Friday, December 28, 2012

ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး အရှုပ်တော်ပုံများ

ခင်ဦးသာ

မြန်မာတနိုင်ငံလုံးရှိ ကျေးရွာ၊ ရပ်ကွက်များအတွက် အုပ်ချုပ်ရေးမှူး အသစ်တွေကို ယခုလအတွင်း အပြီးသတ် ရွေးချယ်နေကြရာ ဘက် လိုက် မှု၊ မသမာမှု၊ အဓမ္မမှု၊ ဥပဒေပါ စည်းမျဉ်း စည်းကမ်းတွေကို မလိုက်နာမှု စတဲ့ နည်းလမ်းတွေ ရှိနေတဲ့အတွက် ကန့်ကွက်မှု၊ တိုင် ကြားမှု၊ခိုက် ရန် ဖြစ်ပွားမှု စတဲ့ ပြဿနာတွေဟာလည်းပဲ နေရာအနှံ့အပြားမှာ ဖြစ်ပေါ်နေပါတယ်။

ရန်ကုန်တိုင်း အတွင်းက မြို့နယ်၊ ရပ်ကွက်တချို့မှာ ယခင် အုပ်ချုပ်ရေးမှူး အဟောင်းနဲ့ လက်ရှိ ရွေးချယ်ခံရတဲ့ အုပ်ချုပ်ရေးမှူးလောင်း အ သစ်တွေအကြား အားပြိုင်မှုတွေ ဖြစ်နေသလို အငြင်းပွားမှု၊ ကန့်ကွက်မှု၊ မကျေနပ်မှုတွေကြောင့် ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့ အမှုတွေ လည်း ရှိနေတယ်။

“ဒီလိုပြဿနာ မျိုးစုံနဲ့ကြုံနေတာဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ကိုယ့်ပါတီ အနိုင်ရရေးအတွက် ဦးစားပေး လုပ်ဆောင်နေကြလို့ပါ။ ဒီပြဿနာ တွေကို ဥပဒေကြောင်းအရ ဖြစ်ဖို့ လွှတ်တော်မှာ ထပ်မံဆောင်ရွက်သွားမှာပါ” လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဧရာဝတီသို့ ပြောပါတယ်။

နိုင်ငံရေးပါတီတွေ အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရေးအတွက် အခြေခံ ပြည်သူလူထုကို စည်းရုံးနိုင်ရေးကိစ္စမှာ ရပ်ကျေး အုပ်ချုပ်ရေး မှူးတွေဟာ အရေးပါတဲ့အတွက် ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေ ဖြစ်ပွားနေပြီး ဥပဒေသစ် တရပ်ကို စတင်ကျင့်သုံးစ အချိန်ဖြစ်နေ တဲ့အတွက် လည်း အားနည်းချက်တွေရှိတယ်လို့ ရှေ့နေလည်းဖြစ်သူ ဦးသိန်းညွန့်က သုံးသပ်ပါတယ်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်ဖို့ အတွက် ရပ်/ကျေး ဥပဒေသစ်တရပ်ကို ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလမှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဌာန်းထားပြီးဖြစ်လို့ အဲဒီ ဥပဒေပါ စည်းကမ်းတွေအတိုင်း ဒီဇင်ဘာလမှာ အပြီးသတ် ရွေးချယ်ဖို့ အ စိုးရက ကြေညာခဲ့ပြီးတဲ့နောက် ပြဿနာတွေ ဖြစ်ပေါ်နေတာပါ။ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို ယခင်က ဗဟိုက ရွေး ချယ်ခန့်အပ်တဲ့ စနစ် ပဲရှိခဲ့တယ်။


ဥပဒေသစ်မှာတော့ ရပ်/ကျေး အုပ်ချုပ်ရေးမှူး တယောက်ကို ရွေးချယ်ပြီးရင် သက်ဆိုင်ရာ ပြည်သူတွေ မနှစ်သက်ပါက ထိုဒေသ လူဦး ရေရဲ့ ၅၀ ရာခိုင်နှုန်းအထက်က ကန့်ကွက်မယ်ဆိုရင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးအနေနဲ့ အဲဒီ ရပ်ကျေးအုပ်ချုပ်ရေးမှူးကို ဖယ် ရှားပေးရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးမှူးအတွက် ထိုက်သင့်တဲ့ ထောက်ပံ့ကြေး ချီးမြှင့်ငွေလစာ ပေးအပ်ဖို့လည်း ဥပဒေက ပြဌာန်းထားပါတယ်။ အဲဒီလို လ စာငွေ ချီးမြှင့်မှာ ဖြစ်တဲ့အတွက် အုပ်ချုပ်ရေးမှူး လုပ်လိုသူတွေ ပေါများနေခြင်းကလည်း လက်ရှိဖြစ်ပွားနေတဲ့ အငြင်းပွားမှု၊ ခိုက်ရန် ဖြစ် ပွားမှု ပဋိပက္ခတွေ ဖြစ်ရတဲ့အချက်တခုလို့ သိရတယ်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူးတဦးဟာ မိမိရပ်ကွက်၊ ကျေးရွာအတွင်းမှာ လောင်းကစားမှု၊ ဒုစရိုက်မှုတခုခု ဖြစ်ပေါ်လာပါက အရေးပေါ်ရှာဖွေ စစ် ဆေး ခွင့်၊ ဖမ်းဝရမ်းထုတ်ပိုင်ခွင့် အာဏာကိုလည်း ဥပဒေက ပေးအပ်ထားပါတယ်။

ယခင် နအဖအစိုးရ လက်ထက်က အုပ်ချုပ်ရေးမှူးဟောင်းတွေနဲ့ လက်ရှိ ရွေးချယ်ခံရတဲ့ အုပ်ချုပ်ရေးမှူးလောင်း အသစ်တွေအကြား အား ပြိုင် မှု၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်တို့အကြား အား ပြိုင်မှု တွေ ဟာလည်းပဲ ဒေသအများစုမှာ ဖြစ်ပေါ်နေပါတယ်။

ကြည့်မြင်တိုင် မြို့နယ် ဘောဂရပ်ကွက်အတွက် ရွေးချယ်ထားတဲ့ ရပ်မိရပ်ဖ အုပ်ချုပ်ရေးမှူးလောင်း ၅ ဦးကို အသက်အရွယ်ကြီးတာရယ်၊ NLD ပါတီဝင်တွေ ဖြစ်နေတာကြောင့် ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိန်က ကန့်ကွက်နေတယ်လို့ ရပ်ကွက်ခံ ဦးတင်ဝင်းက ဧရာဝတီကို ပြောပါတယ်။

လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိန်ရဲ့ လုပ်ရပ်ဟာ ဥပဒေနဲ့မညီတဲ့အပြင် ရွေးချယ်ပွဲကိုလည်း ပျက်ပြားစေတဲ့အတွက် သူ့ရဲ့လုပ် ဆောင် ချက်ကို ကန့်ကွက်ရှုတ်ချကြောင်း ရပ်ကွက်သူ၊ ရပ်ကွက်သားတွေက ပိုစတာတွေကိုင်ပြီး ရပ်ကွက်အတွင်း ဆန္ဒထုတ် ဖော်ခဲ့ကြ ပါတယ်။

မှော်ဘီမြို့နယ်ထဲမှာလည်းပဲ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့ကိစ္စကို မကျေနပ်လို့ ကိုယ်ထိလက်ရောက် ကျူးလွန်မှု တချို့ရှိခဲ့ပါတယ်။

အလားတူ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်စတဲ့ ဒေသတွေမှာ လည်းပဲ အဲဒီ ရပ်/ကျေး အုပ်ချုပ်ရေး မှူးကိစ္စ အငြင်းပွားမှု ပဋိပက္ခတွေဟာ ဆက်တိုက်ဖြစ်နေကြဆဲလို့ ဒေသခံတွေက ဧရာဝတီကို ပြော ပါတယ်။ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ အုပ် ချုပ်ရေးမှူး ရွေးချယ်မှု မကျေနပ်လို့ တိုင်ကြားမှု အများအပြား ရှိနေတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာဆိုရင် မော်လမြိုင် မြို့ပေါ်ကလွဲရင် ကျေးရွာအများစုမှာ အငြင်းပွားမှု ဖြစ်နေတဲ့အတွက် နှစ်ကြိမ်အထိ ပြန်ရွေးရတာတွေ၊ တိုင် တန်းမှုတွေစတဲ့ ပြဿနာတွေ ဖြစ်နေကြတယ်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောပါတယ်။ မြို့တွေပေါ် မှာတော့ ကြံ့ခိုင်ရေး ပါတီဝင်တွေက နေရာရနေပြီး ကျေးရွာတွေမှာတော့ မွန်ပါတီ ကိုယ်စားပြုသူတွေက အားသာနေတယ်လို့ ဆိုပါ တယ်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့ကိစ္စကို တချို့သော ဒေသတွေမှာ ပြည်သူအများစုက စိတ်ဝင်စားမှု မရှိကြဘူးလို့ သိရပေမယ့် နိုင် ငံ ရေး သမားတွေ၊ နိုင်ငံရေးအကဲခတ်တွေကတော့ အစိုးရတရပ်ရဲ့ အခြေခံ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စဖြစ်လို့ အရေးပါတယ်လို့ ခံယူ ထား ကြတယ်။

ရှမ်းပြည်နယ်ရဲ့ မြို့တွေမှာလည်း ရွေးချယ်နေပြီ ဖြစ်ပေမယ့် ပြည်သူအများစုက စိတ်ဝင်စားမှု နည်းပါးတယ်လို့ လားရှိုးဒေသခံနဲ့ NLD ပါတီဝင်ဖြစ်သူ ဦးစိုင်းမြင့်မောင်က ပြောပါတယ်။

စစ်ကိုင်းတိုင်း တောင်တွင်းကြီး ဒေသမှာတော့ ပြည်သူတွေက စိတ်ဝင်စားမှု ရှိပေမယ့် ဘယ်သူဘယ်ဝါကို ရွေးချယ်ရမယ်ဆိုတာ ဆုံးဖြတ် ချက် မပေးနိုင်ကြတာတွေကြောင့် ဘက်လိုက်မှု၊ မသမာမှုတွေ ကြုံနေရတယ်လို့ တောင်တွင်းကြီး ဒေသခံ ဦးခင်မောင်ဆွေက ပြောပါ တယ်။

သူက “ပြည်သူတွေက အသိပညာနည်းပါးတာကို အခွင့်ကောင်းယူပြီး ဒီလူကိုမဲပေးပါ၊ ဟိုလူမဲပေးပါ ဆိုပြီး မဲပေးခိုင်းကြတယ်၊ ဒီဒေသမှာ NLD ပါတီက အင်အားကောင်းနေတော့ NLD ပါ တီဝင်တချို့ဟာ မောက်မာတာ၊ မိုက်မဲမှုတွေနဲ့ ဗိုလ်ကျ စိုးမိုးချင်တာတွေ တွေ့နေရတယ်” လို့ ပြောတယ်။

စစ်ကိုင်းတိုင်း ဒေသတချို့မှာ NLD က လူအများရဲ့ ထောက်ခံမှုရနေတာကို အခွင့်ကောင်းယူပြီး အောက်ခြေ ပါတီဝင်တချို့ဟာ အုပ်စုဖွဲ့ အနိုင် ယူနေတာတွေ ရှိနေတဲ့အတွက် ပါတီ ဗဟိုအနေနဲ့ အလေးထားဖို့ လိုအပ်တယ်လို့လည်း ဦးခင်မောင်ဆွေက ထောက်ပြဝေဖန်ပါ တယ်။

စစ်ကိုင်းမြို့ပေါ်က ရပ်ကွက်အများစုမှာတော့ ယခင် အုပ်ချုပ်ရေးမှူး အဟောင်းတွေကပဲ မဲအပြတ်အသတ်နဲ့ အနိုင်သွားတဲ့ အကြောင်း ဒီနေ့ထုတ် အစိုးရ မြန်မာ့အလင်းသတင်းစာမှာ ရေးသားထားပါတယ်။

ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ကျေးရွာအများစုမှာတော့ ကြံ့ခိုင်ရေးပါတီဝင် တွေဖြစ်တဲ့ ယခင်အုပ်ချုပ်ရေးမှူး အဟောင်းတွေကပဲ နေရာပြန် ယူ လို တဲ့အတွက် နည်းလမ်းမျိုးစုံနဲ့ အနိုင်ရရေး ကြိုးပမ်းမှုတွေကြောင့် အငြင်းပွားမှု ပြဿနာတွေ၊ ခိုက်ရန် ဖြစ်ပွားမှုတွေ၊ တိုင်တန်းမှု တွေရှိ နေ တယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။

ယခင်အုပ်ချုပ်ရေးမှူး အဟောင်းတွေဟာ ၎င်းတို့ သို့မဟုတ် ၎င်းတို့နဲ့ နီးစပ်သူတွေကသာ နေရာပြန်ရရေး အတွက် သက်ဆိုင်ရာ မြို့နယ် အုပ် ချုပ်ရေးမှူးတွေကို လာဘ်ငွေပေးနေတာတွေကြောင့် ခရိုင်အဆင့်၊ ပြည်နယ် ၀န်ကြီးချုပ်၊ နိုင်ငံရေးပါတီ စတဲ့ အဖွဲ့အစည်းတွေကို တိုင်ကြား မှုတွေ အများအပြား ဖြစ်ပေါ်နေတယ်လို့ သိရတယ်။

နိုင်ငံတ၀မ်းရှိ ယခင်ရပ်ကျေး အုပ်ချုပ်ရေးမှူး အဟောင်းတွေ အားလုံးဟာ ကြံ့ခိုင်ရေးပါတီဝင်တွေ ဖြစ်ပါတယ်။ လက်ရှိ အရွေးခံနေကြတဲ့ အုပ် ချုပ်ရေးမှူးတွေဟာ နိုင်ငံရေးပါတီဝင် မဟုတ်သူ၊ နိုင်ငံ့တာဝန် ထမ်းဆောင်ဆဲ ၀န်ထမ်း မဟုတ်သူနဲ့ ဒေသခံ ပြည်သူတွေက ရိုသေ လေး စားမှု ရှိတဲ့ ရပ်မိရပ်ဖတွေ ဖြစ်ရမယ်လို့ ဥပဒေက ဆိုထားတယ်။

ယခု ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးပွဲ ထူးခြားတာ တခုကတော့ တချို့ဒေသတွေမှာ အမျိုးသမီးတွေကို အဲဒီ အုပ်ချုပ်ရေးမှူးနေရာအတွက် ရွေး ချယ် အဆိုပြုကြတာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ ဆယ်အိမ်စုမှူးကို ကနဦး ရွေးချယ်ပြီး၊ အဲဒီ ဆယ်အိမ်စုမှူးတွေထဲက အုပ်ချုပ်ရေးမှူးတဦးကို ထပ်မံ ရွေးချယ် ရ တာ ဖြစ်ပါတယ်။ ဒီဇင်ဘာလအတွင်း အပြီးရွေးချယ်ပြီးပါက ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလမှာ တရားဝင် ခန့်အပ်တော့မှာ ဖြစ်ပါတယ်။

မန္တလေးဒေသမှာတော့ မြို့တွင်းမှာရှိတဲ့ မြို့နယ်တချို့မှာ စည်းကမ်းတကျ ရွေးချယ်မှုတွေရှိကြောင်း၊ သို့သော် ရပ်ကွက်သူ ရပ်ကွက်သား အ များစုက စိတ်ဝင်စားမှု မရှိကြကြောင်း မန္တလေးမြို့ ချမ်းအေးသာဇံ ဒေသခံ ကိုမျိုးနိုင်က ပြောပါတယ်။

ဒါပေမယ့် အောင်မြေသာဇံမြို့နယ်နဲ့ တံတားဦး မြို့နယ်တွေ၊ မြို့ပြင်က ရပ်ကွက်တွေမှာတော့ စိတ်ဝင်စားမှု ရှိကြပြီး အငြင်းပွားမှု ပြဿ နာ တွေ ဖြစ်နေကြဆဲလို့ ဆိုပါတယ်။ ဒီပြဿနာတွေဟာ အဓိကအားဖြင့် အင်အားကြီးပြီး လူထုထောက်ခံမှု ရနေတဲ့ နိုင်ငံရေးပါတီဝင် တွေ ရဲ့ အားပြိုင်မှုတွေ များနေတာကြောင့် ဖြစ်တယ်လို့ နိုင်ငံရေး စိတ်ဝင်စားသူတွေက သုံးသပ်ကြပါတယ်။

တကယ်လို့သာ ရပ်ကွက်၊ ကျေးရွာ အုပ်ရေးမှူး ရွေးတဲ့ကိစ္စဟာ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ် ဆောင် နေကြမယ်ဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ အသွင်ကူးပြောင်းရေးကို ဒီမိုကရေစီနည်းနဲ့ သွားနေတဲ့ လမ်းကြောင်းတွေ ကို အဟန့်အတား ဖြစ်စေနိုင်တယ်၊ ပြဿနာ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်သေးတယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

“ဒီလိုအချိန်မျိုးမှာ နိုင်ငံရေးပါတီတွေအနေနဲ့ မိမိတို့ပါတီ အနိုင်ရရေးထက် အားလုံးနဲ့ သက်ဆိုင်ပြီး ကျယ်ပြန့်တဲ့ကိစ္စတွေကိုပဲဦးစားပေး လုပ် ဆောင်သင့်ပါတယ်။ ဒီလိုလုပ်နေမယ်ဆိုရင် နည်းမျိုးစုံနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်နေ ဦးမှာပါ” လို့ ဆိုပါတယ်။

Wednesday, December 26, 2012

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က RNDP ကို အချက် (၃)ချက်နှင့် ခေါ်ယူ သတိပေး

ထွန်းထွန်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအား ဒီဇင်္ဘာလ ၂၄ ရက်နေ့က ခေါ်ယူ သတိပေးခဲ့သည်ဟု သတင်းရရှိသည်။

ထိုသို့ ခေါ်ယူ သတိပေးရာတွင် အချက် (၃) ချက်ကို ဖြေရှင်းချက်ပေးရန် ပြည်ထောင်စု ရွှေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ဦးဆောင်သော အဖွဲ့က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ခေါင်းဆောင်များကို ပြောကြားခဲ့သည်ဟု ရန်ကုန်တိုင်း၊ ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က နိရဉ္စရာသို့ ပြောသည်။

“ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကို ပြည်ထောင်စု ရွှေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး အ ပါဝင် အဖွဲ့ဝင်တွေက ဒီလ ၂၄ရက်နေ့ နံနက် ၁၀ နာရီမှာ နေပြည်တော် ပြည်ထောင်စု ကော်မရှင်ရုံးကို ခေါ်ပြီး တော့ သတိပေးတာပါ။ ”

ဦးဇော်အေးမောင်က ဆက်လက်ပြီး “ ဥက္ကဌ ဦးတင်အေး ပြောတဲ့ အထဲမှာ သတိပေးချက်အချက် (၃)ချက် ပါတယ်။ နံပါတ်(၁) အချက်က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက မသီတာထွေး ဓါတ်ပုံနဲ့ ပြက္ခဒိန် ထုတ်တယ်။ အဲဒါက ဘာရည်ရွယ်ချက်နဲ့ ထုတ်သလဲပေါ့။ ဒုတိယ နံပတ် (၂) အချက်က ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ရခိုင်ပြည် အချုပ်အခြာ အာဏာကျဆုံး တဲ့နေ့ အခမ်းအနား ကျင်းပ ပြုလုပ်မယ့် အစီအစဉ်ကို ကြားတဲ့ အတွက် ဒို့တာဝန် အရေး(၃) ပါးကို ထိခိုက်အောင် လုပ်တာ ဟုတ်မဟုတ် ဖြေရှင်းချက် ပေးဖို့ တောင်းပါတယ်။ တတိယ အချက်ကတော့ ကျွန်တော်တို့ ပါတီက ထုတ်တဲ့ တိုးတက်ရေး သတင်းလွှာမှာ ပါတဲ့ ဆောင်းပါး သတင်းခေါင်းစဉ် တစ်ခုမှာ မူဆလင် ဘာသာဝင် တွေကို ထိခိုက်တဲ့ စကားလုံး အသုံးအနှုန်းတွေ ပါတယ်ဆိုပြီးတော့ မြန်မာ မူဆလင် အဖွဲ့ချုပ် ခေါင်းဆောင် ဟာဂျီ ဦးလှဝင်းက လက်မှတ် ရေးထိုးပြီးတော့ သမ္မတရုံးကိုတိုင်ထားတယ်။ အဲဒါကြောင့် ပြည်ထဲရေးဝန်ကြီးနဲ့ သမ္မတရုံးကခေါ်ယူပြီးတော့ ဖြေ ရှင်းချက်ပေးပါလို့ ပြောပါတယ်။ အဲဒီ အချက်တွေအပေါ်မှာ ခိုင်မာတဲ့ ဖြေရှင်းချက် မရှိရင်တော့ ဥပဒေအရ အရေး ယူမယ်လို့ ပြောပါတယ်” ဟု ဆိုသည်။

အဆိုပါ အချက်များနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်ကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ပါတီဥက္ကဌ ဒေါက်တာအေးမောင်ယခုလို ရှင်းပြခဲ့သည်ဟု ဦးဇော်အေးမောင်က ပြောသည်။

“ကျွန်တော်တို့ဥက္ကဌ ဒေါက်တာအေးမောင်က ဘယ်လိုဖြေရှင်းခဲ့လည်းဆိုတော့ ဒေါ်သီတာထွေးဟာ အသက် ဆုံးသွားပြီး ဖြစ်တယ်။ ဒီအပေါ်မှာ သူ့မိဘတွေက ဒေါ်သီတာထွေး နာမည်နဲ့ ကျောင်း တစ်ကျောင်း လှူချင်တယ်။ အဲသလို လှူခြင်းအားဖြင့် သူလည်းကောင်းရာ သုကတိသို့ ရောက်သွားမှာ ဖြစ်တယ်။ ဒေါ်သီတာထွေး တက်ခဲ့တဲ့ ကျောင်းကိစ္စနဲ့ ပညာရေးဝန်ကြီးကို ဒေါက်တာအေးမောင်တို့ တင်ပြတဲ့ အခါ ကိစ္စမရှိဘူးလို့ ပြောတယ်။ အဲဒါကြောင့် သမ္မတ ဆီသွားပြီးတော့ သမ္မတကို တင်ပြတဲ့အခါ သမ္မတက အလှူငွေတချို့ ပေးပါတယ်။ ဒါပေမဲ့ ကျောင်းဆောက်ဖို့ မလုံ လောက်တဲ့အတွက်နဲ့ သီတာထွေး အဖေအမေနဲ့ သွားဆွေးနွေးတဲ့ အခါမှာ သီတာထွေး မသေဆုံးခင် သီလရှင် အ၀တ်နဲ့ ရိုက်ခဲ့တဲ့ပုံ၊ သူ ၅တန်း ၆တန်းတုန်းက ရိုက်ခဲ့တဲ့ပုံ၊ အဲဒီဓါတ်ပုံတွေနဲ့ထုတ်ဖို့ သီတာထွေး အဖေအမေ တွေက အကြံပြုချက် အရ ကျွန်တော်တို့ CEC အဖွဲ့က ဆုံးဖြတ်ချက်တခုယူပြီးတော့ ရံပုံငွေ ရှာဖွေရေး လုပ်ကြ တာပါ။ ခေါင်းစဉ် ကိုယ်တိုင်က သီတာထွေးအထိမ်းအမှတ် ကျောင်းဆောင်ဖြစ်မြောက်ရေး ရံပုံငွေ ဆိုပြီးတော့ ပါပါတယ်။ ပြက္ခဒိန် တခုကို ကျပ် ၅၀၀နဲ့ရောင်းတာပါ။ အဲလို ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ ပြဿနာ ထပ်ဖြစ်ပွားအောင်အတွက် လုပ်တာ မဟုတ်ဘူးလို့ ရှင်းပြခဲ့ပါတယ်” ဟုပြောသည်။

ရခိုင်ပြည် အချုပ်အချာ အာဏာ ကျဆုံးနေ့နှင့် ပတ်သက်ပြီး ဗဟိုကော်မီတီဝင် ဒေါ်အေးနုစိန်က ယခုလို ရှင်းပြခဲ့ကြောင်း သူမက ယခုလို ပြောသည်။

“ ဒီကိစ္စဟာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပြိုကွဲအောင် လုပ်တာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ အေးအတူ ညီမျှ ၀ါဒ တူကြမယ်။ ၀ါဒဖြူ စင်ကြမယ်ဆိုပြီးတော့ မြန်မာနိုင်ငံအမျိုးသား သီခြင်းမှာ ပါတယ်။ ဒီအတွက်နဲ့ မြန်မာ နိုင်ငံသားတွေက သီပေါ ဘုရင်ကို လွမ်းဆွတ် ပိုင်ခွင့် ရှိသလို ကျွန်မတို့ အနေနဲ့လည်း ရခိုင်တို့ရဲ့ နောက်ဆုံး ဘုရင် ဖြစ်တဲ့ မဟာသမ္မတမင်းကို လွမ်းဆွတ် ပိုင်ခွင့် ရှိတယ်။ ခွင့်တူ ညီမျှ မဟုတ်ဘူးလား။ အဲဒီ အတွက်နဲ့ အကျွန်တို့က ပြည်ထောင်စု စည်းလုံး ညီညွတ်မှုကို ပျက်ပြားအောင် လုပ်တာ မဟုတ်ဘူး။ တိုင်းရင်းသားတွေ စုစည်းလုံးမှုကို အပြုသဘောနဲ့ လုပ်တယ်လို့ ပြောပြခဲ့ပါတယ်” ဟုဆိုသည်။

ဦးဇော်အေးမောင်ကလည်း “ မူဆလင်ဘာသာကို စော်ကားတဲ့ ဆောင်းပါးကို နောက်နောင် မဖြစ်အောင် ကျွန် တော်တို့ ထိန်းသိမ်း သွားမယ်လို့ ရှင်းပြခဲ့ပါတယ်။ ပြီးရင် သီတာထွေး ကိစ္စနဲ့လည်း ပြောပြခဲ့ပါတယ်။ သီတာထွေး မိသားစုကပြောပြချက်အရ သီတာထွေးဟာ မကျွတ်မလွတ်သေးဘဲ ရှိနေတယ်။ အဲဒီအပေါ်မှာ သီတာထွေးရုပ်ပုံ နဲ့ပြက္ခဒိန်ထုတ်လိုက်တဲ့ အားဖြင့် သူ့ရဲ့ အလှူ ဖြစ်သွားပါတယ်။ သီတာထွေး ကိုယ်စား ကျွန်တော်က ဘယ်လောက် ဘဲငွေလှူလှူ သူ့အနေနဲ့က အလှူဒါန်း အပြည့်အ၀ မရဘူး။ အဲဒါကြောင့် သီတာထွေးကိုစား သီတာထွေးဓါတ်ပုံနဲ့ ရုပ်ပုံ ထုတ်လိုက်တဲ့ အတွက် ရတဲ့ငွေနဲ့ ကျောင်းဆောက်တာဟာ ကြီးမြတ်တဲ့ အလှူဖြစ်တဲ့အတွက် သီတာထွေးဟာ အကျွတ် ရသွားမယ်လို့ သူ့အမေတို့ ဘက်ကယူဆထားတဲ့ အတွက်ကြောင့် ကျွန်တော်တို့က ပြုလုပ်တာဖြစ်တယ်လို့ ရှင်းပြပါတယ်” ဟုပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခေါ်ယူ သတိပေးရာသို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှာ ဒေါက်တာ အေးမောင်၊ ဦးဇော်အေးမောင်၊ ဦးဘရှိန်၊ ဦးမြင့်နိုင်၊ ရှေ့နေမကြီး ဒေါ်အေးနုစိန်တို့ တက်ရောက်ခဲ့သည်ဟု သိရသည်။

သတိပေး မေးမြန်းရာတွင် တခြား ပါတီနှစ် ခုဖြစ်သည့် ရခိုင်ပြည်နယ် အမျိုးသား အင်အားစုနဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ်တို့ကိုလည်း သက် သေအဖြစ်ခေါ်ယူ ထားသည်ဟုသိရသည်။ ခေါ်ယူသတိပေးမူကို နံနက် ၁၀နာရီမှ ၁၂ရီမှာ ထိပြုလုပ်ခဲ့သည်။

အစိုးရဘက်မှ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်နေဟု ABSDF ပြော

နေမျိုး

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး၏ သတိပေးစာ ပေးပို့ခဲ့ပြီး နောက်ပိုင်း အစိုးရဘက်မှ ကချင် လွတ်လပ်ရေးအဖွဲ့ KIO တပ် စခန်းများအား လက်နက်ကြီး ပစ်ကူအပြင် စစ်ရဟတ်ယာဉ်များ သုံးစွဲ တိုက်ခိုက်လာသည်ဟု ထိုဒေသရှိ ကျောင်းသား တပ်မတော် (မြောက်ပိုင်း) ABSDF (NB) က ပြောဆိုသည်။

ထို့ပြင် ဒီဇင်ဘာ ၂၅ ရက် ညနေက မြစ်ကြီးနားမြို့ အမှတ် ၅ဝ၃ လေတပ်စခန်း အနီးဝန်းကျင်တွင် စစ်ရဟတ်ယာဉ် တစီး ပေါက်ကွဲသံနှင့်အတူ မီးလောင်ပျက်စီးခဲ့ကြောင်း လဂျားယန်ဒေသ အခြေစိုက် ABSDF (NB) အလုပ်အဖွဲ့ခေါင်းဆောင် ဦးလဆိုင်း က ပြောသည်။

“အခုနက မြစ်ကြီးနားက အသိတွေ ဖုန်းဆက်ခဲ့တာ မနေ့ ညနေ ၄ နာရီခွဲ ၅ နာရီ ပါတ်ဝန်းကျင်မှာ စစ်ရဟတ်ယာဉ် တစီး နိမ့်နိမ့်လေးပျံပြီးတော့ မော်ဖောင်းရွာနားက ၅ဝ၃ လေတပ်စခန်း အဆင်းမှာ ပေါက်ကွဲသံကြားတယ်။ ဟတ်စကီးက မီးလောင်နေတယ်လို့ သွားမြင်တဲ့ လူထုတွေက ပြောတယ်” ဟု မဇ္ဈိမကို ပြောသည်။

ထိုသတင်းနှင့် ပတ်သက်၍ မဇ္ဈိမမှ သီးခြားအတည်ပြုချက် မရယူနိုင်သေးပေ။

ခရစ္စမတ် အကြိုနေ့မှ စတင်ကာ ယခုအချိန်အထိ အစိုးရဘက်မှ လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်လျှက်ရှိပြီး KIA ဘက်မှလည်း ခုခံတိုက်ခိုက် လျက်ရှိကြောင်း ၎င်း က ဆက်ပြောသည်။

“ခရစ္စမတ်နေ့ တနေကုန် ဂမ်ဒေါင်ယန် ဟိုဘက်မှာ ရှိတဲ့ ဂွမ်ရှောင် တပ်ကုန်း၊ မဟာမိတ် KIA ၂၅၅ တပ်ရင်း တပ်စခန်းထိုင်ထားတဲ့ (လိုင်ဇာမြို့နှင့် ၁၂ မိုင်အကွာ) လက်နက်ကြီးနဲ့ ၈၄ မမ၊ ၈၁ မမ၊ ၁ဝ၅ မမ လက်နက်ကြီးတွေနဲ့ ပစ်၊ လေယာဉ် စစ်ကူနဲ့ ပစ်၊ တပ်ရင်း ၃ ရင်းနဲ့ ခြေလျှင်နဲ့ တက်ထိုး၊ မဟာမိတ် KIA ကလည်း အစွမ်းကုန်ခုခံတဲ့ အခါကျတော့ လေယာဉ်ကိုလည်း ပစ်မှာပဲ။ ကျနော်တို့တောင် ဒီကိုလာရင် လေယာဉ်ကိုလည်း ပစ်တာပဲ။
လေယာဉ်လည်း ထိသွားနိုင်တယ်လို့ ခန့်မှန်းတာပဲ” ဟု ဆိုသည်။

ဒေသခံကျေးရွာသားများမှာ ထွက်ပြေးတိမ်ရှောင်နေကြပြီး အစိုးရတပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျည်ဆံများ သည် လူမရှိတော့ သည့် အဆိုပါကျေးရွာများသို့ ကျရောက်ပေါက်ကွဲနေကြောင်း ၎င်း က ရှင်းပြသည်။

“လက်နက်ကြီးတွေနဲ့ အသားကုန် ပစ်နေတာ။ ၂၄၊ ၂၅၊ ၂၆ သုံးရက်ရှိပြီ။ အခုနတုန်းကထိ ပစ်နေတုန်းပဲ။ သူတို့ ပစ်တဲ့ လက်နက်ကြီးက ရွာတွေမှာသွားကျ၊ ရွာမှာက လူမရှိတော့ဘူး။ ရွာမှာက အိမ်တွေပဲရှိတယ်။ လဂျားယန်ရွာ၊ နားလုံရွာ၊ လဝါယန်ရွာ၊ ခယရွာ၊ လေးရွာလောက်ရှိတယ်” ဟု မဇ္စျိမ သို့ပြောသည်။

အစိုးရဘက်မှ ဗျူဟာ ၃ ခု လက်အောက်ခံ တပ်ရင်းများမှ အင်အား ၅ဝဝ ခန့်ဖြင့် လဂျားယန်ဒေသသို့ တိုက်ခိုက် လျက်ရှိသည်ဟု သိရှိရ သည်။

“မိုးပွင့်” စီမံချက်နှင့် ငြိမ်းချမ်းရေး အကျိုးဆက်

ကေအိုင်စီ

၂၀၁၀ရွေးကောက်ပွဲအပြီး အသစ်တက်လာတဲ့ အစိုးရအဖွဲ့က တိုင်းပြည်ကို ပြောတဲ့အထဲမှာ ပြည်သူတွေ ရဲ့ဆန္ဒကို အလေးထားရမယ် ဆိုတဲ့ အချက်တစ်ချက် ပါဝင်နေပါတယ်။ ဒီအချက်ပေါ်မှာ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မိမိတို့ဌာနနဲ့ဆိုင်တဲ့ ပြည်သူ့ဆန္ဒကို အကောင်အထည်ဖော်တဲ့အနေနဲ့ “မိုးပွင့်စီမံချက်”ဆိုတဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြား(မှတ်ပုံတင်) ထုတ်ပေးခြင်းကို ၂၀၁၁ခု နှစ်လယ်ပိုင်းမှာ စတင် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

“မိုးပွင့်သည် ပြည်သူတွေအတွက် အဆင်ပြေအောင် နိုင်ငံသားစိစစ်ရေးကဒ်ပြား ထုတ်ပေးတဲ့ စီမံချက်ပဲဖြစ် တယ်။ ဒါ ကရင်ပြည်နယ်တစ် ခုတည်း မဟုတ်ဘူး။ အားလုံးကို ထုတ်ပေးတာ”လို့ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကွမ်တာကျေးရွာအုပ်စုက ဒေသခံတွေကို နိုင်ငံသား စိစစ်ရေးကဒ်ပြား လုပ်ဆောင်ပေး နေချိန်အတွင်း စက်တင်ဘာလ ၂ရက်နေ့မှာ ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ကေအိုင်စီကို ရှင်းလင်းပြောဆိုခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဆက်လက်ပြီး ၀န်ကြီးက “ပြည်သူတွေရဲ့ဆန္ဒက နိုင်ငံသားစိစစ်ရေးကဒ်ပြားကို လွယ်လွယ်ကူကူ၊မြန်မြန် ဆန်ဆန်၊ ချောချောမွေ့မွေ့ ရရှိချင်တာပေါ့။ အဲဒီဆန္ဒကို ဖြည့်ဆည်းဖို့အတွက် အခု ဒီစီမံကိန်းကိုစတဲ့သ ဘောပဲ။ စီမံကိန်းနာမည် မိုးပွင့်ဆိုတာ မိုးပွင့်လေးတွေနဲ့ လူထုအပေါ်မှာ ပက်ဖြန်းပြီးတော့ လူထုတွေ စိတ်အေးချမ်းသာ ဖြစ်ပါစေတော့၊ ကျေနပ်မှုရပါစေတော့ဆိုပြီး လုပ်တဲ့သဘောဖြစ်ပါတယ်” လို့ ဆိုပါတယ်။

အခုဆိုရင် မိုးပွင့်စီမံချက်(၃) ပြီးဆုံးလို့ မိုးပွင့်(၄)ကို လာမဲ့ အောက်တိုဘာလ ၁ရက်နေ့မှာ စတင်လုပ်ဆောင် မယ်လို့လည်း သိရပါတယ်။ မိုးပွင့်စီမံချက်ကို ကရင်ပြည်နယ်တစ်ခုတည်း မဟုတ်ဘဲ ကျန်တဲ့ တိုင်းနဲ့ပြည်နယ် ၁၄ခုမှာလည်း ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။ ဒီစီမံ ချက်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနအောက်မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန က နေ့ချင်းပြီး(One stop Service) ကြီးကြပ်လုပ်ဆောင်နေတာဖြစ်ပြီး Norwegian Refugee Council-NRC က ၂၀၁၂ခုနှစ် မိုးပွင့်စီမံ ချက်(၃)ကျမှ ပူးပေါင်းရင်း အခမဲ့ လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အစိုးရ၏ သတ်မှတ်ထားချက်အရ နိုင်ငံသားစိစစ်ရေးကဒ် လုပ်ရာမှာ ထိုက်သင့်တဲ့ငွေကြေးအဖြစ် ငွေ ၆ကျပ်ပေးသွင်းရတယ်ဆို ပေမဲ့ အခုလို မိုးပွင့်စီမံချက်အရ NRC ကလည်း လိုအပ်တဲ့ နည်းပညာပိုင်းတွေမှာ ကူညီပေးနေတာကြောင့် စိစစ်ရေးကဒ် လုပ်ဆောင်သူ တိုင်း ငွေမကုန်ကျတဲ့အပေါ် အနည်းငယ်အလှမ်းဝေး တဲ့ရွာ ကလူတွေလည်း လမ်းစရိတ်အကုန်ခံ၊ လူပင်ပမ်းခံပြီး လာရောက်ကြတာကို တွေ့ရပါတယ်။

ဦးခင်ရီက “အဘကတော့ ကရင်ပြည်နယ်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ၀င်လုပ်ပေးတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တော့ ကိုယ့်ပြည်နယ်လို သဘောထားပြီးတော့ ဒီနေရာမှာတော့ အလကားလုပ်ပေးနေတာ”လို့ ပြောပါတယ်။

ဒီစီမံချက်အရ အသက် ၁၀နှစ်ကစပြီး နိုင်ငံသားစိစစ်ရေးကဒ် လုပ်ဆောင်ပေးသွားတာဖြစ်သလို လာရောက်လုပ်ဆောင်သူတွေကလည်း ရှိပြီးသား မှတ်ပုံတင်တွေ ပျောက်သူ၊ ပျက်စီးသူတွေ မဟုတ်ကြဘဲ အားလုံးနီးပါးဟာ မှတ်ပုံတင်၊ နိုင်ငံသားကဒ် တခုခု မရှိခဲ့ဖူးသူတွေ သာ ဖြစ်ကြပြီး အချို့ကျေးရွာအုပ်စုတွေမှာ စိစစ်ရေးကဒ်လုပ်သူတွေဟာ လူလတ်ပိုင်း အသက် ၂၀မှ ၄၀ကြားအရွယ်တွေ ပိုများတယ်လို့ လည်း NRC ရဲ့ Field assistant နန်းအေးအောင်ဦးက ရှင်းပြပါတယ်။

နန်းအေးအောင်ဦးက “ကျမတို့ NRC အနေနဲ့က လာရောက်တဲ့သူတွေထဲမှာ ၁၈နှစ်အောက်ကဘယ်နှစ်ဦး ဆိုတာ စာရင်းယူပေးတယ်။ နောက်တော့ သွေးစစ်ပေးတယ်။ အခု သူတို့လိုအပ်တဲ့ ဒီမိတ္တူကူးတာတို့၊ ဓာတ်ပုံရိုက်တာတို့ ကွန်ပြူတာတို့ဘာတို့ကအစ ကျမတို့ NRC က ဆောင်ရွက်ပေးပါတယ်”လို့ ပြောပါတယ်။

နိုင်ငံသားဆိုတဲ့နေရာမှာ မွေးရာပါနိုင်ငံသားနဲ့ ဥပဒေအရလုပ်တဲ့ နိုင်ငံသားဆိုပြီးရှိတာမို့ မြန်မာပြည်မှာ အကြာကြီး နေထိုင်ခဲ့တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း လူမျိုးစုတွေနဲ့ ဆက်စပ်နေတဲ့ မွေးရာပါနိုင်ငံသားစာရင်းဝင်သူ အဲဒီလူမျိုးစုတွေကို နိုင်ငံသား စိစစ်ရေးကဒ် ထုတ်ပေးတယ်။ သူတို့ဆန္ဒအရ အရင်က ခက်ခဲတဲ့ဟာတွေကို ဖြေလျှော့ပြီးတော့ လုပ်ပေးတယ်လို့ ၀န်ကြီးက ထပ်မံ ပြော ဆိုခဲ့ပါသေးတယ်။

ပြည်ထောင်စုဝန်ကြီးအနေနဲ့ အခုလို ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ ကွမ်တာကျေးရွာအုပ်စုက ရွာခွဲ ၉ရွာမှာ စက်တင်ဘာလ ၂ရက်၊ ဖားအံမြို့နယ်အတွင်း သံလွင်မြစ်အနောက်ဘက်ကမ်းက ကော့ရင်းကျေးရွာအုပ်စုက ရွာခွဲ ၅ရွာမှာ စက်တင်ဘာလ ၄ရက်နေ့တွေမှာ သွားရောက်ကြည့်ရှုခဲ့တာကလည်း အစိုးရနဲ့ ကေအဲန်ယူတို့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ တတိယအကြိမ်မြောက် ဆွေးနွေးပွဲကို တက် ရောက်ရချိန်နဲ့ တိုက်ဆိုင်တာကြောင့်လည်း ဖြစ်ပါတယ်။

စက်တင်ဘာလ ၄ရက်နေ့ မွန်းလွဲပိုင်းက ကရင်ပြည်နယ်၊ ဖားအံမြို့ ဇွဲကပင်ဟိုတယ်လ်မှာ အစိုးရနဲ့ ကေအဲန်ယူ ငြိမ်းချမ်းရေးကိုယ်စား လှယ်တွေ တွေ့ဆုံဆွေးနွေးပွဲ ပြီးဆုံးတာနဲ့ ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ်စရှာထု ဝေါ်တို့ဟာ ၀န်ကြီးဦးခင်ရီ အပါအ၀င် နေပြည်တော်နဲ့ ကရင်ပြည်နယ်က လ၀ကအရာရှိတွေနဲ့အတူ အောက်ကော့ရင်းရွာ ဘုန်းတော်ကြီး ကျောင်းကို သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကဒ် လာလုပ်တဲ့ ကရင်ရွာသူရွာသားများနဲ့ တွေ့ဆုံနှုတ်ဆက် စကားပြောဆိုခဲ့ကြပါတယ်။

နော်စီဖိုးရာစိန်က “အမှန်တော့ လောလောဆယ်မှာ ဒုက္ခသည်တွေထက် အခုလို ပြည်တွင်းထဲမှာနေပြီး ဘာနိုင်ငံသားကဒ်မှ မရသေးတဲ့ သူတွေက အများကြီး။ သူတို့ကို အရင်လုပ်ပေးတာက ပိုသင့်လျော်ပါတယ်။ IDP တွေကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ ကြည့် ပြီး တဆင့်ချင်းသွားရမှာပဲ”လို့ ပြောပါတယ်။

ဖားအံမြို့ခံတစ်ဦးကလည်း “အရင်က အစိုးရ၀န်ထမ်း လ၀ကတွေဟာ ဒီလိုကျေးရွာတွေမှာ ၀င်လာပြီး မလုပ်ပေးရဲဘူး။ လုံခြုံရေးအရပေါ့။ အခုလိုစကားပြောဆိုချိန်ကာလမှာ သူတို့လည်း နှစ်ဖက်ခေါင်းဆောင်တွေ အာမခံချက်နဲ့ ရဲရဲတင်းတင်း ရွာတွေကိုဆင်းပြီး နိုင်ငံသားစိစစ် ရေးကဒ်ပြား လုပ်ပေးလို့ရဲတာ”လို့ ပြောပါတယ်။

မိုးပွင့်စီမံချက်ကို ဇူလိုင် ၁ရက်၊ ၂၀၁၁ခုနှစ်က စတင်ခဲ့တာဖြစ်သလို အခုဆိုရင် မိုးပွင့် ၁၊ ၂၊ ၃အထိ ပြီးစီးသွား ပါပြီ။ NRC ကတော့ လ၀က ဌာနနဲ့ ၁၁ရက်၊ ၆လ၊ ၂၀၁၂မှာ စလုပ်ပါတယ်။ ဒီစီမံချက်အရကရင်ပြည်နယ် အတွင်းက ၇မြို့နယ်စလုံးမှာ လူဦးရေ တစ်သိန်းရှစ်သောင်း ကျော်ကို တစ်ပြိုင်နက် လုပ်ဆောင်ရမယ်လို့ ရည်ရွယ်ထားပေမဲ့ အခု မိုးပွင့်စီမံချက်(၃)အထိ လူဦးရေ တစ်သိန်းတစ်သောင်းကျော် လုပ်ဆောင်ပြီးသွားပြီ ဖြစ်ကြောင်းကို ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်း ဇော်က ကေအိုင်စီကို အခုလို ပြောပါတယ်။

“မြို့နယ်တိုင်းက ရွာတွေ အတော်များများတော့ လုပ်ပြီးသွားပြီ။ ဖာပွန်မြို့နယ်မှာတော့ မိုးတွင်းဘက်မို့ အနည်းငယ် သွားရခက်နေတာ တစ်ခုပဲ ရှိပါတယ်။ အရင်တုန်းကတော့ လုံခြုံရေးကန့်သတ်တဲ့ နယ်မြေတွေ သွားလို့မရဘူး။ မြ၀တီဆို ကုက္ကိုလ်အထိ၊ ကြာအင်းဆိပ်ကြီး ဆို ကြာအင်းဆိပ်ကြီးပဲ ရတယ်။ ဘုရားသုံးဆူက မဲ့ကသာဘက်မှာဆို အရင်က သွားလို့မရဘူး။ အခုဆို သွားလို့ရပြီ။ ဒါဟာ ငြိမ်းချမ်းရေး ရဲ့ အနှစ်အရသာကို ပြည်သူတွေခံစားရတဲ့ ကနဦးရလဒ်ပေါ့လေ”

ဒါ့အပြင် အခုလို ကျေးရွာအတွင်း နိုင်ငံသားစိစစ်ရေးကဒ် လာရောက်လုပ်ဆောင်နေချိန်အိမ်နီးချင်းနိုင်ငံ တွေမှာ အလုပ်လုပ်နေသူ၊ ခရီး ရက်ရှည် သွားနေသူတွေအဖို့ နေရပ် ပြန်လည်ရောက်ရှိလာတဲ့အခါ ဆက်လက် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ကော့ရင်းကျေးရွာအုပ်စုအတွက် အောက်ကော့ရင်းရွာ ဘုန်းတော်ကြီးကျောင်းမှာ ရွာသူရွာသားတွေကို နိုင်ငံသားစိစစ်ရေးကဒ် သွား ရောက်လုပ်ဆောင်သူ အောက်ကော့ရင်းရွာသူ သားသည်မိခင်တစ်ဦးက “ဓာတ်ပုံရိုက်(စိစစ်ရေးကဒ်လုပ်)တာကို ၀မ်းသာပါတယ်။ ကျမ တို့ရွာက ဖားအံနဲ့ဘယ်လောက်မှမဝေး တာတောင် မှတ်ပုံတင်မရှိတာ အများကြီးပဲ။ ဒီထက်ပိုဝေးတဲ့ရွာက လူတွေဆို ပိုဆိုးတာပေါ့”လို့ ပြောပါတယ်။

NRC ဟာ လ၀ကဌာနနဲ့ မိုးပွင့်စီမံချက်(၃)ကျမှ စတင် ပူးပေါင်းလုပ်ဆောင်ချိန်မှာ ကျေးရွာသူရွာသား တွေအနေနဲ့ ငွေကြေးပေးဆောင်ရ ခြင်း မရှိပေမဲ့ ဒီမတိုင်ခင်ကတော့ ပုံမှန်အားဖြင့် ကျပ် ၅ထောင်ကုန်ကျ သော်လည်း ရုံးလုပ်ငန်းပြင်ပအချိန်နှင့် စနေ၊ တနင်္ဂနွေ နားရက် တွေမှာ လုပ်ဆောင်သူတွေကငွေကျပ် တစ်သောင်းနှစ်သောင်းကျော် ကုန်ကျတယ်လို့လည်း ကိုယ်တိုင်သွားရောက် လုပ်ဆောင်ခဲ့သူတွေ က ပြောဆိုနေကြပါတယ်။

ဖာပွန်မြို့နယ်၊ ကမမောင်းမြို့မှာ စိစစ်ရေးကဒ်လုပ်ခဲ့သူ ကရင်လူငယ်တစ်ဦးက “ကျနော်တို့လုပ်တုန်းက ဖေဖော်ဝါရီ လ ၁၅ရက်လေ။ ရုံးပိတ်ရက် တနင်္ဂနွေနေ့မို့ နှစ်သောင်းငါးထောင်ကုန်တယ်။ ပုံမှန်အတိုင်းဆို ကျပ် ၅ထောင်ပဲ ကုန်တယ်လေ။ ဒါပေမဲ့ တစ်ရက်တည်း အပြီးရတာ အတော်ကောင်းတယ်”လို့ ဆိုပါတယ်။

မိုးပွင့်စီမံချက်ထဲမှာ ပါဝင်လုပ်ဆောင်ပေးနေတဲ့ လ၀က၀န်ထမ်းတစ်ဦးရဲ့ ပြောပြချက်အရ အသက် ၁၀နှစ်မှစလုပ်သူများမှာ အသက် ၁၈နှစ်ပြည့်လျှင် နိုင်ငံသားစိစစ်ရေးကဒ်ကို အသစ်တဖန် ထပ်မံ ပြောင်းလဲရမှာဖြစ်ပြီး ပျောက်သွား၊ ပျက်သွားပါက လ၀ကရုံးတွင် ပြန် လည်လျှောက်ထားနိုင်သလို အခုလုပ်ဆောင်နေသူတွေဟာ နိုင်ငံသားစိစစ်ရေးကဒ် တကြိမ်တခါမှ မလုပ်ဖူး၊ မကိုင်ဆောင်ဖူးသူတွေသာ ဖြစ်တယ်လို့ သိရပါတယ်။

၁၉၄၇ခုနှစ်ရဲ့ နိုင်ငံသားများ မှတ်ပုံတင်ရေး နည်းဥပဒေအရ ဒီနိုင်ငံမှာရှိနေတဲ့ လူတွေကို မှတ်ပုံတင်ထား တာကို အမျိုးသားမှတ်ပုံတင်လို့ ခေါ်ခဲ့ပြီး အခုလုပ်တဲ့ နိုင်ငံသားစိစစ်ရေးကဒ် ရဖို့ကျတော့ အိမ်လိပ်စာတွေ၊ ပုံစံ ၁၀တွေ၊ မိသားစုဝင်စာရင်းတွေ ရှိရပြီး ဒီကဒ်ပြားတစ်ခုရဖို့ အတွက် သူ့ရဲ့ မျိုးရိုးစဉ်ဆက် စိစစ်တာတွေ ရှိလာပါတယ်။

“လူတစ်ယောက်ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်းဆိုတာ နိုင်ငံတစ်နိုင်ငံ အချုပ်အခြာအာဏာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ ဒါ အင်မတန် အရေးကြီးတယ်။ နိုင်ငံသားစိစစ်ရေးကဒ်ပြား ဆိုတာကတော့ ပိုပြီးတော့ လေးနက်တာပေါ့လေ။ သို့သော် အမျိုးသားမှတ်ပုံတင် ကဒ်ပြားဆိုတာ နိုင်ငံသားစိစစ်ရေးကဒ်ပြား ပါပဲ”လို့ ၀န်ကြီးဦးခင်ရီက ရှင်းပြပါတယ်။

လက်ရှိအချိန်ထိ ကေအဲန်ယူနဲ့ အစိုးရတို့ရဲ့ တွေ့ဆုံဆွေးနွေးမှုဟာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လိုက်နာရမဲ့ ကျင့်ဝတ်စည်းကမ်းများကို မူအားဖြင့် သဘောတူညီတဲ့အဆင့်သာ ရှိသေးတဲ့အတွက် တကယ်နိုင်ငံရေးဆွေး နွေးပွဲသို့ မရောက်ရှိသေးပါဘူး။ ဒီအတွက် ဌာနေမဲ့ပြည် သူတွေနဲ့ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေက ကရင်အများစု ပါဝင်တဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်လည်ပို့ဆောင်ခြင်း၊ အလုပ်အ ကိုင် ရှာဖွေပေးခြင်းနဲ့ နိုင်ငံသားအဖြစ် မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပေးရမဲ့အချိန်ဟာ ငြိမ်းချမ်းရေးရဲ့ အကျိုး ဆက်အပေါ်မှာသာ တည်မှီနေတယ်လို့လည်း ၀န်ကြီးဦးခင်ရီက အခုလို ပြောဆိုသွားပါတယ်။

၎င်းက “ဒီ Peace process ကြီးတစ်ခုလုံးမှာ အဓိကကျတာက Ceasefire. Ceasefire ပြီးပြီဆိုတာနဲ့ တပြိုင်နက် Demining (မိုင်းရှင်း လင်းရေး) လုပ်ပြီးတော့ အဲဒီနေရာတွေကို သွားပြီးတော့ ချဉ်းကပ်ရတော့ မယ်။ ကေအဲန်ယူမိသားစုတွေ ပြန်လည်နေရာချထားရမယ်။ IDPs တွေ ပြန်လည်နေရာချထားရမယ်။ Refugee တွေ ပြန်လည်နေရာချထားရမယ်။ အဲဒီလူတွေအားလုံးဟာ မွေးရာပါနိုင်ငံသားတွေဖြစ်တဲ့ အတွက်ကြောင့် သူတို့ကို နိုင်ငံသားစိစစ်ရေးကဒ်ပြားပေးဖို့ အဆင်သင့်ပဲ။ မြန်မြန်ဆန်ဆန်ငြိမ်းချမ်းရေးရ သွားဖို့ပဲ လိုတယ်။ မြန် မြန်ဆန်ဆန် ဒီ Step တွေ ပြီးသွားဖို့ပဲလိုတယ်”လို့ ပြောဆိုသွားပါတယ်။

အစိုးရတပ် လက်နက်ကြီး ပစ်ခတ်မှု ပြင်းထန်လာ၊ တိုက်ပွဲကြီးများ ဖြစ်လာနိုင်ဟု KIO ဆို

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၆ ရက် ၂၀၁၂

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ) တိုင်းမှူး သတိပေးစာ ပေးပို့ခဲ့ပြီး နောက်ပိုင်း အစိုးရဘက်မှ စစ်အင်အားများ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ဌာနချုပ် လိုင်ဇာအနီးသို့ ပိုမိုတိုးမြှင့်လာပြီး လက်နက်ကြီးများဖြင့် ဆက်လက် ပစ်ခတ်နေသဖြင့် စစ်ပွဲပြင်းထန်းလာမည့် အခြေ အနေ ရှိနေသည်ဟု KIO နှင့် ကျောင်းသားတပ်မတော်က သုံးသပ်သည်။

ခရစ္စမတ်နေ့မှစ၍ ဗုဒ္ဓဟူးနေ့ထိ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ ဘွမ်ဆန်တောင်နှင့် ခန်းကိုင်တောင်ရှိ အစိုးရ အမြောက် တပ်ရင်း ၃၆၄ မှ ၁ဝ၅ မမနှင့် ၁၂ဝ မမတို့ဖြင့် KIO တပ်ဖွဲ့များရှိရာ လဂျားယန်သို့ အကြိမ်ပေါင်း ၅ဝ ကျော် ပစ်ခတ် လာ၍ တိုက်ပွဲကြီးများ ဖြစ်လာနိုင်သည်ဟု KIO ပြောခွင့် ရ ဦးလနန် က ပြောဆိုသည်။

“ပြင်းထန်လာမယ့် အလားအလာရှိတယ်။ မနေ့ကလည်း တနေကုန် ပစ်တယ်။ ဒီမနက်လည်း ၄ နာ ရီလောက်ကနေ စပစ်တယ်ဆိုတော့။ သူတို့ လှုပ်ရှားမှုက လက်နက်ကြီးနဲ့ အရင်ပစ်တယ်။ လက်နက်ကြီးပစ်ပြီးမှ နောက်တဆင့်ခြေမြန် တပ်ဖွဲ့တွေ တက်လာတယ်” ဟုဦးလနန်ကမဇ္စျိမ ကို ပြောသည်။

KIA တပ်ဘက်မှ ခရစ္စမတ်နေ့မြတ်တွင် ရှေ့တန်းတပ်များအား ပစ်ခတ်မှု မပြုရန် ညွှန်ကြားထားခဲ့သော်လည်း အစိုးရ တပ်ဘက်မှ ပန်ဝါ ဒေ သ ရှိ KIA ၏ ရှေ့တန်းစခန်းအား လက်နက်ကြီး ပစ်ခတ်မှုများရှိခဲ့သလို ပန်ဝါမှ တရုတ်နယ်စပ် စခန်းသို့ လက်နက်များ တင်ပို့မှုများ ရှိခဲ့သည် ဟု ဦးလနန် က ဆိုသည်။

ထိုသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ အင်အားဖြည့်တင်းလာခြင်းတို့ကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်မည် ဟု ကျောင်းသား တပ် မတော် ABSDF (NB) မှ တာဝန်ခံ ဦးလဆိုင်း ကလည်း ခန့်မှန်းသည်။

“တိုက်ပွဲတော့ ပြင်းထန်မယ်လို့ ကျနော်တို့ ခန့်မှန်းရတယ်။ မနေ့ကလည်း တနေ့ ခရစ္စမတ်နေ့မှာ တ နေကုန်ပစ်တယ်။ အခုလည်း ဒီမနက်၊ ည လည်းညတောက်လျှောက်ပစ်နေတဲ့အနေအထားဆိုတော့လက်နက်ကြီးတွေရပ်စဲသွားရင်တော့ ထိုးစစ်ဆင်လာလိမ့်မယ်လို့ ခန့်မှန်းမိတယ်” ဟု မဇ္စျိမကို ပြောသည်။

ထို့ပြင် ပန်ဝါဒေသရှိ သံချောင်းကုန်း KIA ရှေ့တန်းစခန်းကိုလည်း အစိုးရဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသလို၊ ယမန်နေ့ ညနေ ပိုင်းက လိုင်ဇာအနီး ဘွမ်ဆန်တောင်အနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အစိုးရတပ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် က လဂျားယန် တပ်စခန်းအတွက် အုပ်ချုပ်မှုကိစ္စဆောင် ရွက် ရန်ရှိ၍ လမ်းကြောင်းရှိ KIA တပ်ဖွဲ့များ “ဒီဇင်ဘာလ ၂၅ ရက် နောက်ဆုံးထား၍” ဖယ်ရှားပေးရန် ကချင်ပြည်နယ် ငြိမ်းချမ်းရေအကျိုးဆောင် အဖွဲ့ PCG မှတဆင့် ဒီဇင်ဘာလ ၂၃ ရက်နေ့စွဲဖြင့် သတိပေးထားခဲ့သည်။

KIO ဘက်မှလည်း “ဤသို့ စစ်ရေးနည်းဖြင့် ဖြေရှင်းရန် ရာဇသံပေး ခြိမ်းခြောက်လာမှုကို ဆွေးနွေး ရေးအဖွဲ့က ကန့်ကွက်ပါကြောင်း” ပြည် ထောင် စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းထံ KIO က ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် တုန့်ပြန်စာ ပို့လိုက် သည်။

“ကျနော်တို့ ကန့်ကွက်တယ်ဆိုတာ သူတို့ဆီက တုံ့ပြန်မှု တစုံတရာ မျော်လင့်လို့ မဟုတ်ပါဘူး။ ဦး အောင်မင်းကိုပေးပို့ခြင်းဖြင့် မြန်မာအစိုးရ တရပ်လုံးကို ကန့်ကွက်တဲ့သဘောပါ၊အစိုးရဘက်က စစ်ရေးနည်းနဲ ဖြေရှင်းမယ်ဆိုတဲ့ပုံစံဖြစ် လာတယ်။ ဒီကိစ္စကို ကန့်ကွက်တာပါ” ဟု KIO ပြောခွင့်ရ ဦးလနန် က ဆိုသည်။

“သူတို့က ကျနော်တို့ တပ်ဖွဲ့တွေကို ဆုတ်ပေးပါဆိုတာက ဒီတပ်ဖွဲ့က ကျနော်တို့ဗဟိုဌာနချုပ်ရဲ့ ရှေ့ကာကင်းတွေဖြစ်တယ်။ အဲဒီကာကင်းစ ခန်းတွေက ဗဟိုဌာနချုပ် လုံခြုံမှုအတွက် အဓိက တာဝန်ယူထားတဲ့ တပ်ဖွဲ့တွေပါ။ အဲဒီတပ်ဖွဲ့ကို ဆုတ်ခိုင်းတယ်ဆိုတာက ဒီဌာနချုပ်ကို လက် နက်ချခိုင်းတာနဲ့ အတူတူပဲ” ဟု ဆက်ပြောသည်။

မပခ တိုင်းမှူးစာ ထွက်လာပြီးနောက် လဂျားယန် ဒေသအတွင်း ဗျူဟာ ၃ ခု လက်အောက်ခံ တပ်ရင်းများမှ အင်အား ၅ဝဝ ခန့်သည် ထပ် မံ တိုးမြင့်လာသည်ဟု ဦးလဆိုင်း က ပြောသည်။ ထိုဗျူဟာများမှာ မိုးကောင်းအခြေစိုက် စကခ (၃)နှင့် စကခ (၂၁) လက်အောက်ခံ တပ်ရင်း များ ပါဝင်သည်ဟု ဆိုသည်။

“လဂျားယန်ဒေသမှာတောင် ဗျူဟာ ၃ ခုလောက်ရှိတော့ အင်အားတိုးလာတယ်။ လက်နက်ကြီးတွေ ပိုစိတ်ပစ်လာ တယ်။ သိပ်မကြာခင် သူတို့ဘက်မှ ထိုးစစ်ဆင်မယ်လို့ ကျနော်တို့ ခန့်မှန်းမိနေတယ်။ ကျနော်တို့ဆီကို ထိုးလာတမျှ
တော့ ကျနော်တို့ ခုခံသွားမှာပဲ။ ခုခံစစ်ပဲ”
ဟု ဦးလဆိုင်း က ဆိုသည်။

ထို့ပြင် လဂျားယန်ကျေးရွာမှ လေးမိုင်ဝန်းကျင် မွန်းလွဲချောင်းရိုးတလျှောက်ရှိ ရှမ်းရွာများဖြစ်သော မန်မောင်၊ မန်တဲနှင့် မန်ကွေ့ကျေး ရွာ များ တွင်လည်း အစိုးရစစ်တပ်ဖွဲ့များ ရောက်ရှိနေသဖြင့် ရွာသားများအား တိမ်းရှောင်မှုများ ရှိနေသည်ဟု ဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း က လာမည့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ အတွင်း ရှမ်းပြည် နယ်မူ ဆယ်မြို့ သို့မဟုတ် ကချင်ပြည်နယ် ဗန်းမော်မြို့ တနေရာတွင် တွေ့ဆုံရန် ဒီဇင်ဘာလ ၁၃ ရက်နေ့က ကမ်းလှမ်းစာပေးပို့ ထား သော်လည်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသဖြင့် KIO ဘက်မှ တရားဝင် တုံ့ပြန်ခြင်း မရှိသေးကြောင်း ဦးလနန်က ပြောသည်။

ဒေသအာဏာပိုင်များ ဆောင်ရွက်ပုံက ရခိုင်များကို တောခိုရန် တွန်းအားပေးသလို ဖြစ်နေ


ရဲတပ်ဖွဲ့မှ ဖမ်းဆီးမည်ကို စိုးရိမ်သဖြင့် ရခိုင် လူလတ်ပိုင်းနှင့် လူငယ်များ သည် မိမိတို့၏ နေရပ် ကို စွန့်ခွာပြီး ဘေးလွှတ်ရာသို့ ထွက် ပြေးနေကြ ကြောင်း သတင်း ရရှိသည်။

ထိုသို့ ထွက်ပြေးကြရာတွင် တချို့မှာ ရန်ကုန်၊ မန္တလေးဘက်သို့ ထွက်ပြေး ပြီး တချို့မှာ နယ်စပ်ဒေသများ၊ လက်နက်ကိုင် တပ်ဖွဲ့များ ရှိရာသို့ ဦးတည် ထွက်ပြေးနေကြသည်ဟု ဆိုသည်။

“ အခု ရခိုင်မှာ ဖြစ်နေတာက ရဲတို့ စစ်တပ်တို့က ရွာထဲကို ၀င်တယ်။ အရေး အခင်းမှာ ပါတဲ့ လူ တွေကို ဖမ်းမယ်ဆီးမယ် အဲသလို ခြိမ်း ခြောက်တော့ လူ တွေက အကုန်လုံး ကြောက်ပြီး ထွက်ပြေးနေကြတယ်။ လူမျိုးရေး၊ ဘာရေး အရေးအခင်းဆိုတော့ လူတိုင်းလိုလိုက အနည်းနဲ့ အများပါဝင်ကြတာပါဘဲ။ တချို့ကလည်း အဖမ်းခံရမှာကို ကြောက်ပြီး ရန်ကုန်၊ မန္တလေး ဘက်ကို ထွက်ပြေးသွားကြပြီး တချို့လည်း နယ်စပ်ဒေသတွေ၊ လက်နက်ကိုင် တပ်ဖွဲ့တွေရှိတဲ့ နေရာကို ထွက်ပြေးသွားကြ တယ်။ အခုရွာ တွေမှာ ယောင်္ကျားတွေ မရှိသလောက် ဖြစ်နေပါပြီ” ဟု မြောက်ဦး ဒေသခံ တစ်ဦးက ပြောသည်။

မြောက်ဦးမြို့ပေါ် တစ်ခုတည်းမှ ထွက်ပြေး တိမ်းရှောင်သွားသူ ရာဂဏန်းချီပြီး ရှိကြောင်း ပြောဆိုသည်။

“ မြောက်ဦးမြို့ပေါ်ကလည်း အရေးအခင်းမှာ ကိုယ်တိုင် ကိုယ်ကျ ပါတဲ့ သူရော၊ မပါတဲ့သူရော အကုန်လုံး ထွက်ပြေးနေကြတယ်။ ရဲ တပ်ဖွဲ့က ဘယ်သူတွေပါတယ်ဆိုတာကို စာရင်း မထုတ်ပြန်တော့ လူတွေက သူပါနိုး/ ကိုယ်ပါနိုးနဲ့ စိုးရိမ်ပြီး ထွက်ပြေးသွားကြတယ်။ မြို့ပေါ်က လူမူရေး တက်တက်ကြွကြွ လုပ်နေတဲ့သူ ဆိုရင် တစ်ယောက်မှ မကျန်တော့ဘူးလို့ တောင်ပြောလို့ရတယ်။ ကျန်နေတဲ့သူတွေလည်း ရှောင် တိမ်း ပြီး နေထိုင်နေကြရပါတယ်” ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ် အနှံ့အပြားရှိ မြို့ပေါ် ဒေသများနှင့် ကျေးရွာများမှ လူတိုင်းလိုလိုမှာ ဖမ်းဆီးခံရမည်ကို စိုးရိမ် ကြောက်လန့်နေရသဖြင့် အ လုပ်အကိုင် ပျက်ကာ စိတ်ဖိစီးမူများ ဖြစ်ပေါ်နေကြရ၍ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ အနေဖြင့် ဖမ်းဆီးမည့်သူများကို စာရင်းအတိအကျ ထုတ် ပြန် သင့်ကြောင်း သူက ပြောဆိုသည်။

မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှလည်း ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ လူပေါင်း ၃၀ ခန့် ထွက်ပြေးနေကြရပြီး ရဲနှင့် စစ်တပ်က ရွာထဲကို မကြာခဏ ၀င်လာပြီး ခြိမ်းခြောက်မူများ ရှိနေကြောင်း ရွာခံ အမျိုးသမီး တစ်ဦးက ပြောသည်။

“ ကျွန်မတို့ရွာမှာ မကြာခဏ ရဲနဲ့ စစ်တပ်က လူတွေကို လာရှာပါတယ်။ ဒါကြောင့် လူတွေက ထွက်ပြေးနေကြတာသုံးဆယ်ခန့်ရှိမယ်ထင် ပါတယ်။ ကိုသာထွန်းမောင်၊ ကိုမောင်ဝင်းရွှေ၊ ကိုအောင်ဌေး၊ ကိုမောင်လုံး၊ ကိုကျော်မြသန်း စတဲ့ လူတွေ အကုန်လုံး ထွက်ပြေးနေကြ ရပါ တယ်” ဟု ဆိုသည်။

ဒေသခံများ၏ အပြောအရ အဆိုပါ လူများကို ဖမ်းဆီးမည့် စာရင်းထဲက ပယ်ထုတ်ပေးမည်ဟု ဆိုကာ ပြည်နယ်ရဲက ကျပ်ငွေ သိန်း (၃၀) တောင်းသည်ဆိုသော သတင်းလည်း ကျေးရွာ အတွင်း ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်နေသည်ဟု ဆိုသည်။ သို့သော်လည်း နိရဉ္စရာ က အဆိုပါ သတင်းကို အတည်ပြုနိုင်ခြင်း မရှိပါ။

မြောက်ဦးမြို့နယ် တချို့ကျေးရွာများတွင် အရေးအခင်းတွင် ပါဝင်သည်ဟု ဆိုကာ စွပ်စွဲ ငွေတောင်းမူများလည်း ပေါ်ပေါက်နေသဖြင့် ရွာ သား များမှ ထွက်ပြေးနေကြသည်ဟု ဆိုသည်။

မြောက်ဦးမြို့နယ် သံရွှင်ပြင်၊ အထုပ်သည်မ၊ မောင်နီကျွန်း၊ ကျောက်တွင်းကုန်း၊ ဘော်ရွာဈေး၊ ပိုးဖြူပြင်စသည့် ကျေးရွာများတွင် ရဲတပ်ဖွဲ့မှ အရေးအခင်းတွင် ပါဝင်သည်ဟု စွပ်စွဲပြီး အဖမ်းမခံလိုပါက ငွေပေးရမည်ဟု ဆိုကာ ကျေးရွာသား တစ်ဦးထံမှကျပ်ငွေငါးသောင်းက နေတစ် သိန်းထိ ကောက်ခံနေသည်ဟု သိရသည်။

သို့အတွက် ငွေမပေးနိုင်သူ ကျေးရွာသားများမှာ အလုပ်ပျက် အကိုင်ပျက် ဖြစ်ကာ ထွက်ပြေးနေကြရသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်မှ သတင်းဌာန တစ်ခု ဖြစ်သော Rakhine Straight View ( RSV) က အင်္ဂါနေ့က ဖေါ်ပြသော သတင်း တပုဒ်တွင် ပန်းမြောင်း ရဲစခန်းမှ ဒုရဲအုပ် စောရွှေ ဆိုသူသည် သရက်အုပ် ဘင်္ဂလီကျေးရွာမှ ငွေ သိန်း ၅၀ ယူပြီး မူဆလင် ရွာသားများ ပေးလိုက်သော နာမည်မျာ ဖြင့် သရက်အုပ် မူဆလင်ကျေးရွာကို မီးရှို့သူများဟု ဆိုကာ ရခိုင် အမျိုးသားများကို စွဲချက်ပြန်တင် လိုက်ဖမ်းနေကြောင်း ဖေါ်ပြ သည်။

အလားတူ ကျောက်တော်မြို့နယ်မှ ကျေးရွာအများအပြားမှ လူလတ်ပိုင်းနှင့် လူငယ်များမှာ ဖမ်းဆီးမည်ကို စိုးရိမ်သဖြင့် နေရပ်ဒေသကို စွန့်ခွာပြီး ဘေးလွှတ်ရာကို ထွက်ပြေးသွားကြပြီး အများစုမှာ လက်နက် တော်လှန်ရေး နယ်မြေများသို့ ရောက်ရှိသွားကြသည်ဟု သတင်းများ လည်း ထွက်ပေါ်နေသည်။

ယခု ရခိုင်ပြည်နယ် အတွင်းရှိ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ပေါက်တော၊ ရမ်းဗြဲနှင့် ရသေ့တောင်တို့တွင် အောက် တိုဘာလ အရေးအခင်းနှင့် ပတ်သက်ပြီး စစ်တပ်နှင့် ရဲက လိုက်ဖမ်းနေသည်မှာ ရခိုင်အမျိုးသားများကိုသာ ဖြစ်ပြီး မူဆလင်များကိုမူ တစ်ဦး တစ်ယောက်ကိုမှ လိုက်လံ ဖမ်းဆီးခြင်း ယနေ့တိုင် မရှိသေးကြောင်း သိရသည်။


ထိုသို့ မူဆလင်များကို မဖမ်းဆီးရန်လည်း နေပြည်တော်က တိုက်ရိုက် ညွှန်ကြားထားသည်ဟု ခိုင်လုံသော သတင်းအရ သိရသည်။

Tuesday, December 25, 2012

RNDP ၀န်ကြီး စီးပွားရေးသမားများနှင့် ပေါင်းပြီး လူထုအရေး မျက်ကွယ်ပြု

မောင်ရမ္မာ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP မှ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့တွင် ပါဝင်နေသော လယ်ယာနှင့် စိုက်ပျိုးရေး ၀န်ကြီး ဦးကျော်သိန်းသည် စီ ပွားရေး သမားများနှင့် ပူးပေါင်းပြီး ပြည်သူများ၏ အရေးကို မျက်ကွယ်ပြုနေ ကြောင်း ဒေသခံ လယ်သမားများက ပြောကြားသည်။

ဝန်ကြီး ဦးကျော်သိန်းမှ ဂီရိ မုန်တိုင်း အတွင်း ကျိုးပေါက်သွားသော မြေပုံမြို့နယ် ငမန်းရဲ ကျွန်းမှ တာတမံများကို ဆည်ဖို့နေရာတွင် အများစု ဒေသခံ ပြည် သူများဘက်မှ မရပ်တည်ဘဲ ပုဇွန် လုပ်ငန်းရှင်များဘက်မှ ရပ်တည် လုပ် ကိုင် ဆောင်ရွက်နေသည်ဟု လယ်သ မား များက ပြောသည်။

“ အခု ကျွန်တော်တို့ ငမန်းရဲကျွန်းမှာ နိုင်ငံတော်ကနေ မနှစ်ကစပြီးကျွန်းပတ် ကာရီ (တာတမံ) ကို ဆည်ပေးနေပါတယ်။ အဲသလို ဆည်နေတဲ့ နေရာမှာ ဦး ခင်မောင်လှ ဦးဆောင်တဲ့ ပုဇွန်လုပ်ငန်းရှင် ၂၀ လောက်က သူတို့ ရေငံ သွင်းပေါက် တွေကို ပိတ်ပြီး တာတမံ မဆည်ရဘူး ပြောဆိုနေတဲ့ အ တွက် တာတမံတွေကို ဆည်နေတာကို ရပ်နားထားရပါတယ်။ သူတို့က ဘာပြောလဲဆိုတော့ သူတို့ ပုဇွန်မွေးမြူဖို့ကို လယ်ယာ စိုက်ပျိုးရေးဝန်ကြီး ဦးကျော်သိန်းက ခွင့်ပြုထားတယ်လို့ ပြောတယ်။ ဆည် မြောင်းဌာနက ခွင့်ပြုစာ တောင်းတဲ့အခါမှာ နှုတ်နဲ့ ခွင့်ပြုထားတာဖြစ်တဲ့ အ တွက်ကြာင့် ၀န်ကြီး ဦးကျော်သိန်းဆီမှ ခွင့်ပြု ချက် စာလာမှ ဆည်ပါဆိုပြီး ဆည်မြောင်းက ဆည်ဖို့လုပ်တာကိုအနှောင့်အယှက်ပေးပါတယ်” ဟု ဒေသခံ လယ်သမား တစ်ဦးက ပြော သည်။

စပါးစိုက်ခင်းများသို့ ပင်လယ် ဆားငံရေမ၀င်ရန် အတွက် တာတမံ ဆည်ရာတွင် ရေငံ ၀င်ပေါက်များအားလုံးကို ပိတ်ဆို့ ဆည်ရမည် ဖြစ် သော် လည်း ယခုအခါ ၀န်ကြီးအားကိုးဖြင့် ပုဇွန် လုပ်ငန်းရှင်များ တားမြစ်နေသဖြင့် ဆားငံ ၀င်ပေါက်များကို မဆည်ဖို့နိုင်ဘဲ ဖြစ်နေ ကြ သည်ဟု သိရသည်။

ငမန်းရဲကျွန်းတွင် ယခင် ဆည်ဖို့ထားသော တာတမံများမှာ သဘာဝဘေးဒဏ် အမျိုးမျိုးကြောင့် ပျက်စီးခဲ့ရာမှ အစိုးရက ပြန်လည် မပြု ပြင် ဘဲရှိနေရာ ထိုအားနည်းချက်များကို အခွင့်ကောင်းယူပြီး ပုဇွန်မွေးမြူရေး လုပ်ငန်းရှင်များက တာတမံများကို ဆားငံရေများသွင်းကာ ပုဇွန် မွေးမြူနေကြသည်ဟု သိရသည်။

“ ဆားငံ ၀င်ပေါက်တွေကို မပိတ်ရင် စပါး စိုက်လို့ မရပါဘူး။ ဒီဆားငံ ၀င်ပေါက်တွေကို ပိတ်မှ စပါး စိုက်လို့ ရမှာ ဖြစ်ပါတယ်။ ဆားငံရေ မ၀င်ရအောင် တမံတုတ်နေတာမှာ အခု ပုဇွန်သမားတွေကြောင့် အခက်ကြုံနေရပါတယ်။ အခု ရခိုင် ၀န်ကြီး ဦးကျော်သိန်းရဲ့ ညွှန်ကြားချက်အရ တာတမံ ဆည်နေတာကို ရပ်နားထားရပါတယ်” ဟု အမည်မဖေါ်လိုသူ ဆည် မြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုကဲ့သို့ တာတမံ ဆည်ဖို့နေသည်ကို ရပ်နားထားရန် ၀န်ကြီး ဦးကျော်သိန်းမှာ ညွှန်ကြာထားခြင်းမှာ ယခုလ ၁၉ ရက်နေ့ကပုဇွန် လုပ်ငန်း ရှင် များမှ တာတမံဆည်ဖို့ပါက သူတို့ လုပ်ကိုင်နေသော ပုဇွန်တာ(ကန်)များ ပျက်စီးသွားမည် ဖြစ်ကြောင်းဝန်ကြီးကိုသွား ရောက်တိုင် ကြား ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

“ ဆည်မြောင်းဌာန၏ တားမြစ်ချက်ကို မကျေနပ်တဲ့ အတွက် ပုဇွန်ကန်ပိုင်ရှင်တွေက ဒီဇင်္ဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် လယ်ယာနှင့် စိုက်ပျိုးရေးဝန်ကြီး ဦးကျော်သိန်းနှင့် သွားရောက် တွေ့ဆုံတယ်လို့သိရပါတယ်။ အဲဒီ နောက်မှာ ၀န်ကြီးက ပြည်နယ် ဆည်မြောင်းဌာ နဦးစီး မှူးကို တာတမံဆည်ဖို့ နေတာကို ရပ်တန့်ထားဖို့ ဖုန်းနဲ့ အကြောင်းကြားလာပါတယ်” ဟု ဆိုသည်။

၁၉၆၇ ခုနှစ် က ရခိုင်တွင် ဖြစ်ပွားခဲ့သော မုန်တိုင်းကြီးကြောင့် ငမန်းရဲကျွန်း တစ်ခုလုံး ရေနစ်ခဲ့ပြီး လူပေါင်း ထောင်ချီ သေဆုံးခဲ့ပြီး နောက် ပိုင်း ၁၉၆၈ ခုနှစ်မှ စပြီး နိုင်ငံတော် အစိုးရက တာတမံများ ဆည်ဖို့ပေးခဲ့ရာ လယ်ဧက ၅၀၀၀ ကျော် စိုက်ပျိုး နိုင်ခဲ့သည်ဟု သိရ သည်။

၂၀၁၀ ခုနှစ်က အောက်တိုဘာလ အတွင်းက တိုက်ခတ်ခဲ့သော ဂီရိ မုန်တိုင်းကြောင့် တာတမံ အများအပြား ပျက်စီးသွားခဲ့သဖြင့် လယ် ယာ မြေများစွာကို မစိုက်ပျိုးနိုင်ဘဲ ဖြစ်နေခဲ့သဖြင့် နိုင်ငံတော်မှ ပြန်လည်ပြီး တာတမံများကို ပြန်လည် ဆည်ဖို့ပေးနေကြောင်း သိရသည်။

ငမန်းရဲကျွန်းတွင် ပုဇွန်လုပ်ငန်းရှင်များ ပုဇွန်မွေးမြူနေမူကြောင့် ဒေသခံ လယ်သမားများ ထိခိုက်မှု ရှိနေသည်ဟု မြေပုံမြို့နယ် ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း နိရဉ္စရာသို့ အတည်ပြု ပြောသည်။

“ အစိုးရ ဆည်ပေးတဲ့ တာတမံထဲမှာ ပုဇွန်ကန်လုပ်လို့မရဘူး၊ ရေငံသွင်းလို့လည်းမရဘူး။ ရေငံ သွင်းလိုက်တာနဲ့ စပါး စိုက် နေတဲ့ တာတမံ တွေဟာ အားလုံး ဆာငံရည်မြှုပ်သွားတယ်။ လယ်သမားတွေက စပါးစိုက်တဲ့အချိန်မှာ လုံးဝ လုပ်စားလို့ မရ ဖြစ်သွားတယ်။ ဒီကိစ္စကို အလေး အနက်ထားပြီး ဖြေရှင်း ပေးသင့်ပါတယ်” ဟု သူကပြောသည်။

ဒေသခံ လယ်သမားများ အနေဖြင့် ငမန်းရဲကျွန်းတွင် တာတမံများကို ဖေါက်ပြီး ဆားငံရေသွင်းကာ ပုဇွန်မွေးမြူနေသည်ကို ရပ်ဆိုင်းပေး ရန် နိုင်ငံတော်နှင့် ပြည်နယ် အဆင့်ထိ တက်ရောက် တိုင်ကြားရန် စီစဉ်နေသည်ဟု သိရသည်။