Wednesday, December 5, 2012

မြောက်ဦးမြို့နယ် အရေးအခင်းတွင် ပါဝင်ပတ်သက်မှု မရှိသူများကို ရဲသားများ လိုက်လံ ဖမ်းဆီးနေ

ခိုင်ခိုင်

ယနေ့ ဒီဇင် ဘာလ ၅ ရက်နေ့၊ မြောက်ဦးမြို့နယ် ပန်းမြောင်းကျေးရွာ အရေးအခင်းတွင် ပါဝင်သူများကို သာမကပဲ ပါဝင်ပတ်သက်မှုမရှိသူများပါ ရခိုင်ပြည်နယ် ဒု-ပြည်နယ်မှူးမှ နာမည်စရင်းများကိုပေးပြီး ရဲ ကွပ်ကဲရေးမှူးနှင့် ရွာဥက္ကဌကို ဖမ်းဆီးကာပို့ခိုင်းနေကြောင်း သိရသည်။

ဒေသခံများကို ဖမ်းဆီးရာတွင် မည်သည့်ဖမ်းဝရမ်းမှ မပါဘဲ ဖုန်းဖြင့်လှမ်းဆက်ပြီး ဖမ်းခိုင်းနေပုံကို မြောက်ဦးမြို့ ဒေသခံတစ်ဦးက " ကျွန်တော်တို့ ပန်းမြောင်းရွာနှင့် မြောက်ဦးမြို့နယ်က အထူးသဖြင့် ပုရိန်နဲ့ နီးသော တခြားရွာများမှ ဒေသခံတွေကို ပုရိန်ကုလားရွာက ကုလားတွေက အရေးအခင်းနဲ့ ပတ်သက်မှုမရှိပဲနဲ့ အရင်ကတည်းက သူတို့ နယ်တစ်ဝိုက်မှာ မကျေမနပ်ဖြစ်နေတဲ့သူတွေ၊ စီးပွားရေးအရ ပြေလည်တဲ့သူတွေရဲ့ နာမည် တွေ၊ ပြီးတော့ သူတို့အလွတ်ရနေတဲ့နာမည်တွေကို ရေးပြီးတော့ ရဲသားတွေကိုတိုင်နေပါတယ်။ အခု လိုက်ဖမ်းနေတဲ့ သူတွေထဲမှာ အရေးအခင်းနဲ့ ဘာမှ မဆိုင်တဲ့သူတွေလည်း အများကြီးပါနေကြပါတယ်။ အခုက စစ်ဆေးတဲ့ အဆင့်မ ဟုတ်တော့ပဲနဲ့ လိုက်ပြီးတော့ ဖမ်းနေတဲ့အဆင့်ကို ရောက်နေပါတယ်။ ပထမ တစ်ခေါက် ဖမ်းတုန်းက ပုရိန်နဲ့ယိုင်သည် အရေးအခင်းမှာ ပါဝင်တဲ့သူဆိုပြီး ဖမ်းဆီးသွားတာ လူ (၂၀) ကျော်ရှိသွားပါပြီ။ သူတို့အားလုံးကို စစ်တွေ အမှတ် (၁)စခန်းမှာ ထားပါတယ်။ သူတို့ကို လည်း စစ်ဆေးဖို့ခေါ်တာ ဆိုပြီးတော့ ဖမ်းလိုက်တာ ဖြစ်ပါတယ်။ အခု ဒေသခံတွေကလည်း သူတို့က နမူနာပြထားတော့ အပြင်ကို မ ထွက်ရဲဘဲနဲ့ တိမ်းရှောင် နေကြပါတယ်။ " ဟု ပြောသည်။

ဒေသခံတွေက ဒု-ပြည်နယ် ရဲမှူးအမိန့်ပေး လုပ်ဆောင်ခိုင်းမှုကြောင့် မြန်မာနိုင်ငံက ဥပဒေကို အယုံအကြည် ကင်းမဲ့နေကြပြီး ဥပဒေလမ်းကြောင်းနဲ့ ညီညွတ်မှု မရှိကြောင်းကို "ဒေသခံတွေက မြန်မာနိုင်ငံက ဥပဒေကို အယုံအကြည်မရှိကြတော့ပါဘူး။ ဒု-ပြည်နယ်မှူးနဲ့ ရဲတွေကလည်း ကုလားတွေတိုင်တဲ့အတိုင်း ဥပဒေရဲ့ လမ်းကြောင်းနဲ့ မညီညွတ်ပဲ စစ်ဆေးမေးမြန်းတာတွေလုပ်ပြီး ဖမ်းနေကြပါတယ်။ သူတို့က ရုံးကိုတင်ရမဲ့ကိစ္စကို မတင်ပဲနဲ့ စစ်တွေကို တစ်ခါတည်း ဖမ်းခေါ်သွားတာဆိုတော့ စစ်ဆေးဖို့ အခေါ်ခံရတဲ့သူတွေက ကြောက်နေကြပါတယ်။ သူတို့က ဒေသခံတွေကို စစ်ဆေးဖို့ လာခေါ်တုန်းကလည်း ဘာဝရမ်းမှ မပါပါဘူး။ ပန်းမြောင်းမှာဆိုရင် ပန်းမြောင်း ရဲကွပ်ကဲမှူးနှင့် ဥက္ကဌကို ဖုန်းဆက်ပြီး နာမည် စာရင်းတွေကို ပေးလိုက်တယ်။ ပြီးတော့ အဲဒီနာမည် စရင်းအတိုင်း လူတွေကို ပို့လိုက်ဆိုပြီးတော့ ဖမ်းခိုင်းနေတာပါ။ ပထမတစ်ခေါက် ဖမ်းသွားတဲ့ သူတွေမှာက တိုက်ပွဲမှာဒဏ်ရာရထားတဲ့ သူတွေလည်း ပါတယ်ဆိုတော့ သက်သေအထောက်အထား ခိုင်လုံတယ်။ ရဲတွေက ကုလားတွေကိုကျတော့ တစ်ယောက်မှ စစ်ဆေးမေးမြန်းဖို့ ခေါ်တာ တွေမရှိပါဘူး။ ဒါက ဘာဖြစ်လို့လဲဆိုတော့ သူတို့ရွာကို အကြမ်းဖက် မီးရှို့မှုမှာ ပါဝင်သူတွေဆိုပြီးတော့ နာမည်စရင်းတွေပေးပြီး တိုင်ထားတာပါ။ အဲဒီနာမည်စရင်းထဲမှာ အရေးအခင်းနဲ့ ဘာမှမသက်ဆိုင်တဲ့သူတွေ အများကြီးပါဝင်ပါတယ်။ ကျွန်တော်ထင်တာကတော့ ကုလားတွေက ဒု-ပြည်နယ်မှူးကို လာဘ်ငွေတွေ၊ အကျွေးအမွေးတွေ လုပ်ပေးတာတွေ ရှိပုံရပါတယ်။ ကျွန်တော်တို့သိတဲ့ ကုလားတရားခံတွေကိုလည်း ရဲကိုတိုင်ထားတာတော့ ရှိပါတယ်။ ရဲတွေ ကျွန်တော်တို့ကို ခေါ်ပြီး စစ်ဆေးမေးမြန်းတုန်းက ဖြောင့်ချက်ပေးတာတွေတော့ ရှိပါတယ်။ အမှန်တကယ်ဆိုရင် အရေးအခင်းမှာ ကျွန်တော်တို့ မြင်တာကတော့ ကုလားတွေကို ဦးဆောင်ပြီးတော့ အိမ်တွေကို မီးကွင်း တွေနဲ့ ပစ်နေတာကို တွေ့ရတယ်။ ရခိုင်အိမ်တွေနဲ့နီးတဲ့ သူတို့အိမ်တွေကို သူတို့ဘာသာမီးရှို့ပြီးတော့ ထွက်ပြေး သွားကြတယ်။ အဲဒီအချိန်မှာ လေကတိုက်နေတော့ ရခိုင်အိမ်တွေကို မကူးပဲနဲ့ သူတို့အိမ်တွေပဲ မီးလောင်သွားတယ်။ အရေးအခင်းမှာ ပါဝင်တဲ့ကုလားတွေရဲ့နာမည်တွေကို အတိအကျပြောပြီးတော့ တိုင်တာပါ။ ဒါပေမဲ့ ရဲတွေက သူတို့ကို အရေးယူလား မယူဘူးလားဆိုတာကိုတော့ ကျွန်တော်တို့ မသိရပါဘူး။ အခု ကုလားတွေတိုင်တဲ့ အချိန်ကျတော့ ကျွန်တော်တို့ဆီကို ကိုယ်တိုင်လာပြီး စစ်ဆေးတာမျိုးမဟုတ်ပဲနဲ့ ရဲကွပ်ကဲရေးမှူးနဲ့ ဥက္ကဌကို လူနာမည် တွေပေးပြီးတော့ လာပို့ခိုင်းနေတာ ဖြစ်ပါတယ်။" ဟုပြောသည်။

မြောက်ဦးမြို့နယ်တွင် ဒု-ပြည်နယ်မှူး အောင်ကျော်ဦးမှ ပန်းမြောင်းကျေးရွာမှ ရဲကွပ်ကဲရေးမှူးနှင့် ဥက္ကဌထံသို့ ကုလားများပေးသော နာ မည်စရင်းအတိုင်း ဖမ်းကာပို့ခိုင်းနေပြီး ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်းနေရ ကြောင်း သိရသည်။ ရခိုင်ပြည်နယ် ပဋိပက္ခအတွက် ဖွဲ့စည်းပေးထားသော စုံစမ်းစစ်ဆေးရေးကော်မရှင်မှ လာရောက်ပြီး စစ်ဆေးမေးမြန်းခြင်းများလည်း မရှိသေးကြောင်း သိရသည်။

KIO ဋ္ဌာနချုပ်အနီး အစိုးရတပ် လှုပ်ရှားမှု စိပ်လာ

သျှမ်းသံတော်ဆင့်

KIO ဋ္ဌာနချုပ် တည်ရှိရာ တရုတ်နယ်စပ် အနီးရှိ လိုင်ဇာမြို့အနီးတစ်ဝိုက်တွင် အစိုးရတပ်၏ စစ်ရေးလှုပ်ရှားမှုများ စိပ်လာ သဖြင့် နှစ် ဘက် တိုက်ပွဲများ အချိန်မရွေး ဖြစ်လာနိုင်ကြောင်း KIA နှင့် ကျောင်းသားတပ် စစ်ဘက်သတင်း ရပ်ကွက်များက ဆိုသည် ။

အစိုးရတပ်များက လိုင်ဇာမြို့ အပြင်စည်း လုံခြုံရေးယူထားသော KIA နှင့် ABSDF ကျောင်းသားတပ်စခန်းများ အနီး တစ် ၀်ုက်တွင် ပို၍ လှုပ် ရှားလာရာ တပ်အသင့် ပြင်ဆင်ထားကြောင်း ကျောင်းသားတပ်မှူးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“အစိုးရတပ်တွေ တက်လာလို့ မနေ့ကတည်းက ပြင်ထားတယ်။ မိုးလဲချောင်း တစ်ဝိုက် မန်မော် ၊ မန်သဲရွာဘက်မှာ သူတို့ စစ်ကြောင်း တွေ ပျောက်သွားလိုက် ပေါ်လာလိုက် လှုပ်ရှားမှုတွေ မပြတ်ရှိနေတယ်။ စစ်ကစားနေတာပေါ့ ။တပ်တွေတော့ အသင့်လုပ်ထားရတယ် ။တကယ်လို့ တက်လာရင် အချိန်မရွေး တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ် ” ဟု ၄င်းက ဆိုသည် ။

ယမန်နေ့ကလည်း ကချင်ပြည်နယ် ပန်ဝါမြို့မြောက်ဘက် တရုတ် - မြန်မာ နယ်ခြားမှတ်တိုင် အမှတ် ၅ ၊ ၆ ၊ ရ တစ်ဝိုက် နှစ်နေရာတွင် KIA နှင့် အစိုးရတပ်တို့ အကြား တစ်နေ့လုံးနီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း အမည်မဖေါ်လိုသူ KIA အရာရှိ တစ်ဦးက ပြောသည် ။

အဆိုပါ တိုက်ပွဲအတွင်း အစိုးရတပ်မှ စစ်ရဟတ်ယာဉ်များ အသုံးပြု တိုက်ခိုက်သဖြင့် KIA ဘက်မှ ၁ ဦးကျဆုံး၍ ၁၀ ဦးခန့် ဒဏ်ရာရရှိပြီး ၃ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သူက ဆက်ပြောသည် ။

“ပန်ဝါတိုက်ပွဲကတော့ ဦးစခုန်တိန့်ယိမ်းက သူ့ရဲ့ဘိန်းစိုက်ဧရိယာမှာ အနှောက်အယှက် ဖြစ်တော့ မပခတပ်တွေ ခေါ်ပြီး ၀င်တိုက်တာပါ မနေ့မနက် ၆ နာရီလောက်ကနေ ညအထိ တစ်နေကုန်ဖြစ်တယ် ခလရ ၇၄ ၊ ၇၇ ၊ ၂၆၀ အဲဒီတပ်တွေ ပါတယ် ရဟတ်ယာဉ်တွေပေါ် ကနေလည်း ပစ်တယ် ဒီမနက်တော့ လေယာဉ်ပျံတွေ ထပ်ကြားရတယ်လို့ သိရတယ် တိုက်ပွဲ သတင်းတော့ အတိအကျမသိရသေးဘူး ” ဟု ဆိုသည် ။

အစိုးရတပ်များ ဋ္ဌာနချုပ် လိုင်ဇာမြို့ တစ်ဝိုက် လှုပ်ရှားမှုရှိနေပြီး ယမန်နေ့က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ရှိကြောင်း ဆိုသည် ။

“မနေ့က တုန်ဖုန်းယန် - ဗန်းမော်ကားလမ်းပေါ်ကနေ ၈၁ မမစိန်ပြောင်းနဲ့ ၁၅ ချက်လောက် လိုင်ဇာ ဘက် လှမ်းပစ်တယ်။ လျှောက်ပစ် တာ ဆိုတော့ တောထဲပဲကျတယ် ။ သူတို့တပ်တွေ လှုပ်ရှားမှုရှိတယ်။ သူ့ဘက် ကိုယ့်ဘက်ပေါ့ လှုပ် ရှား မှုတွေ ကတော့ ရှိနေတာပေါ့ ” ဟု ၄င်းအ ရာရှိက ဆိုသည် ။

ယခုအခါ ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ပန်ဝါဒေသနှင့် သျှမ်းပြည် (မြောက်ပိုင်း ) မုံးကိုးဒေသတို့တွင် KIA နှင့် အစိုးရ တပ်တို့အကြား တိုက် ပွဲများ ဆက်ဖြစ်နေကြောင်း သိရသည် ။

‘ခပ်တန်းတန်း အိမ်နီးချင်း မြန်မာပြည်’ ဆွေးနွေးပွဲ အိန္ဒိယတက္ကသိုလ်မှာ ကျင်းပ

ကိုပေါက်

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးများတွင် လက်ရှိအနေအထားအရ အစိုးရချင်း ဆက်ဆံရေးမှာ တိုးတက် ကောင်းမွန်လာလျက် ရှိ သော် လည်း အခြားကဏ္ဍများတွင် တိုးမြှင့်ရန် လိုနေသေးကြောင်း အိန္ဒိယ ပေါ်လစီ သုတေသနဌာနမှ အကြီးတန်းအရာရှိတဦးက ပြော ဆိုလိုက် သည်။

မြန်မာသမ္မတနှင့် အိန္ဒိယ ဝန်ကြီးချုပ်တို့၏ အပြန်အလှန် အလည်အပတ်ခရီးနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ် များကို ထောက်ပြ ပြော ဆိုသွားပြီး ရေရှည်ဖွံ့ဖြိုးရေးနှင့် ချစ်ကြည်ရေးတို့အတွက် ပိုမိုခိုင်မာစေရန် လိုအပ်ကြောင်း Centre for Policy Research ၏ ဂုဏ် ထူးဆောင် အကြီးတန်း သုတေသီ ဆန်ဂျေး ဘာရူ Sanjaya Baru က ပြောဆို လိုက်သည်။

“ဒီ ၂၀၁၂ အခြေအနေအရဆို အစိုးရချင်း ဆက်ဆံရေး(G to G) တိုးတက်လာတယ်။ ဒါပေမယ့် စီးပွားရေးသမားချင်း (B to B)၊ ပြည်သူချင်း ဆက်ဆံရေး (P to P)တွေမှာ ဒိထက်တိုးတက်လာဖို့ လိုတယ်” ဟု အာဆီယံ-အိန္ဒိယ ထူးချွန်သူများအစုဝင် ဆန်ဂျေး က ဆိုသည်။

‘Myanmar: Distant Neighbour’ နိုင်ငံတကာ ကွန်ဖရင့်တရပ်ကို နယူးဒေလီမြို့ရှိ Jamia Millia Islamia တက္ကသိုလ် ၏ ရာဘိန္ဒြာနာ့သ် တဂိုး ခန်းမတွင် ဗုဒ္ဓဟူးနေ့က ပြုလုပ်ရာ အိန္ဒိယ သုတေသီများ၊ ပါမောက္ခများနှင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြသည်။

တောင်အာရှနှင့် အရှေ့တောင်အာရှ၏ ပေါင်းကူး ဂိတ်တံခါးဖြစ်နေသော မြန်မာနိုင်ငံ၏ အရေးပါမှုမှာ ကြီးမားပြီးပြောင်းလဲလာနေ သော မြန် မာနိုင်ငံမှာ ထိုအတွက် အကျိုးကျေးဇူးများ ရရှိခံစားနိုင်ကြောင်း ပြောဆိုကြသည်။

သို့သော် အခြေအနေအား အကောင်းဘက်မှချည်း တဖက်တည်း ဆို၍မရသလို ခြိမ်းခြောက်နေသော အန္တရာယ်များ လည်း ရှိနေသည်ကို ကြည့် မြင်တတ်ရမည်ဟု ကမ္ဘာ့ရေးရာ အိန္ဒိယကောင်စီ (ICWA) ၏ ညွှန်ကြားရေးမှူးချုပ် ရာဂျစ် ဘာတီးယား Rajiv Bhatia က ထောက် ပြ ပြောဆိုသည်။

“ကချင်၊ ရိုဟင်ဂျာ၊ ချင်းလူ့အခွင့်အရေး စတာတွေဟာ ကမ္ဘာ့အာရုံစိုက်စရာတွေအဖြစ် ရှိနေဆဲပါ။ နောက်ပြီး ‘စည်းကမ်းပြည့်ဝသော ဒီမိုကရေ စီ’ဆိုတာ ကြားကာလလား ပန်းတိုင်လား၊ လက်ရှိအခြေခံဥပဒေကို ဘယ်လိုပြင်ကြ မှာလဲ၊ ဒေါ်အောင်ဆန်းစုကြည် အကြောင်းတော့ ကြား ကြားနေရတယ်၊ NLD အကြောင်း သိပ်မကြားရတော့ ပါတီမှာ ဒုတိယတန်းစားခေါင်း ဆောင် ဟာ ခေါင်းဆောင်မှုနေရအတွက် အဆင်သင့် ဖြစ်နေရဲ့လား စတာတွေဟာ မေးခွန်း ထုတ်စရာတွေပါ” ဟု သံအမတ် ကြီး ရာဂျစ် ဘာတီးယား က ဆိုသည်။

ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှုဌာနမှ ဒေါက်တာသောင်းထွန်း ကလည်း ‘ပါလီမန်၊ ပါတီများနှင့် အာဏာ’ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ရာ NLD မှာ နှစ်ပေါင်း ၂၀ ကျော် ဖိနှိပ်မှုတွေခံထားရ၍ ပါတီညီလာခံ မကျင်းပနိုင်ခဲ့ရဘဲ ပါတီ အဖွဲ့ အစည်း အဆင့်ဆင့်ကို ပြန်လည်တည်ဆောက်နေ ရကာ မကြာမီ ပထမဆုံးညီလာခံတရပ် ကျင်းပရန်ရှိကြောင်း သိရသည်ဟု ပြော ဆိုသွားသည်။ သို့သော် ဒေါ် အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေး ယုံကြည်ကိုးစားမှုဖြင့်သာ တည်ဆောက်လာခဲ့ရသည်ဟုလည်း ပြော ဆိုသွားသည်။

သမ္မတရုံးနှင့် ပါလီမန်တို့အကြား သဘောကွဲလွဲမှုများဖြင့် အခြေခံဥပဒေခုံအဖွဲ့ ဖျက်သိမ်းခံလိုက်ရပြီး မည်သို့ပြန်လည်ဖွဲ့စည်းကာ မည် သည့် အခွင့်အာဏာများ အပ်နှင်းမည်မှာ အရေးကြီးကြောင်း ဒေါက်တာသောင်းထွန်း က ပြောသည်။

‘မြန်မာ့ လူမှု-နိုင်ငံရေး တန်ဖိုးများနှင့် ဒီမိုကရေစီဖော်ဆောင်မှု’ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ သည့် စာရေးဆရာ ကျော်ဝင်း ကလည်း လက်ရှိ မြန် မာနိုင်ငံအား နိုင်ငံကြီးများက အလွန်စိတ်ဝင်စားကြောင်း ပြသလျက်ရှိ၍ သတိရှိရှိ နေထိုင်တတ် ရန် အရေးကြီးကြောင်း ပြောသည်။

“အိန္ဒိယတင် မဟုတ်ပါဘူး။ တရုတ်ရော၊ အမေရီးကားရော ကျနော်တို့နိုင်ငံကို အများကြီး စိတ်ဝင် စားလာကြတာတွေ့ရတယ်။ အခုကတော့ သူတို့ရဲ့ အရှေ့မျှော် ပေါ်လစီကို ကျနော်တို့နဲ့ ဆက်စပ်ပြောသွားကြတာပါ။ အဲဒါ ကိုယ့်ဘက် က deal (ကိုင်တွယ်) နိုင်ရင်တော့ ကောင်းတဲ့ အလားအလာ ဖြစ်မှာပဲ။ သိပ်ပြီး ကျွမ်းကျွမ်းကျင်ကျင် မကိုင်တွယ်နိုင်ရင်တော့ အန္တရာယ် ဖြစ်လိမ့်မယ် ထင်တယ်” ဟု မဇ္ဈိမ၏ မေးမြန်း မှုကို ဖြေကြားသွားသည်။

ထို့ပြင် မြန်မာ့လူ့ဘောင်၏ အစဉ်အလာအစွဲများနှင့် စိတ်ကူးစံများဖြင့် နိုင်ငံရေးလုပ်ရန်မှာ မထိရောက်နိုင်ဘဲ အရှိအဖြစ်တရားကိုကြည့် ကာ လုပ်သင့်ကြောင်း ပြောဆိုသွားသည်။

အစည်းအဝေးသို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းဝင်းမြင့် က ‘တိုင်းရင်းသားနှင့် အားလုံးပါဝင်နိုင်မှု’ စာတမ်းကို ဖတ်ကြား တင်သွင်းသွားပြီး ဥရောပ-မြန်မာရုံးမှ ဗစ်တာ ဗျက်လျန်း ကလည်း ‘စိန်ခေါ်မှုများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်’ ကို ဆွေးနွေးသွားသည်။

အမေရိကန်သံရုံးကား ဒက္ကားတွင် တိုက်ခိုက်ခံရ


အမေရိကန်သံရုံးက ကား တစ် စီးဟာ မနေ့က ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဒက္ကားမြို့တော်မှာ တိုက်ခိုက်ခံခဲ့ရပါတယ်။

လက်ရှိ အစိုးရကို အတိုက်အခံ ပြုလုပ်နေတဲ့ ပါတီတွေထဲက ဒုတိယ အင်အား အကြီးမားဆုံး ပါတီ တစ်ခု ဖြစ်တဲ့ ဂျာမတ် အစ္စလာမ်မစ် က ပြုလုပ်တဲ့ နိုင်ငံနဲ့ အ၀န်း အသွားအလာ ရပ်ဆိုင်းရေး တစ်ရက်တာ ခေါ်ယူတဲ့ သပိတ် အတွင်း မှာ ခုလို တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါ တယ်။

ဒီတိုက်ခိုက်မူကြောင့် ကားပေါ်မှာ ပါလာတဲ့ ဒရိုင်ဘာဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားပါတယ်။

အခုလို တိုက်ခိုက်တာကို အမေရိကန် သံရုံးက ပြင်းပြင်းထန်ထန် ကန့်ကွက် လိုက်ပြီး ဒီတိုက်ခိုက် မူဟာ နိုင်ငံတကာ မိသားစုတွေအကုန်လုံးကိုစော်ကား တဲ့ လုပ်ရပ်လို့ ပြောဆိုလိုက်ပါတယ်။

အမေရိကန် သံရုံး ပြောခွင့်ရသူ Kelly McCarthy က ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချ ကြောင်းနဲ့ အမေရိကန် သံတမန်တွေ အပါ အ၀င် နိုင်ငံတကာ သံတမန်တွေရဲ့ လုံခြုံရေးနဲ့ ပိုင်ဆိုင်မူတွေကို ကာကွယ်ပေးရေး အတွက် လုံခြုံရေး တိုးမြှင့်တာဝန်ယူပေးဖို့ တောင်းဆိုလိုက်ပါ တယ်။

အဲဒီ အမေရိကန် သံတမန်ကားဟာ လေယာဉ်ကွင်းကို သွားတဲ့ လမ်းမှာ တိုက်ခိုက်ခံရတာ ဖြစ်ပြီး ဒရိုင်ဘာ တစ်ဦးနဲ့ ရဲတွေ အများအ ပြား ဒဏ်ရာ ရတယ်လို့လည်း ပြောဆိုပါတယ်။

တိုက်ခိုက်သူတွေဟာ ကားကိုပါ မီးတင်ရှို့ဖို့ ကြိုးစားခဲ့ကြပြီး ရဲတွေ အချိန်မှီ ရောက်ရှိလာတဲ့ အ တွက် အဲဒီ နေရာကနေ ထွက်ပြေးသွားခဲ့ကြ တယ်လို့ ဆိုပါတယ်။

မနေ့က နိုင်ငံ အ၀န်း ခေါ်ယူတဲ့ တရက်တာ သပိတ် အတွင်း ဂျာမတ် အစ္စလာမ်မစ်နဲ့ အစ္စလာမ်မစ် ချိဘီလို့ ခေါ်တဲ့ လက်အောက်ခံ ကျောင်း သား အဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တဲ့ အတွက် ဒါဇင်နဲ့ ချီတဲ့ ကားတွေ မီးလောင်ကျွမ်းခဲ့ပါတယ်။


ဘင်္ဂလာရဲအဖွဲ့နဲ့ လမ်းပေါ်ထွက် ဆန္ဒပြသူတွေအကြား တုတ်၊ အုတ်ခဲကျိုး စတာတွေနဲ့ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်မူတွေလည်း ဖြစ် ပေါ် ခဲ့ တဲ့ အတွက် ရာနဲ့ ချီတဲ့ လူတွေ ဒဏ်ရာ ရရှိခဲ့ပြီး တနိုင်ငံလုံးမှာ လူပေါင်း ၂၃၈ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ဂျာမန် အစ္စလာမ်မစ် ပါတီက သူတို့ရဲ့ ပါတီ ထိပ်တန်း ခေါင်းဆောင်တွေကို ၁၉၇၁ ခုနှစ် ဘင်္ဂလာ ဒေခ်ျ့ လွှတ်လပ်ရေး အတွင်း ပါကိစ္စတန် စစ်သားတွေနဲ့ ပူးပေါင်းပြီး လူအများအပြားကို သတ်ဖြတ် ခဲ့တယ်လို့ စွပ်စွဲချက်နဲ့ ဘင်္ဂလာဒေ ခ်ျ့နိုင်ငံက ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ စစ် ရာဇ၀တ်မူ ဆိုင်ရာ ခုံရုံးမှာ ဖမ်းဆီးထားပြီး တရားရုံးက များမကြာမှီ အမူကို ဆုံးဖြတ်မှာ ဖြစ် တာကြောင့် ဒါကို ကန့်ကွက်တဲ့ အနေနဲ့ ခုလို ဆန္ဒပြပွဲကို ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံး ရရှိတဲ့ သတင်းအရ အခုလို သံရုံးကားကို တိုက်ခိုက်တဲ့ အတွက် ဂျာမတ် အစ္စလာမ်မစ် ပါတီက အမေရိကန် သံရုံးကို တောင်း ပန် လိုက်တယ်လို့ သူတို့ဝက်ဆိုက်မှာ ဖေါ်ပြထားတယ်လို့ သိရပါတယ်။

No comments: