် ည ၁၀ နာရီချိန်တွင် စစ်အင်အား ၈၀ ကျော်အား ခလရ ၁၀၅ တပ် အခြေစိုက်သည့် ဂန်ဒေါင်ယန် (Gangdau Yang) စခန်းသို့ အင်အားဖြည့်ခဲ့သည်ဟု ဒေသခံများဆိုသည်။
နိုဝင်ဘာ ၁ ရက်နေ့တွင် မြန်မာအစိုးရတပ် ခလရ (၃၇) နှင့် ခမရ (၃၈၉) တပ်ပေါင်းစု စစ်ကြောင်းသည် မြစ်ကြီးနားမှကားဖြင့် လေတပ်သို့ ရောက်ရှိလာပြီး စက်လှေဖြင့်တစ်ဘက်ကမ်း တာလောကြီးစခန်းသို့ ရောက်ရှိလာကြောင်းသိရသည်။
“အင်အား ၁၅၀ ကျော်တယ်။ တာလောကြီးစခန်းဖက်ကို ပြန်ဖြည့်တယ်ထင်တယ်။ မနေ့ညက ဂန်ဒေါင်ယန်ဘက်သို့ ပြန်ဖြည့်လာတယ်။” ဟု ရှေ့တန်းမှ KIA အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
ထို့နောက် မြစ်ကြီးနားမှ တပ်ရင်းအမည်မသိသော မြန်မာအစိုးရစစ်ကြောင်းသည်လည်း နိုဝင်ဘာ ၁ ရက် ကြာသပတေးနေ့တွင် ကား ၈ စီး ဖြင့် တာလောကြီး စခန်းသို့ လက်နက်ကျည်ဆံများနှင့် စစ်အင်အားများ ဖြည့်ခဲ့သည်။
“ကား ၁ စီးမှာ ၁၀ ယောက်ပါတယ်။ အဲဒီည ချက်ချင်း ၂ စီး မြစ်ကြီးနားသို့ ပြန်ခေါက်သွားတယ်။” ဟု KIA အရာရှိက KNG ကချင်သတင်းဌာ န ဆက်ဆိုသည်။
မန်မော် (ဗန်းမော်) ခရိုင် အင်မောက် (မိုးမောက်) မြို့နယ် တာခေါ်ခ (တာပိန်) ရေအားလျှပ်စစ် ခြုံလုံရေးယူထားသည့် မြန်အစိုးရတပ် အင် အား ၁၀၀ ကျော်နှင့် KIA တပ်မဟာ (၅) အောက် တပ်ရင်း (၂၅) တို့သည် နိုဝင်ဘာ ၂ ရက်နေ့ ၆ နရီခွဲချိန်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
“မြစ်ရဲ့ ဟိုဘက်ဒီဘက်ကနေ ပစ်ကြတာ။ ၃ မိနစ်လောက်ပစ်ပြီး ကျွန်တော်တို့ဘက်က ၆၀ မမ နဲ့ ပြန်ပစ်လိုက်တဲ့ချိန် သူတို့ဘက်က ငြိမ်သွား တယ်။” ဟု ရှေ့တန်းမှဆိုသည်။
၎င်းအစိုးရတပ်သည် ဂါးရာယန် (Ga Ra Yang) အစိုးရကျောင်းတွင် အင်အား ၅၀ နီးပါးလှုပ်ရှားနေပြီး ယခုချိန် ဂျာပူ (Ja Pu)၊ မလီ (Mali) ဘက်သို့ ခြေလျှင်ဖြင့်ရောက်ရှိနေကြောင်းသိရသည်။
မြန်မာအစိုးရသည် တဖက်တွင် ငြိမ်းချမ်းရေးဆွေးနွေးရန်ကမ်းလှမ်းကာ တစ်ဖက်တွင် KIA နယ်မြေများသို့ စစ်အင်အားနှင့် လက်နက်များ တိုး ချဲ့နေခြင်းဖြစ်သည်။
မြောက်ဦးတွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ နောက်ဆုံးအခြေအနေ
မင်းသွီးမြောက်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဘင်္ဂလီ-ရခိုင်ပဋိပက္ခနှင့်ပက်သက် ၍ မြောက်ဦးမြို့နယ်မှ ရခိုင်(၁၂)ဦးအား စစ်တွေသို့ ခေါ်ယူ စစ် ဆေး လျှက်ရှိကြောင်းနှင့် ပဋိပက္ခတွင်း ပျောက်ဆုံးနေသူများအား ယခုအချိန်ထိ ပြန်လည်မရရှိသေး ကြောင်း သတင်းရရှိသည်။
ယိုင်သည်ရွာ ပဋိပက္ခတွင် ပက်သက်မှုရှိသည်ဟု စွပ်စွဲချက်ဖြင့် သံရှင်ပြင်မှ(၈)ဦး၊ မျောက်ချောင်းမှ (၃)ဦးနှင့် ယိုင်သည်အုပ်ချူပ်ရေးမှူး တစ်ဦး အား လုံးစုစုပေါင်း (၁၂)ဦးအား မနေ့က စစ်တွေရဲစခန်းသို့ ခေါ်ဆောင်သွား ကြောင်း ရခိုင်လူငယ်ကွန်ယက်(မြောက်ဦးမြို့)က ပြော သည်။
"ကျနော်တို့စုံစမ်းကြည့်တော့ သူတို့ကို ဖမ်းသွားတာမဟုတ်ဘူးလို့ပြော တယ်။ ဒီဖြစ်ခဲ့တဲ့ ပဋိပက္ခတွေ နဲ့ ပက်သက်ပြီးတော့ ခေါ်ယူစစ်ဆေး စရာ တွေရှိလို့ ခေါ်ယူသွားတာလို့ပြောတယ်။ ဒါပေမယ့် ဘင်္ဂလီတွေကိုကျ တော့ အခုဖြစ်တဲ့ ပဋိပ က္ခနဲ့ပက်သက်လို့ ခေါ်ယူစစ်ဆေးတာတို့၊ ဖမ်းဆီး တာတို့ အခုထိ ကျနော်တို့မကြားမိသေးပါဘူးခင်ဗျား"ဟု ရခိုင်လူငယ် ကွန် ယက်(မြောက်ဦးမြို့)မှ ကိုဓညထွန်းက ပြောသည်။
အောက်တိုဘာလ (၂၂)ရက်နေ့မှ မြောက်ဦးမြို့တွင် စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း ပျောက်ဆုံးနေသူ (၉)ဦးထဲတွင် (၃)လောင်း သာ ပြန် လည်ရရှိသေးပြီး ကျန် (၆)လောင်းကို သင်္ဂြိုလ်ရန် ယခုချိန်ထိ ဘင်္ဂလီများထံမှ ပြန်လည်တောင်းယူ၍ မရရှိသေးကြောင်း သိရှိရ သည်။
"အောက်တိုဘာလ(၂၂)ရက်နဲ့ (၂၃)ရက်ဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်းမှာ ပျောက်ဆုံးနေတာ အားလုံးစုစု ပေါင်း (၉)ဦးပါ။ နိုဝင်ဘာလ (၃)ရက် နေ့ နေ့လည်ဘက် (၂)လောင်းနဲ့ ညနေဘက်မှာ (၁)လောင်းပြန်တွေ့ပါတယ်။ နောက်ထပ် (၆)လောင်းကျန်နေသေးတယ်။ အဲဒါ ကျန်ရစ် တဲ့မိ သားစုတွေက သင်္ဂြိုလ်ချင်တဲ့အတွက် ကျနော်တို့က သက်ဆိုင်ရာ အရာရှိတွေကိုသွားပြီး တော့ အကူညီတောင်းတယ်။ သူတို့က တောင်းပေး မယ်လို့ အာမခံပြီးတော့ အခုချိန်ထိ တောင်းလို့မရသေးဘူး။ စစ်တပ်က လုံခြုံရေးယူ ပြီးတော့ ကျနော်တို့ လယ်ကွင်းတွေမှာ လိုက်ရှာတာ လည်းနှံ့နေပြီ ဒါပေမယ့် နေရာအတိအကျမသိတော့ ဘယ်နားမှာတူးပြီးတော့ရှာမ လဲ။ ဒါကြောင့် ဘင်္ဂလီတွေကို မေးပေးဖို့ စစ်တပ်တာဝန်ရှိ သူတွေကိုပါ ကျနော်တို့ အကူအညီတောင်းထားပါတယ်"ဟု မြောက် ဦးနာ ရေးကူညီမှုအသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြော သည်။
ပျောက်ဆုံးနေသူများမှာ
၁) အတို(ခေါ်) ဦးကျော်စိန်းဝင်း အသက်-၁၇နှစ်၊ ဘ-ဦးစံကျော်၊ မိ-ဒေါ်အ၀င်းကြည် ၀ါဈေးရပ်၊ လက်ကောက်ဈေးရပ်ကွက်၊ အောက်တို ဘာ လ(၂၂)ရက်နေ့တွင် ပျောက်ဆုံး။
၂) မောင်ဌေးဝင်း အသက်(၂၁)နှစ်၊ ဘ-ဦးထွန်းသာဦး၊ မိ-ဒေါ်မကျန်၊ ပန်းမြောင်းကျေးရွာ၊ မင်းပြာမြို့နယ်၊ အောက်တိုဘာလ (၂၂)ရက် နေ့တွင် ပျောက်ဆုံး။
၃) ဦးလှထွန်း အသက်(၃၂)နှစ်၊ ဘ- ဦးမောင်ဂေါက်ရ၊ မိ- ဒေါ်သန်းယဉ်ဦး၊ ဆက်ချဆိပ်ရွာသစ် လက်ကောက်ဈေးရပ်ကွက်၊ (၂၃)ရက်နေ့ယိုင် သည်ရွာတွင် ပျောက်ဆုံး။
၎) ဦးကျော်သာဖြူ အသက်(၅၄)နှစ်၊ ဘ-ဦးကျော်လှအောင်၊ အောင်တပ်ရပ်ကွက်၊ (၂၃)ရက်နေ့ ယိုင်သည်ရွာတွင် ပျောက်ဆုံး။
ကျန်(၂)ဦး၏ မိသားစုနှင့် နေရပ်များကို စုံစမ်းမသိရှိရသေးပေ။
ယခုပျောက်ဆုံးနေသော အလောင်းများ ပြန်လည်ရရှိရန် ဘင်္ဂလီ ဗလီဆရာများအား မေးမြန်းရာ ဦးကျော်စိန်ဝင်းနှင့် မောင်ဌေးဝင်းဆိုသူ နှစ် ဦးကို ချောင်းထဲသို့ ပစ်ချလိုက်ကြောင်း ၀န်ခံထားပြီး ကျန်(၄)ဦးကိုမူ မသိရှိဟု ငြင်းဆန်ထားကြောင်း သိရှိရသည်။
မြောက်ဦးတွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် ဘင်္ဂလီများရန်ကိုကြောက်၍ မြောက်ဦးမြို့ထဲသို့ တိမ်းရှောင်လာခဲ့သော ဒုက္ခသည်ပေါင်း (၇၀၀)ကျော်ခန့် ရှိနေသေးပြီး ယင်းဒုက္ခသည်များအတွက် အနွေးအထည်နှင့် စောင်များလိုအပ်လျှက်ရှိကြောင်းနှင့် အလိုတော်ပြည့်ဘုန်း တော်ကြီး ကျောင်း၊ ရခိုင်လူငယ်ကွန်ယက်နှင့် မြို့မိ၊ မြို့ဘများမှ ကူညီဆောင်ရွက်ပေးနေကြာင်း သိရှိရသည်။
"မြောက်ဦးမှာ အခု ဆောင်းရာသီရောက်ပြီဆိုတော့ အေးလာပြီလေ။ ဒုက္ခသည်တွေမှာကစောင်တွေ၊ အနွေးထည်တွေ အပြည့်အစုံမပါ တဲ့သူ တွေကများပါတယ်။ အဲဒါ ကူညီကယ်ဆယ်ရေးလုပ်တဲ့ အဖွဲ့(၃)ဖွဲ့က ကူညီဆောင်ရွက်နေကြပါ တယ်။ စားနပ်ရိက္ခာတော့ မြောက်ဦးမြို့နယ် အုပ်ချူပ်ရေး တာဝန်ရှိသူတွေက ပေးတာတွေလည်းရှိတယ်။ နောက်ပုဂ္ဂလိက အလှူရှင် တွေနဲ့ ကျနော်တို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက လည်း ပေးတာတွေရှိပါတယ်။ အဓိကလိုအပ်နေတာတော့ အနွေးအထည်တွေနဲ့ စောင် တွေပါ"ဟု ကိုဓညထွန်းက ပြောသည်။
ဤဒုက္ခသည်များသည် ဘင်္ဂလီရွာများနှင့် ကပ်လျှက်ရှိသော ရွာများမှ ထွက်ပြေးတိမ်းရှောင်လာကြသူများဖြစ်ပြီး၊ ယင်းဘင်္ဂလီရွားနှင့် အ တူ ယှဉ်တွဲမနေထိုင်လိုကြောင်း၊ မိမိတို့အား ယင်းဘင်္ဂလီကျေးရွာများနှင့် အတူယှဉ်တွဲနေထိုင်ခိုင်းမည်ဆိုပါကနေရပ်သို့မပြန်တော့ ကြောင်း ဒုက္ခ သည်များပြောဆိုနေကြကြောင်းလည်း သိရှိရသည်။
ရှမ်းညီလာခံတွင် ဒု-သမ္မတနှင့် ဝန်ကြီးနှစ်ဦးကို ဖိတ်ကြားမည်
ကွန်းချမ်းနိုဝင်ဘာ လကုန်ပိုင်းတွင် ကျင်းပမည့် ရှမ်းတိုင်းရင်းသားများ ညီလာခံသို့ ဒုတိယ သမ္မတဒေါက်တာစိုင်းမောက်ခမ်း အပါအဝင် သမ္မတရုံး ဝန် ကြီးများဖြစ်ကြသည့် ဦးအောင်မင်းနှင့် ဦးစိုးသိန်း တို့လည်း တက်ရောက်ဖွယ် ရှိကြောင်း ဦးဆောင်ကျင်းပသည့် ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီ အဖွဲ့ချူပ် (SNLD) က ထုတ်ဖော်ပြောဆိုလိုက်သည်။
“ဒု-သမ္မတကိုတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဟု SNLD ပြောခွင့်ရ စိုင်းလိတ် က ပြောသည်။
ရန်ကုန်မြို့၌ နိုဝင်ဘာလ ၂၆၊ ၂၇၊ ၂၈ ရက်နေ့များတွင် ကျင်းပမည့် အဆိုပါ ညီလာခံသို့ ရှမ်းလက်နက်ကိုင် ၄ ဖွဲ့၊ ရှမ်းနိုင်ငံရေးပါတီ ၃ ခု၊ ရှမ်း စာပေနှင့် ယဉ်ကျေးမှု ကော်မတီ၊ ရှမ်းလူမှု အဖွဲ့အစည်း စုစုပေါင်း ၁၂ ဖွဲ့တို့ တက်ရောက် ရန် စာရင်းပေးသွင်းထားပြီး ဖြစ်ကြောင်း သိရ သည်။
အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများကြား ယုံကြည်မှု တည်ဆောက်ရေး၊ စီးပွားရေး၊နိုင်ငံရေး ရှုထောင့်အမြင်နှင့်၊ မူး ယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လူထုအခြေပြုအဖွဲ့များ၏ လှုပ်ရှားမှုများမှ ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ပါဝင်နိုင်မည့် နည်းလမ်းများကို ညီလာ ခံတွင် ဆွေးနွေးအဖြေရှာသွားမည်ဟု စိုင်းလိတ် က ပြောသည်။
ရှမ်းလက်နက်ကိုင် အဖွဲ့အစည်း ၄ ဖွဲ့တွင် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA/SSPP)၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (SSA/RCSS)၊ မိုင်း လား (NDAA-ESS) နှင့် စိန်ကျော့ ပြည်သူ့စစ် အဖွဲ့များ ပါဝင်ကာ နိုင်ငံရေးပါတီ ၃ ခုတွင် SNLD အပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုက ရက် တစ်ပါတီ (SNDP) နှင့် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) တို့ ပါဝင်မည် ဖြစ်သည်။
ညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာများကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း တို့ရှိ ရှမ်းလူမျိုး အ များစု နေထိုင်သည့် ဒေသများသို့ အဖွဲ့ ၄ ဖွဲ့ ခွဲကာ ကွင်းဆင်းလေ့လျက်ရှိပြီး နိုဝင်ဘာလ ၁၈ ရက်နေ့အပြီး သဘောထား ကောက်ယူ သွားမည် ဟုလည်း စိုင်းလိတ် က ပြောသည်။
“ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းအပေါ်မှာ ရှမ်းတိုင်းရင်းသား ပညာရှင်တွေနဲ့ ရှမ်းပြည်သူလူထု ရဲ့ ဆန္ဒသဘော ထား ဘယ်လိုရှိလဲ။ သူတို့ရဲ့ ဘုံသဘောတူညီမှုတရပ် ထွက်လာအောင် ကျနော်တို့ ဆန်းစစ်မယ်။ ထွက်လာမယ့် ဘုံသ ဘောတူညီချက်ကို ငြိမ်းချမ်းရေး လုပ်နေတဲ့ Peace Myanmar ဆိုတဲ့ဟာလိုမျိုး၊ ပြည်ထောင်စု အစိုးရရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ ဌာနတွေကို ပေးပို့သွားမှာပါ” ဟု မဇ္ဈိမကို ပြော သည်။
ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်သည့် အဆိုပါညီလာခံတွင် တိုင်းရင်းသားများ၏ လိုအင်ဆန္ဒ ဖြစ်သည့် ဖက်ဒရယ်ပြည်ထောင်စု ကိစ္စ များ ကိုလည်း ဆွေးနွေးသွားမည်ဟု SNLD ဥက္ကဋ္ဌ ခွန်ထွန်းဦး က ပြောသည်။
လက်ရှိ အစိုးရနှင့် တိုင်းရင်းသားများကြား ယုံကြည်မှု တည်ဆောက်ရာတွင် အဓိကအချက် ဖြစ်သည့် ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက် ရေးနှင့် ပတ်သက်၍ ၈ ပြည်နယ်၊ ၁၄ ပြည်နယ် ကိစ္စကို SNLD အနေနှင့် မှတ်ချက် မပြုသော်လည်း သက်ဆိုင်ရာ တိုင်းရင်းသား ပြည်နယ် များ၏ အမည်နာမ ဖျက်သိမ်းမည့် သဘောထားများ ရှိနေသည်ကိုလည်း လက်မခံကြောင်း SNLD က ဆိုသည်။
“နှစ်ပေါင်းရာချီ တည်ရှိနေခဲ့သော အမျိုးသား လက္ခဏာဖြစ်သည့်အမည်နာမအခေါ်အဝေါ်များအား ဖျက်သိမ်းပြီးဒေသအပေါ်အခြေခံ သည့် အမည်သစ်များဖြင့် ဖွဲ့စည်းမည့် ပြည်ထောင်စု ပုံသဏ္ဍာန်ကို ရှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီ အဖွဲ့ချုပ် အနေနှင့် လက်မခံ၊ တိကျပြတ် သား စွာ ဆန့်ကျင်ပါသည်” ဟု အောက်တိုဘာလ ၂၆ ရက်နေ့ တွင် ကျရောက် သည့် ပါတီ ၂၄ နှစ်ပြည့်တွင် SNLD က သဘောထား ထုတ်ပြန်ခဲ့ ဖူးသည်။
အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ၏ အောက်တိုဘာ ၁၁ ရက်တွင် ထုတ်ပြန်သော သဘောထားကြေညာချက်တွင် “တိုင်းဒေသ ကြီး ၇ ခု၊ ပြည်နယ် ၇ ခုတို့အား လက်ရှိ နယ်နိမိတ် ပြဋ္ဌာန်းချက်များအတိုင်းဒေသအပေါ် အခြေ ခံသော အမည်သစ်များဖြင့် တန်းတူရည်တူ၊ အခွင့်အလမ်းတူ တိုင်း ၁၄ တိုင်း (သို့) ပြည်နယ် ၁၄ ပြည်နယ်အဖြစ် သတ်မှတ်နိုင် ရန် အများသဘောတူမှုဖြင့် ဆောင်ရွက်စေရေး၊ ဤသို့ဖြင့် လူမျိုးရေး အခြေခံ မဟုတ်သော ပြည်ထောင်စုသဏ္ဍာန်ဖြင့် တမျိုးသားလုံး စည်းလုံးညီညွတ်မှု ရရှိရေးကို ရည်ရွယ်သည်” ဟု ပါရှိသည်ကို ရည်ညွှန်း တုန့်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။
ဇူလိုင်လ နှောင်းပိုင်းတွင် သမ္မတ ဦးသိန်းစိန် က ခွန်ထွန်းဦး အား ခေါ်ယူတွေ့ဆုံခဲ့ပြီး ပြည်တွင်း ငြိမ်းချမ်းရေး ရေရှည် တည်တံ့ရန်နှင့် ဒီ မို ကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသား ခေါင်းဆောင် တဦးအနေနှင့် ဝိုင်းဝန်း လုပ်ဆောင်ပါရန် တိုက်တွန်းခဲ့ရာမှ ယခုကဲ့သို့ ညီလာခံ ကျင်းပရန် စီစဉ်ရခြင်း ဖြစ်သည်ဟုလည်း SNLD က ဆိုသည်။
ထိုညီလာခံပြီးနောက်တွင် ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသား လူမျိုးစု အဖွဲ့အစည်းအားလုံး ပါဝင်သည့် ညီလာခံတရပ်ကိုလည်းဆက် လက် ကျင်းပသွားရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။
နှစ်ပါတီ ယှဉ်တွဲတင်ထားသည့် ဆိုင်းဘုတ် AMDP က ပြန်ဖြုတ်
လွတ်လပ်သော မွန်သတင်းအေဂျင်စီမွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်တိုက်နယ်တွင် နေအိမ်အဆောက်အအုံတစ်ခုတည်း၌ မွန်နှစ်ပါတီဆိုင်း ဘုတ်နှင့် အလံများ အတူ ယှဉ် တွဲတင်ထားခဲ့ကြရာမှ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP က ဆိုင်းဘုတ်ဖြုတ်ချခဲ့သဖြင့် ယနေ့နံနက်ပိုင်းတွင် မွန်ဒီမိုကရေ စီပါ တီ MDP ဆိုင်းဘုတ်တစ်ခု တည်းသာ ကျန်ရှိနေကြောင်း ဒေသခံများက ပြောသည်။
AMDP ဆိုင်းဘုတ်အား ကမာဝက်တိုက်နယ်ရှိ ယင်းပါတီဝင်အချို့မှ ယမန်နေ့ညပိုင်းက လာရောက်ဖြုတ်ချ လိုက် သည်ကို အိမ်ရှင်ပြော ပြ သဖြင့်သိခဲ့ကြောင်း မွန်ဒီမိုကရေစီပါတီမှ တွဲဖက်အတွင်းရေးမှူး (၁) ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။
၎င်းက “ နှစ်ပါတီစလုံးဆိုင်းဘုတ်အတူတင်ကြဖို့ ကမာဝက်တိုက်နယ်အဆင့် နှစ်ဖက်ပါတီဝင်တို့ကသဘော တူထားကြတယ်၊ အခုတစ်စုံတစ် ရာ ဘာမပြောပဲနဲ့ ဘာလို့ သူတို့ဆိုင်းဘုတ်ကို ဖြုတ်ချလိုက်တာကိုတော့ ကျနော်တို့လဲ နား မလည်ဘူး” ဟု ပြောသည်။
ကမာဝက်ကျေးရွာ၊ ရွာလယ်ပိုင်း ဓါတ်တော်ကျောင်းအနီး မူလကဖွင့်လှစ်ထားရှိသော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နေအိမ်အ ဆောက် အအုံနေရာ၌ ပြီးခဲ့သော နိုဝင်ဘာလ ၁ ရက်နေ့တွင် နှစ်ပါတီဆိုင်းဘုတ်နှင့် အလံယှဉ်တွဲတင်ကြကာ ပါတီတစ်ရုံးတည်း၌ တစ် ပတ်ကြာအတူဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
မွန်နှစ်ပါတီတစ်ရုံးတည်း အတူဖွင့်လှစ်ထားခြင်းကို AMDP ပါတီ ဗဟိုကခွင့်မပြုသဖြင့် မုဒုံမြို့နယ်ရုံးမှ ကမာဝက်မြို့နယ် တာဝန်ရှိသူများ ထံ အမိန့်ပေးခဲ့ကြောင်း AMDP ပါတီ ကမာဝက်တိုက်နယ်ဥက္ကဌ နိုင်ဗညားချမ်းက ပြောသည်။
နိုင်ဗညားချမ်းက“ မြို့နယ်ရုံးတာဝန်ရှိသူတွေပြောတာက တစ်ရုံးထဲမှာ ပါတီနှစ်ခုဆိုင်းဘုတ်ထောင် အလံတင်တဲ့အစဉ်အလာမရှိကြဘူးဆိုပဲ၊ ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင်ရဲ့နည်းပဒေတွေမှာ နှစ်ပါတီဆိုင်းဘုတ်အတူ မထားရှိရဘူးဆို တဲ့ တားမြစ်ချက်တွေကိုလည်း မတွေ့မိပါ ဘူး” ဟု ပြောသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDPနှင့် မွန်ဒီမိုကရေစီပါတီ MDP နှစ်ပါတီတို့ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလနောက်ဆုံးထား၍ တစ်ပါ တီ အမည်သစ်တစ်ခုတည်းဖြင့် ပေါင်းစည်းသွားကြမည်ဟု နှစ်ပါတီ ခေါင်းဆောင်များမှ လွန်ခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့က ပူး တွဲ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်
ရသေ့တောင်တွင် တုတ်ဓါးလက်နက်များ သိမ်းယူ
မောင်ရမ္မာရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက တုတ်ဓါး လက်နက်များကို သိမ်းယူ သည် ဟု သတင်းရရှိသည်။
လက်နက်များ သိမ်းယူနေခြင်းနှင့် ပတ်သက်ပြီး ရခိုင် တိုင်းရင်းသား များတိုး တက်ရေးပါတီ ရသေ့တောင်မြို့နယ် ပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဦး လှမောင်သိန်းက နိရဉ္စရာသို့ ပြော သည်။
“ ကျေးရွာတွေမှာ ရှိတဲ့ လက်နက်တွေကို အာဏာပိုင်အဖွဲ့အစည်းတွေက သိမ်း ယူသွားပါတယ်။ ရ သေ့တောင်မြို့နယ်မှာ အုပ်စု ၉၁ ခု ရှိပါတယ်။ အဲဒီရွာ တွေ အများစုကနေ သိမ်းယူသွားခဲ့တာ ဖြစ်ပါတယ်” ဟု ဆိုသည်။
အာဏာပိုင်များ သိမ်းယူသွားသော လက်နက် အမျိုးအစားများမှာ တချက်ပေါက် (တူမီး) ယမ်းထောင်းများ၊ လှံစွပ်၊ ဓားလွယ်၊ ဓားမြှောင်၊ လှံ၊ လေးနှင့်မြား၊ ဂျင်ဂလိ၊ နှင့် ဓါး လှံများဖြစ်သည်ဟု သိရသည်။
ယခုကဲ့သို့ သိမ်းယူရာတွင် ထင်းခုတ်ဓါးများက အစ သိမ်းယူသွားကြောင်း သိရသည်။
လက်နက် သိမ်းယူခံရခြင်းနှင့် ပတ်သက်ပြီး လောင်းချောင်းကျေးရွာသား တဦးက နိရဉ္စရာသို့ ယခုလို ပြောသည်။
“ ရဲသားတွေနဲ့ စစ်သားတွေ ရွာကိုလာပြီးတော့ မင်းတို့မှာ ရှိတဲ့ လက်နက်တွေကို လာအပ်ရမယ်။ မအပ်ရင် ငါတို့ ကိုယ်တိုင် ၀င်ရှာရလိမ့် မယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ရွာသားတွေကတော့ အိမ်မှာရှိတဲ့ ငါးသင်၊ ထင်းခုတ်ဖို့ထားတဲ့ ဓါးတွေဘဲ ရှိတယ်။ ဒါကိုလဲ သိမ်းရမယ် ဆိုပြီး အတင်းအဓမ္မ ယူသွားကြတယ်။ တခုခု အရေးကြုံ လာရင် ပါးစပ်နဲ့ ကိုက်ရဖို့နည်းလမ်းဘဲ ကျန်တော့တယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ် တစ်ဝန်းတွင် (၃) ရက်အတွင်း ဓါး၊ လှံ၊ လက်နက်များကို နီးစပ်ရာ သက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များသို့အပ်နှံရန် အောက် တိုဘာလ ၃၁ ရက်နေ့ နေ့စွဲဖြင့် သက်ဆိုင်ရာက ကြေညာပြီး နောက်ပိုင်းတွင် အစိုးရ အာဏာပိုင်များက လက်နက်များကို လိုက်လံ သိမ်း ဆည်းခြင်း ဖြစ်သည်။
အာဏာပိုင်များ သိမ်းယူသွားသော လက်နက်စာရင်းများကို ယခုအခါ ကောက်ယူနေသည်ဟု ဦးလှမောင်သိန်းက ပြောသည်။
“ကျွန်တော်တို့ ရသေ့တောင်မြို့နယ်က ကျေးရွာတွေမှာ လက်နက်တွေ ရှိတယ်ဆိုပြီး သက် ဆိုင်ရာ က အတင်းအဓမ္မ ကောက်ယူသွားတယ်။ ကျေးရွာသားတွေမှာ ထင်း ခုတ်၊ ၀ါးခုတ်ဖို့ ဓါး တွေ ကိုတောင် မကျန်ဘူး။ ကျေးရွာသားတွေ က မကျေနပ်လို့ ကျွန်တော်တို့ကို လာတိုင်ကြ ပါတယ်။ ဒါကြောင့် အာဏာပိုင်တွေ သိမ်းယူသွားတဲ့ လက်နက်စာရင်းတွေကို လိုက်လံ ကောက်ယူနေတာ ဖြစ်တယ် ” ဟု ပြောသည်။
ယခု လက်နက်များ သိမ်းရာတွင် ကျေးရွာ တချို့ အသိမ်းခံရသလို တချို့ ကျေးရွာများလည်း အသိမ်းမခံရသေးကြာင်း သိရသည်။
အနောက်နိုင်ငံ သံတမန်များနှင့် ရခိုင် နိုင်ငံရေး ပါတီမှ ခေါင်းဆောင်များ စစ်တွေတွင် တွေ့ဆုံ
နိရဉ္စရာနိုဝင်္ဘာလ ၃ ရက်နေ့ နံနက် ၁၁ နာရီတွင် ရခိုင်ပြည်နယ်ရှိ နိုင်ငံရေး ပါတီ ခေါင်းဆောင်များနှင့် အနောက်နိုင်ငံ သံအမတ်များ ရခိုင်အ ရေးကို စစ်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
“ နံနက် ၇ နာရီ ၁၅ ခန့်တွင် အမေရိကန်သံအမတ်ရဲ့ ကိုယ်ရေးအရာရှိ ဒေါ်နန်းခင်လေးငယ်က ဖုန်း ဆက်ပြီး လွတ်တော် ကိုယ်စားလှယ် ဦး အောင်မြကျော်နဲ့ နိုင်ငံရေး ပါတီတွေမှ ခေါင်းဆောင်တချို့ကို သံအမတ်ကြီး Derrek Michall တို့မှ တွေ့လိုပါတယ်လို့ အကြောင်းကြားလာ ပါတယ်။ ဒါကြောင့် နံနက် ၁၁ နာရီမှာ သွားရောက်တွေ့ဆုံခဲ့ကြပါတယ်” ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ဦးအောင်မြကျော်က ပြော သည်။
ထိုသို့ တွေ့ဆုံရာတွင် အမေရိကန် သံအမတ် ဒေရစ်မဲချယ်နှင့် အတူ ဗြိတိန်သံအမတ်ကြီး Andrew Heyn နှင့် သြစတေလီးယား သံအ မတ် Ms Bronte Moules တို့ ပါဝင်ပြီး တခြား USAIM နှင့် တာဝန်ရှိသူ စုစုပေါင်း ၈ဦး တက်ရောက်ခဲ့ကြသည်။
“ ကျွန်တော်တို့ ဘက်ကတော့ ကျွန်တော် အပါအ၀င် RNDP မှ ၃ ဦး၊ USDP မှ ဒေါက်တာစန်းရွှေ နဲ့ ALD ၊ NLD တို့မှတစ်ဦးကျစီပါဝင်ပြီး စစ် တွေ ဟော်တယ်မှာ တွေ့ဆုံခဲ့ကြပါတယ်။ စတင်ဆွေးနွေးတဲ့ အချိန်မှာဘဲ ကျွန်တော်က မေး ခွန်းတစ်ခုမေးပြီး အစည်းအဝေးကို စတင်လိုက် ပါတယ်” ဟု အစည်းအဝေးနှင့် ပတ်သက်ပြီး ဦးအောင်မြကျော်က ပြောပြသည်။
ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ဦးအောင်မြကျော်က ယခုလို ရှင်းပြသည်။
“ ယခု ကျွန်တော်တို့ကို တွေ့ဆုံရတဲ့ အကြောင်းရင်းကဘာလဲ၊ ဘယ်အကြောင်း အရာတွေကို သိလိုတဲ့ အတွက် ခေါ်တွေ့ရခြင်း ဖြစ်သလဲ ဆို တာကို သိရှိလိုပါတယ်လို့ ကျွန်တော်က စမေးမြန်း ပြောဆိုပါတယ်။ သို့မှသာ ဦးတည်ချက် ရောက်ပြီး အချိန်ကုန် သက်သာပါမယ်လို့ဆို တော့အမေရိကန် သံအမတ်ကြီးက ယခုလို တွေ့ဆုံရခြင်းဟာ ကြွရောက် လာကြသူတွေရဲ့ အသံနဲ့ ယခု လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာအ ပေါ်ဘယ်လို သုံးသပ်မိကြသလဲ ဆိုတာကို သိလိုတဲ့ အတွက် ခေါ်ယူတွေ့ဆုံရခြင်း ဖြစ် တယိလို့ ပြောပါတယ်။ ဒါ့အပြင်ပြဿနာရဲ့အရင်း အမြစ်က ဘယ်ကစပြီး ဖြစ်လာသလဲ။ ဆက်လက်ပြီး တည်ငြိမ် အေးချမ်းအောင် ဘယ်လို လုပ်ဆောင်ကြမလဲစတဲ့ အကြောင်းအရာ တွေကို သိလိုတဲ့ အတွက် တွေ့ဆုံရတာ ဖြစ်တယ်လို့ ပြန်လည် ဖြေကြား ပြောဆိုပါ တယ်။”
ဦးအောင်မြကျော်မှ ယခု ပြဿနာသည် ဘာသာရေး၊ လူမျိုးရေး ကြောင့်ဖြစ် သောပြဿနာ မဟုတ်ကြောင်းနှင့် ယခုပြဿနာသည် သ မိုင်း ကြောင်းနှင့် ချီပြီးဖြစ်လာသော ပြသနာဖြစ်ကြောင်း ယခုလို ရှင်းပြသည်ဟု ဆိုသည်။
“ ကျွန်တော်ကစတင်ပြီး ယခု ဖြစ်ပေါ်နေတဲ့ ပြဿနာဟာ ဘာသာရေး၊ လူမျိုးရေး ကြောင့်ဖြစ်လာတဲ့ ပြဿနာ မဟုတ်ပါကြောင်း၊ ယခုပြဿ နာဟာ သမိုင်းကြောင်းနှင့် ချီပြီးဖြစ်လာတဲ့ ပြဿနာဖြစ်တဲ့ အကြောင်း၊ အတို ချုပ်ပြီး ပြောရမယ် ဆိုရင် ယခုပြဿနာဟာ ၁၉၄၂ ခုနှစ်တုန်း ကဘင်္ဂလီကုလားများကနေ ရခိုင်တိုင်းရင်းသားတွေကို လူမျိုးတုန်း သတ်ဖြတ်ပြီး အစ္စလာမ် နိုင်ငံ ထူထောင်ရေး ကြိုးစားရာမှ စတင်ခဲ့တဲ့ အ ကြောင်း၊ ထိုအချိန်က ဘူးသီးတောင်၊မောင်တောမြို့နယ်မှာ ရခိုင်ကျေးရွာပေါင်း၃၀၀ ကျော်ရှိခဲ့တဲ့ အကြောင်း၊ ယခုအခါ ရခိုင်ရွာပေါင်း ၃၀ ခန့်သာ ကျန်ရှိတော့တဲ့ အကြောင်း၊ အဲဒီ အချိန်က အုပ်ချုပ်ခဲ့တဲ့ အင်္ဂလိပ်အစိုးရ မှာ တာဝန်မကင်း ကြောင်းနဲ့ ပထမအကြိမ်တွင် ယင်းဒေသမှ ရခိုင်များကို လူမျိုးတုန်း သတ်ဖြတ်ပြီး ထိုဒေသတွင် မနေနိုင်အောင် နှင် ထုတ်တဲ့ အစီအစဉ်ကို စတင်လုပ်ဆောင် ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက် မောင်တောခရိုင်ကို ပါကစ္စတန်နိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်အောင် သွတ်သွင်းရန် ကြိုးစားခဲ့ကြပါကြောင်း၊ ပါကစ္စ တန်မှ လက်မခံသောကြောင့် မြန်မာနိုင်ငံတွင် မူဂျာဟစ် အမည် ခံ အကြမ်းဘက် လက်နက်ကိုင် အဖွဲ့ တစ်ခုတည်ထောင်ပြီး အကြမ်းဘက် မူများ ကိုဆက်တိုက်လုပ်ဆောင်ခဲ့ပါကြောင်း” စသ ဖြင့် ပြောကြားသည်ဟု ဆိုသည်။
၎င်းပြင် ဦးအောင်မြကျော်က ယခုလို ရှင်းပြသည်ဟုလည်း ဆိုသည်။
“ ကျွန်တော်က ဆက်ပြီး ဘယ်လို ရှင်းပြသလဲ ဆိုရင် မူဂျာဟစ်သူပုန်အနေဖြင့် မအောင်မြင်တဲ့ အခါ အာရ်အက်ဆို အမည်ခံပြီး ပါကစ္စတန်မှ အေလ်ကိုင်းတား အကြမ်းဖက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီးနှစ်ပေါင်းများစွာကြိုးပမ်းလာကြပါကြောင်း၊ ထိုမောင်တောခရိုင်အား ထပ်မံ၍ ဘင်္ဂလား ဒေရှ့်နှင့် ပူးပေါင်းရန် ထပ်မံ ကြိုးပမ်းလာပါကြောင်း၊ ဘင်္ဂလားဒေရှ့်နိုင်ငံဖြစ်လာ သည့်အခါ သူတို့ဖြစ်စေချင်သော မောင်တောခရိုင်ကို သီးခြား အစ္စလာမ်နိုင်ငံတစ်ခု ဖြစ်လိုမူ မအောင်မြင်သောအခါ ရိုဟင်ဂျာ ဟူသော နာမည်သစ် တစ်ခုအား စတန့်ထွင်ပြီး မြန်မာနိုင်ငံ၏ တိုင်းရင်း သား ဖြစ်လေဟန် နာမည်သစ် တစ်ခု လိမ်လည်ဖန်တီးပြီး ထိုမောင်တောခရိုင်အား ထပ်မံ၍ အစ္စလာမ်မစ် ပြည်နယ် တစ်ခုဖြစ်အောင် ဖန်တီးလာပါ ကြောင်းနှင့် ထိုသို့ အခြေအနေတွင် ထပ်မံ၍ ယခုအရေးအခင်းကဲ့သို့ ၁၉၈၈ တွင် အုပ်ချုပ်ရေးယန္တယားပျက်ပြားနေချိန်တွင် မောင်တောခရိုင် မှ ရခိုင်တိုင်းရင်းသားများကို လူမျိုးတုန်း သတ်ဖြတ်ပြီးထိုခရိုင် အားအစ္စလာမ်နိုင်ငံဖြစ်အောင်ဖန်တီးမူအားဒုတိယအကြိမ်ပြုလုပ်ခဲ့ပါကြောင်း နှင့် ယခုဖြစ်ရသည့် အကြောင်းအရင်း သည်လဲ ရှေ့တွင် ပြောခဲ့သည့်အကြောင်းအရင်းအတိုင်း ထိုဘင်္ဂလီများဖြစ်ချင်သောအစ္စလာမ်မစ် နိုင် ငံဖြစ်လိုသော ဆန္ဒကြောင့် မောင်တောမြို့တွင်တတိ ယအကြိမ် ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင်သူတို့လုပ်နေကျအလုပ်ဖြစ်သော ရခိုင် တိုင်းရင်းသားများကိုလူမျိုးတုန်းသတ်ဖြတ်လိုသော ဆန္ဒကြောင့် မောင်တောခရိုင်မှ ရခိုင် တိုင်းရင်းသား ကျေးရွာများ အားလုံးအား တပြိုင် နက်တည်း တနေ့တည်း၊တချိန်တည်းတွင် အပြတ် ရှင်းရန်သူတို့၏ မော်လဗီခေါင်းဆောင် များက အပြင်မှ အကြမ်းဘက်အဖွဲ့ အာရက်စ်အို၏ အထောက်အပံ့ကို အပြည့်အ၀ ရယူပြီး လုပ် ဆောင်ခဲ့ကြ သည်ကို သိရှိပြီး ဖြစ်မည်ဟုထင်ပါကြောင်း၊ ထို့ကြောင့် ယခုအဖြစ်အပျက်သည် ဘာ သာရေး၊ လူမျိုးရေး ပြသနာမဟုတ်ဘဲ ဘင်္ဂလီကုလားများ ၏ နယ်မြေပိုင်ဆိုင်လိုမူအား ဒေသခံ တိုင်းရင်း သားများက မိမိဒေသကို ခုခံကာ ကွယ်ယင်း ဖြစ်ပေါ်လာရသော ပြသနာဖြစ်ပါကြောင်း ယခုလဲ ဘင်္ဂလီ အဖွဲ့အစည်းများတွင် အထက်မှကြိုးကိုင်သော နိုင်ငံတကာမှ အကြမ်း ဘက်အဖွဲ့၏ ကျောထောက် နောက်ခံ ရရှိထားသော အာရ်အက်ဆို အဖွဲ့၏ ညွန်ကြားမူ အတိုင်း မိမိတို့ အိမ်များအား မီးရှို့ပြီး ရခိုင်တိုင်းရင်း သားများရှို့သည်ဟု နိုင်ငံ တကာမှ အမြင်ဖြစ်ရန် အချက်ကျကျ ညွန်ကြားထားချက်များကိုလဲ ယခုလေ့လာခဲ့သော နေရာများ တွင်တွေ့ရှိခဲ့ ရမည်ဟု ထင်မြင်ပါ ကြောင်း၊ နောက်ဆုံး အနေဖြင့် ပြောလိုသည်မှာ ယခုအချိန်တွင် အတူ ယှဉ်တွဲ နေထိုင်ရေး ဆိုသော မူသည် စကားလုံး အရ လှပသော် လည်း ယခု ပူပူနွေးနွေးဖြစ်ပြီးစ အခြေအနေတွင် တစ်ဘက်နှင့်တဘက် ယုံကြည်မူ မရကြ သေးသည့်အချိန်တွင် မည်သို့မှ မဖြစ်နိုင်ပါ ကြောင်းနှင့် လက်ရှိတည်ငြိမ်အေးချမ်းလိုလျင် အုပ်စုနှစ်ခုအား သီးခြားစီထားခြင်းဖြင့် တည်ငြိမ်အေးချမ်းမူ ကိုတည် ဆောက်ရမည် ဖြစ်ပါ ကြောင်း ပြောကြားခဲ့သည်″ ဟု ဆိုသည်။
သံအမတ်ကြီးများက ယခုကဲ့သို့ သမိုင်းနှင့်ချီပြီးဖြစ်လာသော အကြောင်းအရာများအား လုံးဝမကြားဘူးခဲ့ပါကြောင်းနှင့် ယခုကဲ့သို့ သမိုင်း ကြောင်း များကို ကြားသိရသောကြောင့် လက်ရှိဖြစ်ပေါ်နေသော ပြသနာ၏ အတိမ်အနက်ကို သုံးသပ်မိပါကြောင်း ယခုကဲ့သို့ ပြောပြ သော ကြောင်း အလွန်ပင်ကျေးဇူးတင်ပါကြောင်း ပြောကြားကြပါသည်ဟု ဆိုသည်။
တခြား တက်ရောက်လာသူ ပါတီ ခေါင်းဆောင်များမှလည်း အတူယှဉ်တွဲနေထိုင်၍ မဖြစ်နိုင်ကြောင်းနှင့် တရား ဥပဒေစိုးမိုးရေးကို ပြတ် ပြတ် သားသား အစိုးရမှ ကိုင်တွယ် ဖြေရှင်းသင့်ပါကြောင်း ပြောကြားကြသည်ဟု သိရသည်။ တွေ့ဆုံပွဲကို ၁၁ နာရီ ၃၀ တွင် စတင်ခဲ့ရာ ၁၂ နာရီ ၄၅ မိနစ်တွင် ပြီးဆုံးသွားပါသည်။
အရှေ့တောင်အာရှ အမျိုးသမီးများ လူ့အခွင့်အရေး ချိုးဖောက် ခံရမှု အဖြေရှာရန် ဆွေးနွေး
ရဲမွန်အရှေ့တောင်အာရှ နိုင်ငံများရှိ ဌာနေတိုင်းရင်းသား အမျိုးသမီးများအပေါ် ဖွံ့ ဖြိုးရေး စီမံကိန်းကြောင့် ကျရောက်သည့် လူအခွင့်အရေး ချိုးဖောက်မှုများကို ဝိုင်းဝန်းအဖြေရှာသည့် အလုပ်ရုံဆွေးနွေးပွဲတခုကို ထိုင်း နိုင်ငံ ချင်းမိုင်မြို့၌ ယမန်နေ့တွင် ကျင်းပခဲ့ကြောင်း ဆွေးနွေး ပွဲ တက်ရောက်သူများထံမှ သိရ သည်။
ဆွေးနွေးပွဲကို Asia Indigenous Peoples Pact (AIPP) ခေါ် အာရှဌာနေတိုင်း ရင်းသား သဘောတူညီချက် စာချုပ်အဖွဲ့နှင့် ကုလသမ ဂ္ဂဆိုင်ရာအမျိုးသမီး အဖွဲ့ (UN Women) တို့ ကမကထလုပ်ကာ ကျင်းပခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ၁၁ နိုင် ငံမှ ကိုယ်စားလှယ် ၅၀ ကျော် တက် ရောက်ခဲ့သည်။
“အရှေ့တောင်အာရှ အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခက် အခဲပြဿနာတွေကို ဘယ်လိုဝိုင်းဝန်းဖြေရှင်းကြမယ် ဆို တာကို ဆွေးနွေးတယ်။ အဓိကကတော့ ဒေသခံတွေရဲ့ အခက်အခဲ့ပေါ့” ဟု မြန်မာ နိုင်ငံ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သူ ဒေါ် ဘောက်ဂျာက ပြောသည်။
မြန်မာကိုယ်စားလှယ်အဖြစ် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ ဒေါ်ဘောက်ဂျာနှင့်အတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ် ပါတီ (SNDP) မှ အမျိုးသမီးတဦးလည်း တက်ရောက်ခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများမှာ အသွင်သဏ္ဍာန် တူညီသော်လည်း မြန်မာနိုင်ငံ အနေနှင့်အဆိုး ဆုံး အ ခြေအနေ ရှိကြောင်း ဒေါ်ဘောက်ဂျာက ပြောသည်။
“ဒီအရှေ့တောင်အာရှမှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေ အားလုံးက ခပ်ဆင်ဆင်ပါပဲ။ အားလုံးနီးပါး လောက်တူကြတယ်။ ဖွံ့ဖြိုးရေး စီမံကိန်း တွေကြောင့် ဖြစ်ရတဲ့ လယ်မြေသိမ်းခံရတဲ့ ပြဿနာတွေပေါ့။ ဒါပေမဲ့ တခြားနိုင်ငံတွေက ကျမတို့ ဗမာပြည်ကို မမီဘူး” ဟု သူမက ပြောသည်။
သူမအနေနှင့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဖြစ်ပွားလျက် ရှိသည့် မြေယာသိမ်းဆည်းမှု ပြဿနာများ၊ လက်ရှိ အစိုးရစစ်တပ်၏ လူ့အ ခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ၎င်း၏အကျိုးဆက်များကို ထောက်ပြဆွေးနွေးခဲ့သည်ဟု ဆိုသည်။
“လယ်ယာမြေတွေ အသိမ်းခံလိုက်ရတော့ မိသားစု စားဝတ်နေရေး ခက်ခဲလာတယ်။ ကလေးတွေ ပညာမသင်နိုင်ဘူး။ဒီကလေးတွေကမိသား စု စားဝတ်နေရေးအတွက် ဖြစ်ရာနည်းလမ်းတွေနဲ့ ဝိုင်းကူငွေရှာရတယ်။ နည်းလမ်းလွဲတာတွေ ရှိလာတယ်။ ရောင်းစားခံရတာတွေ ရှိလာ တယ်” ဟု သူမက ဆက်ပြောသည်။
ဆွေးနွေးပွဲမှ ရရှိသည့် နည်းလမ်းများကို သက်ဆိုင်ရာ မိမိနိုင်ငံအလိုက် ဖြေရှင်းပြီး အာရှဌာနေတိုင်းရင်းသား သဘောတူညီချက် စာချုပ် အ ဖွဲ့သို့ တင်ပြကာ ၎င်းမှတဆင့် ကုလသမဂ္ဂဆိုင်ရာ အမျိုးသမီးအဖွဲ့သို့ တင်ပြမည် ဖြစ်ကြောင်း သိရသည်။
အာရှ ဌာနေတိုင်းရင်းသားများ သဘောတူညီချက် စာချုပ်အဖွဲ့ (AIPP) သည် ဌာနေတိုင်းရင်းသားများအရေးကို ကုလသမဂ္ဂဆိုင်ရာ အ မျိုးသ မီးအဖွဲ့ (UN Women) နှင့် ပူးပေါင်းလုပ်ဆောင်နေသည့်အဖွဲ့ ဖြစ်သည်။
ဖမ်းဆီး စစ်ဆေးမည်ဆို၍ မင်းပြားတွင် ရခိုင်များ ထွက်ပြေး တိမ်းရှောင်နေ
နိရဉ္စရာရခိုင်ပြည်နယ် မင်းပြားမြို့တွင် ရခိုင်အမျိုးသား ၅၀ ကျော်ကို ဖမ်းဆီးမည်ဟု ရဲ တာဝန်ရှိသူ တစ်ဦးမှ ထုတ်ဖေါ် ပြောဆိုထားသဖြင့် အ များစု စာရင်းပါ ဒေသခံ များမှာ ထွက်ပြေး တိမ်းရှောင်နေကြသည်ဟု သိရသည်။
အောက်တိုဘာလ ၂၁ ရက်နေ့က မင်းပြားတွင် ပေါ်ပေါက်ခဲ့သော မတည်ငြိမ်မူ နှင့် ပတ်သက်ပြီး လူပေါင်း ၅၀ ကျော်ကို ဖမ်းဆီးမည်ဟု ရဲမှူး ဦးကျော်အောင်မှ ထုတ်ဖေါ်ပြောဆိုထားကြောင်း မင်းပြားမှ လူမူရေး လှုပ်ရှားနေသူတစ်ဦးကပြော သည်။
“ ဟုတ်ပါတယ်။ ရဲမှူး ဦးကျော်အောင်က မင်းပြား ဓမ္မာရုံမှာဖွဲ့စည်းထားတဲ့ မင်း ပြား မြို့နယ် လူမူရေး ကူညီရေး အဖွဲ့ အဖွဲ့ဝင်တွေနဲ့ တ ခြားသူတွေကို ဖမ်းဆီး စစ်ဆေးမယ်ဆိုပြီး ပြောဆိုတဲ့ အတွက် အခု လူတွေက ထွက်ပြေး တိမ်းရှောင် နေ ကြပါတယ်” ဟု ပြောသည်။
ရဲက ဖမ်းဆီးစစ်ဆေးမည်ဟု သတင်းထွက်ပေါ်လာပြီးနောက် မင်းပြား ဒေသခံများသည် ရန်ကုန်မြို့သို့ ထွက်ခွာသွားသူများ ရှိသလို တချို့မှာ နီးစပ်ရာ နေရာများတွင် တိမ်းရှောင် ပုန်းအောင်းနေကြသည်ဟု ဆိုသည်။
“ အခုအချိန်ထိ ဖမ်းဆီးတာတွေတော့ မရှိသေးပါဘူး။ ဒါပေမယ့်လည်း လူတွေက ဖမ်းဆီးခံရမှာကို စိုးရိမ် တဲ့အတွက်ရန်ကုန်နဲ့ဗမာပြည်ဘက် ကို ထွက်ခွာသွားတဲ့ သူတွေရှိသလို တချို့လည်း အဖမ်းခံရမှာကို စိုးရိမ်ပြီး တိမ်းရှောင်နေကြပါ တယ်” ဟု သူက ဆက်ပြော သည်။
မင်းပြားမြို့ပေါ် ရပ်ကွက်များတွင် စစ်တပ်က လုံခြုံရေး ယူထား၍ အခြေအနေမှာ အနည်းငယ် တည်ငြိမ်မူ ရှိနေသော်လည်း ဖမ်းဆီး မည်ဟု သတင်းများ ထွက်ပေါ်လာသောကြောင့် ဒေသခံ ရခိုင်များအနေဖြင့် စိုးရိမ်နေကြသည်ဟု ဆိုသည်။
မင်းပြားမြို့ပေါ်တွင် ယခုအချိန်ထိ တုတ်ဓါး လက်နက်များကို သိမ်းယူခြင်း မရှိသေးကြောင်း သိရသည်။
အတုတဖက်နဲ့ လူ့တသက် ရင်ဆိုင်မယ်
တင်ဇာအောင်ကိုညီညီအောင် (အမည်လွှဲ) က လွန်ခဲ့တဲ့ သုံးနှစ်ကတော့ တပ်မတော် တပ်ခွဲတခွဲရဲ့ တပ်ခွဲမှူး။ အခုတော့ အင်တာနက်ဆိုင် ဖွင့်ထားပါ တယ်။
DSA (စစ်တက္ကသိုလ်) အပတ်စဉ် ၄၇ အောင်ပြီး သင်္ချာနဲ့ဘွဲ့ရခဲ့တဲ့ သူ့အတွက် ကရင်ပြည်နယ်မှာပဲ တာဝန်ထမ်းဆောင်ခဲ့ရတာဟာ မိုင်း ထိတဲ့ အထိပါပဲ။ အဲလို မိုင်းနင်းမိတုန်းက သူ့အသက် ၃၂ နှစ်ဝန်းကျင်ဖြစ်ပြီး ဒူးဆစ်အောက် ကနေ ဖြတ်တောက်ပစ်လိုက်ရတာပါ။
“ဒီလိုဖြစ်လာပြီး နောက်ပိုင်းမှာ တပ်က အငြိမ်းစား ယူလိုက်တယ်လေ။ ၂ဝ၁ဝ လောက်ကပါ။ ကိုယ် လုပ်နိုင်စွမ်းတဲ့ ဘက်ကို လေ့လာမယ် စဉ်း စားပြီး ကွန်ပျူတာ သင်တယ်။ ကွန်ပျူတာဆိုတော့ ထိုင်ရာမထ လုပ်ရတာလေ။ အဲဒါနဲ့ အ သက်မွေးဝမ်းကျောင်းလုပ်မယ်စိတ်ကူးထားတယ်။ အင်တာနက်ကလည်း သုံးလာကြတာဆိုတော့ အင်တာနက် ဆိုင်လေး ရွာမှာဖွင့် မယ်” လို့ ကိုညီညီအောင် က ပြောပါတယ်။
အရင်ကလည်း တပ်မတော် ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေး ဆေးရုံက ခြေတုတပ်ပေးပါတယ်။ အခုတော့ မိုးကုတ်ဆရာတော် ကြီး မှူး ပြီး တရုတ် (တိုင်ပေ)နဲ့ ထိုင်းက လှူဒါန်းမှုနဲ့ ခြေတုအသစ် ရခဲ့ပါတယ်။ ဒီခြေတု ကတော့ သူတို့အတွက်ပိုအဆင်ပြေပြီးသက်တောင့် သက်သာ ရှိစေတယ်လို့ ဆိုပါတယ်။
“ဒီက တပ်ပေးတာက ကျနော်တို့အတွက် ပိုပြီး သက်တောင့်သက်သာ ဖြစ်စေတယ်ဗျ။ နည်းပညာ ကွာတယ်။ခြေထောက် ကွေးလို့ ဆန့်လို့ အဆင်ပြေတယ်။ နည်းပညာပိုင်း ဆိုင်ရာနဲ့ ပတ်သက်ရင် ကျနော်တို့ဆီမှာ ခြေတု လုပ်တဲ့နေရာ မှာ တော်တော်လေး အားနည်းတယ်လို့ ဆို ရမယ်” လို့ သူက ပြောပါတယ်။
ခြေတုတပ်ဖို့ လိုသူတွေထဲမှာ လယ်သမားတွေလည်း ပါဝင်ပါတယ်။ သူတို့အတွက်ဆိုရင် လယ်ထဲဆင်းဖို့ တချောင်း၊ သွားဖို့လာဖို့ တ ချောင်း စီစဉ်ပေးရပါတယ်။ ခြေတု တခုရဲ့ တန်ဖိုးက ကျပ် ၃၅ သိန်းလောက် အထိ ရှိပါတယ်။ တဖက်ပြတ် သမားတွေလည်း ပါသလို၊ နှစ်ဖက်ပြတ် တွေလည်း ပါတယ်။ လုပ်ပေးတဲ့သူတွေ ကိုယ်တိုင်က ဒီလိုခြေပြတ်ထားတဲ့သူတွေ အများစု ပါနေတော့ အခက်အခဲကို ပိုမို နားလည်နိုင် တယ် လို့ ဆိုပါတယ်။
“ကျနော်ဖြစ်တာက တိုက်ပွဲမှာ မဟုတ်ဘူးဗျ။ စစ်ကြောင်းထွက်ရင်းနဲ့ ဖြစ်တာ။ မိုင်းတွေက သူ့ဘက် ကလည်းထောင်တာရှိတယ်။ကိုယ့်ဘက် ကလည်း ထောင်တာ ရှိတယ်။ ကြာလာတော့ အမှတ်အသားတွေလည်း မမှတ်မိတော့ဘူး။ မိုင်း ရှာတဲ့သူ မပါဘူးလား ဆိုတော့ ပါ ပါတယ်။ မိုင်းရှာဆူးတွေနဲ့လည်း ရှာကြတာပဲ။ ဒါပေမယ့် လူက ပင်ပန်းနေပြီလေ။ တောက်လျှောက် ကြီး ဒါကို လိုက်ပြီး မရှင်းနိုင်ဘူး” လို့ ပြောပါတယ်။
“ရှင်းနေရင်းနဲ့လည်း ဘေးဘယ်ညာ ရန်သူလည်း ကြည့်ရသေးတယ်။ ရန်သူကြည့်ရင်းနဲ့ တောက် လျှောက်သွားနေရ တာ ဆိုတော့ တခါတ လေ လွတ်သွားတာ ရှိတယ်။ အဲဒီအချိန်မှာ ကျနော်က တပ်ခွဲမှူးမို့ ကိုယ်တိုင် ဦးစီးလုပ်ရတာ ရှိတော့ နင်းမိတော့လည်း ကျနော်ပဲ နင်း မိတာ ပေါ့ဗျာ” လို့ သားနှစ်ယောက် ဖခင် ကိုညီညီအောင် က ဆက်ပြောပါ တယ်။
အဲဒီတုန်းကများ အဲဒီဒေသတွေမှာ မိုင်းနင်းမိတဲ့ သတင်းက အဆန်းတောင် မဟုတ်တော့သလိုပါပဲ။ နယ်ခံတွေဆိုတောထဲမှာ ဒညင်းခူး၊ မျှစ် ချိုး၊ တောင်ယာ ခုတ်ရင်းနဲ့ မိုင်းမိ တတ်ပါတယ်။
၂ဝ၁၂ ခုနှစ်ဦးမှာ ဖြစ်ထွန်းလာခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံးနဲ့ အစိုးရတို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာမြေမြှုပ်မိုင်းတွေ ရှင်းလင်းရေး ဟာလည်း ဆွေးနွေးရတဲ့ ကိစ္စကြီးတရပ် ဖြစ်နေပါတယ်။
“ဒီလိုမျိုး ငြိမ်းချမ်းရေးတွေ မြင်တွေ့လာရတာ ဝမ်းသာပါတယ်။ တနိုင်ငံလုံး အေးချမ်းစေချင်ပါတယ်။ တနိုင်ငံလုံး ငြိမ်းချမ်းသွားမယ်ဆိုရင် ကျ နော်တို့ နိုင်ငံ တိုးတက်သွားမယ်” လို့ဆိုရင်း ငြိမ်းချမ်းရေးဆုလည်း တောင်းလိုက်ပါ သေးတယ်။
အခုတော့ သူ မိုင်းနင်းမိခဲ့တဲ့ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ ငြိမ်သက်နေပြီး တခါက အခိုက်အတန့် ငြိမ်းချမ်းခဲ့ဖူးတဲ့ ကချင်ပြည်နယ်မှာ တိုက် ပွဲတွေ ညံနေရတဲ့အပေါ်မှာလည်း “အရင်က ကရင်ပြည်နယ် တောက်လျှောက် ဆိုးရွားနေ ချိန်မှာ ကချင်က ဘာမှ မဖြစ်ဘူး။ ငြိမ်းချမ်းနေ တယ်။ အခုနောက်ပိုင်းတော့ အမြင်မတူကြလို့ ဖြစ်နေကြတယ်။ အမြင်မတူဘူး ဆိုတာ လည်း ညှိလို့ရမယ် ထင်တယ်။ ဟိုဘက်က လည်း တယူသန်၊ ဒီဘက်ကလည်း တယူသန်ဖြစ်နေမယ် ဆိုရင်တော့ ရမယ် မထင်ပါဘူး” လို့ တပ်မတော်သားဟောင်းကြီး က ကိုညီညီ အောင် က ပြောပါတယ်။
သူ့ရဲ့ နှစ်နှစ်ကြာ ခြေတုအမှီပြုပြီး အသက်မွေးဝမ်းကျောင်းခဲ့ရတဲ့ အတွေ့အကြုံတွေထဲမှာ မတူညီမှုကို ခွဲခြား ဆက်ဆံမှုတွေလည်း ဝမ်း နည်း ဖွယ် ကြုံတွေရခဲ့ရဖူးပါတယ်။
“ကျနော့် သူငယ်ချင်း မင်္ဂလာဆောင်သွားတာ။ ကိုယ်ကတော့ သွားတာပေါ့လေ။ ဒါပေမယ့် မင်္ဂလာ ဆောင်မှာ ကိုယ်က အပြတ်ကြီးနဲ့ ဆို တော့ ကျနော့် သူငယ်ချင်း မိဘက သူတို့ မင်္ဂလာယူတဲ့အချိန် အမင်္ဂလာ သဘောမျိုးမြင်တာပေါ့။ ဒဲ့ မပြောပေမယ့် ကျနော့်ကို မကြားတကြား ပြော တာပေါ့ဗျာ။ ကျနော့်စိတ်ထဲ တော်တော် မကောင်းဘူး” လို့ ပြောပါတယ်။
အခုလို မိုးကုတ်ဆရာတော် ဘဒ္ဒန္တစန္ဒာသီရိ ကြီးမှူးပြီး တိုင်ပေ က Fo Guang Fhan ဆရာတော်နဲ့ Prostheses ထိုင်းဖောင်ဒေးရှင်းတို့ရဲ့ လှူ ဒါန်းမှုနဲ့ ခြေတုသစ်တွေ ရရှိမယ့် ၁၂ဝ ဦးထဲက ကိုညီညီအောင် ဟာ ကိုယ်တိုင်က ခြေတုတပ် ထားရပေမယ့် ပဲခူးတိုင်း၊ ကဝမြို့နယ် ကဇာ တိရွာလေးမှာတော့ တကမ္ဘာလုံးနဲ့ ဆက်သွယ်နိုင်တဲ့ အင်တာနက်ဆိုင်လေးတဆိုင် ဖွင့်ထားပြီး အသက်မွေးဝမ်းကျောင်း ပြုနေပါ တော့ တယ်။
နေပြည်တော် ရခိုင်တိုင်းရင်းသားများ အသင်း ဖွဲ့စည်း
နိရဉ္စရာနေပြည်တော်တွင် ယနေ့ ပြုလုပ်သည့် ရခိုင်တိုင်းရင်းသား ၂၀၀ ကျော်တက်ရောက်ခဲ့သည့် အစည်းအဝေး တစ်ခုမှ “နေပြည်တော် ရခိုင် တိုင်း ရင်းသားများ အသင်း” ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ယနေ့ နံနက်က နေပြည်တော် ဇဗ္ဗူသီရိ မြို့နယ် အေးမြရွှေပြည် ဘုန်းတော်ကြီးကျောင်းတွင် အစည်းအဝေး ပြုလုပ်ခဲ့ပြီး ၎င်းအစည်းအဝေးမှ အဆိုပါ အဖွဲ့အစည်းကို ရခိုင်အမျိုးသားများ၏ အရေး ကိစ္စကို ဆောင်ရွက်ရန် အတွက် အများသဘောတူ ဖွဲ့စည်းလိုက်ခြင်း ဖြစ် သည်ဟုအ သင်းဥက္ကဌ ဦးသန်းညွှန့်က နိရဉ္စရာသို့ ပြောသည်။
“ အဓိက ရည်ရွယ်ချက်ကတော့ နေပြည်တော်ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြတဲ့ ရခိုင်အ မျိုးသားတွေရဲ့ သာရေး နာရေး လူမူရေး ကိစ္စတွေကို လုပ်နိုင်အောင်- ၀ိုင်းဝန်း ပံ့ပိုးကူညီနိုင်အောင်၊ ဒုတိယ တချက်ကတော့ ရခိုင်ပြည် နယ်နဲ့ ရခိုင်ရေးရာ ကိစ္စတွေကို ငြိမ်းချမ်း တဲ့ အမျိုးရေး အသွင်နဲ့ ပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်ရေးနဲ့ တတိယ အချက်ကတော့ ရခိုင် ရိုးရာ ယဉ်ကျေးမူ စာပေ အနုပညာ တွေကို ကျွန် တော်တို့ ထိန်းသိမ်းရေး- ဖေါ်ထုတ်ရေး အတွက် ဖွဲ့စည်းတာ ဖြစ်ပါတယ်” ဟု ပြောသည်။
အသင်း၏ ဥက္ကဌ အဖြစ် ဦးသန်းညွှန့် (မင်းပြား) ကို ရွှေးကောက် တင်မြှောက်ခဲ့ပြီး ဒုဥက္ကဌ အဖြစ် စိုင်းကျော်မြှင့် (မြောက်ဦး) နှင့်အတွင်း ရေး မှူး အဖြစ် ကိုထွန်းမောင် (ကျောက်တော်) နှင့် အမူဆောင်ကော်မီတီ အများအပြားကို ရွှေးကောက်တင်မြောက်ခဲ့ကြသည်ဟု သိရ သည်။
“ကျွန်တော်တို့ အဖွဲ့အနေနဲက ဘယ်အတိုင်းအတာထိ အထောက်အကူ ပြုနိုင်မလဲ ဆိုရင် အခုလက် ရှိ နေပြည်တော်မှာ အတိုင်းအတာနဲ့ရ ခိုင်တိုင်းရင်းသားတွေက ပုံစံပေါင်းစုံနဲ့ ရှိနေပါတယ်။ နေပြည်တော်မှာ တချို့က အစိုးရ ၀န်ထမ်း၊ ကုမ္ပဏီ ၀န်ထမ်း၊ ဒေသခံရခိုင် တိုင်းရင်း သားတွေ ပါဝင်သလို မြို့နယ် ပေါင်းစုံက နေထိုင်တဲ့ လူတွေ ပါဝင်နေတဲ့ အတွက် အင်အား တွေကို ရနိုင်သလောက် စုစည်းပြီး ရောက် တဲ့ နေရာက တတ်နိုင်သလောက် ပိုမိုကျယ်ပြန့်အောင် တတ်နိုင်တဲ့ စွမ်းအား ဆောင်ရွက် သွား ဖို့ ရည်ရွယ်ထားပါတယ်” ဟု အ သင်း ဥက္ကဌ ဦးသန်းညွှန့် က ပြောသည်။
ယခုဖွဲ့စည်းလိုက်သော အသင်းတွင် ဆပ်ကော်မီတီ အဖွဲ့ငယ်များကို ဖွဲ့စည်းထားပြီး ရိုးရာ ယဉ်ကျေးမူ စာပေများကိုလည်း ဖေါ်ထုတ် သွား မည် ဖြစ်ကြောင်း ပြောဆိုသည်။ ရိုးရာ ယဉ်ကျေးမူ အကအဖွဲ့များကို ဖွဲ့စည်းပြီး ရခိုင်ပြည်နယ်နေ့၊ သင်္ကြန်၊ ပြည်ထောင်စုနေ့ စ သည့် နေ ထူး နေ့ရက်များတွင် ရခိုင်ရိုးရာများကို ကပြ ဖေါ်ထုတ်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။
မြန်မာအစိုးရတပ် ပစ်ခတ်သော လက်နက်ကြီးကြောင့် ဖားကန့် ပြည်သူ ၃ ဦး ဒဏ် ရာရ
KNGမြန်မာအစိုးရတပ်သည် ကချင်ပြည်နယ် ကျောက်စိမ်း ထွက်ရှိရာဒေသ ဖားကန့်မြို့တွင် ယမန်နေ့ နိုဝင်ဘာ၂ ရက်နေ့က ၁ နာရီမှ ၃ နာရီ ချိန် ထိ ဖားကန့်ဗျူဟာကုန်းမှ အမြောက်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် အင်ဘားလခ (Nba La Hka) ရွာသို့ ကျရောက်ပေါက်ကွဲ ခဲ့ပြီး ဒေသခံ ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အင်ဘားလခ ကျေးရွာသို့ အမြောက်ဆံ ၂ ခု ကျရောက်ပေါက်ကွဲပြီး ကချင်အမျိုးသား ညီအစ်ကို ၂ ဦးနှင့် ရှမ်းအမျိုးသား ၁ ဦး တို့ ထိ ခိုက် ဒဏ်ရာရရှိကာ ဖားကန့်ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေကြောင်း သိရသည်။
မြန်မာအစိုးရတပ်သည် ဖားကန့်ဗျူဟာကုန်းနှင့် မြောက်ဖြူမှော် ၂ နေရာမှ အမြောက်များဖြင့် ၅ ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း KIA အ ရာ ရှိတစ်ဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။
“ဗျူဟာကုန်းကနေ ၂ ခု ၂ ခု ပစ်တယ်။ မြောက်ဖြူ ၂ နေရာကပစ်တာ ဗျူဟာကုန်းက လက်နက်ကြီး ၂ ခုနဲ့ ပစ်တယ်။ ၄ ခု စီ နဲ့ပစ်တာ ဟို ဘက်ပစ်လိုက် ဒီဘက်ပစ်လိုက်လုပ်နေတယ်။” ဟု ရှေ့တန်းမှ KIA အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
မြောက်ဖြူတွင်ရှိသော မြန်မာအစိုးရခြေလျင်တပ်ရင်းသည် ဆိုင်းဂျာဘွမ် (Seng Ja Bum)နှင့် လမောင်ကောင် (Lamawng Kawng) တောင် များသို့ပစ်ခတ်ပြီး ဖားကန့်ဗျူဟာကုန်းတွင်ရှိသော အမြောက်တပ်သည် မှော်မော်ဘွမ် (Mawmau Bum) ကုန်းသို့ပစ်ခတ်ရာတွင် မှော်မော်လ ယန် (Mawmau Layang) အထက်ရှိ အင်ဘားလခ (Nba La Hka) ကျေးရွာသို့ ကျရောက်ပေါက်ခဲ့ခြင်းဖြစ်သည်။
မြန်မာအစိုးရတပ်သည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) များရှိသည့် လမောင်ကောင် (Lamawng Kawng)၊ ဆိုင်းဂျာဘွမ် (Seng Ja Bum)နှင့် မှော်မော်ဘွမ် (Mawmau Bum) ကျေးရွာများသို့ ၂ နေရာမှ အမြောက် ၁၀၅ နှင့် ၁၂၀ မမ ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါမြန်မာအစိုးရအမြောက်တပ်သည် သြဂုတ် ၂၉ ဝေအောင်ကမ္ဘာကုမ္ပဏီ ပေါက်ကွဲခဲ့ပြီးချိန်မှ ရောက်ရှိလာခြင်းဖြစ်သည်။ အစိုးရ တပ် ဖက်မှအမြောက်ကြီးများဖြင့် ပစ်ခတ်ခဲ့သော်လည်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ ပြန်လည်ပစ်ခတ်ခြင်း မရှိကြောင်းပြော သည်။
မြန်မာအစိုးရတပ်သည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နယ်မြေ ကျောက်စိမ်းကောင်းထွက်ရှိသည့် ဆိုင်းဂျာဘွမ် (Seng Ja Bum)နှင့် လမောင်ကောင် (Lamawng Kawng) နယ်မြေများကို သိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများသုံး သပ် နေ ပါသည်။
မြောက်ဦးမြို့နယ် အဓိကရုဏ်းအတွင်း သေဆုံးသူ(၁၀)ဦးပျောက်ဆုံးနေပြီး (၂)ဦးပြန်လည်တွေ့ရှိ
ခိုင်ခိုင်အောက်တိုဘာ(၂၂)ရက်နေ့ မြောက်ဦးမြို့နယ်၊ ပုရိန်နှင့် ယိုင်သည် အဓိ ကရုဏ်းအတွင်းတွင် သေဆုံးသွားခဲ့သူ (၁၀)ဦးပျောက်ဆုံးနေပြီး ယနေ့ (၂)ဦး ပြန်လည်ရရှိကြောင်း သိရှိရသည်။
ပျောက်ဆုံးနေသော အလောင်းများမှာ ဘင်္ဂလီကျေးရွာများတွင် မြုပ်နှံ ထားကြောင်း သိရှိသော်လည်း ဘင်္ဂလီများက မရှိဟု ငြင်းဆန်နေ ခြင်း ကြောင့် မြို့မိမြို့ဖများနှင့် ရွာသူရွာသားများက အလောင်းများကို ပြန် ရ ရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေ ကြောင်း သိရသည်။
"ပရိန်အဓိကရုဏ်းမှာ ပျောက်ဆုံးနေတာ အားလုံး (၉)လောင်းရှိပါတယ်။ ကျနော်တို့ မြို့မိ၊ မြို့ဘ တွေနဲ့ စစ်တပ်က သွားပြီးတော့ အလောင်းတွေ ကို ပြန်ပေးဖို့ ဘင်္ဂလီရွာမှာ သွားပြီးတောင်းပါတယ်။ ဒါပေမယ့်သူတို့ကမရှိဘူးဆိုပြီးတော့ ငိုပြနေကြတယ်၊ ဒီနေ့ စစ်တပ်လုံခြုံရေးယူပြီးတော့ ကျနော်တို့ လိုက်ရှာတာ အလောင်း(၂)လောင်းတွေ့တယ်။ အဲဒီအလောင်းတွေရဲ့ ခြေ၊လက်လေးဘက်လုံးကို ဖြတ်ထားပြီးတော့ အရုပ်လည်း တော်တော်လည်းကို ပျက်နေပြီ၊ ဘယ်သူဘယ်ဝါဆိုတာကတော့ ကျနော်တို့မသိရသေးဘူး"ဟု နာရေးကူညီမှု အသင်းဝင်တစ်ဦးမှ ပြော သည်။
မြောက်ဦးမြို့နယ် အဓိကရုဏ်းအတွင်း ပျောက်ဆုံးနေသူများ
(၁) ဦးကျော်သာဖြူ၊ အောင်တပ်ရပ်ကွက်၊ အသက်(၅၄)နှစ်
(၂) ဦးထွန်းဘု၊ လက်ခုပ်ပင်ရင်းရပ်ကွက်၊ အသက်(၄၉)နှစ်
(၃) ဦးမောင်ဘုချေ၊ မြင်းခုံတန်းရပ်ကွက်၊ အသက်(၄၂)နှစ်
(၄) ဦးမောင်ခင်၊ ကြက်ဈေးရပ်ကွက်၊ အသက်(၄၉)နှစ်
(၅) ဦးကိုမောင်၊ ရတနာပုံရပ်ကွက်၊ အသက်(၃၈)နှစ် (အောက်တိုဘာလ ၂၄ ရက်နေ့ ပုရိန် အဓိကရုဏ်းတွင် ကျဆုံး)
(၆) မောင်ကျော်စိန်ဝင်း ၊ ဝါးဈေးရပ်ကွက်၊ အသက်(၁၆)နှစ်
(၇) မောင်အောင်မြင့်၊ ပန်းမြောင်းကျေးရွာ၊ အသက်(၁၈)နှစ်
(၈) ဦးလှထွန်း၊ ဆင်ချဆိပ်ရပ်ကွက်၊ အသက်(၃၅)နှစ် (အောက်တိုဘာလ ၂၃ ရက်နေ့ ယိုင်သည် အဓိကရုဏ်းတွင် ကျဆုံး )
(၉) မောင်ဘုစိန်၊ ကျောင်းတောင်ကျေးရွာ၊ အသက်(၂၂)နှစ်
(၁၀) ဦးမောင်သန်းစိန် လင်ဗန်းပြောက်ရပ်ကွက်၊ အသက်(၆၅)နှစ် တို့ဖြစ်ကြသည်။
အထက်ပါ သေဆုံးသူ(၁၀)ဦးအနက် (၉)ဦးမှာ သေဆုံးကြောင်းအတည်ပြုနိုင်ပြီး (၁)ဦးမှာ ပျောက်ဆုံးခြင်းလား သေဆုံးခြင်းလားဆိုသည် မှာ မ သေချာသေးကြောင်း သိရသည်။
အောက်တိုဘာ(၂၂)ရက်နေ့မှ (၂၄)ရက်နေ့အထိ ဖြစ်ပွားခဲ့သော အဓိကရုဏ်းတွင် သေဆုံးသူမှာ(၁၆)ဦးနှင့် ဒဏ်ရာရသူ(၄၀)ဦးရှိသည်။ ထို သေဆုံးသူ(၁၆)ဦးထဲတွင် (၆)ဦးကို သင်္ဂြိုလ်ပြီးစီးသွားပြီဖြစ်ပြီး၊ (၉)ဦးမှာ ပျောက်ဆုံးနေကြောင်းနှင့် ကျန်(၁)ဦးမှာ သေဆုံး ပျောက် ဆုံးခြင်း ကို မသိရသေပေ။
ရွှေးကောက်ပွဲ ကော်မရှင်မှ ရခိုင်ပါတီနှစ်ခုကို ခေါ်ယူ တွေ့ဆုံ
မောင်ရမ္မာရခိုင် မှ ပါတီ ကြီး နှစ်ခု ဖြစ်သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီနှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အား ရွှေးကောက်ပွဲကော်မရှင် ရ ခိုင်ပဋိပက္ခနှင့် ပတ်သက်ပြီး ခေါ်ယူ တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် သမ္မတ ရုံး ထုတ်ပြန်ချက်ကို ဖတ်ပြပြီး ရခိုင်ပြည်နယ် တည်ငြိမ်ရေး အတွက် အစိုးရနှင့် လက်တွဲ လုပ်ဆောင်ရန်ပြော ကြားခဲ့ သည်ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက နိရဉ္စရာသို့ ပြောသည်။
“ ကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ ကော်မရှင် အဖွဲ့ဝင် ၄ ဦးက သမတရုံးက ထုတ်ပြန်တဲ့ ထုတ် ပြန်ချက်ကို ဖတ် ပြတယ်။ အခုဖြစ်ပွား နေတဲ့ အရေးအခင်းမှာ ရခိုင် ပါတီတွေအနေနဲ့ ၀င်မပါဖို့၊ ဒီအရေးအခင်းမှာ ကော်မရှင်မှာ လဲ တာဝန်ရှိတယ်၊ ရခိုင်ပါတီတွေမှာလည်း တာဝန်ရှိ တယ်။ ဒါကြောင့် ရခိုင်ပါတီတွေအနေနဲ့ နိုင်ငံတော် အစိုးရ နဲ့ ပူးပေါင်းပြီး ပြဿနာ အေး ငြိမ်းသွားအောင် လုပ်ဆောင်သွားဖို့ ပြောဆို သွား ပါတယ်။”
ခေါ်ယူပြောကြားရာတွင် ကိုယ်တိုင် ပါဝင်ခဲ့သူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီအတွင်းရေးမှူး ဦးမျိုးကျော်က ယခု ဖြစ်ပွားခဲ့တဲ့ ပြ ဿ နာမှာ ပါဝင်ပတ်သက်သော ပါတီ၊ လူပုဂ္ဂိုလ်များကို အရေးယူသွားမည်ဟုလည်း ပြောဆို ကြောင်း နိရဉ္စရာသို့ ပြောသည်။
“ ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ RNDP ပါတီက တာဝန်ရှိသူတွေကို ကော်မရှင်က ခေါ် ပြီးပြောတာကတော့ အခုနောက် ဆက် တွဲ ဖြစ်ပေါ်ခဲ့တဲ့ အရေးအခင်းနဲ့ပတ်သက်ပြီးတော့ ပါတီတွေ အနေနဲ့ မပါဝင်ဖို့၊ တကယ်လို့ပါဝင်ပတ်သက်လို့ ရှိရင်ကော်မရှင်ရဲ့ စည်းမျဉ်းအ ရအရေးယူသွားမယ် ဆိုတာကို ပြောပါတယ်။”
ယခုကဲ့သို့ ခေါ်ယူရာတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒု ဥက္ကဌ ဦးကျော်မြင့်၊ အတွင်းရေးမှူး ဦးမျိုးကျော်၊ ဗဟို အလုက်အမှုဆောင် ဦးမျိုး ဆွေ နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပါတီဥက္ကဌ ဒေါက်တာ အေး မောင်၊ ဦးဘရှိန်နှင့် ဦးဖေသန်တို့ တက်ရောက်ခဲ့သည် ဟုသိရ သည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပြဿနာကို ဖြေရှင်းရာတွင် အချိန်တိုအတွင်း ဖြေရှင်း၍ ရနိုင်မည်မဟုတ် ကြောင်း ဦးဖေသန်းကသူ့အ မြင် ကို ယခုကဲ့သို့ ပြောသည်။
“ ဒီပြဿနာဟာ ကျွန်တော်တို့ ရခိုင်ပြည်မှာ သမိုင်းနဲ့ ချီပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာပါ။နှစ်ပေါင်း ၅၀၀၀ ကျော်နေထိုင်လာကြတဲ့ရခိုင်ပြည် နယ်မှာ တဖက်နိုင်ငံက စိမ့်ဝင်လာတဲ့ လူတွေက ငါ့တို့ ပြည်ဆိုပြီး ၀င်ရောက်လုယူ ဖို့ ကြိုး စားလာတာက စဖြစ်လာတဲ့ ပြဿနာ ဖြစ် တယ်။ အခုလို နယ်မြေလုယူဖို့ ကြိုးစားလာတာ များလာတဲ့အ တွက် ဒီပြဿနာကို အချိန်တို ဖြေရှင်းလို့ ရနိုင်မှာ မဟုတ်ဘူး။”
ယခု ဖြစ်ပေါ်နေသော ပြဿနာကို ဖြေရှင်းရာတွင် ပြည်သူများ၏ သဘောဆန္ဒကို လိုက်လျောပြီး တည်ငြိမ်အေး ချမ်းအောင် လုပ်ဆောင် သင့် သည်ဟု ဦးဖေသန်းက ပြောသည်။
“ အခု ပြည်သူတွေရဲ့ ဆန္ဒက ဘင်္ဂလီတွေနဲ့ ရောနှော မနေချင်တဲ့ ဆန္ဒရှိပါတယ်။ ဘင်္ဂလီတွေ ကိုယ်တိုင်ကလဲ အတူတကွနေချင်တဲ့ဆန္ဒမရှိ ကြဘူး။ တဖက်နဲ့တဖက် လုံခြုံမှုမရှိလို့ ခံစားနေကြတယ်။ ဒီလိုအချိန်မှာ လူမျိုးစု နှစ်စု ဟာ အတူမထားဘဲ သီးသီးခြားခြားထားတာပို ကောင်း ပါလိမ့်မယ်။”
နိုင်ငံရေးအရ ဖြေရှင်းရာတွင် ဘင်္ဂလီတွေနေဖြင့် ရသင့် ရထိုက်တဲ့ အခွင့်အရေးများကို တောင်းဆို မှုများ လုပ် သင့်ကြောင်း၊ မသမာသော နည်းလမ်းဖြင့် ရခိုင်ပြည်ကို သူတို့နယ်မြေအဖြစ် အပိုင် သိမ်းယူရန်နှင့် လူမျိုးရေး အရ ၀ါးမျိုရန် မလုပ်သင့်ကြောင်း၊ ရခိုင်လူမျိုးများအနေ ဖြင့် အမျိုး ဘာသာ သာသနာ မပျောက်ပျက်ရအောင်၊ တိုင်းပြည်မပျောက်ရအောင် ထိန်းသိမ်း စောင့်ရှောက် သင့်ကြောင်း ဦးဖေသန်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် အောက်တိုဘာ (၂၁)ရက်နေ့ မင်းပြားမြို့ ကင်းဆိပ်ကျေးရွာမှာ စတင်ဖြစ်ပွားခဲ့သော ပြဿနာကြောင့်မြောက်ဦး၊ ကျောက် တော်၊ ပေါက်တော၊ ရသေ့တောင်၊ မြေပုံ၊ ကျောက်ဖြူနှင့် ရမ်းဗြဲ မြို့နယ်များသို့ ကူးစက်သွားရာ အောက်တိုဘာလ(၂၁)ရက်နေ့ မှ(၃၀)ရက် နေ့အထိ စာရင်းများအရ သေဆုံးသူ(၈၉)ဦး၊ ဒဏ် ရာရသူ(၁၃၆)ဦး၊ မီးလောင်ပျက်ဆီးသည့် လူနေအိမ် (၅၃၅၁)လုံးနှင့် အိုး မဲ့အိမ်မဲ့ဖြစ်သူ(၃၂၂၃၁)ဦးရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများမှ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ဇွန်လအတွင်း ပထမအကြိမ် ဖြစ်ပွားခဲ့သော ပြဿနာတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် ရ ခိုင်ပါ တီနှစ်ခုဖြစ်သည့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP နှင့် ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ် ALD ပါတီကို နိုင်ငံတော်သမ္မတ ကြီးက သြ ဂတ်စ်လ ၈ ရက်နေ့က ခေါ်ယူတွေ့ဆုံခဲ့သည်။
ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများကြောင့် မောင်တော၊ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး မြို့နယ်များတွင် အိမ်ခြေ ပေါင်း(၅၃၃၈) အိမ်၊ အဆောက်အဦး (၁၃၄)လုံး၊ မီးလောင်ပျက်စီးခဲ့သည့်အတွက် အိမ်ထောင်စုပေါင်း (၁၂၂၄၂) စု၊ လူဦးရေ (၇၅၀၀၀)ခန့် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။
ကချင်ဒုက္ခသည်များ အတွက် အမည်မသိ ဇနီးမောင်နှံမှ လက်ထပ် ရွှေလက်စွပ် ပေးလှူ
KNGကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင်း KBC ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ အမျိုးသားဌာန၏ သမ္မာကျမ်းစာသင်ကြားခြင်း အစီစဉ် တစ်ခု တွင် အမည်မသိ ဇနီးမောင်နှံမှ မင်္ဂလာ ရွှေလက်စွပ် တစ်ကွင်း ကချင်ဒုက္ခသည်များအတွက် လှူဒါန်းခဲ့သည်။
၁ နှစ် ၁ ကြိမ်ပြုလုပ်သည့် အမျိုးသားကော်မတီအဖွဲ့များ ဆယ်ဖို့တစ်ဖို့ (ခရစ်ယာန်ကျမ်းစာ၌ပါသော မိမိဥစ္စာပစ္စည်းထဲမှ ၁၀ ပုံ ၁ပုံအား ပေး လှူခြင်း) နှင့် ပေးကမ်းလှူဒါန်းခြင်းနှင့် ပတ်သက်၍ ဟောပြောသင်ကြားပေးသည့် အစီစဉ်ပြုလုပ်ခဲ့ရာတွင် ဘုရားကျောင်းရှိ ကချင် စစ်ပြေး ဒုက္ခ စခန်း၏ အလှူခံပုံးထဲ၌ ထူးဆန်းစွာဖြင့် စာအိတ်တွင် ရွှေလက်ထပ် လက်စွပ်တစ်ကွင်းကို လက်ခံရရှိခြင်းဖြစ်သည်။
ဝိုင်းမော်မြို့နယ် ဖုန်မိုင်ယန် (Hpung Mai Yang) ရပ်ကွက် အူရားယန် (U Ra Yang) ကျေးရွာတွင် ခရစ်ယာန်ဆရာများမှ ဆယ်ဖို့တစ်ဖို့အ ကြောင်း သွန်သင်ဟောပြောခဲ့စဉ် ဒုက္ခသည်အတွက်အလှူခံပုံးမှ ဤကဲ့သို့တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစာအိတ်ပေါ်တွင် “ကျနော်တို့မိသားစုက အရမ်းဆင်းရဲတယ် ဘာမှမရှိပါဘူး။ ဒါပေမယ့် တို့နှစ်ယောက်ရဲ့ လက်ထပ်လက်စွပ်ကို အလှူ ငွေထည့်လိုက်ပါတယ် လက်ခံပေးပါအဖဘုရား။” ဟု ကချင်ဘာသာဖြင့် ရေးထား ခြင်းဖြစ်ကြောင်း ထိုကျေးရွာတွင် ဟောပြောသွန်သင်ရန် တာဝန်ကျသည့် သိက္ခာတော်ရ ဆရာ ခန်းဒူဘရန်ရှောင် (Hkangdu Brang Shawng) က KNG ကချင်သတင်းဌာန သို့ပြောသည်။
“ဝတ်ပြုအစည်းဝေးမှာ ကချင်စစ်ပြေးဒုက္ခသည်များ ဘယ်လို ခက်ခဲနေတဲ့အကြောင်းတွေပြောပြ တယ်။ ဒီနေ့ ကျွန်တော်တို့ ကချင်အမျိုးသား အချင်းချင်း ဘယ်လို ကူညီရမယ့်အကြောင်း၊ ကျနော်တို့မှာ ဘယ်လောက် တာဝန်ရှိတယ်။ နိုင်ငံခြားမှာရှိနေတဲ့ကချင်အမျိုးသားများလည်း က ချင်ဒုက္ခသည်များအတွက် ဘယ်လို ကူညီနေတယ်။ ဒီနေ့ ကျွန်တော်တို့အားလုံးပါဝင် ရမယ့်အကြောင်း KBC ကနေ ဘယ်လိုဘယ်တာ ဝန်ယူ ကူညီနေတဲ့အကြောင်းတွေပြောပြတယ်။” ဟု သိက္ခာတော်ရ ဆရာ ခန်းဒူဘရန်ရှောင် KNG ကချင်သတင်းဌာနသို့ပြောသည်။
ဆရာများအဖွဲ့ခွဲပြီး သင်ကြားပေးခြင်းတွင် အူရားယန် (U Ra Yang) ကျေးရွာတွင် ဝိုင်းမော်မြို့နယ် နမ်ဝါ (Namwa) ကျေးရွာမှ စစ်ပြေး ဒုက္ခ သည်ကော်မတီ သိက္ခာတော်ရ ဆရာခန်းဒူဘရန်ရှောင် (Hkangdu Brang Shawng) နှင့် ဆရာကွမ်ထွယ် (Kum Htoi) တို့အ လှည့်ကျ ဟော ပြော သွန်သင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဥရာယန် (U Ra Yang) ကျေးရွာတွင် အိမ်ခြေ ၄၀ ကျော်ရှိပြီး ထိုဟောပြောသင်ကြားသည့်နေ့တွင် ဒေသခံများ ဘုရားကျောင်းသို့ ၆၀ ကျော် တက်ရောက်ရှိပြီး စစ်ပြေးဒုက္ခများအတွက် အလှူငွေများ ပေးလှူခြင်းဖြစ်ကြောင်းသိရသည်။
မည်သည့် မိသားစုမှ ပေးလှူကူညီခြင်းဖြစ်ကြောင်း မသိသော်လည်း ကချင်အမျိုးသားဒုက္ခသည်များ အတွက် လှူဒါန်းရန် ငွေကြေးမ တတ် နိုင်သောကြောင့် အလှူရှင်မိသားစုမှ ၄င်းတို့ အမြတ်တနိုး သိမ်းထားသော မင်္ဂလာလက်ထပ်လက်စွပ်အား ဒုက္ခသည်များအတွက် လိုအပ် သည့်နေရာတွင် အသုံးပြုနိုင်ရန် လှူဒါန်းသွားခဲ့ဖြစ်ကြောင်းသိရသည်။
ထိုအစီစဉ်တွင် စစ်ပြေးဒုက္ခသည်များအတွက် အလှူငွေကောက်ခံထားသည့် ပုံးတွင် ထိုစာအိတ်ကို တွေ့ရှိရခြင်းဖြစ်ပြီးဟောပြောသင် ကြား ခြင်း သည် စက်တင်ဘာ ၂၂ မှ ၂၃ ရက်ထိ ၂ ရက်ပြုလုပ်ခဲ့သည်။
ဒုက္ခသည်များအတွက် လက်ခံရရှိသည့် ၄င်းမင်္ဂလာရွှေလက်စွပ်တစ်ကွင်းနှင့် အလှူငွေကျပ် ၄၄၈၀ ရရှိပြီး သက်ဆိုင်ရာ စစ်ပြေးဒုက္ခ သည် ကော်မတီတာဝန်ခံထံ ပေးအပ်ခဲ့ကြောင်းသိရသည်။
KBC ကချင်နှစ်ခြင်းအဖွဲ့ချုပ်မှ ဟောပြောသင်ကြားခြင်း အစီစဉ်နှင့်အတူ ကချင်စစ်ပြေးဒုက္ခသည်များကို လည်း ဝိုင်းမော်၊ ချီဖွေ၊ ဗန်းမော်၊ ရှမ်း ပြည်၊ မြစ်ကြီးနားနှင့် ဖားကန့်ဒေသများတွင် ကူညီပေးနေကြောင်း သိရသည်။
ရန်ကုန်မြို့ပြရဲ့ ခေတ်သစ် သီတင်းကျွတ်ည
မေရီကိုရောင်စုံလျှပ်စစ်မီးများနဲ့ အသားကျနေပြီဖြစ်တဲ့ ရန်ကုန်မြို့ကြီးရဲ့ သီတင်းကျွတ်ညတွေကို ကြည့်လိုက်မယ်ဆိုရင် ပုံမှန်အတိုင်းပဲ သွား လာ လှုပ်ရှားကြသူတွေကို တွေ့မြင်ကြရမှာပါ။ သူတို့အများစုဆီမှာ သီတင်းကျွတ်နဲ့ ပတ်သတ်တဲ့ စိတ်အာရုံခံစားမှုတွေ သိပ်ကပ်ငြိမနေ ဘူးဆို တာ သူတို့တွေရဲ့လှုပ်ရှား၊ သွားလာ၊ ပြောဆိုပုံတွေကို ကြည့်ရင် သိသာမြင်တွေ့ရမှာ ဖြစ်ပါတယ်။
တိုးတက်ပြောင်းလဲလာတဲ့ ဒီဘက်ခေတ်ကြီးမှာ မိုဘိုင်းဖုန်းတွေကို တော်တော်များများ ကိုင်နိုင်နေကြပါပြီ။ မိုဘိုင်းဖုန်း ကိုင်ဆောင်သူတွေ တ ဦးနဲ့တဦး ဆက်သွယ်ပြောဆိုကြတဲ့ အကြောင်းအရာတွေထဲမှာ လက်ရှိ ရောက်နေတဲ့ သီတင်းကျွတ်ကာလနဲ့ပတ်သတ်တဲ့ အကြောင်း အရာက နည်းနေပါသေးတယ်။
စီးပွားရေး၊ လူမှုဆက်ဆံရေး၊ နေထိုင်ရေးနဲ့ စားဝတ်နေရေး ကိစ္စရပ်တွေကိုသာ ဦးစားပေး ပြောဆိုနေကြတဲ့ ၂၁ ရာစုရဲ့ တိုးတက်မှုတွေ ထဲမှာ ရိုးရာဓလေ့တွေကို အာရုံမထားနိုင်စေတဲ့ အကြောင်းအရာတွေလည်း ပါဝင်နေလာပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တစုကျော်က မြို့ပြရဲ့ သစ်သားအိမ်တန်းလေးတွေမှာ ချိတ်ဆွဲထားခဲ့တဲ့ ရောင်စုံစက္ကူမီးပုံးလေးတွေကိုအခုဆိုရင်ရန် ကုန် မြို့ကြီးပေါ်က နေအိမ်တွေ၊ အထပ်မြင့်တိုက်တွေမှာ ခပ်ကျဲကျဲသာ တွေ့မြင်ရပါတော့တယ်။
လှပပြီး ဈေးချိုတဲ့ ရောင်စုံစက္ကူမီးပုံးလေးတွေနေရာမှာ တဖိတ်ဖိတ်နဲ့ အရောင်တမျိုးစီ ပြောင်းနေတဲ့ ရောင်စုံ လျှပ်စစ်မီးသီးတွေက ခေတ် ရေ စီးကြောင်းနဲ့အလိုက် ပြောင်းလဲနေရာယူလာနေပါတယ်။
အိမ်တိုင်း၊ အိမ်တိုင်းရဲ့ ဝရံတာတွေ၊ လှေကားထစ်တွေ၊ ကျောက်ပြင်တွေ၊ ရေတိုင်ကီတွေ၊ ရေအိုးစင်တွေ၊ ခြံစည်းရိုးတိုင်တွေ၊ သစ်ပင်ခြေ ရင်း တွေနဲ့ ကွေ့ကွေ့ကောက်ကောက် လမ်းမတလျှောက်၊ ဖြောင့်ဖြောင့် ဖြူးဖြူး လမ်းတဆုံးတွေမှာ ညီညီညာညာနဲ့ အစဉ်အလာမပြတ် ထွန်း ညှိထားကြတဲ့ ဖယောင်းတိုင် ဖြူဖြူလေးတွေဟာ ရန်ကုန်မြို့ရဲ့ ခေတ်သစ်နေထိုင်မှု ပုံစံတွေအကြား တဖြည်းဖြည်းနဲ့ မှေးမှိန်လာနေ ပါပြီလို့ အသက် ၇၁ နှစ်ရှိပြီ ဖြစ်တဲ့ အငြိမ်းစား ကျောင်းဆရာမကြီး ဒေါ်အေးမြဖြူက ပြောပါတယ်။
ဗုဒ္ဓဘာသာ ထုံးစံအရ ဗုဒ္ဓဟာ နတ်ပြည်မှာ အဘိဓမ္မာတရားဟောကြားပြီး လူ့ပြည်ကို ဆင်းအလာ ပူဇော်ကြတဲ့ အထိမ်းအမှတ်အနေနဲ့ အိမ်၊ ကျောင်း၊ ဘုရားတန်ဆောင်းတွေမှာ ဆီမီးတွေ ထွန်ညှိပူဇော်ကြတာ ဖြစ်ပါတယ်။
ရောင်စုံ စက္ကူမီးပုံးလေးတွေကို ဖယောင်းတိုင်လေးတွေ စိုက်ထည့်ပြီး အလှဆင်ချိတ်ဆွဲကာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ မြတ်စွာဘုရားကို ဆီး ကြိုတဲ့ အလေ့အထ မြင်ကွင်းတွေ ရှားပါးလာသလိုပဲ မီးခိုးရောင် မာကျူရီတွေကို ဖယောင်းတိုင်မီးနဲ့ မိညှိပြီး မြေကြီးပေါ်ချ ဖိနပ်နဲ့ တဝုန်း ဝုန်း အသံ ထွက်အောင်ရိုက်ပြီး ဆော့ကစားကြရတဲ့ အဲ့ဒီ မာကျူရီမီးပန်းလေးတွေ မရှိတော့သလို လက်နဲ့မနားတမ်း ဝှေ့ယမ်းဆော့က စားရတဲ့ မီးပန်း တွေ၊ ကလေးတွေအကြိုက် ရောင်စုံ ပလတ်စတစ်အကြည်သား အပါးနဲ့ ပြုလုပ်ထားတဲ့ ယုန်ရုပ် တွန်းလှည်းလေးတွေဆို တာ ရန်ကုန်မြို့ရဲ့ ယနေ့ခေတ် သီတင်း ကျွတ်ညတွေနဲ့ မရင်းနှီးသယောင် ဖြစ်နေပါပြီ။
ယနေ့လို ဖွံ့ဖြိုးတိုးတက်မှု သိပ်မရှိသေးတဲ့ အရင်သီတင်းကျွတ်ညတွေမှာ မြို့ပြရဲ့ကောင်းကင်ယံထက် အပြိုင်အဆိုင် လွင့်တက်နေကြတဲ့ မီး ပုံးပျံကြီးတွေဟာလည်း ဒီဘက်ခေတ်ရဲ့ သီတင်းကျွတ်ညကောင်းကင်မှာ တွေ့မြင်ရ နည်းပါးလာနေပါပြီ။
“နိုင်ငံတကာမှဆိုရင် ရိုးရာပွဲတော်တွေကို အစဉ်မပြတ် ကျင်းပနေကြတာပဲလေ၊ အခုချိန်ထိပေါ့။ ခ ရစ်ယာန် ဘာသာဝင်များရဲ့ ခရစ္စမတ်ပွဲ တော်တွေဆိုလည်း အစဉ်အလာ မပြတ်ပါပဲ။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေရဲ့ သတင်းကျွတ်ပွဲ တော်မှာ အရင်လို ရိုးရာတွေ မရှိလာတော့တာ ၊ နည်းပါးလာတော့တာ လူတွေပြောင်းလဲလာကြတယ်။ ကိုယ့်ရိုးရာတခုကို ထိန်းသိမ်း တတ်ကြဖို့ လိုတယ်။ အရင်ခေတ်ကကလေးတွေလက် ထဲ တွေ့နေကျ မာကျူရီမီးပန်းတွေ အခုအချိန် မတွေ့ရတာတော့တာ ကျနော့်အ တွက်တော့ ဝမ်းနည်းမှုကိုဖြစ်လာစေတယ်။ ချစ်စရာကောင်း တဲ့ ကျုပ်တို့တွေရဲ့ မြန်မာ့ရိုးရာအစဉ်အလာတခု ပျောက်ပျက်သွားမှာ စိုးမိ တယ်ခင်ဗျ” ဟု အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ ပင်စင်စား အစိုးရဝန် ထမ်းကြီးတဦးဖြစ်သူ ဦးလှဘွယ်က ပြောပါတယ်။
ယခင်က သီတင်းကျွတ်ပွဲတော် အချိန်တွေမှာ ရပ်ကွက်အိမ်ဆိုင်လေးတွေကနေ ရာသီစာလို အပြိုင်အဆိုင် မြိုင်မြိုင်ဆိုင်ဆိုင် ရောင်းချခဲ့ ကြတဲ့ ကန်တော့ကိတ်မုန့်ဆိုင်လေးတွေဟာလည်း မြို့ပြရဲ့ပြောင်းလဲလာတဲ့ အထပ်မြင့် တိုက်တွေကြားမှာ ပျောက်ကွယ်လုနီးပါးဖြစ် လာနေပြီး လူ ကြီးတွေကို ကန်တော့ဖို့အတွက် ကန်တော့ ပစ္စည်း ဝယ်ယူတဲ့ခြေလှမ်းတွေဟာလည်း ခေတ်သစ်စူပါမားကတ်တွေဆီသို့ ဦးတည်နေပါပြီ။
၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ပျောက်ကွယ်ခဲ့တဲ့ သီတင်းကျွတ်ပွဲတော်ကာလတွေမှာ ပြုလုပ်ကျင်းပနေကျ ကာတွန်းဦးဘဂျမ်း ပြပွဲဟာလည်း ဒီ ဘက်ခေတ်ရဲ့လူငယ်တွေနဲ့ လုံးဝမရင်းနှီးခဲ့တဲ့ ပွဲတော်တခုဖြစ်နေခဲ့ပါတယ်။
“ကျမတို့ငယ်ငယ်က သီတင်းကျွတ်ကာလတွေကို အရမ်းသတိရမိတယ်။ လူတွေဟာ အဲ့ဒီ အချိန် ကာလတွေတုန်းက ရှိရှိ၊ မရှိရှိ ကိုယ့်ဗုဒ္ဓဘာ သာဝင်တွေရဲ့ ပွဲတော်ကြီးကို အလေးအမြတ်ထားကြတယ်။ အားလုံးဟာ ပွဲတော်ချိန်ရောက် ရင် ပျော်နေကြတယ်။ ဒီနှစ်ဆယ်ရာစုနောက် ပိုင်းမှာ အရင်လို ရိုးရာအစဉ်အလာတွေ မရှိတော့ဘူး။ ဒါက ယဉ်ကျေးမှု ဆုတ်ယုတ်လာတဲ့ သဘောတရားပဲလားလို့တောင် ထင်မိတယ်။မ ဖြစ်သင့်ဘူးလို့ထင်တယ်” လို့ အသက် ၂၅ နှစ်အရွယ်ရှိ ယဉ်ကျေးမှုတက္ကသိုလ် မှ ဝန်ထမ်းတဦးဖြစ်သူ မသန္တာမေက သူဖြတ် သန်းခဲ့ဖူးတဲ့ သီတင်းကျွတ်ပွဲတော် ကာလများနဲ့ လက်ရှိ အခြေအနေကို နှိုင်းယှဉ်ပြောပြပါ တယ်။
အဘိုးအဘွားများ၊ လူကြီးမိဘများ၊ ဆရာသမားများနဲ့ ကျေးဇူးရှိသူတွေကို လက်ဆောင် ပစ္စည်းလေးတွေ ယူလာပြီး ဗုဒ္ဓဘာသာ မိရိုးဖ လာ မပျက် ကန်တော့တာတွေဟာလည်း ဒီဘက်ခေတ်မှာ အရင်ကနဲ့မတူ ရှားပါးလာနေပါပြီလို့ အသက် ၇၂ နှစ်အရွယ်ရှိ ပညာရေးဝန် ကြီး ဌာန အငြိမ်းစား ညွန်ကြားရေးမှူးချုပ် ဦးသန်းဝင်းက ပြောပါတယ်။
အသက် ၄၅ နှစ် အရွယ်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ အင်္ဂလိပ်စာပြ ဆရာမတဦးဖြစ်သူ ဒေါ်ပုလဲခင်ကလည်း “အရင်ခေတ် တွေ တုန်းက သီတင်းကျွတ်ဆိုရင် လူကြီးမိဘတွေကို ကန်တော့ဖို့အတွက် အပြိုင်အဆိုင် ဝယ်ကြခြမ်းကြနဲ့ ပျော်ဖို့ကောင်းတာလေးတွေ ရှိခဲ့တယ်။ အခုဒီဘက်ပိုင်းရောက်တော့ လူငယ်တွေဟာ အလုပ်တွေ များလာကြတယ်။အချိန်တွေ မလောက်ကြတော့ဘူး ။ အလုပ်လုပ်တဲ့ လူငယ်တွေ ကို ပြောချင်တာပါ။ ဒီအတွက် သီတင်းကျွတ်လို့ လူကြီးမိဘတွေကို ကန် တော့တဲ့အခါမျိုးတွေမှာ ဒီဘက်ခေတ်ကလေးတွေဟာအကြောင်း အမျိုးမျိုးကြောင့် ရိုးရာအစဉ်အလာကို မလုပ်နိုင်ကြတာလေးတွေ ဖြစ် လာတယ်” လို့ ဆိုပါတယ်။
တနှစ်ချင်းစီ ပြောင်းလဲလာတဲ့ မြို့ပြရဲ့ပြောင်းလဲမှုများက တိုးတက်မှုများဘက်သို့ ဦးတည်နေသလို ရိုးရာအစဉ်အလာ ဆုတ်ယုတ်မှုများ ကို လည်း ဖြစ်ပေါ်နေစေပါတယ်။
မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော် ကာလအတွင်း ယခင်ကရှိခဲ့ဖူးတဲ့ ထုံးတမ်းစဉ်အလာများထဲမှ တချို့ဟာ ယနေ့ခေတ်ကာလတွေမှာ အရိပ် အငွေသက်သက်သာ ကျန်လာပါတယ်။ ဒီဘက်ခေတ်ရဲ့ သီတင်းကျွတ်ကာလများဟာ ပုံမှန်ညတွေနဲ့ ထူးမခြားနား ဖြစ်လာတာ သိသာ လာ ပါတယ်။
သီတင်းကျွတ်ပွဲတော်ကာလမှာ မြန်မာလူငယ်အများစုဟာ သူတို့ရဲ့ လုပ်ငန်းခွင်ထဲကနေသာ ကျော်ဖြတ်နေကြတယ်လို့ အသက် ၂၄ နှစ်အ ရွယ် ကွန်ပျူတာပရိုဂရမ်မာတဦးဖြစ်သူ ကိုအောင်မြတ်သူက ပြောပါတယ်။
နည်းပညာကုမ္ပဏီတခုတွင် လုပ်ကိုင်နေသူ အသက် ၂၇ နှစ်အရွယ်ရှိ ကိုရန်လင်းသော်ကလည်း “၂ ၀၀၂၊ ၂၀၀၃ ခုနှစ်လောက်အထိကျနော် တို့ လူငယ်တွေ သီတင်းကျွတ်ဆို လူကြီးမိဘတွေကို ကန်တော့ဖို့အတွက် အဓိက ကြိုးစားပြင် ဆင်ခဲ့ကြတယ်။ အဲဒီအချိန်လောက်အထိငယ် ငယ်ကတည်းက ဆော့ခဲ့တဲ့ သီတင်းကျွတ် ကစားနည်းတွေကို တစိုက်မတ်မတ် ဆော့ခဲ့ ကြ တယ်ဗျ။ ငရဲမီး၊ မာကျူရီမီးပန်း ကစားနည်းတွေ အပြင် အိမ်တွေမှာ မြတ်စွာဘုရားကို ကြိုဖို့ ဖယောင်းတိုင်မီးထွန်းခဲ့တဲ့ အလေ့အထ တွေ ကျနော်တို့ လူလတ်ပိုင်းဖြစ်လာတဲ့ ဒီအချိန် သိသိ သာသာလေး ပျောက်လာချင်သလားလို့။ အမှန်က မဖြစ်သင့်ဘူးဗျ။ ကျနော်တို့ ခု နောက် ပိုင်းလူငယ်တွေ ဘယ်လောက် အလုပ်များနေ တယ်ဆိုဆို ရိုးရာတခုကို ထိန်းသိမ်းသင့်တယ်လေ” လို့ ဆိုပါတယ်။
မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်ရဲ့ အနှစ်သာရများ ရှားပါးလာတဲ့ ယနေ့ခေတ် မြို့ပြအခြေအနေကို ရန်ကုန်မြို့က အိမ်တွင်းမီးပုံး လုပ် ငန်း လေးများကလည်း သက်သေထူနေပါတယ်။
“အရင်ခေတ်ကလို လုပ်ငန်း မကောင်းတော့ဘူး။ တရုတ်ဘက်က လျှပ်စစ်မီးပုံးတွေ ဝင်လာတော့ ပိုဆိုးတယ်။ ရိုးရာလက်မှု မီးပုံးတွေက အခု ခေတ်မှာ အလုပ်သိပ်မဖြစ်ချင်တော့ဘူး။ ဈေးကွက်ကို မနည်းရှာနေရတယ်။ လုပ်ငန်းမ ကောင်း ကြလို့ ဒီဘက် မီးပုံးလုပ်တဲ့တတန်းလုံး ဝင်ငွေ တွေ တအားလျော့လာကြတယ်” လို့ ရိုးရာမီးပုံးလုပ်ငန်းရှင် အသက် ၄၅ နှစ်အရွယ်ရှိ ဒေါ်မြလှိုင်ဝေက ပြောပါတယ်။
တဖိတ်ဖိတ်လက်နေတဲ့ ရောင်စုံလျှပ်စစ် မီးသီးတွေနဲ့ ကျိုးတိုးကျဲတဲ လှပေနေတဲ့ ၂၀၁၂ ရန်ကုန်မြို့ရဲ့ သီတင်းကျွတ်ညတွေမှာ ရိုးရာအ ငွေ့အသက်တချို့သာ အားယူရှင်သန်နေပုံ ရပါတယ်။
ကမ္ဘာ့ဘဏ် မြန်မာအစိုးရကို ငွေပြန်ထောက်ပံ့
လဖိုင်ကမ္ဘာ့ ဘဏ်က မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ ၂၄၅ သန်း ချေးငွေနှင့် အကူအညီများ လာမည့် တနှစ်ခွဲအတွင်း ပေးမည် ဖြစ်သည်။ ဒေါ်လာ သန်း ၈၀ ကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာများအတွက် ပေး ရန် အတည်ပြု ထားကြောင်း၊ မြန်မာနိုင်ငံအနေနှင့် ကမ္ဘာ့ ဘဏ်မှ ကြွေးမြီများကို ရှင်းလင်းပြီး ပါက နောက်ထပ် ဒေါ်လာ ၁၆၅ သန်း ချေးပေးရန် အစီအစဉ်ရှိသည်။
မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘာ့ဘဏ်၏ ကြားဖြတ်မဟာဗျူဟာကို နိုဝင်ဘာလ ၂ ရက်နေ့ ကထုတ်ပြန်ခဲ့သည်။ ၁၈ လစာအတွက် ရေးဆွဲထားပြီး အချိန်စေ့သည့်အခါ ပြန်လည်သုံးသပ်ကာ ရေရှည်စီမံကိန်းကို ချမှတ်ရေးဆွဲမည်ဖြစ်သည်။
အခြားနိုင်ငံများတွင် နိုင်ငံပြန်လည်ထူထောင်ရေး မဟာဗျူဟာများကို လေးနှစ်တာ အတွက် ရေးဆွဲလေ့ရှိသော်လည်း မြန်မာနိုင်ငံသည် အပြောင်းအလဲသို့ ဦးတည်နေသည့်အတွက် ကြားဖြတ်အစီအစဉ် ၁၈ လစာရေးဆွဲပြီး ရလဒ်ကိုကြည့်ကာ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ခန်သန်ရှန်ကာက ပြောသည်။
ကြားဖြတ် မဟာဗျူဟာတွင် အပိုင်း ၃ ပိုင်းရှိပြီး နိုင်ငံတော် အဖွဲ့အစည်းများအတွင်း ပြောင်းလဲမူများ ပြုလုပ်ခြင်း၊ ယုံကြည်မူတည် ဆောက် ခြင်း ရှေ့ဆက် ဆောင်ရွက်မည့် စီမံကိန်းများအတွက် ပြင်ဆင်ခြင်းတို့ပါဝင်သည်။
“ ကျနော်တို့ဆွဲထားတဲ့ မဟာဗျူဟာက စင်းလုံးချော မဟုတ်ပါဘူး။ ဒါပေမဲ့ အကောင်းဆုံး အလုပ်ဖြစ်ဖို့ မျှော်လင့်ထားပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ နိုင်ငံတကာအတွေ့အကြုံတွေက အများကြီး အထောက်အကူ ဖြစ်စေမှာပါ” ဟု ခန်သန်ရှန်ကာ က ပြောသည်။
ကမ္ဘာ့ဘဏ် ကြားဖြတ် မဟာဗျူဟာ၏ ရည်ရွယ်ချက်တွင် ပြည်သူလူထုနှင့်ဆိုင်သည့် ဘတ်ဂျတ်စီမံခန့်ခွဲမူကို အားဖြည့်ရန်နှင့် နိုင်ငံ တော်ဘတ်ဂျတ် သုံးစွဲပုံများ ပွင့်လင်းမူရှိစေရန်၊ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များအတွက် ချေးငွေ အလွယ်တကူရစေရန် အ တားအဆီးဖြစ်နေသော မူဝါဒများ ပြုပြင်ရန်၊ နိုင်ငံလုံးဆိုင်ရာ ဘောဂအခင်းအကျင်းနှင့် အလုပ်ကိုင် အခွင့်အလမ်းများပေါ်ပေါက် နိုင်ရေး ကို နားလည်သဘောပေါက်စေပြီးပြီး ပုဂ္ဂလိကကဏ္ဏ တိုးတက်မူများ ရှိစေရန်တို့ပါဝင်သည်။
မြန်မာနိုင်ငံ၏ အပြောင်းအလဲများကို ပြည်တွင်းပြည်ပမှ ပိုမိုယုံကြည်မူရှိလာစေရန်လည်း ကမ္ဘာ့ဘဏ်က ကူညီပေးရန်ရှိကြောင်း ခန်သန် ရှန် ကာ ကပြောသည်။ ပြည်တွင်းမှ ယုံကြည့်မူရှိစေရန်အတွက် စစ်ဖြစ်ပြီးစ နိုင်ငံ၊ ပဋိပက္ခဖြစ်ပွားပြီးစ နေရာများဖြစ်သော အာဖဂန်၊ အင် ဒိုနီးရှားမှ အာချေး၊ ဖိလစ်ပိုင် မင်ဒနအို ဒေသ များတွင် ပြုလုပ်ခဲ့သည့် Community Driven Development (CDD) ရပ်ရွာအခြေပြု ဖွံ့ဖြိုးတိုးတက်မူ လုပ်ငန်းများ အတွက် ဒေါ်လာ သန်း ၈၀ ကို ချမှတ်ထားသည်။ ယင်းစီမံချက်အတွက် စီမံကိန်း လည်ပတ်မည့်ပုံစံကို နိုဝင်ဘာလတွင် အပြီးသတ်ရေးဆွဲပြီး ၂၀၁၃ ခုနှစ် တွင် စတင်မည်ဖြစ်သည်။
“ မြန်မာနိုင်ငံရဲ့လိုအပ်ချက်တွေက အများကြီး၊ ကျနော်တို့လုပ်နိုင်တာက နည်းတယ်ဆိုတာ သိပါတယ် ” ဟု ရံပုံငွေ ဒေါ်လာ သန်း ၈၀ နှင့်စပ်လျဉ်းပြီး ခန်သန်ရှန်ကာ ကပြောသည်။
သန်း ၈၀ ကို အစိုးရမှ တဆင့် ပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ အစိုးရက စီမံကိန်းများ အကောင်အထည်ဖော်သူအဖြစ် တာဝန်ယူသွား မည် ဖြစ်သည်။ ယင်းငွေကြေး အထောက်အပံ့သည် ငြိမ်းချမ်းသော ဒေသများအတွက်သာ ဖြစ်ပြီး ၆ နှစ်အတွင်း အပြီးဖော်ဆောင်သွား မည် ဖြစ်သည်။ ယင်းစီမံချက်များ အောင်မြင်မူကို ပြသပြီး ပဋိပက္ခဖြစ်ပွားသည့် ဒေသများတွင် ဖွံ့ဖြိုးရေး စီမံချက်များ ပြုလုပ်ရန်အတွက် နောက်ထပ် အမေရိကန်ဒေါ်လာ ၅ သန်းကို ကမ္ဘာ့ဘဏ်က နိုင်ငံတကာ အလှူရှင်နိုင်ငံများ အသိုင်းအ၀ိုင်းတွင် အလှူခံပေးမည်ဖြစ်သည်။
အဆိုပါ အစီအစဉ်နှင့် ပတ်သက်ပြီး ကမ္ဘာ့ဘဏ်သည် လုံလောက်သော တွေ့ဆုံဆွေးနွေးမူများ မလုပ်ခဲ့ဟု မြန်မာနိုင်ငံ အရပ်ဖက်လူ့အဖွဲ့အစည်းများက ဝေဖန်လျက်ရှိသည်။
မြန်မာနိုင်ငံသည် လက်ရှိတွင် ကမ္ဘာ့ဘဏ်သို့ ဆပ်ရန် အကြွေး အမေရိကန်ဒေါ်လာ သန်း ၄၀၀နှင့် အာရှဖွံဖြိုးရေးဘဏ်သို့ အကြွေး သန်း ၅၀၀ စုစုပေါင်း သန်း ၉၀၀ နီးပါး အကြွေးတင်လျက်ရှိသည်။ ယင်းအကြွေးများကို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ဂျပန်အစိုး ရတို့ ပူးပေါင်းဖြေရှင်းပေးမည်ဖြစ်ပြီး ၂၀၁၃ အစောပိုင်းတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်မှ ချေးငွေ အစီအစဉ်များကို ပြန်လည်ရယူ နိုင်မည်ဖြစ်သည်။
“ အကြွေးတွေလျော်ပစ်ဖို့ လုံးဝမရှိပါဘူး ” ဟု ခန်သန်ရှန်ကာ ကပြောသည်။ မြန်မာနိုင်ငံ၏ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်သို့ တင်နေသည့် အကြွေးများကို ဂျပန်အစိုးရက အစားဝင်ဆပ်ပေးမည်ဖြစ်သည်။
အကြွေးများရှင်းသွားပါက ကမ္ဘာ့ဘဏ်သည် လမ်း တံတား ဆက်သွယ်ရေး ရေ မီး နှင့် စွမ်းအင်ကဏ္ဍများအတွက် ငွေထုတ်ချေးရန် စိတ်ဝင်စားလျက်ရှိသည်။ မြန်မာနိုင်ငံအနေနှင့် ကမ္ဘာ့ ဘဏ်မှ ကြွေးမြီများကို ရှင်းလင်းပြီး ပါက နောက်ထပ် ဒေါ်လာ ၁၆၅ သန်း ချေးပေးရန် အစီအစဉ်ရှိကြောင်း ကမ္ဘာ့ ဘဏ် ဒုတိယအကြီးအကဲ ပန်မီလာ ကောက်စ် ကို ကိုးကား၍ Reuters သတင်းတွင် ရေးထားသည်။
1 comment:
မိုးဟေကို ဘာတွေထပ် ကြေညာဦးမလဲနဲ့ ကြိးကြီး နဲ့ အလိုးခံရတာကို ကြိုက်သည. sex ဟာအရေးပါ ပါတယ်အော် ခေတ်တွေပြောင်းကုန်ပြီလေအချိန်မရွေး အရွယ်မရွေး နေရာမရွေး ဒီစိတ်ဟာ တောင်းတတယ် ပြောမပြနိုင်တဲ့ အရသာပေကိုး...အတုသုံးရတဲ့ အကြောင်းရင်းကတော့ လူဖြစ်နေလို့ပေါ့...။လူဆိုတာ လိင်စိတ်ကင်းပြီး နေနိုင်တဲ့သူ မရှိဘူးလေ။သွေးသားဆူဖြိုးပြီး ဟော်မုန်းတွေ ကြွတဲ့အရွယ်မှာ ရည်းစားသနာလည်း မရှိ၊ရှိတဲ့ရည်းစားကလည်း အဝေးမှာ..ဒီကြားထဲ လိင်စိတ်ကြွစေမယ့်အရာတွေ မြင်နေ၊ကြားနေ၊ထိတွေ့နေရရင် ဘယ်မိန်းမမဆို ရာဂမီးဟာ လောင်လာမှာပဲ....။ဒီအတွက် ယောက်ကျားဖြစ်တဲ့ကျွန်တော်တို့ဘက်က လူသားချင်းချင်း နားလည်မှုပေးလိုက်ရင် ကောင်းမယ်လို့ ကျွန်တော်တော့ ထင်တယ်။ဒါမျိုးက `ရော့..ငါအပြင်သွားမလို့ ငါ့ဟာ နင်သိမ်းထားပေး´ ဆိုပြီး ဖြုတ်ပြီး သူ့ကို ပေးထားလို့မှ မရတာ.
Post a Comment