ရှမ်းမြောက်ပိုင်း ပလောင် ဒေသ၌ တိုက်ပွဲများ ဆက်ဖြစ်နေ
ရွှေဟင်္သာ
ရှမ်းပြည် မြောက်ပိုင်း မန်တုံမြို့နယ်တွင် ယမန်နေ့ နံနက် (၉) နာရီ အချိန်က တအာင်း (ပလောင်) ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) တပ်ရင်း ၂၅၆ နှင့် အစိုးရ ခြေမြန်တပ်ရင်း ခမရ ၅၀၂ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း အဖွဲ့ ဥက္ကဌ ဖြစ်သူ မိုင်အိုက်ဖုန်းက ပြော သည်။
“မနေ့က ကျနော်တို့ တပ်ဖွဲ့နဲ့ အစိုးရ တပ်ဖွဲ့တို့ မန်တုံမြို့နယ်တွင်းမှာ တိုက်ပွဲဖြစ်ပွား ခဲ့တယ်။ တိုက်ပွဲကတော့တစ်ပတ်ကို (၂) ကြိမ်ဖြစ် နေကြပါ ခင်ဗျ။ အပစ်အခတ် ရပ်စဲရေး လုပ်ဖို့ ဖိအားပေးဖို့နဲ့ မူးယစ်ဆေး ဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုကြောင့် တိုက်နေတဲ့ သဘော ပါ။” ဟု ဆိုသည်။
အလားတူ နိုဝင်ဘာလ (၁၅) ရက်နေ့ကလည်း မန့်ဆန်မြို့နယ်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှား နေသော တအာင်း တပ်ဖွဲ့နှင့် အ စိုးရ တပ်ဖွဲ့တို့ နာရီဝက်ကျော် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်။
မူးယစ်ဆေးဝါး သယ်ဆောင် လာသည့် အသက် (၂၂) နှစ် အရွယ် တရုတ်လူမျိုး လူငယ်တဦးအားနမ့်ခမ်း- မန်တုံကားလမ်းရှိ မိုင်းဝီးကျေး ရွာ အနီး နိုဝင်ဘာလ (၅) ရက်နေ့က ပလောင်အဖွဲ့က ဖမ်းမိခဲ့သည်။
ယင်းလူငယ်အား ပြန်လွတ်ပေးရန် အစိုးရတပ်က တောင်းဆိုမှု အပေါ် ပလောင်အဖွဲ့က ပယ်ချခဲ့သည့်နောက် အခြေအနေ ပိုမို တင်းမာ လာ ပြီး နိုဝင်ဘာလ (၉) ရက်နေ့က ပလောင်တပ်ရင်း ၄၇၈ စခန်းအား အစိုးရတပ်မှ တပ်ရင်း (၃) ရင်းဖြင့် ထိုးစစ်ဆင် သိမ်းပိုက်ခဲ့သည်။
သို့သော် အပစ်အခတ် ရပ်စဲရေး အတွက် တအာင်း လွတ်မြောက်ရေး တပ်ဦးနှင့် ဦးအောင်မင်း ခေါင်းဆောင် သည့် ငြိမ်းချမ်းရေး ကိုယ် စား လှယ် အဖွဲ့တို့ နိုဝင်ဘာလ (၁၀) ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ရာသိမ်းပိုက် ထားသည့် ပလောင် တပ်ရင်း ၄၇၈ စခန်းအား အစိုးရ တပ်က ပြန်လည် ဆုတ်ခွာ ပေးခဲ့သည်ဟု PSLF က ဆိုသည်။
စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်ပေါ်နိုင်ရန် နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းနှင့် ဖြေရှင်းဖို့ လိုကြောင်း၊တိုင်းရင်းသားလက် နက် ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်သည့် ဆွေးနွေးပွဲသို့ မရောက်မချင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေမည်ဟု တအာင်း (ပ လောင်) အဖွဲ့က ဆိုသည်။

မောင်တော အကြမ်းဖက် ဆူပူမူ ဦးဆောင်သူ အဖြစ် စွပ်စွဲ ဖမ်းဆီးခံရသူ ထောင် ၁၂ နှစ် ချမှတ် ခံရ
နိရဉ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော အကြမ်းဖက် ဆူပူမူကို ဦး ဆောင် သူဟုစွပ်စွဲဖမ်းဆီးခံထားရသူဒေါက် တာထွန်းအောင် (ခေါ်) နုရ်ဟောက်ကို နိုဝင်္ဘာလ ၂၁ ရက်နေ့က ထောင် (၁၂) နှစ်ချမှတ် လိုက်သည်ဟု သတင်း ရရှိသည်။
အဆိုပါ သတင်း ရရှိပြီး နောက် နိရဉ္စရာမှ ရှေ့နေမကြီး ဒေါ်အေးနုစိန်အား ဆက်သွယ်မေးမြန်းရာ “ ဟိုတစ်နေ့ကတည်းက ချလိုက်တာ ပါ။ နှစ်တော်တော်များ ချုလိုက်ပါတယ်” ဟုပြောဆိုသည်။
ဒေါက်တာ ထွန်းအောင် ထောင် ၁၂ နှစ် ချမှတ်ခံရကြောင်းကို ပြည်တွင်း ရခိုင် သတင်းဌာန (၂) ခု ဖြစ်သော The Coral Arakan နှင့် The Rakhine Straight Views တို့တွင်လည်း ဖေါ်ပြသည်။
ဒေါက်တာ ထွန်းအောင်အား ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ-၆(၁)အရ အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်၊ နိုင်ငံ တော် ငြိမ်ဝပ် ပိပြားမှုကို ပျက်ပြားစေသော အမူနှင့် အလုပ်နှင့် ထောင်ဒဏ် ၄ နှစ်၊ အရေးပေါ် စီမံ မှုအက်ဥပဒေ ပုဒ်မ-၅(ည) အရ အလုပ် ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် - စုစုပေါင်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၂ နှစ်ကို သီးခြားစီ ထပ် မံကျခံစေရန် စစ်တွေခရိုင် တရားရုံးကစီရင် ချက် ချလိုက်သည်ဟု ဆိုသည်။
ဒေါက်တာ ထွန်းအောင် အနေဖြင့် တရားရုံးတွင် အမှုအတွက် ရှေ့နေ မရှိသဖြင့် ၎င်းကိုယ်တိုင် အမူကို ပြန်လည် ချေပ လျှောက်လဲခဲ့ရ သည် ဟု The Rakhine Straight Views က ဖေါ်ပြသည်။
ဒေါက်တာထွန်းအောင်ကို သြဂုတ်လကုန်ပိုင်းကလည်း နိုင်ငံခြားငွေ တရားမ၀င် ကိုင်ဆောင် လဲလှယ်မူ နှင့် ပတ်သက်ပြီး ထောင်ဒဏ် ၃ နှစ် ကျခံစေရန် စစ်တွေခရိုင် တရားရုံး က အမိန့် ချမှတ်ခဲ့ကြောင်း ဆက်လက် ဖေါ်ပြသည်။
ဒေါက်တာ ထွန်းအောင်အား အာဏာပိုင်များမှ အမှု ၅ မှုဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။ ထိုအထဲတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၄၆၈ ၊ ၄၂၀ – မှတ်ပုံတင်အတု ပြုလုပ်သည် ဆိုသော ပြစ်မှုမှာ မထင်ရှား သဖြင့် ပလပ်ခဲ့သည်ဟု သိရသည်။
ဒေါက်တာထွန်းအောင်အား မောင်တော ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားပြီး ဇွန်လ ၁၁ ရက်နေ့တွင် မောင်တောမြို့ ကုလသမဂ္ဂ UNHCR ရုံးခွဲမှာ ခိုလှုံနေစဉ် ဒေသဆိုင်ရာ အာဏာပိုင်များက မောင်တောမြို့ အကြမ်းဖက် တိုက်ခိုက်မှုနှင့် ဆက်စပ်ကာ ဖမ်းဆီးခဲ့သည်။
ဒေါက်တာ ထွန်းအောင်သည် ဇွန်လ ၈ ရက်နေ့က မည်သည့် ပြဿနာမှ မပေါ်ပေါက်စေရပါဟု အာမခံကာ မောင်တောမြို့ဗလီတွင်ငြိမ်း ချမ်း စွာ ဆုတောင်းပွဲ လုပ်ရန် ယခင် နစက တပ်ဖွဲ့ တာဝန်ခံ ဗိုလ်မှူးကြီး အောင်ကြီးထံမှ ခွင့်တောင်းခဲ့သည်။
သို့သော် ဆုတောင်းပွဲ အပြီးတွင် ဗလီတွင်းမှ ထွက်လာသော လူအုပ်ကြီးက ရခိုင်နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဈေးဆိုင်များ ကို စတင် တိုက်ခိုက်ရာမှ ဆူပူ အကြမ်းဖက် ဖြစ်ပွားကာ ရခိုင်ကျေးရွာ တစ်ဆယ်ကျော် မီးရှို့ခံခဲ့ရပြီး အပြစ်မဲ့ ရခိုင် အမျိုးသား အမျိုးသ မီး ၁၀ ကျော် သေဆုံးခဲ့ရသည်။
ယင်းနောက်ပိုင်းတွင် ဆူပူ အကြမ်းဖက်မူသည် ရခိုင်တပြည်နယ်လုံးသို့ ကူးစက် ပျံ့နှံ့သွားခဲ့သည်။

ချင်းပြည်နယ် နယ်စပ်အခြေစိုက် အစိုးရစစ်တပ်တွေ အကျင့်ပျက်ပြား
ချင်းပြည်နယ် မတူပီမြို့နယ် အန္ဒိယ – မြန်မာနယ် စဘောင်းသဲတပ်စခန်းတွင် လက်ရှိတာဝန် ကျနေသည့် ခလရ ၁၄၀ ၊ စစ် တပ်တွေက တိ ရိစ္ဆာန်ကုန်သည် များအား ခြိမ်းခြောက်ခြင်း၊ ရိုက်နှက်ခြင်း၊ ငွေကောက်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရ သည်။
နိုဝင်ဘာ ၁၃ ရက်နေ့က စဘောင်းသဲတပ်စခန်းမှ ဒုတိယ တပ်ရင်းမှူး ဗိုလ်မှူး သန်းဇော်ထိုက် နှင့် အင်အား ၆ ဦးတို့သည် စဘောင်း သဲ- စဘောင်း ပီရွာအကြားတွင် ကျွဲ ၇ ကောင်ကို ဖမ်းဆီးသည့် အပြင် ကျွဲပိုင်ရှင်များ၏ နိုင်ငံသား မှတ်ပုံတင်များကို သိမ်းဆည်းပြီးငွေ ဖြင့်ရွေး ယူစေခဲ့ခြင်းဖြစ်သည်။
“ ကျွဲ ၇ ကောင်အတွက် အိန္ဒိယလုပ် ရူပီး နှစ်သောင်းတန် solar တလုံး၊ ရူပီး ၅ ထောင်တန် Mobile Handset တလုံးနဲ့ ရွေးယူဖို့ဖြစ် တယ်၊ အဲဒါကို စဘောင်းသဲ ရွာ အုပ်ချုပ်ရေးမှူးက အာမခံပေးတယ်” ဟု ကျွဲပိုင်ရှင် က ပြောသည်။
ထို့အပြင် အဆိုပါ အစိုးရစစ်တပ်သည် တခြားတိရိစ္စာန်ပိုင်ရှင်များထံမှ နွားနောက် ၁၀ ကောင်ကို ပြန်လည်ဖမ်းဆီးပြီး ငွေ ဖြင့် ရွေးယူရန် ပြန် လည် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ကျွဲပိုင်ရှင်တို့သည် solar ပြားနဲ့ mobile ၀ယ်ယူပါက အမြတ်တပြားတချပ်တောင် ထွက်မှာ မဟုတ်တော့ကြောင်း၊ ၄င်းတို့ခြံပေါက်တိ ရိစ္ဆာန် တွေကို မီဇိုရမ်ပြည်နယ်သို့ရောင်းပြီး ဆန်ဝယ်ယူ ရန်ဖြစ်ကြောင်း ဆက်ဆိုသည်။
“နောက်ထပ် ဖမ်းတဲ့ နွားနောက်တွေကိုတော့ ဘယ်လုပ်ဆက်ဖြစ်သလဲ မသိဘူး၊ ခင်ဗျားတို့ မရာ(ချင်း)တွေလူလည်လုပ်တယ်ဆိုပြီးပါးရိုက် သေး တယ်” ဟု ဆက်ပြောသည်။
ယခုနှစ်အတွင်း မတူပီမြို့နယ် မရာဒေသရှိ ချင်းပြည်သူများသည် တနှစ်စာအတွက် တောင်ယာစပါး မထွက်ကြောင်း သိရသည်။
ဗိုလ်မှူးသန်းဇော်ထိုက်နှင့် အဖွဲ့သည် ပြီးခဲ့တဲ့ နိုဝင်ဘာ ဒုတိယပတ်အတွင်း ကထစ မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး လိုင် လင်းပီ ရွာသို့ ရ ဟတ် ယာဉ်ဖြင့် ရောက်ရှိလာချိန် လုံခြုံရေးအတွက် တာဝန် ကျစဉ် ယခုကဲ့သို့ တိရိစ္စာန်များအား ဖမ်းဆီး လိုက် ခြင်း ဖြစ်သည်။
“အစိုးရစစ်တပ်တချို့ဟာ ပြည်သူရှေ့မှောက်မှာတော့ လူမှုဆက်ဆံရေးကောင်းသယောင်ယောင်နဲ့ ကွယ်ရာမှာတော့ မဟုတ် ပြန် ဘူး” ဟု ဒေသခံ တဦးက ပြောသည်။

No comments:
Post a Comment